ကမ်းကုန်အောင်အလိုလိုက်ပေးမယ်

Від Moe_Lay

45.6K 2.4K 68

ယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး... Більше

Description
Description (Z)
Chapter 1
Chapter 1 (Z)
Chapter 2
Chapter 2 (Z)
Chapter 3
Chapter 3 (Z)
Chapter 4
Chapter 5
Chapter 5 (Z)
Chapter 6
Chapter 6 (Z)
Chapter 7
Chapter 7 (Z)
Chapter 8
Chapter 8 (Z)
Chapter 9
Chapter 9 (Z)
Chapter 10
Chapter 10 (Z)
Chapter 11
Chapter 11 (Z)
Chapter 12
Chapter 12 (Z)
Bibliobay and Paid Gp
Chapter 13
Chapter 13 (Z)
Chapter 14
Chapter 14 (Z)
Chapter 15
Chapter 15 (Z)
Chapter 16
Chapter 16 (Z)
Chapter 17
Chapter 17 (Z)
Chapter 18.1
Chapter 18.1 (Z)
Chapter 18.2
Chapter 18.2 (Z)
Chapter 19
Chapter 19 (Z)
Chapter 20.1
Chapter 20.1 (Z)
Chapter 20.2
Chapter 20.2 (Z)
Chapter 21.1
Chapter 21.1 (Z)
Chapter 21.2
Chapter 21.2 (Z)
Chapter 22.1
Chapter 22.1 (Z)
Chapter 22.2
Promotion
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Paid Gp Completed

Chapter 4 (Z)

265 4 0
Від Moe_Lay

ရှီရီကျောင်းမတက်ခင်ကတော့ ကလေးတွေက သူ့လိုပဲလို့ ထင်ခဲ့ပေမဲ့ စိတ်ပျက်စရာကောင်းစွာနှင့်ပင် သူ့မျက်လုံးထဲမှာတော့ သူတို့တွေက သူမူကြိုမှာတွေ့ဆုံခဲ့ရသော ကလေးတွေလို ကလေးဆန်နေကြဆဲဖြစ်သည်။

သူအရွယ်ရောက်လာသည်နှင့်အမျှ သူ့အသိဉာဏ်လည်း ဖွံ့ဖြိုးလာသည်။ ဒါကြောင့်ပဲ ရှီရီကူကယ်ရာမဲ့စွာ ခံစားရပြီး သူစိတ်သက်သာရာရသည့် တစ်ခုတည်းသောအရာမှာတော့ သူ့မိသားစုနှင့် ယွီကျီရီဖြစ်သည်။

ရှီရီက သူ့အတန်းထဲတွင် ရွယ်တူများထက် အရပ်ပိုရှည်ကာ ဆရာမက အတန်း၏အနောက်ဘက်တွင်ထိုင်ဖို့ စီစဉ်ပေးလိုက်တာကြောင့် ယွီကျီရီနှင့် ခွဲခြားခံလိုက်ရတော့သည်။

ထိုအခါ ရှီရီချက်ချင်းငြင်းဆန်ပစ်လိုက်သည်။ ယွီကျီရီကို ဆွဲကိုင်ရင်း မူကြိုကလေးအကွက်တွေသုံးကာ သွားဖို့ငြင်းဆန်နေခဲ့သည်။ သို့ပေမဲ့ သူ့ဆရာမကို မသိမ်းသွင်းနိုင်ခဲ့ပဲ အဆုံးမှလေးတန်းအကွာတွင် ထိုင်လိုက်ရတော့သည်။

ယွီကျီရီက မရင်းနှီးသည့်ပတ်ဝန်းကျင်ကိုရွေ့ပြောင်းလာရတာကြောင့် သူ(မ)က တခြားကလေးတွေလောက် သူငယ်ချင်းအသစ်ရှာဖို့ စိတ်အားထက်သန်မှုသိပ်မရှိပေ။ မရေမရာဖြင့် စိုးရိမ်ပူပန်မှုကို ခံစားမိနေ၏။ အတန်းချိန်အတွင်းတွင် ရှီရီ အတန်းထဲမှာ ရှိနေမနေကိုစစ်ဆေးရန် သူ(မ)ခေါင်းကို အဆက်မပြတ်လှည့်ကြည့်နေပြီး သင်ခန်းစာအပြီးမှာတော့ ရှီရီထိုင်ခုံဆီသို့ အပြေးလေးသွားလိုက်တော့သည်။

ယွီကျီရီနှင့် တစ်ခုံတည်းအတူမထိုင်ရသည့် ရှီရီမှာတော့ အမြဲလိုလို သူ(မ)ကို ချော့မော့ဖို့ကြိုးစားပြီး ပြော‌နေရ၏။

“မကြောက်နဲ့။ ကောကောက နင့်ကိုစောင့်ကြည့်ပေးနေတယ်။”

သူ(မ)က ရှီရီကို အလွန်ယုံကြည်မှုရှိတာကြောင့် တဖြည်းဖြည်း အတန်းသစ်နှင့် နေသားကျလာတော့သည်။

အတန်းထဲမှကျောင်းသားအများစုမှာ တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြပေ။ သူတို့ကစားကြသည့်အခါတွင်လည်း လူတိုင်းနှင့် မကစားချင်ကြပဲ ထင်ပေါ်သည့်ကလေးများနှင့်သာ ကစားလိုကြသည်။

“ရှီရီ တူတူပုန်းတိုင်း ကစားရအောင်။” မှိုခေါင်းကဲ့သို့ ကလေးမလေးက ပြေးလာပြီး နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

သူ့လက်ထဲမှ သင်ရိုးစာအုပ်၏စာမျက်နှာကို တည်ငြိမ်စွာလှန်လိုက်ရင်း ရှီရီတိုက်ရိုက်ပဲ ငြင်းဆိုလိုက်၏။

“မကစားချင်ဘူး။” တကယ်တော့ သူထိုကဲ့သို့ ကလေးကလားကစားနည်းမျိုး မကစားချင်ပေ။

ရှီရီဆီမှ အငြင်းခံလိုက်ရပြီးနောက် မှိုခေါင်းနှင့်တူသော ကလေးမလေးက ယွီကျီရီကို ခေါ်ဖို့ ပြေးသွားတော့သည်။

“ကျီရီ တူတူပုန်းတိုင်း အတူတူကစားရအောင်။”

သူတို့ပတ်ဝန်းကျင်က ကလေးများက သူ(မ)ကို ကစားဖို့မခေါ်ချင်ကြပေ။ ဒါကြောင့် အခုသူ(မ)ကို တစ်ယောက်ယောက်က ဖိတ်ခေါ်လာတာကြောင့် သဘာဝကျစွာပဲ သူ(မ)အရမ်းပျော်ရွှင်သွားခဲ့ပြီး မသိစိတ်အရ ရှီရီဘေးသို့ပြေးသွားခဲ့ပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်တော့သည်။

ရှီရီ စာအုပ်ကို ချထားလိုက်ကာ “ဘာဖြစ်လို့လဲ။”

ယွီကျီရီ : “ကောကော ငါတူတူပုန်းတိုင်း ကစားမယ်။”

ရှီရီ မျက်လုံးထောင့်မှ မှိုခေါင်းနှင့်ကောင်မလေးကို ဖျတ်ကနဲမြင်လိုက်ရပြီး သူ(မ)ဘာကြောင့် သူ့ကိုလာမေးနေရသလဲဆိုတာကို ချက်ချင်းနားလည်သွားတော့သည်။

“ကောင်းပြီ။”

တခြားကလေးတွေက ယွီကျီရီကို သူတို့နဲ့အတူကစားဖို့ လာမခေါ်ကြပေမဲ့ သူ(မ)ကတော့ လူတိုင်းနှင့်ကစားရတာကို ကြိုက်နှစ်သက်သည်ကို သူသတိထားမိသည်။

ရှီရီဆီမှ ခွင့်ပြုချက်ရပြီးနောက် ယွီကျီရီက တခြားသူများနှင့် ကစားဖို့ရန် ကစားကွင်းသို့ထွက်သွားပြီး ရှီရီကတော့ စာသင်ခန်းထဲ၌ စာဖတ်ရင်းကျန်ရစ်နေခဲ့သည်။

အချိန်တစ်ချို့ ကြာပြီးနောက် မှိုခေါင်းကောင်မလေးနှင့် သူ(မ)သူငယ်ချင်းများ အတန်းဆီပြန်လာပြီး ရီမောနေကြတာကို တွေ့လိုက်ရသည်။ သူ စာသင်ခန်းတံခါးမှတစ်ဆင့် လူအုပ်ဆီ စူးစိုက်ကြည့်လိုက်ချိန်တွင် ယွီကျီရီတစ်ယောက်တည်း ပျောက်နေတာကိုသိလိုက်ရသည်။

“ယွီကျီရီ ဘယ်မှာလဲ။” ရှီရီ သင်ရိုးစာအုပ်ကို ပစ်ချကာ အပြေးသွားပြီး အော်လိုက်တော့သည်။

ထိုအခါမှသာ တခြားသူများက ယွီကျီရီပျောက်နေတာကို သဘောပေါက်သွားကြတော့၏။

“ဟင့်အင်း။ ငါမသိဘူး။” လူအုပ်ထဲမှ တိုးဖျော့ဖျော့အသံတစ်သံထွက်လာပြီး ရှီရီစ်ယောက် ချက်ချင်း အမူအယာပြောင်းလဲသွားတော့သည်။

ယွီကျီရီကိုရှာဖို့ ရှီရီကစားကွင်းဆီ ပြေးသွားခဲ့သော်လည်း သူ(မ)ကထိုနေရာမှာ ရှိမနေပေ။ ထို့နောက် ရုံးခန်းထဲ အမောတကောပြေးသွားခဲ့ချိန်တွင် သူရှာနေသည့် ကလေးမလေးကတော့ ထိုနေရာတွင် ထိုင်နေလေသည်။

ကလေးမလေးက ရုံးခန်းထဲရှိ အေးစက်နေသောဆိုဖာပေါ်တွင် ထိုင်နေပြီး သူ(မ)ကိုယ်ပေါ်တွင် စောင်ပါးလေးတစ်ထည် လွှမ်းခြုံထားသည်။ သူ(မ)က ထိုနေရာတွင် တိတ်ဆိတ်စွာထိုင်နေကာ ကြောက်ရွံ့စွာ လှည့်ပတ်ကြည့်နေလေ၏။

ရှီရီလျှောက်သွားတော့မည့်အချိန်တွင် ဆရာမတားဆီးတာ ခံလိုက်ရသည်။ ဆရာမက ပြောလာ၏။

“ရှီရီလေး သားအခုသွားလို့မရသေးဘူး။”

ရှီရီလှည့်ကြည့်လိုက်ချိန်တွင် ဆရာမက လက်ထဲတွင် ဆံပင်အခြောက်ခံစက်ကိုကိုင်ထားပြီး အဝတ်သေးသေးလေးများကို လေမှုတ်အခြောက်ခံနေသည်ကို တွေ့လိုက်ရသည်။ ထိုအရာများက ယွီကျီရီ၏ အဝတ်အစားများပင် ဖြစ်သည်။

“အဲဒီတစ်ယောက် ဘာဖြစ်တာလဲ။” သူစိုးရိမ်တကြီးမေးလိုက်၏။

ဆရာမက ဆံပင်အခြောက်ခံစက်အသံကြောင့် ရှီရီစကားကို မကြားပေ။

သို့ပေမဲ့ ယွီကျီရီက ရှီရီအသံကို ကြားလိုက်ပြီး ချက်ချင်းတံခါးဆီ လှည့်ကြည့်လာတော့သည်။ ရှီရီကိုမြင်လိုက်သည်နှင့် စောင်ပါးလေးကိုကိုင်ထားသည့် သူ(မ)လက်သေးသေးလေးနှစ်ဖက်ကို ဆန့်ထုတ်ကာ နူးနူးညံ့ညံ့ခေါ်လိုက်၏။

“ကောကော”

ထိုတစ်ခဏတွင် ဆရာမ၏စကားကိုလျစ်လျူရှုလိုက်ကာ ရှီရီ ဆိုဖာဆီသို့ ပြေးသွားလိုက်သည်။

ဆရာမက သူ(မ)လက်ထဲမှ အခြောက်ခံစက်ကို မြန်မြန်ပိတ်လိုက်ပြီး စောင်ပါးလေးကိုကောက်ယူကာ ယွီကျီရီကို သင့်တော်သလို ပတ်ပေးလိုက်တော့သည်။

“ကလေးလေး လျှောက်မလှုပ်နဲ့လေ။”

ဆရာမအသံက အလွန်ညင်သာနေသော်ငြား ယွီကျီရီကတော့ ရှီရီကိုသာ ပိုဂရုစိုက်၏။

ရှီရီက ဆရာမတားဆီးတာခံလိုက်ရပြီး ယွီကျီရီမှာ သူ(မ)အစ်ကိုကို မမြင်ရတာကြောင့် အနည်းငယ်ဝမ်းနည်းလာတော့သည်။ ဒါကြောင့် သူ(မ)လက်တွေကို ရှီရီဆီ ဆန့်ထုတ်ဖို့ကြိုးစားရင်း ပြောလိုက်သည်။

“သမီး ကောကောကို လိုချင်တယ်။”

“ဆရာမ သားနားလည်ပါတယ်။ ဟိုတစ်ယောက် နင်ဘာလို့အဝတ်တွေ ချွတ်ပစ်လိုက်တာလဲ။ တစ်ယောက်ယောက်က နင့်ကိုရေနဲ့လောင်းလို့လား။” ရှီရီ မျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။

ဆရာမ : ‘ဒီကလေးက အရွယ်နဲ့မလိုက်အောင် ထက်မြက်တာပဲ။’

ထို့နောက်တွင် ဖြစ်ခဲ့သည်များကို ဆရာမက ရှင်းပြခဲ့၏။ ယွီကျီရီ တူတူပုန်းတိုင်းကစားချိန်တွင် သူ(မ)က သန့်စင်ခန်းသို့သွားခဲ့ပြီး ဆိုးသွမ်းသည့်ကလေးတစ်ယောက်က ရေနှင့်ပက်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာသို့ဖြတ်သွားသည့် ဆရာမတစ်ယောက်က ထိုကိစ္စကိုမြင်ခဲ့တာကြောင့် သူ(မ)ကိုရုံးခန်းဆီ ခေါ်သွားပြီး အဝတ်များကို အခြောက်ခံပေးနေတာဖြစ်သည်။

ထိုမတော်တဆမှုပြီးနောက်တွင် ရှီရီက ယွီကျီရီကို နောက်ထပ် ထိုကလေးများနှင့် တစ်ယောက်တည်းသွားခွင့်မပြုတော့ပဲ သူ(မ)လက်ကောက်ဝတ်တွင် ခေါင်းလောင်းသေးသေးလေးပါရှိသည့် လက်ကောက်တစ်ကွင်းပင် ဝတ်ပေးထားခဲ့သည်။

“ဒီလိုဆိုရင် နင်ဘယ်သွားသွား ငါရှာတွေ့နိုင်လိမ့်မယ်။”

လက်မောင်းလှုပ်လိုက်သည်နှင့် ခေါင်းလောင်းက အသံမြည်လာတာကြောင့် သူ(မ)ဘယ်ရောက်နေနေ သူရှာတွေ့နိုင်မည်ဖြစ်သည်။

သို့ပေမဲ့ ထိုအရာက ဉာဏ်ရှိသောဆုံးဖြတ်ချက်တစ်ခု မဟုတ်ခဲ့ပေ။ ယွီကျီရီ လက်လှုပ်နေသရွေ့ ခေါင်းလောင်းက အသံမြည်နေပြီး ထိုအသံက တခြားသူများကို အနှောက်အယှက်ပေးနေ၏။ထို့ကြောင့် ရှီရီ ထိုအရာကို ဖြုတ်ပစ်လိုက်ရတော့သည်။

သူခေါင်းလောင်းကို ပြန်ယူသွားချိန်တွင် ယွီကျီရီက နှုတ်ခမ်းတွန့်ကာ သနားစရာကောင်းသောအကြည့်လေးနှင့်  အနည်းငယ်မပျော်မရွှင်ဖြစ်နေခဲ့သည်။

သူ(မ)မျက်လုံးများထဲမှ အကြည့်ကို ရှီရီ တကယ်ခံနိုင်ရည်မရှိပေ။ ဒါကြောင့် သူအိမ်ပြန်ကာ အဖြေရှာဖို့ သူ့မိဘများကို မေးရတော့သည်။ နောက်ဆုံးတွင်တော့ အသံမထွက်သည့်ခေါင်းလောင်းအသစ်လေးတစ်လုံးကို ဝယ်ခဲ့ပြီး သူ(မ)ကို ထပ်ဝတ်ပေးလိုက်ရတော့၏။

သူတို့ သုံးတန်းအရွယ်တွင် ဆရာမက သူတို့အိပ်မက်တွေအကြာင်းပြောကြဖို့ ပြောခဲ့သည်။

ထိုအရွယ်ကလေးများက မှော်ဆန်သည့်အရာများကို ယုံကြည်ကြပြီး သူတို့ထဲက တချို့က Ultrman သို့မဟုတ် Superman ဖြစ်ချင်သည်ဟု ပြောခဲ့ကြသည်။ တချို့ကတော့ သူတို့အရွယ်ရောက်လာလျှင် ကျောင်းဆရာ သို့မဟုတ် ဆရာဝန်ဖြစ်ချင်သည်ဟု ပြောခဲ့ကြပြီး ထိုအခန်းကဏ္ဍများမှာ သူတို့မကြာခဏ ကြားဖူးနေကြပင်ဖြစ်သည်။

သူတို့အိမ်မက်တွေအကြောင်းပြောနေကြချိန်တွင် လူတိုင်းက ရီမောပြုံးရွှင်နေကြပြီး ရှီရီကလည်း တခြားသူများနှင့်အတူ ရီမောနေပေမဲ့ တခြားအကြောင်းကြောင့်ပင်ဖြစ်သည်။  ဆရာမက ယွီကျီရီကို မေးတဲ့အခါ သူ(မ)ဘယ်လိုပြန်ဖြေမလဲ သူစိတ်ကူးကြည့်မိ၏။

‘အကြာကြီးနေလို့ အရွယ်ရောက်လာရင် သွားတောင်းစားမယ်’

ထိုအရွယ် တခြားမိန်းကလေးများက နတ်သမီးပုံပြင်များထဲမှ မင်းသမီးလေးများဖြစ်ဖို့ တွေးကြလိမ့်မည်ဖြစ်သော်လည်း သူ့မိသားစုထဲက ထိုကလေးမလေးကတော့ ကွဲပြားတဲ့ဦးနှောက်ပတ်လမ်းတွေရှိနေပြီး အစာတောင်းစားချင်နေလောက်၏။

ယွီကျီရီ၏ ထိုင်ခုံဖော်က သူ(မ)ကိုအလယ်လူလျှောက်လမ်းထဲမှာ မေးလိုက်တာကို ရှီရီကြားလိုက်ရသည်။

“ကျီရီ နင့်အိပ်မက်က ဘာလို့ရေးလိုက်တာလဲ။”

ရှီရီအသာရယ်လိုက်ရင်း ကျီရီအစားဖြေပေးဖို့ အပြေးသွားလိုက်တော့၏။

“သူ(မ)က အစာတောင်းစားချင်တာတဲ့လေ။”

ရှီရီစကားကို ကြားပြီးနောက် ယွီကျီရီရဲ့မျက်နှာက နီရဲလာတော့သည်။

“မဟုတ်ဘူး။”

ရှီရီက သူ(မ)ကိုအလွှတ်မပေးပဲ

“နင် မင်းသမီးလေးဖြစ်ချင်တယ်ဆိုရင်လည်း ကောင်းသားပဲ။”

သို့ပေမဲ့ ယွီကျီရီက ခေါင်းခါလိုက်ကာ ပြောလိုက်၏။

“ကျီရီက မင်းသမီးလေး မဟုတ်ဘူး။”

“ဟမ်။ ဘာလို့မဟုတ်ရမှာလဲ။”

“မင်းသမီးလေးက ရဲတိုက်ကြီးထဲမှာ နေရတာ။”

ရှီရီက သူ(မ)ရဲ့ပန်းသီးလေးလို ပါးစုန့်လေးတွေကို ဆွဲညှစ်လိုက်ပြီး

“နင် မင်းသမီးလေးဖြစ်ချင်တာဆိုရင် ငါနင့်ကို ရဲတိုက်ကြီးတစ်ခုဆောက်ပေးမှာပေါ့။”

“တင်းတောင်”

ခေါင်းလောင်းမြည်သွားသည်နှင့် အတန်း ၆ မှ ကျောင်းသားများ နားချိန်မရှိတော့ပေ။ ဆရာမက “အတန်းပြီးပြီ”ဟု အော်လိုက်ချိန်တွင် အားလုံးနီးပါးက လှေကားများဆီ အပြေးအလွှားသွားကြတော့၏။

အတန်း ၆ စာသင်ခန်းက လေးထပ်မှာဖြစ်သည်။ ခေါင်းလောင်းမြည်ပြီးနောက် ရှီရီက မျက်စိတမှိတ်အတွင်း ပျောက်သွားပြီး ယွီကျီရီကတော့ သူ(မ)လက်ထဲမှာ ပန်းရောင်နေ့လည်စာဘူးလေးကိုကိုင်ရင်း လူတိုင်းထွက်သွားတာကို စောင့်ပြီးမှ မုန့်ဆိုင်ထဲသို့ ဖြည်းဖြည်းချင်းထွက်သွားခဲ့သည်။

မုန့်ဆိုင်ထဲတွင် ထင်ရှားသည့်အသွင်အပြင်နှင့် ထိုင်နေသည့်ကောင်လေးတစ်ယောက်ရှိသည်။ သူကတော့ ၁၁နှစ်အရွယ် ရှီရီဖြစ်၏။ သူကအဖြူနှင့်အပြာဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး စားပွဲပေါ်မှ နေ့လည်စာဘူးကို အသာခေါက်နေလေသည်။

သိပ်မကြာလိုက်ပဲ ကြက်တောင်စည်းနှစ်ဖက်စည်းထားသည့် ကောင်မလေးက ပန်းရောင်ထမင်းဘူးလေးကို ကိုင်ထားရင်း ရှီရီမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ကောင်မလေးကို မြင်ပြီးနောက်မှ ရှီရီက သူ့ရဲ့နေ့လည်စာဘူးကို ဖွင့်လိုက်တော့၏။

ယွီကျီရီ မျက်နှာချင်းဆိုင်က အရသာအပြည့်နှင့် ကြက်အစပ်ကိုကြည့်ရင်း တံတွေးမြိုချလိုက်သည်။

“စားချင်လား။” ရှီရီ သဘောပေါက်စွာ မေးလိုက်သည်။

ယွီကျီရီက ပါးကိုဖောင်းကာ ခေါင်းညိတ်ပြသည်။

ရှီရီ : “ယူလိုက်။”

ကလေးမလေးက ရှီရီ ထမင်းဘူးထဲက ကြက်သားအစပ်တစ်တုံးကို သနားစရာကောင်းသည့်ပုံစံလေးနှင့် နှိုက်ယူလိုက်ပြီး ပါးစပ်ဟကာ တစ်ကိုက်ကိုက်လိုက်သည်။

“အူး စပ်လိုက်တာ။”

‘ဟမ့် ငါ့စားစရာတွေကို ဝင်နှိုက်ဖို့ ဘယ်သူကပြောလို့လဲ’ ရှီရီက ယွီကျီရီကိုကြည့်ကာ ရီမောရင်း တွေးလိုက်၏။

“ရေမသောက်နဲ့။”

ထို့နောက် ရှီရီ ယွီကျီရီကိုတစ်ချက်ကြည့်လိုက်ပြီး ကြက်သားအစပ်ကို တမင်ကောက်ယူလိုက်ပြီး သူ(မ)ရှေ့မှာပင် ပါးစပ်ထဲထည့်လိုက်တော့သည်။ ထိုအရာက တကယ်ကိုစပ်ပြဲနေတာဖြစ်ပြီး သူ့ပါးစပ်လည်း ပူစပ်သွားရ၏။

ကျောင်းပိတ်ရက်မှာတော့ ရှီရီတစ်ယောက် ဈေးဝယ်ထွက်ရန် နဉ်စုယာ၏အတင်းအကျပ်ဆွဲခေါ်သွားတာကို ခံလိုက်ရတော့သည်။

“သားလေး မကြာသေးခင်က သားထွားလာပြီလို့ မားထင်နေတာ။ ပြီးတော့ အဝတ်အစားအသစ်တွေလည်း ဝယ်ရဦးမယ်လေ။”

နဉ်စုယာက သူ(မ)သားကိုခေါ်ပြီး ကုန်တိုက်တစ်လျှောက်ပတ်သွားကာ အဝတ်အစားအသစ်နှစ်စုံဝယ်ခဲ့ပြီးနောက် တခြားပစ္စည်းများဝယ်ရန် သူ့ကို စူပါမားကတ်သို့ ခေါ်သွားပြန်၏။ ရှီရီ ရှေ့နောက်ပတ်ကြည့်နေခဲ့ချိန်တွင် ရေခွက်လေးတစ်ခုက သူ့အကြည့်ကို ဖမ်းစားသွားတော့သည်။ အဲ့ဒီရေခွက်လေးက ထူးခြားသည့်ဒီဇိုင်းပုံစံနှင့် ထိပ်နားလေးတွင် ငန်းလေးတစ်ကောင်ပင် ပါသေး၏။ ရှီရီ လက်ဆန့်ကာ ပန်းရောင်နှင့် အပြာရောင် ခွက်နှစ်လုံးကိုယူလိုက်သည်။

“မား သားဒီရေခွက်တွေ ဝယ်ချင်တယ်၊ရလား။”

“အိမ်မှာ တစ်ခုရှိတယ်မဟုတ်ဘူးလား။ ဘာလို့ အများကြီးဝယ်ချင်နေတာလဲ။”

“လှလို့လေ။”

“ဟုတ်ပါပြီ။” ‘ငါ့သားမှာ ဒီလိုမိန်းကလေးဆန်တဲ့နှလုံးသားလေးရှိမှန်း မသိခဲ့ဘူး’ နဉ်စုယာကတော့ သူ(မ)သားက ချစ်စရာကောင်းသည်ဟု ခံစားမိသည်။

တနင်္လာနေ့မှာတော့ ပန်းရောင်ရေခွက်အသစ်လေးက ယွီကျီရီခုံပေါ် ရောက်ရှိလာ၏။ ထိုခွက်ကလေးက ချစ်စရာကောင်းတာကြောင့် သူ(မ)က လက်ထဲက မချတော့ပေ။ ယွီကျီရီက အလွန်ပျော်ရွှင်နေပြီး ရှီရီကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုတာကြောင့် ခွက်လေးကို အတန်းနောက်ဖက်ဆီ ယူသွားတော့သည်။

“ရပါတယ်။” ဖန်ခွက်ကို ညွှန်ပြရင်းနှင့် ရှီရီပြောလိုက်၏။

“ငါနင့်အတွက် မနက်၊နေ့ခင်းနဲ့နေ့လယ်မှာ ရေတစ်ခွက်ခပ်ပေးမယ်။ ပြီးတော့ နင်ကုန်အောင်သောက်ရမယ်နော်။”

ကလေးမလေး၏မျက်နှာပေါ်က တောက်ပသောအပြုံးက ချက်ချင်းအေးခဲသွားကာ

“ကောကော ငါမသောက်နိုင်လောက်ဘူး။”

“ဘာလို့ မသောက်နိုင်တာလဲ။”

“…” ကလေးမလေးက ဘဲငန်းခွက်လေးကိုကိုင်ပြီး သူ(မ)ထိုင်ခုံဆီ ပြန်ပြေးသွားတော့သည်။

သူ(မ)က အချိန်နှင့်အမျှ ခေါင်းလှည့်ပြီး ရှီရီကိုကြည့်နေကာ ရှီရီစာရေးနေချိန်မှာတော့ ခွက်ကို တိတ်တိတ်လေးဖွင့်လိုက်ကာ ပြတင်းပေါက်မှတဆင့် အပြင်သို့ ရေတွေသွန်ချပစ်ဖို့ အသင့်ဖြစ်နေလေပြီ။ထိုစဉ်  သူ(မ)ထိုင်ခုံဖော်က ရုတ်တရက်မေးလိုက်၏။

“ကျီရီ နင်ဘာလုပ်နေတာလဲ။”

သူ(မ)ထိုင်ခုံဖော်၏အသံက ရှီရီအာရုံကို ဖမ်းစားနိုင်လောက်အောင် ကျယ်လောင်နေကာ ယွီကျီရီတစ်ယောက် ရှီရီဆီမှာ မိသွားတော့သည်။

အတန်းပိုင်ဆရာမက အချိန်ဇယားအတိုင်းကြိုပြီး စာသင်ခန်းဆီ လျှောက်လာချိန်တွင် အတန်းခေါင်းဆောင်ရှီရီက ပန်းရောင်ခွက်လေးကိုကိုင်ထားပြီး ယွီကျီရီကို ကိုယ်တိုင်ရေတိုက်နေသည်ကို တွေ့လိုက်ရတော့သည်။ ကလေးမလေးမျက်နှာက နီရဲနေပြီး ရှက်သွေးဖြန်းနေလေ၏။

“ရှီရီ သားဘာလုပ်နေတာလဲ။” ဒီလိုအသက်ငယ်ငယ်လေးနဲ့ puppy love တွေရှိနေတယ်ပေါ့။” ဆရာမက စိတ်တိုစွာပြောလိုက်သည်။

[ T/N - puppy love ဆိုတာက ငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားထားတာကိုပြောတာပါ။ ]

အတန်းပြီးနောက်တွင် ဆရာမက သူတို့နှစ်ယောက်ကို ရုံးခန်းသို့‌ခေါ်သွားတော့သည်။

အတန်းခေါင်းဆောင်အနေနှင့် ရှီရီက ရုံးခန်းသွားရခြင်းကို ရင်းနှီးနေပြီးသားဖြစ်ကာ ဘာဆက်ဖြစ်လာနိုင်သလဲဆိုတာ သိရှိပြီးဖြစ်သည်။

“ဆရာမ ကျီရီနဲ့သားက ကြိုက်နေကြတာမဟုတ်ပါဘူး။ ဆရာမ မယုံဘူးဆိုရင် ဒီအခြေအနေကို သားတို့အတန်းဖော်တွေနဲ့ သီးသန့်စစ်ဆေးနိုင်ပါတယ်။ ဒါမှမဟုတ် သားမိဘတွေကို ဆက်သွယ်ဖို့ ကူညီပေးရမလား။”

ကျောင်းအုပ်ကြီးထံတွင် နဂိုကတည်းက ခေါင်းကိုက်ဝေဒနာရှိနေခြင်းဖြစ်သည်။

*****

Aurora Novel Translation Team

Продовжити читання

Вам також сподобається

17.1K 607 27
Name- ကံကြမ္မာအပြောင်းအလဲ Web name- This BL Novel Is Ruined Now. Authors: Doran, 도란 Translator: Nieve Genre: Comedy, Drama, Fantasy, Romance. [You...
44.6K 2.2K 72
ချောမောလှပတဲ့ဒီမျက်နှာလေးကို တစ်သက်လုံးလို့ထင်ခဲ့ပေမယ့် ရုတ်တရက်ဆုံးရှုံးခဲ့တဲ့နောက် သူမကျော်လွှားနိုင်ပါ့မလား... အရာအားလုံးကိုလက်ခံပေးမယ့် အမျိုးသား...
31.1K 1.1K 64
Name - အိပ်ပျက်ညများရဲ့ ကယ်တင်ရှင် Web Name - Death Can't Sleep Author - 인식론 Translator - Marilee Genre(s) - Fantasy, Romance [You can also read this...
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...