အခန်း(၁၃)

1.6K 240 47
                                    

Unicode

"ကိုကြီးကောင်းထက်ထူး ပြန်လာတော့မှာပေါ့ ဟုတ်လား" 

"ပြန်လာရမှာပေါ့ ငါ မေမေ့မိုတယ်မှာ restaurant ဖွင့်ရင် သူကBaristaလုပ်ရမှာ" 

"အော် အမိန်တော်နဲ့ လှုံ့ဆော်လိုက်လို့ ချက်ချင်း လက်ငင်း အပြတ်နှင်းလာရတော့တာပေါ့ " 

"စနေတာ ဟုတ်လား"

ညီညီက ယူနီဖောင်း လည်ကတုံးနှင့်ကချင်ပုဆိုးကို ပိပိရိရိ ဝတ်ပြီး နာရီပတ်နေသည်။ အသားညိုညို မျက်နှာပေါက်ဆိုးဆိုးကြီး ထားတတ်ပေမယ့် မဟူရာရောင် တောက်ပနေသည့် မျက်စံလေးတွေက ထက်မြက်မှုအလုံးစုံကို သရုပ်ပြနေသည့်နှယ်။   

"သူ့မွေးနေ့မလား ၊ပီတာမွေးနေ့လက်ဆောင် သွားဝယ်ထားဦးမှ သူဘယ်အချိန်ရောက်မှာလဲ" 

"ညနေလို့ ပြောတာပဲ" 

"ညီညီသွားကြိုမှာလား" 

"သူ့မှာ ခြေနှစ်ချောင်း အကောင်းအတိုင်း ရှိသေးတယ်" 

ပီတာ ရယ်လိုက်သည်။ ကိုကြီးထူးထူးသာ ရှိလျှင် ညီညီ့ရဲ့ ကျောက်ရုပ်မျက်နှာကြီး မရိုးနိုင်အောင် ကျောက်ဖျက်လုပ်ရမှာကို မြင်ယောင်နေမိ၏။ 

_______________________________ 

ပြေးထွက်သွားသည့် ပီတာကို လိုက်ပို့ချင်ပေမယ့် ညီညီ သည်နေ့မအားချေ။ သင်တန်းချိန်ရှိသည့်အပြင် ဆိုင်အတွင်းပိုင်း ပြင်ဆင်မှုကို စောင့်ကြည့်ပေးရဦးမည်။ အလုပ်မသွားခင် ဘုရားခန်းထဲ ဝင်လိုက်သည်။ 

"ဥက္ကာမင်းရေ အုပ်ကြီး အသည်းလေးရေ အသည်းလေးရဲ့ အချစ်တော် ထူးထူးလေး ရောက်ပါပြီ ခင်ဗျာ" 

အောက်ထပ်မှာ ဆူဆူညံညံ ကြားလိုက်ရသည့် အသံကြောင့် ဘုရားရှိခိုးတစ်ဝက်ကြီးနှင့် ပြေးဆင်းလာရသည်။  တရုတ်စပ်၍ မျက်လုံးမှေးမှေး ကောင်းထက်ထူးက မျက်စိပေါက်များ ပိတ်အောင် ရယ်ပြနေ၏။ 

"မင်းပြောတော့ ညနေမှဆို" 

"စပရိုက်"ဟု ပြော၍ ညီညီ့ဆီ ပြေးဝင်လာသည့် နှုတ်ခမ်းတွေသည် မိခင်နို့ကို ဆာလောင်နေသည့် ကလေးငယ်ကို နို့ဘူးနှုတ်ခမ်းဝဆီ ထည့်ပေးလိုက်သည့်ပမာ။ အောက်နှုတ်ခမ်းကို အသံမြည်အောင် ဆွဲငုံနေတဲ့အချိန်မှာ စောင့်တွန်းလိုက်သည်။  မကျေနပ်နိုင်စွာ ရင်ဘက်ကို နှစ်ချက်လောက် အားပြင်းပြင်းနဲ့ တွန်းတော့ တဟားဟား အော်ရယ်နေပြန်သည်။ 

​နေရာခဏလဲချင်သည်Where stories live. Discover now