အခန်း(၂၂)

1.7K 220 201
                                    

Unicode

ကမာစဲရွာမှ သနပ်ပင်မြို့သို့ ရောက်အောင် လိပ်ခြေထောက် ဘီးလုပ်မောင်းနေရသလို တလှိမ့်ချင်း သတိထားလှိမ့်နေရသည်။ ကတ္တာရာလမ်းဆိုသော်လည်း မပြုပြင်တာကြာသည့်အပြင် ကားကြီးအဝင်များတာကြောင့် ချိုင့်ခွက်များ ထူပြောလှ၏။

ဝန်းကျင်မှာ မစဲတဲ့ မိုးက အတက်အကျ မြန်မြန်နဲ့ မဲလိုက်သည်းလိုက် ရွာလျက်ပင်။ ကားထဲမှာလည်း စာကလေး အသိုက်ပျောက်သလို ကျလိထိုးနေကြသံများ ဆူညံဝေနေ၏။

ဆီမလောက်မှာစိုး၍ ကားပြတင်းကို ဖွင့်မောင်းလာရာ ကွင်းလေတဝူးဝူးက မျက်စိပါ ကျိန်းစက်စေသည်။ လေထဲမှ မိုးနံ့နဲ့အတူ မိုးဖွဲ​လေးများ ဝှေ့ပါလာကြသည်။

"ကိုကို ချမ်းနေပြီလား။ ပီတာ့အနွေးထည် ဝတ်ထားလေ"

"ရတယ်။ သိပ်မချမ်းပါဘူး"

ကောင်ငယ်လေးက ပိတောက်ခြောက်ရောင်ဟူဒီကို ရင်ကြားစေ့အောင် လက်နှစ်ဖက်နှင့် ဆွဲယူနေသည်။ သူချမ်းသည့်အရေး ကိုကို့ကို အဖော်ဆွယ်လိုက်သေးတာကြောင့် ဆေးရောင်အနည်းငယ်ကူထားသည့် ပါးဆို့ရဲရဲကလေးအား သဘောတကျ ငေးမိသွား၏။

"အမလေး ကြည့်တယ် ကြည့်တယ်။ စီရော်နဒိုက ဂိုးပေါက်ကို ကြည့်သလို ကြည့်တယ်။ နပိုလီယံက သူသိမ်းပိုက်ချင်တဲ့ နယ်မြေတွေကို ငမ်းသလို ငမ်းတယ်။ တလျှောက်လုံး ငမ်းကြည့်ကြီးပဲ ကြည့်နေတာနော်။ မျက်လုံးနဲ့သာ ဟိုဒင်းပြုလို့ရရင် ငါတို့ဟာမလည်း အပျိုရည်ပျက်တာ ကြာပေါ့"

"အေးလေ မြောင်းက ဖောက်လွန်းလို့ လျှိုမြောင်တောင် ဖြစ်တော့မယ်။ စီးမယ့်ရေက ပက်ကြားအက်နေတုန်း"

သူငယ်ချင်းတွေရဲ့ ဝိုင်းညှော်နေမှုကို ကောင်ငယ်လေးက ပြုံးစေ့စေ့နှင့် လက်အချင်းချင်း ဆုပ်နယ်နေပုံမှာ ရှက်မူပိုနေဟန်ပင်။ ကိုကို့အား မရဲသလို ခိုးကြည့်ကာ အကြည့်ချင်းဆုံတော့ အသာမျက်လွှာချသွားပြန်သည်။

"စမနေပါနဲ့တော့ဟ။ မင်းတို့ဟာကလည်း မသိရင် ဝိုင်းလှော်နေကြတဲ့အတိုင်း"

"အမလေး ဝိုင်းလှော်နေကြတဲ့အတိုင်းတဲ့ ပြောရက်လိုက်တာ။ လှော်နေတာမှ တက်တောင်ကျိုးတော့မယ်လေဟယ် ။ ငါတို့ကတော့ တက်ကျိုးရင်လက်ထိုးမလှော်ဘူးနော်။ တခြားရှိတဲ့ဟာနဲ့ ထိုးလှော်ပစ်မှာ။ ဒီလောက် ပိန်းနေတာ"

​နေရာခဏလဲချင်သည်حيث تعيش القصص. اكتشف الآن