အခန်း(၂၇)

1K 136 76
                                    

Unicode

ပန်းကန်ပြားပျံ တစ်ချပ်က ပီတာ့မျက်နှာတည့်တည့်ဆီ ပြေးလာ၏။ အနားမရောက်ခင် မြေပြင်သို့ သက်ဆင်းသွားမှုကြောင့် ခလွမ်းဆိုသော အသံ ကြားလိုက်ရမှ ရင်အေး သွားရသည်။ ကိုကိုတို့ အခန်းတွဲလေးက ပီတာ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ချေပြီ။

"ဘာလာလုပ်တာလဲ မင်းက"

"အိမ်ပေါ်က ဆင်းလာတာ"

"အိမ်ပေါ်ကပဲ ဆင်းလာလာ....တိမ်ပေါ်ကပဲ ဆင်းလာလာ... ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်နဲ့ ပြန်"

ကိုကို့ဘေးနားကို စောင့်အောင့်ပြီး ဝင်ထိုင်လိုက်ရာ ချဥ်စုပ်စုပ်အနံ့က စူးခနဲ ထွက်လာသည်။အရက်နံ့နှင့် ချွေးနံ့ရဲ့ ပေါင်းစပ်မှုမှာ ခေါင်းမူးစရာပင်။ ဖက်ကြမ်းဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်ကာ ကြမ်းပြင်ပေါ်သို့ ထိုးဖိချေရင်း ပီတာ့ကို ဘဝင်မကျစွာ ကြည့်လာ၏။

"ကောင်မကများ လူပါးဝလို့ နင့်ကို ငါသတ်မယ်"

"အောင်မယ် အကောင် နင့်ဆီမှာပဲ လက်ပါတာလား ငါ့မှာလည်း လက်ပါတယ်...လာထိကြည့်စမ်း နင်တစ်ချက် ငါဆယ်ချက်နော် အမလေး...."

တစ်ဖက်အခန်းမှ စောစောစီးစီး ရန်ဖြစ်နေသံက ကြောက်မက်ဖွယ် ကောင်းနေ၏။ ကလေးမလေးတစ်ယောက်က အခန်းထဲကို ထိတ်ထိတ်လန့်လန့် ပြေးဝင်လာသည်။

"ကိုကြီးရှင်းသန့် လာပါဦး...လုပ်ပါဦး...သတ်နေကြပြီ"

ကိုကို့ရဲ့ လက်ဖျားကို အားကိုတကြီး ဆုပ်ကိုင်ကာ တုန် တုန်ယင်ယင် အကူအညီ တောင်းနေတဲ့ ကလေးရဲ့ မျက်ဝန်းက ကြောက်ရွံ့မှုအပြည့်။

ခြေဖျားလက်ဖျား အေးစက်နေတဲ့ ကလေးမကို ပီတာ ပွေ့ဖက်လိုက်တော့ အားဖျော့စွာ"ဓားတွေနဲ့"ဟု ပြောလာသည်။

ကိုကိုကတော့ ဆေးလိပ်မီးကို အစက ပြန်ဖွာဖို့ အေးဆေးသက်သာစွာ မီးညှိနေ၏။

"ဘာလို့ ကလေးတွေရှေ့ ဒီလောက် ရန်ဖြစ်ရတာလဲ"

"မင်းတို့ အသိုင်းအဝိုင်းလို အခန်းတံခါးပိတ် တွတ်ထိုးဖို့ မှ မတတ်နိုင်ဘဲ..."

​နေရာခဏလဲချင်သည်Where stories live. Discover now