အခန်း(၈)

2K 283 87
                                    

Unicode

"ဘယ်လိုပြောလိုက်တယ်၊၇နာရီမှာ Project Kက လာမှာ JC(junction city)ကို ဟုတ်လား"

"ဖြည်းဖြည်းပြောလည်း ရပါတယ် ဖော်လော်မော်ရဲ့ မသိရင် ငါနဲ့ project kတစ်ဖွဲ့လုံး ညားသွားတာ ကျနေတာပဲ အော်နေလိုက်တာ" 

ပီတာမှာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း လေးယောက်ရှိသည်။ ရေဘယ်လောက်ဖြန်းဖြန်း မစိုတော့မည့် ယောကျာ်းလေး နှစ်ယောက်နှင့် မီးအပူပေးပြီး ဆွဲဆန့်လျှင်ပင် မဖြောင့်တော့မည့် မိန်းကလေး နှစ်ယောက် အုပ်စုမှာ အချင်းချင်း နားလည်လက်ခံပေးတတ်ကြသူများဖြစ်၍ ဘယ်မေဂျာ ဘယ်လိုရောက်ရောက် ဥမကွဲသိုက်မပျက် ခင်မင်ကြဆဲပင်။ 

အလှအပ ကြိုက်တတ်သော ပီတာတို့ယောကျာ်းလေး နှစ်ယောက်ကတော့ ပိုတွေ့ ဖြစ်ကြသည်။ ဒီနေ့လည်း spaသွားဖို့ လာရာမှ ဖိုးချမ်းလေးဆီ သွားဖို့ အကြောင်းက ဖန်လာလေပြီ။ 

"ဘာလို့ စောစောက မပြောလဲ ၊ဒီမှာ ဘိုကင်တောင် တင်ပြီးနေပြီ" 

"စောစောက ပြောရအောင် နင်အခုမှ အိမ်ထဲရောက်လို့ ဖင်တောင်မချရသေးခင် ပြောတာပဲ မဟုတ်ဘူးလား" 

"ဖင်တောင်ကျိန်းတယ် ဘာတွေ လာပြောနေတာလဲ၊ဖုန်းဆက်ပြောပါလား ဖုန်းက လင်နဲ့ပဲ ကြူဖို့ မဟုတ်ဘူး၊ ငါ့ဆီဆက်ရင် မြွေတက်မပေါက်ဘူးဟဲ့ သိလား"

"မတက်နိုင်ဘူး လင်နဲ့ပြောဖို့ပဲ ဘေရှိတယ် ၊နင်နဲ့ပြောဖို့ ဘေမရှိဘူး" 

"ဒီဖေ...." 

"ဟို ရေအေးအေး ရှိလား" 

ပီတာ့စကား မဆုံးခင် ကျောဘက်မှ အသံတစ်ခုသည် ရင်ထဲထိ လှိုက်ခုန်သွားစေ၏။ ယောကျာ်းတို့၏ မာန်ပြည့်သည့်အပြင် စိတ်မရှည်စွာ မေးလိုက်သောအသံသည် ပီတာ့ကို လှည့်ကြည့်ချင်အောင် ဆွဲဆောင်လိုက်ချေပြီ။

"အော် ရှိတယ် ခဏစောင့်" 

ဟိုကောင်က ပြောပြီးသည်နှင့် အိမ်နောက်ဖေး မီးဖိုချောင်ဆီ ပြေးထွက်သွားသည်။အသံပိုင်ရှင်ဆီသို့ ပီတာ့မျက်လုံးများ မသိမသာ ဝေ့ကြည့်မိလိုက်သည်။  လူခန္ဓာကိုယ်မှာ ကျောင်းဆရာဆန်သည်။ ကျောသားရင်သား ခွဲခြားမရအောင် ပိန်လှီးနေ၏။

​နေရာခဏလဲချင်သည်Where stories live. Discover now