Moe yanant thin 080:
ငါလေးကခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်
အပိုင်း(68) ဟော်ရုံကျွင်းရဲ့ရောဂါကိုကုပြီးပြီလား
ချီးးးးကိုပဲစိတ်မရှိပါနဲ့လား
ငါ့မှာတော့နာလို့သေတော့မှာဟဲ့
အဲ့တုန်းက တကယ်သေသွားတယ်လို့တောင်ထင်ရတာ လင်းယုရန် တွေးရင်းမျက်စောင်းလှမ်းထိုးတော့ ရင့်ကျက်သူ လုယင်းယန်က လက်သီးဆုပ်လေးများကိုနှုတ်ခမ်းမှာကွယ်လိုက်ရင်းခပ်ဖွဖွရယ်လာတယ်
ဟမ့် ပဲများလိုက်တာ
ယင်းယန်ကတော့ သူမရှေ့က မိန်းကလေးက ချစ်ဖို့ကောင်းတယ်လို့ရုတ်တရက်ခံစားလိုက်ရတယ်
သူမ ကူးပြောင်းနေခဲ့တုန်းက အခွင့်မသာတော့မပြောဖြစ်ခဲ့တာ ဘယ်လိုပဲဖြစ်ဖြစ် ဟိုမှာသေဆုံးခဲ့ရင်တောင် အဲ့ဒါက တကယ်မဟုတ်ပဲ အတုအယောင်ပါပဲလေ
သူမရဲ့တာဝန်ကြောင့်သာ သူမလုပ်ခဲ့ရပေမဲ့ တကယ်တော့ သူမဆန္ဒပါလို့မှမဟုတ်ခဲ့တာ
"ဒါနဲ့ သခင်ဟော်ရော သူ့ရောဂါကိုကုပြီးသွားပြီလား"
"ဟမ်?"
လုယင်းယန်မှာ စကားပြောမှားမိသွားသလို ပါးစပ်လေးကိုကွယ်လိုက်ပြီး မသိယောင်ဆောင်လိုက်ပေမဲ့ လင်းယုရန်လိုအကန်းကတော့ မမြင်ပဲ
"ရုံကျွင်းကဘာဖြစ်လို့လဲ "
"အိုးး အဲ့ဒါကလေ သခင်ဟော်က ဘာမှပြောမထားတော့ တို့ကလဲ စည်းကျော်လို့မရဘူးလေ ....."
လုယင်းယန်ကဆက်မပြောပဲ ရပ်လိုက်ပြီးမှ ဆက်ပြောလာတယ်
"မင်း.....အဲ့ဒါကို... နားလည်တယ်မလား"
"နားမလည်ဘူး သူနဲ့ကျွန်မက လက်ထပ်ကြတော့မှာလေ သူ့အကြောင်းကိုသိဖို့လိုတယ် တစ်ယောက်အကြောင်းတစ်ယောက်မသိပဲ ယုံကြည်မူ့မရှိဘူးဆိုရင် ဘယ်လိုလုပ် လင်မယားဆိုတဲ့ခေါင်းစဉ်အောက်ကိုသွားနိုင်မှာလဲ "
"ဒါပေမဲ့ အဲ့ဒါက မင်းတို့ရဲ့ကိစ္စပဲလေ ကျွန်မကတော့ တာဝန်ယူထားတဲ့ကိစ္စမို့ စည်းကမ်းချိုးဖောက်ခွင့်မရှိဘူး ရှင်ကြားဖူးမှာပေါ့ လုမိသားစုက ဘယ်လောက်စည်းကမ်းရှိလဲဆိုတာ သိမှာပါ ကျွန်မ တကူးတကကြီးပြောနေစရာမလိုပါဘူး ဟုတ်တယ်မလား"
လင်းယုရန် တွေးတွေးဆဆနဲ့ခေါင်းငြိမ့်လိုက်တယ် ကောင်းပြီလေ သူမ ထပ်ပြီးတိုက်တွန်းမရတော့ရင်လဲ ဒါက ဒီအတိုင်းပဲပေါ့
ပြီးတော့ လုမိသားစု
အဲ့လုမိသားစုက သိပ္ပံခေတ်ရှေ့ပြေးနေတဲ့အာဏာရှိတဲ့ မိသားစုဖြစ်တယ်လေ စစ်တပ်ပိုင်းဆိုင်ရာအပြင် နိုင်ငံတကာနဲ့ပါချိတ်ဆက်ထားပြီး သူတို့မှာ systemဆိုတာလဲရှိနေတယ်
ဘယ်လိုလည်ပတ်ပြီးဘယ်လိုအလုပ်လုပ်တယ်ဆိုတာမသိပေမဲ့စိတ်ကူးယဉ်ကမ္ဘာကိုဖွဲ့စည်းနိုင်ပြီး အဲ့ကမ္ဘာထဲကိုလဲ လူတွေကိုဆွဲသွင်းဆွဲထုတ်နိုင်တဲ့အပြင် တာဝန်တွေကိုလဲထမ်းဆောင်နိုင်ကြတယ်
အဲ့လိုအဖွဲ့အစည်းရဲ့လေ့ကျင့်ပေးခြင်းခံထားရတဲ့ လုယင်းယန်ဆိုတဲ့မိန်းမကလဲ လုံးဝခေသူမဟုတ်ဘူး
ဟိုဖက်ခေတ်မှာ သူမအကြင်နာမဲ့မဲ့လှုပ်ရှားနိုင်ထဲက သူ့မရဲ့ရက်စက်လိုစိတ်ဟာမိုးလောက်မြင့်ပြီးသွေးအေးချက်ကလဲ ရေခဲမှတ်ဖြစ်နေပြီဆိုတာသေချာတယ်
ဒါပေမဲ့ လုယင်းယန်ပြောလိုက်တဲ့စကားက သူမကိုဆက်တိုက်နှောင့်ယှက်နေပြီး ပြန်ခါနီးပြောသွားတဲ့
"သခင်ဟော်ကသိပ်ချစ်တတ်တာပဲ သူ့ဇန်ီးလေးကိုလုံးဝပေးမသိတဲ့အပြင်အကျိုးဆက်ကိုပါဖုံးထားသေးတယ် အမ်း အဲ့ဒါကလူတွေပြောကြတဲ့ပေးဆပ်ခြင်းအချစ်ဆိုတာလားပဲ "
"........."
သူမ အဲ့အကြောင်းကိုအိမ်ပြန်ရောက်တဲ့အထိ တွေးမိနေပြီး ခေါငဲကလုံးဝထုတ်မရဘူး
သူမ အိမ်တွင်းစီးဖိနပ်လဲပြီး အောာက်ဆင်းလာတော့ ဟော်ရုံကျွင်းက စာရွက်စာတမ်းတွေလှန်ကြည့်နေကာ ဘေးနားက သက်တော်စောာင့်လိုလို အတွင်းရေးမှူးလိုလိုက သူ့ကိုအစီရင်ခံကာ သူနဲ့စကားပြောနေကြတာကိုတွေ့တော့ သူမလဲ တံခါးပေါက်ကိုမှီကာ သူ့ကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေမိတယ်
"သခင် သခင်ရဲ့စွမ်းအင်တွေယိုစိမ့်နေပြန်ပြီ ဒီတခါရော ဘယ်နရက်လောက်ပဲခံမှာလဲ "
"ငါလဲမသိဘူး"
"သခင်မပြန်လာတာလဲ အလုပ်မဖြစ်တော့ဘူး "
"အင်း"
"ဘယ်လိုလုပ်ကြမလဲ သခင် ဒီပုံစံအတိုင်းဆို သခင်သေလိမ့်မယ် သခင်မကိုလွှတ်လိုက်ပြီး ပြန်လာတောင် မထူးဘူး အခုဆို အဲ့ဖြစ်စဉ်က တရက်ခြားတခါလောက်ဖြစ်လာမှာတောင်စိုးရတယ် အဲ့လိုဆို သခင်မလဲ ဘယ်လောက်တုံးတုံး အနှေးနဲ့အမြန် ရိပ်မိသွားမှာပဲ "
"ငါသိတယ်"
တံခါးဝနားမှာ ပျင်းရိပျင်းတွဲမှ်ီနေလေတဲ့လင်းယုရန် တောင့်တင်းသွားလေတယ်
'သေလိမ့်မယ် ?' အဲ့ဒါကဘာစကားကြီးလဲ ? ဟော်ရုံကျွင်းသေမှာလား ? ဘာလို့လဲ ? ဖြစ်စဉ်ကဘာလဲ ? သူမကိုလွတ်တာ သူလား? ဒါနဲ့
ဘယ်သူကအဲ့လောက်တုံးနေလို့လဲ အဲ့ဒါလဲ ပေါ်တင်စော်ကားတာပဲသိရဲ့လား
ဒါပေမဲ့ ဟော်ရုံကျွင်းက အတိအကျဘာဖြစ်နေတာလဲ?
မေးခွန်းပေါင်းများစွာက သူမရဲ့သံသယတွေကိုကြီးထွားလာစေပြီးတော့ ဘာမှမဆိုင်ပဲ လုယင်းယန်ရဲ့မျက်နှာနဲ့စကားသံကိုပြန်ကြားလိုက်ရလေတယ်
သေစမ်းး
ဟော်ရုံကျွင်းမှာ မကောင်းတာတခုခုဖြစ်နေတာတောင် သူမက ဘာမှမသိဘူးတဲ့
သူမ တချိန်လုံးလုပ်နေခဲ့တာက သူ့ကိုချွဲတာ သူနဲ့အိပ်ရာပေါ်က မထနိုင်အောင်လူးလိမ့်တာ ဒါမှမဟုတ် တကူတကွစားသောက်ပြီးစနောက်နေတာချည်းပဲ
အဲ့လိုဆိုမှ သူပိန်လာပြီး ဖြူဖျော့လာတာကို သူမမြင်နေရတာပဲ ညဘက်တွေ အပြင်ထွက်ထွက်သွားတတ်တာကိုလဲသတိထားမိနေတာပဲ
အဲ့ဒါကို သူမက သာမာန်ဖြစ်စဉ်ပဲထင်ထားပြီး စိတ်အေးလက်အေးနေနိုင်ခဲ့တယ်
သူမ အတွေးလွန်နေချိန်မှာပဲ ကိုယ်ရံတော်က အလန့်တကြားပြောလာလေတယ်
"အာ သ သခင် အဲ့လိုလုပ်ဖို့တွေးထားတာတော့မဟုတ်ဘူးမလား "
"ဟုတ်တယ် မင်းတွေးလိုက်တဲ့အတိုင်းပဲ "
"အဲ့ဒါကြောင့် စာရွက်စာတမ်းတွေိကိုလွှဲနေတာပေါ့ သ သခင် ! မလုပ်ပါနဲ့ "
"အရင်ကတော့ ငါ ဒီကမ္ဘာကြီးကို မချစ်လို့ ဖျက်ဆီးပစ်ရမှာ ဝန်မလေးခဲ့ဘူး ဒါပေမဲ့ ရန်ရန်ချစ်တဲ့ဒီမြေပျက်စ်ီးသွားမှာတော့ ငါတကယ်မမြင်ချင်ဘူး "
"နောက်ထပ်နည်းလမ်းတခုရှိသေးတယ်လေ ဘာလို့မစမ်းကြည့်တာလဲသခင် မဟုတ်မှ သခင်မလေးကိုထိခိုက်လာမှာစိုးလို့လား "
"ပါးစပ်ပိတ်ထား အဲ့ဒါကို နောက်ထပ်ဘယ်တော့မပြောနဲ့ "
"စိတ်လျေိာ့ပါသခင် စိတ်လျော့ပါ ထပ်မပြောတော့ပါဘူး"
အထဲကလူတွေကတော့ စကားပြောကောင်းနေဆဲ လင်းယုရန်ကတော့ တိတ်တဆိတ်နဲ့ထွက်ခွာသွားလေတယ်
ဒီတခါ သူမ သူ့ကိုကာကွယ်ပေးချင်တယ် အဲ့ဒါက ဘာပဲဖြစ်ဖြစ် သူမကျိန်းသေပေါက်ကျော်ဖြတ်ပေးမယ်
။။။။။။။။။။။။🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🥺
Alinkar nang 🌿