အခန်း(၁၉)

1.6K 229 108
                                    

Unicode

အဖိုးကြီး၏ စည်းစနစ်ကြီးမှုမှာ တစ်ပတ်အတွင်း ကိုကို ကျွတ်ထွက်လာသည်။ ဒီနေ့လည်း ပန်းကန်ဆေးတာ ဆီမပြောင်မှုနှင့် ပြဿနာတက်၍ မင်းလိုတပည့်မျိုး လက်မခံဘူးဟု ပြတ်ပြတ်သားသား ဆို၏။

ကိုကိုကလည်း ညနေဆိုင်သိမ်းပြီးချိန် "ကျေးဇူးတင်ပါတယ်"ပြောကာ ဆယ်ရက်စာ လုပ်အားခငွေ ယူ၍ ထွက်ခဲ့လိုက်သည်။ အဖိုးကြီးက လုပ်ခကြေးပေးရင်း သြဝါဒ အရှည်ကြီး မိန့်ခြွေသည်။

"တိုးတက်ချင်တဲ့သူက အမိန့်နာခံတတ်ရတယ်၊ သည်းခံစိတ်ရှိရတယ်၊ ရချင်တဲ့လောဘကြီးရတယ်ကွ၊ မင်းမှာ ဘာတစ်ခုမှ မရှိဘူး၊ဘာနဲ့တူသလဲဆိုရင် ဂျိုမပါတဲ့ ကျွဲပိန်ကြီးလိုပဲ၊အားမရှိလို့ သုံးစားမရတဲ့ကြားထဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် ဂျိုကမရှိဘူး၊မင်း ဖြစ်ထွန်းဦးမယ့်ကောင်"

ခေါင်းညိတ်ပြကာ ပေးထားသည့် ပိုက်ဆံကို လွယ်အိတ်ထဲ ထည့်ပြီး အိမ်ပြန်လမ်းပေါ် ခြေ၍ဦးတည့်လာခဲ့လိုက်သည်။ ဘဝတိုးတက်ဖို့ထက် ဘတ်(စ်)ကား တိုးစီးတတ်ဖို့လောက်သာ စိတ်ဝင်စားတာမို့ အဖိုးကြီး၏ စကားတွေက ကိုကို့အတွက် သိပ်အရာမထင်ပေ။

ငွေကလေး ရွှင်နေတာကြောင့် ရှစ်မိုင်မှာ ငါးကင်တစ်ကောင် ဝင်ဝယ်သည်။ ထုံးစံအတိုင်း ပုလင်းပြားဆွဲ၍ အိမ်ပြန်လာရာ လမ်းမီးတိုင်၏အောက်မှာ လက်ကလေးပိုက်လျက် စိုက်ကြည့်နေသည့် ကောင်ငယ်လေးကို တွေ့လိုက်ရသည်။

ဆယ်လှမ်းစာလောက် အကွာအဝေးမှ ပြုံးပြနေသည့် ပါးချိုင့်ကြီးများ၏ အေးချမ်းမှုက ကိုကို့ရင်ကို တလှပ်လှပ် ဖြစ်စေသည်။မတွေ့ရတာ ဆယ့်နှစ်ရက်လောက်သာ ကြာသေးသည်ကို အချိန်အကြာကြီးခွဲပြီးမှ ပြန်တွေ့ရသူလို ဝမ်း​မြောက်မှုက အတိုင်းအဆမဲ့နေ၏။

"မင်းဘာလာရှုပ်ပြန်တာလဲကောင်လေး"

"လွမ်းလို့"

"သောက်ပို..."

"ဟာ တစ်ကယ်ပြောတာ မလွမ်းရင် မလာဘူး"

"အော် မင်းမလာတဲ့နေ့က မလွမ်းလို့ပေါ့ ဟုတ်လား"

"အံမယ် ဘာလဲ ကိုကိုက နေ့တိုင်းလွမ်းရင် နေ့တိုင်းလာစေချင်တဲ့ သဘောလား"

​နေရာခဏလဲချင်သည်Where stories live. Discover now