အခန်း(၃၈)

1K 139 122
                                    

Unicode

"ကိုထူးကြီး အစ်ကိုရော"

နားထဲသို့ လက်နှင့်ကလော်၍ ရလာသော နာဖာချေးအား တစ်ရှူးနှင့် သုတ်နေရာမှ အလျင်စလို​မေးလာမှုကြောင့် ကောင်းထက်ထူး လန့်သွားပုံကို အတွင်းမှန်ကတဆင့် လှမ်းမြင်နေရသည်။

ပီတာ အလုပ်တက်သည့် အချိန်မှစ၍ ညီညီ မိုတယ်ဘက်သို့ လိုအပ်မှသာ သွားဖြစ်တော့သည်။ ရလာသည့်ဘဝအား အရွဲ့တိုက်ပြနေသူကို မကြည့်ရက်သကဲ့သို့ ညီညီကိုယ်တိုင် ပီတာ့ကို မြင်ရမှာ ပင်ပန်းလွန်းသောကြောင့် တမင်ရှောင်နေမိသည်။

ပီတာသည် တစ်စုံတစ်ယောက်အပေါ် ချစ်ခြင်းမေတ္တာ အလုံစုံအား ပေးဆပ်ခွင့်မရသည့်အခါ အရာအားလုံးမှ တက်မက်ခြင်းမေတ္တာများအား ခံယူပြနေ၏။ အငိုသန်သော ကလေးတစ်ယောက်လို ဂျစ်တိုက်မှုမျိုးဖြင့် အလိုဆန္ဒအား ဖြည့်ဆည်းပေးမည့်သူကို ငံ့လင့်နေသော မျက်ဝန်းများအတွက် ညီညီသည် အပြစ်ကြီးသူ တစ်ယောက်လို ခံစားနေရသည်။

ကမ်းနားဆိုင်သို့ ခြေဦးမလှည့်မိအောင်လည်း သတိပြုနေရသည်။ စိတ်သစ်လူသစ် ဆိုသည့်တိုင် အတိတ်အနှစ်များအား ငေးဆွေးနေတတ်အောင် ကိုကို့လိုလူအပေါ် မည်သူက ကြီးဆိုးနေသေးသည်ကို ညီညီ သိသည်။ သိနေသည့်အရာက မမှားဘူးဟုလည်း ထင်သည်။ကိုကို့အပေါ် ညီညီ၏ နားလည်သိတတ်ခြင်းက သည်တစ်ခါ လွဲချော်နေသည်ဟုလည်း ယုံကြည်ချင်နေ၏။

"မွေးနေ့ကိတ်လုပ်နေတယ်ထင်တယ်၊ ဘာကိစ္စ"

"ဟိုဘက်ကို လာပေးပါဦးလို့၊ ပျားတုပ်နေပြီ"

"အထီးလား၊အမလား"

ကောင်းထက်ထူးအမေးကြောင့် ဘေးမှကလေးများဆီက ရယ်သံသဲ့သဲ့ ထွက်လာသည်။ ရွှေကျေးစကားတတ်လုပ်နေသည်ကို ညီညီ စိတ်မရှည်တော့သောကြောင့် လုပ်လက်စကိတ်အား လက်စသတ်လိုက်၏။

"မစပါနဲ့ ကိုထူးကြီး တကယ်တုပ်နေတာ၊ အန်တီလည်း မလာဘူး၊  ကိုပီတာလင်းကလည်း ဘာမှလုပ်တတ်တာမဟုတ်ဘူး"

"ဦးဥက္ကာမင်း ပျားအုံရှင်းလင်းရေးအဖွဲ့မှ အလိုရှိနေလို့တဲ့"

"ငါကြားတယ် ဘာဖြစ်တာလဲ"

ဆေးစက်များ ဗရပွပေကျံနေသည့် အေပရွန်အား အမြန်ဆွဲချွတ်လိုက်သည်။နှာဖျားတွင် ဥနေသော ချွေးစက်ကလေးများကို ကောင်းထက်ထူးက လက်မဖြင့် ဖိသုပ်ပေးနေသောကြောင့် ရှောင်ထွက်လိုက်ရ၏။ ကောင်းထက်ထူးသည် ညီညီ အလိုအပ်ဆုံးအရာအား နားမလည်နိုင်သည့်အခါ မလိုအပ်သော အသေးအမွှားလေးများအထိ ဂရုတစိုက် ပြုပေးနေပြန်သည်။

​နေရာခဏလဲချင်သည်Where stories live. Discover now