အခန်း( ၃၉)

2.7K 159 173
                                    

Unicide

ဖိနပ်အကောင်းစားစီးကာ အကျ်ီသန့်သန့်ပြန့်ပြန့်ဝတ်၍ ဖိုရနံ့သင်းပျံ့အောင် အမွှေးဓာတ် ကူကြသည့် အူကြောင်ကြောင်ကောင်တွေကြား ကိုကိုက ငူငူငေါင်ငေါင် သင်းကွဲနေရသည်။ ကွမ်းသွေး(ကွမ်းတတွေး)တပျစ်ပျစ်ထွေးရင်း စီးကရက်အမြဲမပြတ် ဖွာချင်သော ကိုကိုနှင့် သူတို့သည် ဂျင်းစိမ်းနဲ့မိတ်ဿလင် သူမကြင်ကိုယ်မကြင် အခြေအနေတွင် ရှိနေ၏။

ဘဝကို အသစ်က စတင်နေသည် ဆိုသည့်တိုင် ကိုကို့စိတ်က အတိတ်မှ အပြည့်အဝ ရုန်းမထွက်နိုင်သေးပေ။အတိတ်မှ အရိပ်သည်လည်း ကိုကို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလျက်ရှိသည်။အခုတလော သင်တန်းမှ ကလေးတွေဆီက ကောင်ငယ်လေး၏ အမည်နာမကို  ခါးသက်စရာကောင်းစွာ ကြားနေရသည်။

ကိုကို မေ့ပစ်ချင်ပြီ။ ကောင်ငယ်လေး၏ အရည်လဲ့လဲ့ မျက်ဝန်းများကို ပြန်လည်မြင်ယောင်ရသည်မှာ အသားမာမတတ်သည့် အနာဟောင်းတစ်ခုလို အစဥ်အမြဲ ကိုက်ခဲနေရ၏။ ကောင်ငယ်လေးအတွက် ဗျာများနေတတ်သော ကိုကိုမြတ်နိုးသည့် ပါးချိုင့်ကလေးများက အာရုံတွင် လာရောက် ကြီးဆိုးသောအခါ ကိုကိုသည် ကြိုးဝိုင်းထဲမှ အရှုံးသမားလို လဲကျပျက်စီးသွားကစမြဲပင်။

"ဟေ့ကောင် မင်းက ငွေပြည့်ရေလျှံ ကိုကိုလေးဆီ သွားရဦးမှာမလား"

"မနာလို မဖြစ်နဲ့၊ မနာလို မဖြစ်နဲ့"

"နေစမ်းပါ ဥပုဒ်စောင့်ပြီး ပြန်လာနေရတာကိုများ"

"ဒါကတော့ ချစ်တာကိုး"

"ဘာချစ်တာလဲ၊ ဆင်တူဖုန်းလေးကိုလား၊ ဖိနပ်လေးကိုလား၊ ဟန်းချိန်းလေးကိုလား"

"ပီတာလင်းက မူးလာရင် ရူးနေရောဟ၊အဲ့ဒီအချိန် စိတ်ညစ်ဖို့ကောင်းတယ်၊ သူ့အမေကြီးကလည်း တစ်မျိုး၊ သနားစရာလေးပါ"

"သောက်ကျိုးနဲ့မှ နည်းရော၊ မင်းတကယ်ခိုက်နေပြီလား"

အဲယားကွန်းခန်းဖြစ်၍ ကိုကို၏ ဆေးလိပ်ဖွာချင်စိတ်အား မြိုသိပ်ထားရ၏။ဂဏာမငြိမ်သည့် ခံစားချက်ကြောင့် ခုံပေါ်သို့ လက်ဖျားများဖြင့် တီးခေါက်နေမိသည်။ အနောက်မှ ကောင်လေးများ၏ စကားသံများကို မကြားလိုသော်လည်း တိတ်ဆိတ်စွာ နားစွင့်မိချေပြီ။

​နေရာခဏလဲချင်သည်Where stories live. Discover now