အခန်း(၉)

1.8K 255 52
                                    

Unicode

" ဟိုမှာ နင့်လူကြမ်းတောကြီး"

"နင့်လူလို့ မပြောပါနဲ့ဟာ ပီတာနဲ့ မတန်ဘူး"

ပီတာ လှည့်ကြည့်မိတော့ ပိတ်လိပ်ထမ်းလာသည့်
သူ့ကို မြင်လိုက်ရသည်။ သတွေးကို ပစ်ခနဲ လက်လွတ်စပယ် ထွေးလိုက်သည့် သူ့ပုံစံမှာ တစ်လောက လုံးကို အခဲမကြေသည့်နှယ်။အကျ်ီအကွက်အား ပခုံးပေါ် သိုင်းချည်ထား၍ ဟောင်းနွမ်းနွမ်း ရှပ်အနက်မှာ ချွေးကရွှဲလျက်ပင်။

ပီတာက ဗိုလ်ချုပ်စျေးရောက်တိုင်း သုံးနာရီစောင့်ရုံနှင့် အကျ်ီ ရ​သောဆိုင်ကို အမြဲဝင်သည်။ ချည်သားစစ်စစ်ကိုလည်း သူ့ဆိုင်မှရ၍ အဆင်ပြေလွန်းလှသည်။

"ကောင်မကလည်း လူတစ်ယောက်နဲ့ တစ်ယောက် မတန်ဘူး မပြောပါနဲ့၊သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲဟာကို၊ တန်ဖိုးဖြတ်လို့ရတဲ့ ပစ္စည်းတွေမှ မဟုတ်တာ"

"လင်ဖက်လိုက်တော့ လိုက်ဖက်တဲ့ စကားတွေ ပြောနေရပြီ"

ပီတာ့ဘေးနားမှ သူနောက်တစ်ခေါက် ဖြတ်သွား၍
ပီတာတို့အုပ်စု စကားရပ်လိုက်ကြသည်။

တချို့အရာများသည် တစ်ယောက်အတွက် အမှတ်တရဆိုသည့်တိုင် သက်ဆိုင်သူ နောက်တစ်ယောက်အတွက်တော့ အမှတ်တမဲ့ ဖြစ်နေတတ်သည်ဟု ပီတာ ထင်သည်။

ချွေးရွှဲနေသော ကျောပြင်နှင့် အသက်ရှူသံပြင်းနေသည့် သူ့ရင်ဘက်တွေအထိ ပီတာက ငေးနေမိခဲ့သော်လည်း သူကတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်သည့်ပုံမပေါ်။

"ဘေးကို နည်းနည်းဗျို့"

အော်သံနှင့်အတူ နောက်ထပ် ပိတ်လိပ်တွေ ထမ်းပြီး သူပြန်ရောက်လာသည်။ ပိန်ပါးလွန်းသည့် ခန္ဓာမှာ ပိတ်လိပ်ကို ထမ်းထား၍ တုံးအောက်က ဖားလို ဖြစ်နေ၏။ ပြေးလာသော ကလေးတစ်ယောက် သူ့ကို ဝင်တိုက်မိသွား၏။

"ငါ-ိုးမ ကလေး -ီးထဲမှ မောနေရကြားထဲ"

ခပ်ရိုင်းရိုင်း စကားလုံးများကို ထမင်းစားရေသောက် ပြောလိုက်တာမို့ ဖြတ်သွားဖြတ်လာများက သူ့ကို အထင်သေးသွားမလားဟု ပီတာ စိုးရိမ်သွားသည်။
ပတ်ဝန်းကျင်မှ လူများက ကုန်ထမ်းသမားများ၏ စရိုက်ပဲဟု လက်လျူလျှု ထားပုံရသည်။

​နေရာခဏလဲချင်သည်Donde viven las historias. Descúbrelo ahora