အခန်း(၂၃)

1.6K 209 101
                                    

Unicode

အသီးအရွက် လှီးဖြတ်သံတတောက်တောက်နှင့် ဆီသတ်သံတရှဲရှဲက မီးဖိုခန်းရဲ့ ပြရုပ်ကို အသံလုပ် သရုပ်ဖော်နေကြသည်။ ပူပြင်းလွန်းတဲ့ ဥတုကြောင့် ညီညီ့ရဲ့ လည်ကတုံးအကျ်ီ အဖြူမှာ အောက်ခံစွပ်ကျယ်သားနဲ့ ကပ်နေအောင် ချွေးတွေအိုင်ထွက်လျက်ရှိသည်။

ဖက်ထုတ်စားချင်သည်ဆိုသော ပီတာ့ ဝမ်းတော်ဆန္ဒအား ညီညီက အလုပ်က ပြန်လာသည်နှင့် မမောမပန်း ဖြည့်ဆည်းပေးနေ၏။ 

ကလုံဆိုသော ပြုတ်ကျသံ ကြား၍ ကိုကြီးထူးထူးနဲ့ ပီတာက အမြန်မေး အမြန်ဖြေ ကစားနေရာမှ ညီညီ့ဆီ အပြိုင်ကြည့်လိုက်ကြ၏။ ပီတာတို့ကို ဂရုမစိုက်အားသည့် ညီညီ့ကျောပြင်ကိုပဲ တွေ့ရတာမို့ ကစားဖို့ အာရုံပြန်စိုက် လိုက်ကြသည်။

"မဖြစ်မနေ ငိုရတဲ့အချိန်"

"လိပ်ခေါင်းထွက်တဲ့အချိန်"

"ထဝီ ရွံစရာ​။ မှားတယ် ကြက်သွန်နီ ခွာတဲ့အချိန်"

"အေး ငါမေးမယ် အထဲဝင်လို့မရတဲ့ သီချင်း"

"ဟင် ကိုကြီးထူးထူး သက်သက်ညစ်တာ ဘယ်သီချင်းထဲ ဝင်လို့ ရနေလို့လဲ"

"ပြန်မမေးနဲ့ အမြန်ဖြေ အမြန်ဖြေ"

"မသိဘူး..သွား"

"မျိုးကြီးရဲ့ မလာပါနဲ့ သီချင်း"

"ရတယ်လေ အဓိက မလှတဲ့ ကျွန်း"

"မုဆိုးမကျွန်း"

"မုဆိုးမက မလှတာ ဘာပါလို့လဲ"

"အဓိကအရာ မလှဘူးလေ"

"သွား နှာဘူးကြီး မှားတယ်။ မိန်းမလှကျွန်း"

"ဘာဆိုင်လို့လဲ မင်းဟာက"

" m a i n မိန်း ဆိုတာ အဓိက မဟုတ်ဘူးလား။ အဓိကမလှဆိုတော့ မိန်းမလှပေါ့"

"အိုကေ ရပြီ။ နှစ်ယောက်ပေါင်းမှ တစ်ဘဝ"

"စွယ်တော်ရွက်"

"နိုး"

"မုန့်လင်မယား"

"နိုး"

"လျှာနဲ့သွား"

"နိုး"

"နှာခေါင်းနဲ့နှပ်ချေး"

​နေရာခဏလဲချင်သည်Where stories live. Discover now