Unicode
"အဲ့ဒါက ဘယ်လဲ"
"ဘယ်မှမလဲပါဘူး မေမေရ။ ခြေ၊လက်၊မျက်စိ၊ နား၊ နှာခေါင်း အကုန်အကောင်း အတိုင်းပဲ။ မျက်တောင်မွှေးလည်း မလျော့ဘူး မျက်ခုံးမွှေးလည်း လှလှလေး ကျန်သေးတယ်။ မေမေဝမ်းက ကျွတ်တဲ့ မူလ လက်ဟောင်း အစစ်အမှန်လေး။ ဘယ်မှာမှ မလဲခဲ့ဘူး"
ပီတာတို့အိမ် ရာသီဥတုက ဆိုင်ကလုန်းဝင်ပြီးချိန် ဆူနာမီသတင်းကြားထားသည့်နှယ် အလွန်ကြောက်မယ်ဖွယ် ကောင်းနေ၏။ နှင်းသီးကြွေနေချိန် ရေခဲရေထိုင်သောက်နေရသလို အေးစက်မှုက နောနော်ကိုယ်တိုင် ဘေးနားထိုင်ပြီး လာဆိုနေသကဲ့သို့ အတိုင်းထက်လွန်နေသည်။
"မအေစကားဆို သွားပုပ်လေလွင့် အတင်းအဖျင်းလောက်တောင် အလေးမထားဘူး"
"အမှိုက်ကစ ပြသာဒ်မီးလောင်တဲ့ မေမေရ။ အဲ့ဒီ သွားပုပ်လေလွင့် စကားလေးကနေ သတင်းခေါင်းစဥ် ဖြစ်သွားနိုင်တယ်။ ဘယ်အရာမှ ပေါ့ဆမနေသင့်ဘူးလေ"
"ပီ တာ လင်း..."
အသံအနေအထားအရ ဒေါသအခိုး ဝေဝေတိုးနေပြီဆိုတာ သဘောပေါက်လိုက်သည်။ နောက်ပြောင်လိုက်ရုံနဲ့ ကျော်သွားနိုင်မည့် ကိစ္စမဟုတ်နိုင်ကြောင်း ရှားလော့ဟုမ် အမွေဆက်ခံထားတဲ့ စူးစမ်းမှုဉာဏ်အစွမ်းအရ အတပ်သိလိုက်၏။
"မေမေကလည်း သူငယ်ချင်းအိမ်မှာ အိပ်တာပဲကို။ ကလပ်တက်နေတာမှ မဟုတ်တာ"
"နင့်ကို ကလပ်တက် ၊ သူငယ်ချင်းအိမ်သွားအိပ်လို့ ပြောနေတာမဟုတ်ဘူး။ မအေစကား နားမထောင်လို့ ပြောနေတာ"
"တစ်ခါတစ်လေလေးတော့ ကိုယ့်စိတ်ကြိုက်ကိုယ် လုပ်ချင်တာပေါ့"
"အမလေး ပီတာလင်းရယ်။ မသိရင် ငါချုပ်ခြယ်သမျှ ခံနေတဲ့ အတိုင်း မပြောပါနဲ့။ ဗြူးတီဘာညာ သင်တန်းကြေးဆိုပြီး Fan meetingလား ဘာလား သွားနေတာတွေ ငါမကြားဘူး ထင်နေလား။ ဟောင်လွန်းတဲ့ခွေး လူမလေးမှာစိုးလို့ ငါနေရာတကာ လိုက်မပြောတာ"
"မေမေကလည်း ကိုယ့်ကိုယ်ကို နှိုင်းထည့်တဲ့ ဥပမာကြီးက မစားသာလိုက်တာ။ တစ်ညလုံးတွန်တဲ့ကြက် ဥတော့တစ်လုံးတည်း လောက်တော့ သုံးပါ"
YOU ARE READING
နေရာခဏလဲချင်သည်
Romance#Unicode သူ့တစ်နေရာ ခဏတာ ဝင်လဲ၍သာ ကြည့်ချင်သည် #Zawgyi သူ့တစ်နေရာ ခဏတာ ဝင်လဲ၍သာ ကြည့်ချင်သည်