အခန်း(၂၁)

1.9K 198 182
                                    

Unicode

"ဘရားသား  အလုပ်ပြုတ်လာပြီဆို" 

တန်းလျားရှေ့မှာ ကလေးတွေ ဆော့နေသည်ကို ဘူဘူနှင့် ထိုင်ကြည့်နေရင်း ကောင်းထက်ထူး အသံကို ကြားလိုက်ရ၏။ 

"မင်းလာတာ အတော်ပဲ အားနေရင် သောက်ရအောင်၊ ငါဝယ်တိုက်ပါ့မယ်" 

"အမယ် ဘာဂွင်တွေ့ထားလို့လဲ" 

"ဘာဂွင်မှ မတွေ့ထားဘူး၊ စကားမရှည်နဲ့ မင်း သောက်မှာလား၊ မသောက်ဘူးလား" 

"မသောက်ဘူးဆိုရင်" 

"နေတော့" 

"မနေဘူး သောက်မှာ" 

"အဲ့ဒါကိုများ ငါ-ိုးမ မိကျောင်းသားလာလုပ်နေတယ်" 

နှုတ်အကျင့်အရ ဆဲဆိုလိုက်ပြီးမှ ကိုယ့်ကိုယ်ကို စိတ်ပျက်သွားသည်။ "ကိုယ်နှုတ်ကိုယ်နိုင်အောင်ထိန်း"ဆိုသော မာကြောကြောအသံကို မခံချင်စိတ်တွေ တဖွားဖွားပေါ်လာ၏။ နောင်အခါ အဆဲမပါစေရန် ကိုယ့်စိတ်ကိုယ် သတိပေးလိုက်သည်။ 

ပုလင်းသုံးပုလင်းနှင့် ဘီယာနှစ်ဗူးအား အလယ်မှာချ၍ တစ်ယောက်တစ်ခွက် ချီးယားလုပ်ပြီး မော့ချသည်။ ရှေ့က ကောင်းထက်ထူးနေရာမှာ ကောင်ငယ်လေး ပုံရိပ်ကို မြင်လာ၏။ မလာတော့သည်မှာ လေးရက်ကြာခဲ့ပြီ။ 

"ငါရည်းစားစကား အပြောခံလိုက်ရတယ်" 

"ဟာ စွံလှချေလား၊ဘယ်လိုလေးလဲ အချောလေးလား၊ ချစ်စရာကောင်းလား" 

"ကောင်လေးကလား အင်း ချောတယ် ချစ်စရာလည်း ကောင်းပါတယ်" 

"ဘရားသားက အလန်းဇယားနဲ့ တွေ့နေတာပေါ့" 

"ဒါပေမယ့် အဲ့ဒီရည်းစားစကားက ငါ့ကိုပြောတာတော့ မဟုတ်ဘူးဟ" 

ခွက်ထဲငှဲ့ထည့်ပေးနေသည့် လက်ကို တုံ့ဆိုင်း၍ ကောင်းထက်ထူးက မျက်လုံးလှန်ကြည့်သည်။ တစ်ပုလင်း ဖြိုပြီးပြီမို့ နှစ်ယောက်လုံးက ရီဝေဝေ ရဲတဲတဲတွေ ဖြစ်နေကြချေပြီ။ 

"ခုနက ပြောတော့ ရည်းစားစကား အပြောခံရတယ်ဆို ၊ဘရားသားကိစ္စကလည်း boxerဆိုဒ်သေး ဝတ်ထားသလိုပဲ" 

​နေရာခဏလဲချင်သည်Where stories live. Discover now