အခန်း (၇၆)
"ကျန်းယီ" လက်ဖက်ရည်ခွက်ကိုကိုင်ရင်း "စုအန်းရန်"ဘက်ကို လာသည်။ သူမ "စုအန်းရန်"ကို လက်ဖက်ရည်တစ်ငုံတိုက်လိုက်ပြီး "လီရှန်းနန်"ကို ကြည့်လိုက်သည်။
"လီရှန်းနန်" မူမမှန်တာကို သူမ သတိထားမိတာကြာပြီ။ သူမ ပုံမှန်မဟုတ်မှန်းသိလျက်နဲ့ "စု"မိသားစုက ဘာလို့များ ဒီလိုလူကိုငှားထားလဲမသိ။ သူမ "လျန်းချင်"နဲ့ အတူနေပြီး "စုအန်းရန်"၊ "စုအန်းချီ"တို့ကို အချိန်အကြာကြီး စောင့်ရှောက်ခဲ့ဖူးသည်။
"သခင်လေးက အခုမှ အလုပ်ကပြန်လာတာ ကလေးတွေကို ဘယ်လိုလုပ် ဂရုစိုက်နေနိုင်ဦးမလဲ" သူမမျက်လုံးတွေက "ကျန်းယီ"ဘက် ရောက်သွားသည်။ "ကလေးတွေကိုခေါ်လာတာ မစ္စမဟုတ်ဘူးလား ဘာလို့ပေကပ်နေရတာလဲ"
"စုအန်းချီ လာ အန်တီ'လီ'နဲ့ လိုက်ခဲ့ ဖေဖေပင်ပန်းနေပြီ နားပါစေတော့"
"စုဇီရွှမ်း" ချီထားတဲ့ "စုအန်းချီ"ဆီ လက်ကမ်းလိုက်တော့ "စုအန်းချီ"က ရင်ခွင်ထဲပုန်းနေသည်။
"ရှန်းနန်၊ နင်ဘာဖြစ်နေတာလဲ" "စုဇီရွှမ်း"က "စုအန်းချီ"ခေါင်းကို အသာလေးပွတ်ပေးရင်း မျက်မှောင်ကြုတ်ပြီးမေးသည်။ "လီရှန်းနန်" ပိုပြီးဆွံ့အသွားသည်။ ဘာဖြစ်တာပါလိမ့်။ သူတစ်ခါမှ သူမဒီလိုဖြစ်နေတာမမြင်ဖူး။
"ကျွန်မ ... ကျွန်မဘာမှမဖြစ်ပါဘူး သခင်လေးရဲ့ ကလေးကိုကျွန်မဆီပေးခဲ့ပြီး သွားနားလိုက်ပါ နော်" "လီရှန်းနန်"က အားမပါတဲ့အပြုံးနဲ့ စိတ်ကိုရှည်အောင်ထားပြီး "စုအန်းချီ"ဆီကို လက်ကမ်းပေးပြန်သည်။ ဒါပေမယ့်လည်း "စုအန်းချီ"က "စုဇီရွှမ်း" ရင်ခွင်ထဲ ခေါင်းလေးတိုး၀င်လိုက်သည်။
"လီရှန်းနန်" အခြေအနေမကောင်းမှန်း "ကျန်းယီ"လည်း သိသည်။ သူမမျက်နှာတွေနီနေပြီး ချွေးတွေလည်းပြန်နေပြီ။ လက်တွေပါ အနည်းငယ်တုန်တုန်ယင်ယင်ဖြစ်နေသည်။ "စုအန်းရန်"ကို ဘေးကပ်လိုက်ပြီး သူမရှေ့တိုးသွားသည်။ ပြီးတော့ "လီရှန်းနန်"ကို ညင်ညင်သာသာပြောလိုက်သည်။ "ကလေးကိုကျွန်မပဲချီလိုက်ပါမယ် ရှင့်ကိုဒုက္ခမပေးတော့ပါဘူး"
သူမ တကယ်သာ စိတ်အခြေအနေမကောင်းရင် ပေါက်ကွဲတော့မှာသေချာသည်။ ကလေးတစ်ခုခုထိခိုက်သွားရင် သူမ အမှန်တကယ် ပြဿနာတက်လိမ့်မည်။
"ကျန်းယီ"က "စုဇီရွှမ်း"ကို မသိချင်ယောင်ဆောင်ဖို့ မျက်ရိပ်ပြသည်။ သူမ ဆိုဖာနားကို လျှောက်လာသည်။ သူမမျက်နှာမှာလည်း အပြုံးရိပ်သန်းနေသည်။ သူမ ကြင်နာယုယစွာနဲ့ "စုအန်းချီ"ကို ဖက်ထားလိုက်သည်။
"ကျန်းယီ" စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"စုဇီရွှမ်း" လက်ထဲကနေ "စုအန်းချီ"ကို ခေါ်လာတော့ မလိုက်ချင်လိုက်ချင်နဲ့ သူမအဖေဆီ လက်ကလေးဆန့်ပြသည်။ သူ့ကို ထပ်ပြီးဖက်ထားချင်သေးသည်။ "ကျန်းယီ" ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး "ဖေဖေက အလုပ်တွေလုပ်ရလို့ ပင်ပန်းနေပြီ သမီးကိုချီဖို့ အားမရှိတော့ဘူး"
သူမ အသံတိုးတိုးလေးနဲ့ ပြောလိုက်ပေမယ့် "စုဇီရွှမ်း" ကြားသည်။ သူ "ကျန်းယီ"ကို သဘောကျဟန်နဲ့ ကြည့်လိုက်သည်။ မိတ်ကပ်မပါတဲ့ သူမမျက်နှာလေးက သိပ်လှနေသည်။
ဒါပေမယ့်_
ဘယ်သူ့ဖုန်းမှန်းမသိ မျက်စိရှေ့ကိုရောက်လာသည်။ မော်ကြည့်လိုက်တော့ "လီရှန်းနန်"။ သူမ စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုကမ်းပေးလိုက်သည်။ "သခင်လေးမသိလို့ မစ္စက တခြားတစ်ယောက်နဲ့ ချိန်းတွေ့နေပြန်ပြီ တွေ့လား အဲ့ဒါသက်သေပဲ"
သူမ "ကျန်းယီ"ကို အနိုင်ပိုင်းလိုက်ဟန်ဖြင့် ကြည့်သည်။ ဒီမိန်းမ တော်တော့်ကိုလွန်လွန်းအားကြီးသည်။ ဒီလောက်ကောင်းတဲ့သခင်လေးကိုရထားတောင် တခြားယောက်ျားတွေနဲ့ တွေ့ချင်သေးသည်။ ဒါပေမယ့် ဒီလူကတော့ သခင်လေးရဲ့သူငယ်ချင်း သခင်လေး"ကျဲယာ"။ သူ့ပတ်၀န်းကျင်ကလူတွေနဲ့ သူမ လိုက်ပတ်သက်နေတာကြီးက ရွံဖို့ကောင်းလှသည်။
"ဒါကဘာလဲ" "စုဇီရွှမ်း"က "စုအန်းချီ"ကို ထပ်ပြီးချီထားချင်သေးသည်။ ဒါပေမယ့် သူမခေါ်သွားတော့ သူဘာမှဆက်မပြောတော့။ ဒါနဲ့ ဒီဓာတ်ပုံက ဘာလဲ။
သူ့ဇနီးနဲ့ ညီ။
ဖုန်းကိုကိုင်ထားရင်း "စုဇီရွှမ်း" အံ့ဩလွန်ပြီး "ကျန်းယီ"ကို ကြည့်နေသည်။ သူ ဖုန်းကိုယူပြလိုက်ပြီး ပြောသည်။ "ဒီပုံက ..."
"ကျန်းယီ" ကြားဖြတ်ပြောလိုက်သည်။ "Entertainment industry က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖန်တီးဖို့ကြိုးစားနေတာ ရှင်မသိဘူးလား အဖြူကို အမည်းလုပ်နေကြတာလေ" "ကျန်းယီ" ရုတ်တရက် ထရယ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မတို့လက်ထပ်ထားတာဖြင့်ကြာလှပြီ အခုထိ ရှင် ကျွန်မအကြောင်းမသိသေးဘူးလား ဒါ ကျွန်မအပြင်လည်ပြီး အပျော်ရှာတဲ့ပုံစံပဲဥစ္စာ"
သူမ အစက စိတ်ထဲမှာထူးဆန်းပြီး ကြောက်လန့်နေသည်။ သူမအဖို့ "စုဇီရွှမ်း"က သူစိမ်းတစ်ယောက်။ သူမနဲ့ နှစ်တွေအကြာကြီး ပေါင်းသင်းလာတဲ့ ခင်ပွန်းမဟုတ်။
"လီရှန်းနန်"က ဒီကိစ္စကို ထုတ်ပြောလာတော့ လှေကို ရေစုန်မှာမျှောလိုက်သည်။ သူမ သူနဲ့ အနည်းငယ်ခပ်ခွာခွာနေရမည်။ အစကတော့ ဒီကိစ္စပေါ်မည့်အရေးကိုတွေးပြီး သူမကြောက်နေခဲ့သေးသည်။
"မင်း ..." "စုဇီရွှမ်း" အသက်ရှူကြပ်သွားသည်။ အင်တာနက်မှာ ဘာပုံပဲတွေ့တွေ့ သူမ ဟန်ဆောင်နေတာပဲထင်ခဲ့သည်။ သူမ သူနဲ့လက်ထပ်တုန်းက ကောလိပ်ကနေ ဘွဲ့ရခါစ။
ပျော်တာပါးတာက သာမန်ပါပဲ။
ဒါပေမယ့် ဒီပုံထဲမှာ ခံစားချက်တွေ စစ်မှန်နေသလို သူမအကြည့်တွေနဲ့ ပုံစံက နူးညံ့သိမ်မွေ့နေ၏။ "လီကျဲယာ"ရဲ့ အကြည့်တွေကလည်း သိမ်မွေ့ပြီး ကြင်နာမှုတွေ ပြည့်နှက်နေသည်။မိတ်ကပ်မလိမ်းထားလို့ပဲလား။ အသားဖော်လွန်းတဲ့အ၀တ်အစားကြောင့်လား။ ဒါမှမဟုတ် ဓာတ်ပုံထဲက နောက်တစ်ယောက်က သူ့သူငယ်ချင်းဖြစ်နေတာကြောင့်လား။ ဘာလို့ သူ့စိတ်တွေမွန်းကြပ်နေရလဲ။
သူ စကားဆက်မပြောတော့ "ကျန်းယီ" စိတ်ချသွားပြီး ခန္ဓာမူလပိုင်ရှင်ရဲ့ အပျော်အပါးမက်တဲ့စရိုက်ကိုတောင် ကျေးဇူးတင်မိသွားသည်။ "စုဇီရွှမ်း"နဲ့သာ အနီးကပ်နေရရင် သူမ ဘာလုပ်ရမှန်းမသိဖြစ်နေမည်။
"လီရှန်းနန်"က ဖုန်းကိုယူလိုက်ပြီး "စုဇီရွှမ်း"ကို ကြည့်ရင်း လက်မြှောက်လိုက်သည်။ သူမ "ကျန်းယီ"ကို လက်ညှိုးထိုးလိုက်၏။ "ဒီမိန်းမက မကောင်းဆိုးဝါးပဲ သူက အမေတစ်ယောက်လည်းဖြစ်ချင်သေးတယ် လုပ်နိုင်တာလည်းမဟုတ်ဘူး သခင်လေး သူ့ကို လုံး၀ လက်မထပ်ခဲ့သင့်ဘူး"
"လီရှန်းနန်" အသံကျယ်လာသည်။ "စုအန်းရန်" နဲ့ "စုအန်းချီ"တို့ အထိတ်တလန့်ဖြစ်နေသည်။ သိမ်သိမ်မွေ့မွေ့ အန်တီလီ' ချက်ချင်းပျောက်သွားတော့ "စုအန်းရန်"တစ်ယောက် ကြောက်ကြောက်နဲ့ "ကျန်းယီ"နောက်မှာ ပုန်းနေသည်။
"စုအန်းချီ"ကလည်း စငိုပြန်ပါပြီ။
"လီရှန်းနန် ရှင်ဘာလုပ်တာလဲ ဒီလိုလုပ်တာ ကလေးတွေလန့်ကုန်မယ်မှန်း ရှင်မသိဘူးလား" "ကျန်းယီ"က "စုအန်းချီ"ကို ဖက်ထားလိုက်ပြီး "လီရှန်းနန်"ကို အပြစ်တင်သည်။
"လီရှန်းနန်" အမူအရာပျက်သွားတော့ "စုဇီရွှမ်း"က ပြောသည်။ "ရှန်းနန် နေမကောင်းရင် အခန်းပြန်နားတော့"
အပြင်မှာဘာတွေဖြစ်နေလဲသိရအောင် "လိဆောင်း"လည်း မီးဖိုချောင်ထဲကနေ တိတ်တိတ်လေးထွက်လာသည်။
"လျန်းချင်"နဲ့ အိမ်တော်ထိန်းရောက်လာတော့ ပရမ်းပတာဖြစ်နေတဲ့မြင်ကွင်းကို တွေ့လိုက်ရပြီး သူမအသာမျက်မှောင်ကြုတ်လိုက်သည်။ "ဘာတွေဖြစ်ထားကြတာလဲ"
"စု"မိသားစုရဲ့ အိမ်တော်ထိန်းကတော့ "ကျောင်း၀မ့်ချီ"။ သူမအိမ်မှာ တစ်ခုခုဖြစ်လို့ ခွင့်ယူပြီး "လီရှန်းနန်"ကို တာ၀န်ခဏလွှဲပေးခဲ့သည်။
ဒါပေမယ့် ဒီအိမ်လေးကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲထားခြင်းမရှိ။
"လျန်းချင်" ဒီလောက်မြန်မြန်ပြန်ရောက်မယ်မှန်း "လီရှန်းနန်" မထင်ထား။ သူမအမူအရာပြောင်းသွားပြီး နောက်ဆုံး မဝံ့မရဲနဲ့ပြောသည်။ "မစ္စဟွေ့' ကျွန်မ မဒမ်နဲ့ကျဲယာတို့ပုံကို သခင်လေးကိုပြလိုက်ပါတယ် အင်တာနက်ပေါ်မှာ ပြောကြတာကတော့ ..."
#translate_by_LilacM
( T/N Thanks for reading and interesting
If each chapter get 42votes ,I will update new chapter , Eventually I see silent readers in my novel .
Silent readers please vote my translation )
-----------------------
အခန္း (၇၆)
"က်န္းယီ" လက္ဖက္ရည္ခြက္ကိုကိုင္ရင္း "စုအန္းရန္"ဘက္ကို လာသည္။ သူမ "စုအန္းရန္"ကို လက္ဖက္ရည္တစ္ငုံတိုက္လိုက္ၿပီး "လီ႐ွန္းနန္"ကို ၾကည့္လိုက္သည္။
"လီ႐ွန္းနန္" မူမမွန္တာကို သူမ သတိထားမိတာၾကာၿပီ။ သူမ ပုံမွန္မဟုတ္မွန္းသိလ်က္နဲ႔ "စု"မိသားစုက ဘာလို႔မ်ား ဒီလိုလူကိုငွားထားလဲမသိ။ သူမ "လ်န္းခ်င္"နဲ႔ အတူေနၿပီး "စုအန္းရန္"၊ "စုအန္းခ်ီ"တို႔ကို အခ်ိန္အၾကာႀကီး ေစာင့္ေ႐ွာက္ခဲ့ဖူးသည္။
"သခင္ေလးက အခုမွ အလုပ္ကျပန္လာတာ ကေလးေတြကို ဘယ္လိုလုပ္ ဂ႐ုစိုက္ေနႏိုင္ဦးမလဲ" သူမမ်က္လုံးေတြက "က်န္းယီ"ဘက္ ေရာက္သြားသည္။ "ကေလးေတြကိုေခၚလာတာ မစၥမဟုတ္ဘူးလား ဘာလို႔ေပကပ္ေနရတာလဲ"
"စုအန္းခ်ီ လာ အန္တီ'လီ'နဲ႔ လိုက္ခဲ့ ေဖေဖပင္ပန္းေနၿပီ နားပါေစေတာ့"
"စုဇီ႐ႊမ္း" ခ်ီထားတဲ့ "စုအန္းခ်ီ"ဆီ လက္ကမ္းလိုက္ေတာ့ "စုအန္းခ်ီ"က ရင္ခြင္ထဲပုန္းေနသည္။
"႐ွန္းနန္၊ နင္ဘာျဖစ္ေနတာလဲ" "စုဇီ႐ႊမ္း"က "စုအန္းခ်ီ"ေခါင္းကို အသာေလးပြတ္ေပးရင္း မ်က္ေမွာင္ၾကဳတ္ၿပီးေမးသည္။ "လီ႐ွန္းနန္" ပိုၿပီးဆြံ႕အသြားသည္။ ဘာျဖစ္တာပါလိမ့္။ သူတစ္ခါမွ သူမဒီလိုျဖစ္ေနတာမျမင္ဖူး။
"ကြၽန္မ ... ကြၽန္မဘာမွမျဖစ္ပါဘူး သခင္ေလးရဲ႕ ကေလးကိုကြၽန္မဆီေပးခဲ့ၿပီး သြားနားလိုက္ပါ ေနာ္" "လီ႐ွန္းနန္"က အားမပါတဲ့အျပဳံးနဲ႔ စိတ္ကို႐ွည္ေအာင္ထားၿပီး "စုအန္းခ်ီ"ဆီကို လက္ကမ္းေပးျပန္သည္။ ဒါေပမယ့္လည္း "စုအန္းခ်ီ"က "စုဇီ႐ႊမ္း" ရင္ခြင္ထဲ ေခါင္းေလးတိုး၀င္လိုက္သည္။
"လီ႐ွန္းနန္" အေျခအေနမေကာင္းမွန္း "က်န္းယီ"လည္း သိသည္။ သူမမ်က္ႏွာေတြနီေနၿပီး ေခြၽးေတြလည္းျပန္ေနၿပီ။ လက္ေတြပါ အနည္းငယ္တုန္တုန္ယင္ယင္ျဖစ္ေနသည္။ "စုအန္းရန္"ကို ေဘးကပ္လိုက္ၿပီး သူမေ႐ွ႕တိုးသြားသည္။ ၿပီးေတာ့ "လီ႐ွန္းနန္"ကို ညင္ညင္သာသာေျပာလိုက္သည္။ "ကေလးကိုကြၽန္မပဲခ်ီလိုက္ပါမယ္ ႐ွင့္ကိုဒုကၡမေပးေတာ့ပါဘူး"
သူမ တကယ္သာ စိတ္အေျခအေနမေကာင္းရင္ ေပါက္ကြဲေတာ့မွာေသခ်ာသည္။ ကေလးတစ္ခုခုထိခိုက္သြားရင္ သူမ အမွန္တကယ္ ျပႆနာတက္လိမ့္မည္။
"က်န္းယီ"က "စုဇီ႐ႊမ္း"ကို မသိခ်င္ေယာင္ေဆာင္ဖို႔ မ်က္ရိပ္ျပသည္။ သူမ ဆိုဖာနားကို ေလွ်ာက္လာသည္။ သူမမ်က္ႏွာမွာလည္း အျပဳံးရိပ္သန္းေနသည္။ သူမ ၾကင္နာယုယစြာနဲ႔ "စုအန္းခ်ီ"ကို ဖက္ထားလိုက္သည္။
"က်န္းယီ" စိတ္သက္သာရာရသြားဟန္ျဖင့္ သက္ျပင္းခ်လိုက္သည္။
"စုဇီ႐ႊမ္း" လက္ထဲကေန "စုအန္းခ်ီ"ကို ေခၚလာေတာ့ မလိုက္ခ်င္လိုက္ခ်င္နဲ႔ သူမအေဖဆီ လက္ကေလးဆန္႔ျပသည္။ သူ႕ကို ထပ္ၿပီးဖက္ထားခ်င္ေသးသည္။ "က်န္းယီ" ခႏၶာကိုယ္ကိုလွည့္လိုက္ၿပီး "ေဖေဖက အလုပ္ေတြလုပ္ရလို႔ ပင္ပန္းေနၿပီ သမီးကိုခ်ီဖို႔ အားမ႐ွိေတာ့ဘူး"
သူမ အသံတိုးတိုးေလးနဲ႔ ေျပာလိုက္ေပမယ့္ "စုဇီ႐ႊမ္း" ၾကားသည္။ သူ "က်န္းယီ"ကို သေဘာက်ဟန္နဲ႔ ၾကည့္လိုက္သည္။ မိတ္ကပ္မပါတဲ့ သူမမ်က္ႏွာေလးက သိပ္လွေနသည္။
ဒါေပမယ့္_
ဘယ္သူ႕ဖုန္းမွန္းမသိ မ်က္စိေ႐ွ႕ကိုေရာက္လာသည္။ ေမာ္ၾကည့္လိုက္ေတာ့ "လီ႐ွန္းနန္"။ သူမ စိတ္လႈပ္႐ွားစြာနဲ႔ ဖုန္းကိုကမ္းေပးလိုက္သည္။ "သခင္ေလးမသိလို႔ မစၥက တျခားတစ္ေယာက္နဲ႔ ခ်ိန္းေတြ႕ေနျပန္ၿပီ ေတြ႕လား အဲ့ဒါသက္ေသပဲ"
သူမ "က်န္းယီ"ကို အႏိုင္ပိုင္းလိုက္ဟန္ျဖင့္ ၾကည့္သည္။ ဒီမိန္းမ ေတာ္ေတာ့္ကိုလြန္လြန္းအားႀကီးသည္။ ဒီေလာက္ေကာင္းတဲ့သခင္ေလးကိုရထားေတာင္ တျခားေယာက်္ားေတြနဲ႔ ေတြ႕ခ်င္ေသးသည္။ ဒါေပမယ့္ ဒီလူကေတာ့ သခင္ေလးရဲ႕သူငယ္ခ်င္း သခင္ေလး"က်ဲယာ"။ သူ႕ပတ္၀န္းက်င္ကလူေတြနဲ႔ သူမ လိုက္ပတ္သက္ေနတာႀကီးက ႐ြံဖို႔ေကာင္းလွသည္။
"ဒါကဘာလဲ" "စုဇီ႐ႊမ္း"က "စုအန္းခ်ီ"ကို ထပ္ၿပီးခ်ီထားခ်င္ေသးသည္။ ဒါေပမယ့္ သူမေခၚသြားေတာ့ သူဘာမွဆက္မေျပာေတာ့။ ဒါနဲ႔ ဒီဓာတ္ပုံက ဘာလဲ။
သူ႕ဇနီးနဲ႔ ညီ။
ဖုန္းကိုကိုင္ထားရင္း "စုဇီ႐ႊမ္း" အံ့ဩလြန္ၿပီး "က်န္းယီ"ကို ၾကည့္ေနသည္။ သူ ဖုန္းကိုယူျပလိုက္ၿပီး ေျပာသည္။ "ဒီပုံက ..."
"က်န္းယီ" ၾကားျဖတ္ေျပာလိုက္သည္။ "Entertainment industry က အေျခအျမစ္မ႐ွိတဲ့ စြပ္စြဲခ်က္ေတြ ဖန္တီးဖို႔ႀကိဳးစားေနတာ ႐ွင္မသိဘူးလား အျဖဴကို အမည္းလုပ္ေနၾကတာေလ" "က်န္းယီ" ႐ုတ္တရက္ ထရယ္လိုက္သည္။ "ဘာပဲျဖစ္ျဖစ္ ကြၽန္မတို႔လက္ထပ္ထားတာျဖင့္ၾကာလွၿပီ အခုထိ ႐ွင္ ကြၽန္မအေၾကာင္းမသိေသးဘူးလား ဒါ ကြၽန္မအျပင္လည္ၿပီး အေပ်ာ္႐ွာတဲ့ပုံစံပဲဥစၥာ"
သူမ အစက စိတ္ထဲမွာထူးဆန္းၿပီး ေၾကာက္လန္႔ေနသည္။ သူမအဖို႔ "စုဇီ႐ႊမ္း"က သူစိမ္းတစ္ေယာက္။ သူမနဲ႔ ႏွစ္ေတြအၾကာႀကီး ေပါင္းသင္းလာတဲ့ ခင္ပြန္းမဟုတ္။
"လီ႐ွန္းနန္"က ဒီကိစၥကို ထုတ္ေျပာလာေတာ့ ေလွကို ေရစုန္မွာေမွ်ာလိုက္သည္။ သူမ သူနဲ႔ အနည္းငယ္ခပ္ခြာခြာေနရမည္။ အစကေတာ့ ဒီကိစၥေပၚမည့္အေရးကိုေတြးၿပီး သူမေၾကာက္ေနခဲ့ေသးသည္။
"မင္း ..." "စုဇီ႐ႊမ္း" အသက္႐ွဴၾကပ္သြားသည္။ အင္တာနက္မွာ ဘာပုံပဲေတြ႕ေတြ႕ သူမ ဟန္ေဆာင္ေနတာပဲထင္ခဲ့သည္။ သူမ သူနဲ႔လက္ထပ္တုန္းက ေကာလိပ္ကေန ဘြဲ႕ရခါစ။
ေပ်ာ္တာပါးတာက သာမန္ပါပဲ။
ဒါေပမယ့္ ဒီပုံထဲမွာ ခံစားခ်က္ေတြ စစ္မွန္ေနသလို သူမအၾကည့္ေတြနဲ႔ ပုံစံက ႏူးညံ့သိမ္ေမြ႕ေန၏။ "လီက်ဲယာ"ရဲ႕ အၾကည့္ေတြကလည္း သိမ္ေမြ႕ၿပီး ၾကင္နာမႈေတြ ျပည့္ႏွက္ေနသည္။မိတ္ကပ္မလိမ္းထားလို႔ပဲလား။ အသားေဖာ္လြန္းတဲ့အ၀တ္အစားေၾကာင့္လား။ ဒါမွမဟုတ္ ဓာတ္ပုံထဲက ေနာက္တစ္ေယာက္က သူ႕သူငယ္ခ်င္းျဖစ္ေနတာေၾကာင့္လား။ ဘာလို႔ သူ႕စိတ္ေတြမြန္းၾကပ္ေနရလဲ။
သူ စကားဆက္မေျပာေတာ့ "က်န္းယီ" စိတ္ခ်သြားၿပီး ခႏၶာမူလပိုင္႐ွင္ရဲ႕ အေပ်ာ္အပါးမက္တဲ့စ႐ိုက္ကိုေတာင္ ေက်းဇူးတင္မိသြားသည္။ "စုဇီ႐ႊမ္း"နဲ႔သာ အနီးကပ္ေနရရင္ သူမ ဘာလုပ္ရမွန္းမသိျဖစ္ေနမည္။
"လီ႐ွန္းနန္"က ဖုန္းကိုယူလိုက္ၿပီး "စုဇီ႐ႊမ္း"ကို ၾကည့္ရင္း လက္ေျမႇာက္လိုက္သည္။ သူမ "က်န္းယီ"ကို လက္ညိႇဳးထိုးလိုက္၏။ "ဒီမိန္းမက မေကာင္းဆိုးဝါးပဲ သူက အေမတစ္ေယာက္လည္းျဖစ္ခ်င္ေသးတယ္ လုပ္ႏိုင္တာလည္းမဟုတ္ဘူး သခင္ေလး သူ႕ကို လုံး၀ လက္မထပ္ခဲ့သင့္ဘူး"
"လီ႐ွန္းနန္" အသံက်ယ္လာသည္။ "စုအန္းရန္" နဲ႔ "စုအန္းခ်ီ"တို႔ အထိတ္တလန္႔ျဖစ္ေနသည္။ သိမ္သိမ္ေမြ႕ေမြ႕ အန္တီလီ' ခ်က္ခ်င္းေပ်ာက္သြားေတာ့ "စုအန္းရန္"တစ္ေယာက္ ေၾကာက္ေၾကာက္နဲ႔ "က်န္းယီ"ေနာက္မွာ ပုန္းေနသည္။
"စုအန္းခ်ီ"ကလည္း စငိုျပန္ပါၿပီ။
"လီ႐ွန္းနန္ ႐ွင္ဘာလုပ္တာလဲ ဒီလိုလုပ္တာ ကေလးေတြလန္႔ကုန္မယ္မွန္း ႐ွင္မသိဘူးလား" "က်န္းယီ"က "စုအန္းခ်ီ"ကို ဖက္ထားလိုက္ၿပီး "လီ႐ွန္းနန္"ကို အျပစ္တင္သည္။
"လီ႐ွန္းနန္" အမူအရာပ်က္သြားေတာ့ "စုဇီ႐ႊမ္း"က ေျပာသည္။ "႐ွန္းနန္ ေနမေကာင္းရင္ အခန္းျပန္နားေတာ့"
အျပင္မွာဘာေတြျဖစ္ေနလဲသိရေအာင္ "လိေဆာင္း"လည္း မီးဖိုေခ်ာင္ထဲကေန တိတ္တိတ္ေလးထြက္လာသည္။
"လ်န္းခ်င္"နဲ႔ အိမ္ေတာ္ထိန္းေရာက္လာေတာ့ ပရမ္းပတာျဖစ္ေနတဲ့ျမင္ကြင္းကို ေတြ႕လိုက္ရၿပီး သူမအသာမ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ဘာေတြျဖစ္ထားၾကတာလဲ"
"စု"မိသားစုရဲ႕ အိမ္ေတာ္ထိန္းကေတာ့ "ေက်ာင္း၀မ့္ခ်ီ"။ သူမအိမ္မွာ တစ္ခုခုျဖစ္လို႔ ခြင့္ယူၿပီး "လီ႐ွန္းနန္"ကို တာ၀န္ခဏလႊဲေပးခဲ့သည္။
ဒါေပမယ့္ ဒီအိမ္ေလးကို ေကာင္းေကာင္းမြန္မြန္ စီမံခန္႔ခြဲထားျခင္းမ႐ွိ။
"လ်န္းခ်င္" ဒီေလာက္ျမန္ျမန္ျပန္ေရာက္မယ္မွန္း "လီ႐ွန္းနန္" မထင္ထား။ သူမအမူအရာေျပာင္းသြားၿပီး ေနာက္ဆုံး မဝံ့မရဲနဲ႔ေျပာသည္။ "မစၥေဟြ႕' ကြၽန္မ မဒမ္နဲ႔က်ဲယာတို႔ပုံကို သခင္ေလးကိုျပလိုက္ပါတယ္ အင္တာနက္ေပၚမွာ ေျပာၾကတာကေတာ့ ..."
#translate_by_LilacM
( T/N Thanks for reading and interesting
If each chapter get 42votes ,I will update new chapter , Eventually I see silent readers in my novel .
Silent readers please vote my translation )
-----------------------