အခန်း(၂)

3.2K 430 59
                                    


Unicode

အမှောင်ကမ္ဘာကြီးအတွက် လင်းရောင်ခြည်ဖြစ်သော နေမင်းကြီး၏ ဦးဆောင်မှုနှင့်​အတူ လောကကြီးသည် တစ်နေ့တာကို သဘာဝကျကျ စတင်လိုက်၏။

လူတစ်ယောက်နှင့် တစ်ယောက် တစ်နေ့တာ စတင်ပုံခြင်း မတူကြဘူးဟု ညီညီထင်သည်။အပျင်းကြောကို ခြေဆန့်လက်ဆန့် အစွမ်းကုန်  ဆန့်ထုတ်ပြီးမှ အပျင်းကြီးစွာ နိုးထရင်း ဘယ်လိုအပျင်းကြီးရမလဲဟု ဆက်လက်တွေးတောကာ နိုးထသည့်သူလည်း ရှိတတ်သည်။ ဥပမာ ပြရလျှင် မိုးထိန်ထိန်လင်းသည့်တိုင် သရေကြောင်းမပြတ်ဘဲ တခူးခူး အိပ်နေသည့်
ကိုကိုကို့ပင် လက်ညှိုးထိုးရလိမ့်မည်။

တစ်ချို့ကလည်း ကျောင်းမတက်ချင်ဘူးဟု တွေးရင်း နိုးထ တတ်ကြလိမ့်မည်။ ချစ်သူရှိသူတွေကတော့ ချစ်သူအကြောင်းတွေးရင်း မနက်ခင်းကို စတင်ကြသည်ဟု ရိုမန့်တစ်ဆန်ဆန် ဝတ္ထုတွေမှာ ဖတ်ဖူးသည်။ 
ညီညီကတော့ မိုးလင်းတာနှင့် ရှူးပေါက်ချင်လိုက်တာဆိုပြီး ပေါင်နှစ်ချောင်း လိမ်ကျစ်၍ ခေတ္တအပန်းဖြေအိမ်သာကို တွေးရင်းပြေးရင်း တစ်နေ့တာကို စတင်ရသူ ဖြစ်သည်။ 

မနေ့ညက လျှော်ထားခဲ့သော ကျောင်းအကျ်ီအဖြူလေး နှစ်ထည် ခြောက်ပြီလားဟု အလျင်ဆုံး ပြေးကြည့် ရ၏။ယှဥ်လျက် ဖြန့်လှန်းထားသည့် အကျ်ီဖြူ နှစ်ထည်တွင် မနှစ်က အကျ်ီကို ပြန်ဝတ်ရသည့် ညီညီ့အဖြူထက် အသစ်စက်စက် ကိုကို့အကျ်ီအဖြူက ပိုမိုမဲညစ်နေသည်ကို တွေ့ရတော့ ညီညီ၏ နေရာပြောင်းထားရသော ဆုဗူးလေးအခြေအနေကို တွေးရ ပြန်သည်။ 

ဖားဥတွေနှင့် အကျ်ီအဖြူဟာ ကိုကို့အတွက် အဆင်ပြေနေသေးသည့်တိုင် ကိုကိုဝတ်သွားတာကို ကြည့်နေရမည့် ညီညီ့အတွက်တော့ အဆင်မပြေချေ။ 

လက်သည်းခွံတစ်ဝက်လောက်သာ ရှိတော့သည့် ဖေဖေ့လက်ချောင်းတွေ ၊ အမာရွတ် ဗရပွနှင့် ဖေဖေ့ခြေထောက်တွေနှင့် ရင်းနှီးခဲ့ရသည့်  ကျောင်းစိမ်းအကျ်ီကို ကိုကိုမို့ ညစ်ညစ်ပတ်ပတ် ဝတ်ရက်သည်ဟု ညီညီ အားမရစွာ တွေးမိသည်။ ညီညီဝယ်ချင်နေသည့် အထူးထုတ်လေးကို သူများဆီကပဲ ကပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ရသည်။ ဖွားလှကို အကူအညီတောင်းကာ အကျ်ီဖြူတစ်ထည် ဝယ်ပေးရဦးမည်။

​နေရာခဏလဲချင်သည်Där berättelser lever. Upptäck nu