အခန်း(၂၀)

1.8K 211 57
                                    

Unicode

ဖန်ခွက်နှင့်ဇွန်း ထိခက်မွှေသံ တတောက်တောက်ကြားနေရသည်။ မေမေက သတင်းစာကို လက်ကကိုင်ထားပေမယ့် ပီတာ့မျက်နှာကိုသာ စူးစိုက်ကြည့်နေ၏။ 

"ဘာလဲ မေမေ ဒီအပတ် စနေသား၊သမီးများ ကံကောင်းစေရန် အိမ်ရှိသားတော်မောင်အား စူးစိုက်ကြည့်ပြီး မုန့်ဖိုးနှစ်သောင်း ပေးလိုက်ပါလို့ ဗေဒင်ဏ္ဍမှာ ပါလာလို့လား" 

မေမေ့ကို စနောက်ရင်း ကော်ဖီခွက်ကို လှမ်းယူလိုက်တာကြောင့် လက်က ပူခနဲ ဖြစ်သွား၏ ။တဖူးဖူးနှင့် မှုတ်ရင်း အပူသက်သာရန် ခပ်မြန်မြန် ခါထုတ်နေမိသည်။ 

"ပီတာကလည်း သေချာကြည့်ယူတာ မဟုတ်ဘူး အကုန်ဖိတ်ကုန်ပြီ" 

မနက်စာ ထမင်းကြော်နေသည့် ညီညီက အပြေးရောက်ချလာပြီး ဒေါ်ဇီဇာလင်း၏သားပီပီ စိတ်တိုင်းမကျစွာ ပွားများသရဇယ်လေတော့သည်။ 

"နည်းနည်းလေး ဖိတ်တာပါနော် ၊ပြန်သုတ်လိုက်ရင် ပြီးပြီ" 

ပြန်ပြောရင်း ထမင်းကြော်အိုးထဲမှ ကြက်ဥချောင်း တစ်ဖက်၊နှစ်ဖက် ပါးစပ်ထဲ ကောက်ထည့်လိုက်၏။နောက်တစ်ဖက် ယူရန် ဟန်ပြင်နေသည့် လက်အား ညီညီက မနာအောင် ရိုက်ချသည်။

"ကော်ဖီမှောက်တာ အကြောင်းမဟုတ်ဘူး၊လက်အပူလောင်နေမှ ဟုတ်ပေ့ ဖြစ်နေမယ်" 

ညီညီက ပြောပြောဆိုဆိုနှင့် မှောက်ကျထားသည့် ကော်ဖီစက်များအား ပြောင်စင်အောင် ရှင်းပြီးနေချေပြီ။ ကော်ဖီသုံးခွက်ကို သူ့နေရာနဲ့သူ ချထားပေးတော့  မေမေက ပီတာအား စူးစိုက်ကြည့်နေဆဲ။ များပြားလှသည့် အပြစ်များကြားတွင် မည်သည့်အပြစ်အား မေမေ သိသွားပြီလဲဟု တွေးရင်း စိတ်လိပ်ပြာလေး ထိတ်လန့်နေရတော့သည်။ 

"ပီတာလင်း လက်က ဟန်းချိန်းရော" 

"သူငယ်ချင်းတစ်ယောက် ငှားသွားလို့" 

"မနက်ဖြန် ပြန်ယူလာခဲ့ အရောင်ပြန်တင်ပေးမလို့၊ တကတည်း ကိုယ့်ပစ္စည်းကိုယ် တန်ဖိုးမထား ဖြစ်သလိုတွေ ငှားရမ်းပစ်နေတာ" 

ကိုကို့အတွက် ဖုန်းဝယ်ပေးရန် အရည်ဖျော်လိုက်သော ဟန်းချိန်းကိုမှ ရုတ်တရတ်ကြီး အရောင်တင်ပေးချင်လာသည့် မေမေ့အား ပီတာ သြချမိသွားသည်။ စိတ်ထဲမှလည်း လန်ကြုတ်လုပ်ကြံ ဇာတ်လမ်းတစ်ပုဒ် အပြေးအလွှား စီစဥ်နေရ၏။ 

​နေရာခဏလဲချင်သည်Nơi câu chuyện tồn tại. Hãy khám phá bây giờ