အခန်း(၁၂)

1.6K 254 113
                                    

Unicode

ကိုရီးယား ရုပ်ရှင်တွေထဲမှာဆို ခေါက်ဆွဲပြုတ်အတူစားကြပြီးလျှင် ရိုမန့်တစ်ဆန်သော ဇာတ်လမ်းများ ဖြစ်တတ်သည်။အခု ဒီကောင်ငယ်လေးက ကိုကိုပါးစပ်မှ ဆဲမည်ပြုတိုင်း နှာခေါင်းကြီးပါးနား ကပ်လာသည်မှာ ကြက်သီးထဖွယ်ပင်။ 

"ယောကျာ်းလေးချင်းပဲနမ်းရုံနဲ့ သမီးရည်းစား မဖြစ်သွားနိုင်ဘူး"ဟု မိမိကိုယ်ကို အားပေးလိုက်သော်လည်း နောက်တစ်ခါ အနမ်းမခံလိုတော့တာအမှန်။

ကောင်ငယ်လေး ဘေးမှာစိုက်ကြည့်နေသည်ကိုပင် ကိုကိုက အိမ်မြှောင်ဥ ကိုင်ရသလို ကတုန်ကရင် ဖြစ်နေသည်။ ခေါက်ဆွဲပြုတ်ပန်းကန်ကို ချပေးပြီး ထုံးစံအတိုင်း ညနေစာ သောက်သုံးနေလိုက်သည်။ 

တီဗွီကြည့်ဖို့လည်း စိတ်မပါ၍ ခေါက်ဆွဲနီနီရဲကို တရှူးရှူးနှင့် စားနေသည့် ကောင်ငယ်လေးကိုသာ ကြည့်နေမိသည်။ကြည့်ချင်လွန်း၍ မဟုတ်။ တစ်အိမ်လုံးလည်း ကြည့်စရာဆိုလို့ ဒီကောင်ငယ်လေးပဲ ရှိ၍သာ။ 

ပန်းကန်ထဲက ခေါက်ဆွဲ တစ်ဝက်လောက် လျော့သွားချိန်မှာ ကောင်ငယ်လေးက ကိုကို့ကို မော့ကြည့်လာသည်။အစပ်ဒဏ် မခံနိုင်တာကြောင့် နှုတ်ခမ်းသာမက နှာခေါင်းနှင့် ​ပါးစို့လေးများပါ နီထွေးနေ၏။ 

" ကိုကိုရော စားလေ" 

"မင်းဘာသာမင်းစား ငါ့ညနေစာ ရှိတယ်" 

"နှစ်ထုတ်ကြီးများတောင် ပြုတ်ထားတာ ပီတာမှ မကုန်တာ" 

"အဲ့ဒါ မင်းမေစ- မို့ နှစ်ထုတ်ပြုတ်ခိုင်းတာလား" 

ကိုကိုတောင် သတိမမူမိလိုက်ဘဲ နှုတ်ဖျားမှ အဆဲစကားက အလွယ်တကူ ထွက်သွား၏။ သတိထားမိချိန်မှာတော့ အရာရာ နောက်ကျသွားခဲ့ပြီ။  နှုတ်ခမ်းထူထူလေးက ပါးပြင်ပေါ်ကို ထိရုံလေး ထိကပ်လိုက်ချေပြီ။ 

"ဟေ့ကောင်" 

အံသွားကို ကြိတ်ပြီး ကိုကို့ခေါ်သံအဆုံး ကောင်ငယ်လေးက သနားစဖွယ် မျက်နှာငယ်လေးနှင့် ဖြစ်သွား၏။ ကိုကို့ဘဝမှာ သူကြမ်းရင် ကိုယ်က သူ့ထက်ပိုကြမ်းလိုက်တာမျိုးပဲ ရှိဖူးသည်။ ကိုယ်ကြမ်းလိုက်သည်နှင့် နူးညံသွားတတ်သည့် ကောင်ငယ်လေးနှင့်တွေ့မှ ကိုကို့မှာ ဗျာများသွားရ၏။ 

​နေရာခဏလဲချင်သည်Onde histórias criam vida. Descubra agora