အပိုင်း 511 လက်ရွေးစင်လေးပါးရဲ့ပထမ
သူမရဲ့ စွမ်းဆောင်ရည်က ပြီးပြည့်စုံတယ်လို့ပြောနိုင်ပါတယ်။ဒါပေမယ့် သူမရဲ့ ကန့်သတ်ချက်တွေရ ပထမနေရာက ချူးယွန်ပဲ ရမှာပါ။
"ဆရာက ဘယ်လိုဆေးမျိုး ဖော်စပ်မလဲတော့မသိဘူး... ဒါပေမယ့် ငါအရမ်းမတုန်လှုပ်ရဖို့ မျှော်လင့်တယ်"
တန်းရှီ တွေးလိုက်တယ်။တာ့လင်ရဲ့စိတ်ထားကို သူမသိပါတယ်။သူမက အေးအေးဆေးဆေး ရှိနေတာကို မကြိုက်ပါဘူး။
ယွမ်ရို့စီ ဆေးလုံးကိုယူပြီးနောက် သူမမျက်လုံးတွေက တောက်ပသွားပြီး
"ဒီဆေးလုံးက ကီငွေ့ရည်ဖွဲ့ခြင်းဆေးလုံးပဲ... ဒါက ထိပ်တန်းအဆင့်ဆေးလုံးတွေကြားမှာ တစ်ကယ်ထူးခြားတယ်... အချိန်တိုအတွင်း ပြိုင်ပွဲဝင်တစ်ဦးက ဒီလိုဆေးလုံးမျိုးကို ဖော်စပ်နိုင်မယ်လို့ ထင်မထားခဲ့ဘူး... မယုံနိုင်စရာပဲ... မယုံနိုင်စရာပဲ"
ယွမ်ရို့စီ တန်းရှီရဲ့ စွမ်းဆောင်ရည်တွေကို မချီးမွှမ်းပဲ မနေနိုင်ပါဘူး။
"ဒီဆေးလုံးရဲ့ ဆေးသိပ်သည်းဆက အတွေ့ကြုံရှိ ဆေးဝါးသခင်တွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်... နင့်ဆရာက ဘယ်သူများပါလိမ့်"
ယွမ်ရို့စီ ဒီပါရမီရှင်ကို လိုချင်နေတယ်ဆိုတာ သိသာပါတယ်။တစ်ဖက်လူမှာသာ ဆရာသခင် ဆရာမရှိရင် သူမရဲ့ တပည့်အဖြစ် ခေါ်ဆောင်လိုက်မှာပါ။
"ကျွန်မမှာ ဆရာက နှိမ့်ချနေတတ်သူပါ... သူဘယ်သူဆိုတာ အခြားသူတွေကို ပြောမပြစေချင်ဘူး"
တန်းရှီ ပြုံးလိုက်ပါတယ်။
"အင်း... သူက ပုံးကွယ်နေထိုင်တဲ့ ဆရာသခင်ပဲနေမှာပါ... မဟုပ်ရင် ဒီလိုပါရမီရှင်မျိုးကို ဘယ်လိုမွေးထုတ်နိုင်မှာလဲ... နင့်အနေနဲ့ အနာဂါတ်မှာ ဆရာသခင်တစ်ပါး သေချာပေါက်ဖြစ်လာလိမ့်မယ်"
ယွမ်ရို့စီ ခေါင်းညိမ့်လိုက်ပါတယ်။
သူမ သိပ်တော့ မအံ့ဩမိခဲ့ပါဘူး။တန်းရှီမှာ ဆရာမရှိဘူးဆိုမှာသာ အံ့အားသင့်လိမ့်မယ်။
ပရိသတ် ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ်။ယွမ်ရို့စီလို ထိပ်တန်းဆရာသခင်က ချီးမွှမ်းခဲ့တဲ့အတွက် တန်းရှီရဲ့ စွမ်းရည်ကို စဉ်းစားကြည့်နိုင်တယ်။
ကီငွေ့ရည်ဖွဲ့ခြင်းဆေးလုံးက ဒြပ်စင်ငါးခုကို ညီမှအောင်လုပ်ရတာမို့ အလွန်ခက်ခဲပါတယ်။ဆေးပညာရှင်အနေနဲ့ ဒြပ်စင်ငါးခုကို အပြည့်အဝထိန်းချုပ်နိုင်ရမှာလေ။
ဒြပ်စင်ငါးခု ညီမှခြင်းမရှိတဲ့ ကီငွေ့ရည်ဖွဲ့ခြင်းဆေးလုံးက အကျိုးသက်ရောက်မှုရှ်ိမယ်မဟုပ်ပါဘူး။
တန်းရှီရဲ့ ကီငွေ့ရည်ဖွဲ့ခြင်းဆေးလုံးက ဒြပ်စင်ငါးခု လုံးဝမညီမျှပေမယ့် သူ့ရဲ့ သန့်စင်မှုက စိတ်ကူးထားနိုင်တာထက်ကိုပိုပါတယ်။
"နင်မှပထမမရရင် ပြိုင်ပွဲဝင်တွေထဲမှာ ထိပ်သီးကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တွေအများကြီးရှိနေတယ်လို့ပဲပြောရမယ်"
ယွမ်ရို့စီ သက်ပြင်းချိလိုက်ပါတယ်။
ဒီအချိန်မှာပဲ အခြားပြိုင်ပွဲဝင်တွေထွက်လာခဲ့ပါပြီ။
တန်းရှီကတော့ မျက်လုံးမှ်ိတ်ပြီး တည်ငြိမ်စွာရပ်နေလိုက်ပါတယ်။အချိန်တိုအတွင်း ဒြပ်စင်ငါးမျိုးပါတဲ့ ကီငွေ့ရည်ဖွဲ့ခြင်းဆေးလုံးဖော်စပ်ရတာက သူမကို အလွန်မင်းပင်ပန်းစေတယ်လေ။ဒါကြောင့် ပြန်လည်တည်ငြိမ်ဖို့ အချိန်နည်းနည်းလိုပါတယ်။
ပြိုင်ပွဲဝင်အတွေ သူတို့ရဲ့ ဆေးလုံးကို ယွမ်ရို့စီ ဆီကို ပေးအပ်ချိန် သူဆို့မျက်နှာတွေက ပြုံးရွှင်နေလို့။အချို့ဆိုရင် ယုံကြည်မှုပါ ရှိနေခဲ့ကြတာပါ။ ဒါပေမယ့် တန်းရှီက ကီငွေ့ရည်ဖွဲ့ခြင်းဆေးလုံးကို ဖော်စပ်လိုက်တယ်ဆိုတာ သိပြီးချိန်မှာဝောာ့ သူဆို့အပြုံးတွေက အေးခဲကုန်ကြပြီလေ။
တစ်ယောက်ယောက်က ထိပ်တန်းအဆင့်ဆေးလုံး ဖော်စပ်လိုက်တယ်ဆိုတာ သူတို့သိပြီးသာပါ။ဒါပေမယ့် လက်တွေ့ရင်ဆိုင်ရချိန်မှာတော့ နက်ရှိုင်းတဲ့ရှုံးနိမ့်မှုကို ခံစားလိုက်ကြရပြန်ပါပြီ။
မကြာခင်မှာပဲ ဆေးဖော်စပ်ခန်းထဲက လူနှစ်ဆယ့်လေးယောက် ထွက်လာခဲ့ပြီလေ။
ထိပ်တန်းအဆင့်ဆေးလုံးကို တန်းရှီတစ်ယောက်သာ ဖော်စပ်နိုင်တာပါ။အခြားသူတွေကတော့ အဆင့်မြင့်ဆေးလုံးတွေချည်းပါပဲ။
အထူးတလည် စမ်းသပ်စရာမလိုတော့ပါဘူး။အံ့ဖွယ်ဖြစ်ရပ်တစ်ခုသာ ဖြစ်မလာရင် တန်းရှီက ပထမပါပဲ။
ဒါပေမယ့် တန်းရှီကတော့ ဒီလိုမထင်မိပါ။သူမက နောက်ဆုံးအခန်းကို စိုက်ကြည့်နေခဲ့ပါတယ်။
"ထွက်မလာတဲ့သူကျန်သေးတယ်"
"တစ်ယောက်က ထွက်မလာသေးဘူး"
စင်ပေါ်မှာ ပြိုင်ပွဲဝင် နှစ်ဆယ့်လေးယောက်ပဲရှိတယ်ဆိုတာ ပရိသတ်တွေ သတိထားမိကြတယ်လေ။အခန်းလေးတစ်ခန်းကလည်း လှုပ်ရှားမှုမရှိသေးဘူးမဟုပ်လား။
အမွှေးတိုင်က ကုန်ခါနီးချိန်မှာတော့ ချူးယွန် ထွက်လာခဲ့ပါပြီ။
"ဒီလူကလည်း မျက်နှာဖုံးစွပ်ထားတာပဲ... ဘာလို့ လူကြိုက်များတဲ့သူတွေက မျက်နှာဖုံးတပ်ကြတာပါလိမ့်"
ပြိုင်ပွဲဝင်အချို့က တိတ်ဆိတ်စွာတွေးလိုက်ကြတယ်။
အစောပိုင်းတုံးက ဂန္ဓမာ၊ မက်မွန်၊ဝါး အသင်းသုံးသင်းရဲ့ ပထမတွေက မျက်နှာဖုံးကိုယ်စီ တပ်ထားခဲ့ကြတယ်လေ။
ဒါက တိုက်ဆိုင်မှုပဲလား?
ချူးယွန် ယွမ်ရို့စီရဲ့ လက်ထဲကို ဆေးလုံးထည့်ပေးလိုက်ပါတယ်။
ယွမ်ရို့စီက သိပ်ဂရုမစိုက်ပါဘူး။သူမက သာမန်ကာလျှံကာပုံစံမျိုးနဲ့ ခေါင်းကို အသာငုံ့ကြည့်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ ဒီဆေးလုံးမှာ ထူးခြားတဲ့ဝိသေသလက္ခဏာတစ်ခုတောင် ရှိမနေခဲ့ဘူးမဟုပ်လား။
ဒါပေမယ့် သူမရဲ့ အဆင့်တန်းအရ ထိုဆေးလုံးကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ရွှေခြင်ဆီဆေး!
အရိုး၊အရွတ်တွေကို ခိုင်မာစေတဲ့ ရွှေခြင်ဆီဆေးလုံး!
ဒါကိုမြင်ပြီးနောက် ယွမ်ရို့စီ အလွန်တုန်လှုပ်သွားခဲ့ပြီလေ။
ရွှေခြင်ဆီဆေးလုံးက ဖော်စပ်ရခက်ခဲပါတယ်။ဒါက ကီငွေ့ရည်ဖွဲ့ဆေးလုံးထက် များစွာကို ပိုခက်ခဲတာပါ။အမြင်ရှိတဲ့သူမှန်သမျှ ဒီဆေးလုံးနှစ်ခုကြားက ကွာခြားမှုကို မြင်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် သူ့အခန်းက ဘယ်လိုထူးခြားမှုမှမရှိပဲ
ဘယ်နှယ့်လုပ်ဖော်စပ်လိုက်တာလဲ?
တန်းရှီ ယွမ်ရို့စီရဲ့ လက်ထဲရှိ ဆေးလုံးကိုလှမ်းကြည့်ကာ ပြုံးလိုက်ပါတယ်။
ရွှေခြင်ဆီဆေး...
သူမ ဆရာက တစ်ကယ့်ကိုသာမန်မဟုပ်ဘူးပဲ!
ယွမ်ရို့စီ အသက်ပြင်းပြင်းရှုပြီး
"ငါအတွက်မှားသွားတာပဲ... ပြိုင်ပွဲဝင်တွေထဲမှာ နောက်ထပ် ဆရာသခင်တစ်ဦးရှိနေဦးမယ်လို့ ထင်မထားခဲ့ဘူး"
ဒါကိုကြားပြီးနောက် ပရိသတ်တွေလည်း တုန်လှုပ်ကုန်ကြပြီလေ။ပြိုင်ပွဲဝင်တွေရောပါပဲ။
ဒုတိယမြောက် ဆေးဆရာသခင်တစ်ဦး ထွက်လာသေးတယ်လား?
"ဒီဆေးလုံးက"
ယွမ်ရို့စီ ချူးယွန်ကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး ဆေးလုံးကိုမြှောက်ကာ ပြောလိုက်တယ်။
"ရွှေခြင်ဆီဆေးလုံးက အရိုးကို သန်မာစေတာမို့ ဒါကို စားသုံးရရင် အားနည်းတဲ့ခန္ဓာကိုယ်ရှိသူတောင် သန်မာလာလိမ့်မယ်"
"တန်ဖိုးနဲ့ အခက်ခဲ စည်းမျဉ်းတွေအရ ရွှေခြင်ဆီဆေးလုံးက ကီငွေ့ရည်ဖွဲ့ဆေးလုံးရဲ့ အထက်မှာရှိတယ်"
"ဝိုး"
ပရိသတ်က ရုတ်ရုတ်သဲသဲဖြစ်သွားပြန်ပြီလေ။
နောက်ထပ် ထိပ်တန်းအဆင့်ဆေးလုံးတစ်လုံး!
နောက်ထပ် ဆေးဆရာသခင်တစ်ဦး!
"ဒါလိမ်နေတာမလား... ဥပမာပြောရရင် ဒီဆေးလုံးကို ကွက်လပ်လက်စွပ်ထဲမှာ ကြိုသိမ်းထားပြီး အခုမှ ထုတ်ပြတာမျိုးပေါ့"
လူငယ်တစ်ဦးက မသေချာ၊မရေရာဟန်နဲ့ ချူးယွန်ကို ကြည့်လိုက်တယ်။
ဒါကိုကြားတော့ အခြားပြိုင်ပွဲဝင်တွေကလည်း စဉ်းစားလာကြပါတယ်။
ဒါက နောက်ပြောင်နေတာ မဟုပ်လား!
ဒီဆေးလုံးက အရမ်းခက်ခဲတယ်လို့ ဆရာသခင်ယွမ်ကလည်း ပြောတယ်မဟုပ်လား!
ဒါပေမယ့် ဆေးလုံးရဲ့ ဖော်စပ်လိုက်တာနဲ့ ပုံမှန်အားဖြင့်တော့ နှစ်နာရီကြာတဲ့အထိ မီးလျှံအော်ရာမပျောက်ကွယ်သွားပါဘူး။
မီးစွမ်းအင်က ဆေးလုံးအပေါ်မှာ အကျိုးသက်ရောက်မှုမရှိပေမယ့် ဒါက ဆေးလုံးကို ဖော်စပ်ခဲ့တာဟုပ်၊မဟုပ် သိသာစေတယ်လေ။
သူတို့အနေနဲ့ ဒီဆေးလုံးဆီက မီးအော်ရာကို အတော်ဝေးဝေးကတောင် ရနိုင်ပါတယ်။
ဆရာသခင်ယွမ်မပြောနဲ့ ပြိုင်ပွဲဝင်တွေတောင် အခုလေးတင်ဖော်စပ်ခဲ့တယ်ဆိုတာ ပြောနိုင်ပါတယ်။
"ဆရာသခင်ယွမ်... ပထမက ဘယ်သူလဲဗျို့"
ပရိသတ်တွေ စတင်အော်ဟစ်လိုက်ကြတယ်။
"ဟုပ်တယ်... ပထမက ဘယ်သူလဲ"
တစ်ယောက်က စအော်ပြီးနောက် လူအုပ်က ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ်။သူတို့အနေနဲ့ ဒီဆေးလုံးနှစ်လုံးမှာ ဘယ်ဟာက ဘယ်ဟာက ပိုအဖိုးတန်တယ်ဆိုတာ သိချင်ကြတယ်လေ။
ယွမ်ရို့စီ အချိန်မဆွဲတော့ပါဘူး။
"ဒီရွှေခြင်ဆီဆေးလုံးက ချောမွေ့ပြီး သဘာဝကျတယ်... ငါ့ဘဝမှာ ဒီလိုနည်းလမ်းမျိုး တစ်ခါမှ မမြင်ဖူးဘူး... သူဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ငါမသိပေမယ့် ငါ့အတွေ့အကြုံအရ ဒီဆေးလုံးက ကီငွေ့ရည်ဖွဲ့ဆေးလုံးထက် အများကြီးပိုကောင်းတယ်... ဒီတော့ ပထမနေရာကလည်း သူပဲဖြစ်လိမ့်မယ်"
သူမက ပြောပြီးတာနဲ့ ချူးယွန်ကို ညွှန်ပြလိုက်ပါပြီ။
တန်းရှီ ချူးယွန် နားအနားကိုကပ်သွားပြီး
"သမိုင်းမှာ ပထမဆုံး လက်ရွေးစင်လေးပါးလုံးရဲ့ ပထမဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
ဒီနောက် သူမက ဆက်ပြောလိုက်တယ်။
"တစ်ကယ်တမ်း သစ်ခွအသင်းရဲ့ ပထမနံမယ်က ငါနဲ့ပဲ သက်ဆိုင်တာနော်... အခု နင်က ယူသွားတယ်ဆိုတော့ တန်းမင်းဆက်ကို ပြန်ရောက်တာနဲ့ နင်လျော်ကြေးပေးရမယ်"
"လျော်ကြေးလား... နင်ငါ့ကိုလိုချင်တာလား"
ချူးယွန် ရယ်မောရင်း လှောင်ပြောင်လိုက်တယ်။
ဒါကိုကြားတော့ တန်းရှီပျော်ရွှင်သွားပါတယ်။ဒါပေမယ့် သူမအသံက ရှုပ်ထွေးနေဆဲပါ။
"နင့်အနေနဲ့ဆိုရင် ဒီအရှုံးကို ငါလက်မခံနိုင်ဘူး"
ပရိသတ်က ဒါကိုမြင်ဝောာ့ မနာလိုသွားပါတယ်။ထိုသူက ပြိုင်ပွဲမှာ ပထမရရုံတင်မက အလှပတစ်ဦးနဲ့ပါ ရင်းနှီးခဲ့တယ်မဟုပ်လား။
"ပြိုင်ပွဲပြီးပြီဆိုတော့ ဆေးလုံးကို ယူသွားပါ"
ယွမ်ရို့စီပြောလိုက်တယ်။
ချူးယွန် ရယ်မောပြီး
"ဒီဆေးလုံးကို ငါမသုံးပါဘူး... ကံထိုက်သူကိုပဲ ပေးလိုက်ဝောာ့မယ်"
ချူးယွန် ဆေးလုံးကို လူအုပ်ထဲ ပစ်ပေးလိုက်ပါတယ်။ဒါကိုမြင်တော့ တန်းရှီကလည်း သူမရဲ့ ဆေးလုံးကို လူအုပ်ထဲ လိုက်လံပစ်ချပေးလိုက်ပြီး လူအများကို ပျော်ရွှင်စေခဲ့ပါတယ်။
လက်ရွေးစင်လေးပါးပြိုင်ပွဲပြီးဆုံးသွားခဲ့ပါပြီ။
စည်းမျဉ်းတွေအရ လက်ရွေးစင်လေးပါးက စင်ပေါ်ကိုတက်ပြီး ဆုလက်ခံယူရမှာပါ။
ဂန္ဓမာအသင်း ပထမရဲ့ ဆုက မပြည့်စုံတဲ့အက္ခရာ...
မက်မွန်အသင်း ပထရဲ့ ဆုက အဖိုးကြီးထျန်းဂျိရဲ့နမိတ်ဖက်ခြင်း...
ဝါးအသင်း ပထမရဲ့ ဆုက သံမဏိတူ - ဒါက ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်တစ်ခုပါ...
သစ်ခွအသင်း ပထမရဲ့ ဆုက ထိပ်တန်းအဆင့်ဆေးလုံးသုံးလုံး...
ပြိုင်ပွဲဝင်တွေက ထိုင်ခုံတွေမှာ ပြန်ဆင်းပြီး ပရိသတ်နဲ့အတူ ထိုင်လိုက်ကြပါတယ်။
ဝေရန်၊ ဆေးဝါးဆရာသခင် ယွမ်ရို့စီ၊ ပန်းပဲဆရာသခင် ကျောက်ရှမ်၊ လျို့ဝှတ်ပုံစံ ဆရာသခင်
ဂျန်ဝေ ... အားလုံး ထိုင်နေခဲ့ကြပါတယ်။
ပရိသတ်တွေထဲမှာ ဂိုဏ်းချုပ်ကြီးတွေနဲ့ အကြီးအကဲလျူယွိဟန်တို့ ရှိနေကြလို့။
လက်ရွေးစင်လေးပါးလုံးရဲ့ ပထမတွေက ထိပ်သီးပါရမီရှင်တွေဖြစ်ပြီး သူတို့ရဲ့ အနာဂါတ်က အကန့်အသတ်မဲ့ပဲလေ။
ပြိုင်ပွဲမစခင်က ဖျော်ဖြေခဲ့ကြတဲ့ အလှပလေးဦးက ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူမတို့ တစ်ဦးကို ဆုတစ်ခုစီ သယ်ဆောင်လာခဲ့ကြပါပြီ။
လှပတဲ့ ပုံရိပ်လေးခုက စင်ပေါ်မှာ ရပ်နေကြလို့။အားလုံးက မတူညီတဲ့ဟန်ပန်တွေနဲ့ ချစ်စရာကောင်းနေကာ လူအများကို ရင်တလှပ်လှပ်ဖြစ်စေပါတယ်။
ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ ဆုလက်ခံယူဖို့ လက်ရွေးစင်တစ်ဦးမှ တက်မလာသေးပါဘူး။
"အာ... သူတို့ဘယ်မှာလဲ?"
"သူတို့ ဘာလို့မလာကြသေးတာလဲ"
"တစ်ခုခုဖြစ်ကုန်တာများလား"
ပရိသတ်တွေ အချိန်အတော်ကြာအောင် စောင့်နေခဲ့ကြတာလေ။ဒါပေမယ့် တစ်ဦးမှ ထွက်ပေါ်မလာခဲ့ခြင်းက သူတို့ကို စိုးရိမ်ပူပန်စေပါတယ်။
ဒီအချိန်မှာပဲ စင်္ကြန်လမ်းက ပုံရိပ်တစ်ခု ဖြေးဖြေးမှန်မှန်နဲ့ လျှောက်လှမ်းလာနေခဲ့ပါပြီလေ။
ထိုပုံရိပ်က ချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး သူ့နှုတ်ခမ်းတွေကတော့ တွန့်ကွေးနေလို့!
အပိုင်း 512 မကြုံစဖူး ထူးကဲတဲ့ဖြစ်ရပ်နဲ့ ချူးယွန်!
ပရိသတ်အားလုံးရဲ့ အာရုံက ချုးယွန်ပေါ်ကို ကျဆင်းလာခဲ့ပါပြီ။
ချူးယွန် အခုချိန်မှာ မျက်နှာဖုံးတပ်မထားတော့ပါဘူး။ပြောင်းလဲထားတာ ဘာမှမရှိပဲ သူ့အဝတ်စားတွေကလည်း ပုံမှန်အတိုင်းပါပဲ။
သူက ပြုံးရွှင်နေတဲ့မျက်နှာနဲ့ ယုံကြည်မှုရှိစွာ လျောက်လှမ်းနေလို့။သူက ဒီနေရာမှာ အရှင်သခင်တစ်ပါးအလား။
"အန်... သူက ဘယ်သူလဲ"
"သူက ဒီကိုဘာလာလုပ်တာလဲ? တစ်ခုခုလွဲနေတာများလား"
"လက်ရွေးစင်လေးပါး ပြိုင်ပွဲမှာလည်း ငါသူ့ကို မမြင်ဖူးဘူး"
လူအများစုက သံသယတွေနဲ့ ကြည့်လိုက်ကြတယ်။
ဒီကောင်စုတ်လေးက ဘယ်သူလဲ?
သူက ဘာစကားမှမပြောပဲ စင်ပေါ်ကို သွားနေတယ်။
ဒါက ဘယ်လိုနေရာမျိုးမှန်း သူမသိဘူးလား?
"အဲ? အဲတာ ချူးယွန်မဟုပ်လား"
တန်းဖုန်းနဲ့ ရဲချူဂျန် တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြတယ်။
ချူးယွန်က ဒီမှာဘယ်လိုလုပ်ပေါ်လာတာလဲ?
သူက လက်ရွေးစင်လေးပါးမှာ မပါဘူးမဟုပ်လား!
"ချူးယွန်?"
ရှောင်ကောင်း အံ့ဩသွားပါတယ်။ချူးယွန်ကို မြင်ပြီးနောက် သူ့မျက်ဝန်းတွေက အနည်းငယ်မည်းမှောင် သုန်မှုန်သွားခဲ့ပြီလေ။
ရှောင်ကလန်က ချူးယွန်ကို အလွန်မုန်းတီးကြပါတယ်။ချူးယွန်က ရှောင်ကလန်ရဲ့ သခင်လေးနှစ်ယောက်ဖြစ်တဲ့ ရှောင်ထျန်းချန်နဲ့ ရှောင်ချီကို သတ်ဖြတ်ခဲ့တယ်မဟုပ်လား။ထိုသူတွေက ရှောင်ကလန်ရဲ့ အင်အားကို မထိခိုက်စေပေမယ့် သူတို့ကို မျက်နှာပျက်ရစေပါတယ်။
"သတ္တမအကြီးအကဲ... မူလရေခဲမြို့ကထွက်တာနဲ့ သတ်ဖို့ ပစ်မှတ်တစ်ခုတိုးလာပြီ"
ရှောင်ကောင်း သူ့အနောက်က အဖိုးကြီးကို လှည့်ပြောလိုက်တယ်။
"ကောင်းပြီ သခင်လေးကောင်း"
ရှောင်ကလန် အကြီးအကဲ ချူးယွန်ကို ကြမ်းကြုတ်စွာနဲ့ ကြည့်လိုက်ပါပြီ။
သူက ချူးယွန်ရဲ့ တန်ဖိုးကိုသိပါတယ်။တစ်ကယ်လို့ သူ့ကိုသာ ဖမ်းဆီးနိုင်ရင် ကလန်ထဲမှာ သူ့ဂုဏ် အရှိန်ဝါက ပိုတောက်ပလာမယ်လေ။ဒါက သူ့အနာဂါတ်အတွက်လည်း ကောင်းမွန်တယ်မဟုပ်လား။
"သူက"
ချူးယွန်ကိုမြင်တော့ ရီလီလီရဲ့ မျက်ဝန်းတွေက အရောင်လက်သွားပါတယ်။
ချူးယွန်က ယုဝမ်ဟောက်ဆိုတာ သူမသိနေခဲ့ပြီလေ။
ရီလီလီ ချူးယွန်က လက်ရွေးစင်လေးပါးလုံးရဲ့ ပထမလို့ တွေးလိုက်မိပါသေးတယ်။ဒါပေမယ့် ဒီအတွေးကို အမြန်ဖျက်သိမ်းလိုက်ပါတယ်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?
စင်ပေါ်မှာတော့ အလှလေး လေးဦး ချူးယွန်ကိုလှည့်ကြည့်လိုက်ကြတယ်။
"မင်းတို့ ဆုလဒ်တွေအခုပေးလို့ရပြီ"
ချူးယွန် လျစ်လျူရှုစွာပြုံးရင်း ပြောလိုက်တယ်။
"ဆုတွေပေးရမှာလား"
မိန်းမပျိုလေးယောက် စိတ်ရှုပ်ထွေးသွားပါတယ်။
ချူးယွန်ပြောတဲ့ အဓိပ္ပာယ်ကို သူတို့ နားမလည်နိုင်ကြပါဘူး။
စင်အောက်ရှိ ကျွမ်းကျင်သူကြီးတွေလည်း သူတို့ နားကြားမှားသလို ထင်ကုန်ကြပါတယ်။
ဒီကောင်စုတ်လေးက ဘယ်သူလဲ?
သူက ဒီကို ဘာလာလုပ်တာလဲ?
ဆုလဒ်တွေက သူနဲ့ ဘယ်လိုသက်ဆိုင်လို့လဲ?
"ငါပြောချင်ဝာာက.."
ချူးယွန် ပြုံးရွှင်စွာနဲ့ ခနရပ်ပြီးနောက် ဆက်ပြောလိုက်ပါပြီ။
"လက်ရွေးစင်လေးပါး ပထမရဲ့ ဆုတွေအကုန်လုံး ငါ့ကိုပေး"
ချူးယွန်ရဲ့ အသံက အလွန်ကို ရှင်းလင်းပြတ်သားပါတယ်။သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ ကျောက်စိမ်းလေးခုက လေပေါ်မှာ ပျံဝဲထွက်ပေါ်လာခဲ့ပြီလေ။
"ဒါက..."
ဒါကိုမြင်ဝောာ့ လူတိုင်းစိတ်ရှုပ်ထွေးကုန်ပါတယ်။
ကျောက်စိမ်းလေးခု၊ ဒါက ဘာအဓိပ္ပာယ်လဲ?
ချူးယွန် အထူးတလည် ရှင်းမပြတော့ပါဘူး။ကောင်းကင်ဖုံးကွယ် မျက်နှာဖုံးကို တပ်လိုက်ပါပြီ။သူ့ပုံစံက ပြောင်းလဲသွားခဲ့ပြီလေ။
ဂန္ဓမာအသင်းက ယွန်ယန်!
ဒါကိုမြင်တော့ ဂျန်ဝေနဲ့ လူအန် အံ့အားသင့်သွားပါတယ်။
ဒီနောက် ကောင်းကင်ဖုံးကွယ်မျက်နှာဖုံးက တစ်ဖန်ပြောင်းလဲသွားခဲ့ပြန်ပါပြီ။
ချူးယွန်ခန္ဓာကိုယ်က နတ်ဆိုးကီတွေထွက်ပေါ်နေလို့- မက်မွန်အသင်းက ယုဝမ်ဟောက်!
ဝေရန်ရဲ့ မျက်လုံးတွေက ပြူးကျယ်နေလို့။
ဝါးခမောက်ကို ဆောင်းထားတဲ့ ဝါးအသင်းက စုန့်ပိုင်ရွှမ်း!
ကျောက်ရှမ် စိတ်ရှုပ်ထွေးစွာနဲ့ တောင့်တောင့်ကြီးဖြစ်သွားပါတယ်။
နောက်ဆုံးတစ်ခုကတော့ သစ်ခွအသင်းက ဝူချန်ချင်း!
ယွမ်ရို့စီရဲ့ လှပတဲ့ ခန္ဓာကိုယ်လေးက တုန်ခါသွားပြီး အလွန်အံ့အားသင့်နေလို့။
မတူညီတဲ့ အသွင်ပြင်လေးခုကို ပြောင်းလဲပြီးနောက် ချောမောတဲ့ လူငယ်တစ်ယောက်ရဲ့ ရုပ်သွင်က ပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ။
သူက လက်နှစ်ဖက်ဆုပ်ပြီး ပြုံးလိုက်တယ်။
"ဒီလူလေးယောက်က ငါပါပဲ"
ချူးယွန်အသံက မကျယ်ခဲ့ပါဘူး။ဒါပေမယ့် လူတိုင်းရဲ့နားထဲမှာတော့ မိုးကြိုးတွေ ပစ်ခွင်းလိုက်တဲ့အလားပါပဲ။
"ယွန်ယန်!"
"ယုဝမ်ဟောက်!"
"စုန့်ပိုင်ရွှမ်း!"
"ဝူချန်ချင်း!"
လူတိုင်း အံ့အားသင့် တုန်လှုပ်ကုန်ကြပါတယ်။
ဒီနံမယ်တစ်ခုစီက လက်ရွေးစင်လေးပါးက ချူးယွန်ရဲ့ မြင့်မြတ်မှုကို ကိုယ်စားပြုနေတယ်မဟုပ်လား။
အံ့ဖွယ် ဝိသေသလက္ခဏာ!
နောက်ဆုံးမှာ နံမယ်လေးခုက နံမယ်တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ထိုနံမယ်က လူတိုင်းရဲ့ နားတွေထဲမှာ မိုးကြိုးပစ်သလို မြည်ဟီးနေဆဲ။
ချူးယွန်!
"ငါသိပြီ... သူက ကုန်းဇီဆယ်ပါးထဲက အသန်မာဆုံး ရွှေထျန်းသခင်လေး... သန့်စင်ခြင်းလမ်းကိုးပါး စေတီရဲ့ သခင်... အရိပ်တောင်တန်းသခင် ဝမ်ကျိုးရဲ့ တူလေး... ချူးယွန်!"
တစ်ယောက်က အော်ပြောလိုက်တယ်။
သူ့စကားကိုကြားပြီးနောက် လူအများ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီလေ။
"ဘာ... သူက ရှောင်ကလန်ရဲ့ သခင်လေးနှစ်ပါးကို သတ်ခဲ့တာလား"
"အေးကွ... အဲတာ သူပဲ"
"ငါ ချူးယွန်ကိုကြားဖူးတယ်... သူက ဓါးစိတ်ဆန္ဒနဲ့ ဆေဘာစိတ်ဆန္ဒကို ပေါင်းစပ်နိုင်ခဲ့တယ်တဲ့"
"ဒဏ္ဍာရီတွေအရ သူ့ရဲ့ ဓါးနေ့ဆေဘာစိတ်ဆန္ဒအပေါ် နားလည်နိုင်စွမ်းက အမြင့်ဆုံးကို ရောက်နေပြီတဲ့"
"မက်မွန်ပြိုင်ပွဲက ဖြစ်ရပ်က အံ့ဩစရာမဟုပ်တော့ပါဘူးလေ... ဓါးနဲ့ဆေဘာကို တစ်ပြိုင်ထဲထိန်းချုပ်သွားတာက တစ်ကယ်ပဲ ချူးယွန်ဖြစ်နေတာကိုး"
"သူက တန်းနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှ်ိတယ်မဟုပ်လား"
"သူ့လို ပါရမီရှင်ကို တန်းက လက်လွှတ်ပါ့မလား"
"သူက တစ်ကယ်ပဲချူးယွန်ပေါ့"
"ဒီလူလေးယောက်က ချူးယွန်နဲ့တူသယောင်ယောင် ငါခံစားနေရတာ အံ့ဩစရာမဟုပ်တော့ပါဘူး"
လူအများက ဒီအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြတယ်။
သူတို့အနေနဲ့ ဒဏ္ဍာရီတစ်ခု မွေးဖွားလာတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရတယ်လေ။ဒါက အတိတ်မှာလည်း မဖြစ်ဖူးသလို အနာဂါတ်မှာလည်း ဖြစ်လာဖို့ မလွယ်ကူတဲ့ အံ့ဖွယ်အမှုတစ်ခုပါပဲ!
ပရိသတ်တင်မက ပြိုင်ပွဲဝင်တွေလည်း သူ့ကို ငေးကြည့်နေကြလို့!
အစည်းအဝေးရဲ့ ပထမ!
မကြုံစဖူး ထူးကဲတဲ့ လက်ရွေးစင်လေးပါးလုံးရဲ့ ပထမ!
"ဒီကောင်"
တန်းဖုန်း ပထမမှာ အံ့အားသင့်သွားပေမယ့် သူ ကူကယ်ရာမဲ့စွာနဲ့ ရယ်မောလိုက်ပါတယ်။
"ငါက ဒီနတ်ဆိုးလိုကောင်ကို ရှုံးလိုက်ရတာပဲ...
လခွမ်းပဲ... ငါပိုခံစားသွားရပြီ"
သူပြုံးလိုက်ပါတယ်။ချူးယွန်ကို ရှုံးရတာက အမည်မသိလူတစ်ယောက်ကို ရှုံးနိမ့်ရတာထက်တော့ သာသေးတယ်မဟုပ်လား။
'ငါက ရီလီလီကို ရှုံးခဲ့ရတယ်... ရီလီလီက ချူးယွန်ကို အနိုင်မယူနိုင်ခဲ့ဘူး... ငါသူ့ကိုမှီဖို့ အဝေးကြီးမှာရှ်ိနေတာပဲ!'
အိုကူမြို့တော်မှာတုန်းက သူက နတ်ဘုရားစွမ်းရည်နယ်ပယ်တောင် မရောက်သေးပါဘူး... ဒီလောက်မြန်မြန် သူဘယ်လိုတိုးတက်နေတာလဲ?
ရဲချူဂျန် ဒီနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါပြီ။
အရင် ရဲကူရင်က ချူးယွန် ဘယ်လောက်သန်မာကြောင်းပြောနေချိန် သူဂရုမစိုက်ခဲ့ပါဘူး။
သူဘယ်လောက်သန်မာနေပါစေ ရဲကူရင်ထက်ပဲ သာနိုင်မယ်လို့ ထင်ထားခဲ့တာပါ။
အခုပြန်စဉ်းစားကြည့်ချိန်မှာတော့ သူ့အတွေးတွေက တစ်ကယ့်ဟာသတွေလိုပါပဲ!
ကံကောင်းထောက်မစွာ သူချူးယွန်ကို ရန်မစခဲ့ပါဘူး!
ချူးယွန်ဆိုတာ သိလိုက်ရပြီးနောက် ရှောင်ကောင်း တုန်ရီသွားပါတယ်။
ဒါက တစ်ကယ့်ကိုချူးယွန်ပဲ...
မက်မွန်ပြိုင်ပွဲ ပထမအဆင့်မှာတင် သူ့ကိုအနိုင်ယူခဲ့သူက သူအရမ်းသတ်ချင်နေတဲ့ ချူးယွန်ဖြစ်နေလို့ပါ
ရှောင်ကောင်း မိုးနဲ့မြေက ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရပါတယ်။သူ့ခေါင်းထဲမှာလည်း အတွေးမျိုးစုံနဲ့ ခံစားချက်တွေရှုပ်ထွေးနေလို့။နောက်ဆုံးမှာတော့ ဒါတွေက သူ့ရင်ဘက်ကို ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေလို ပြောင်းလဲသွားခဲ့ပါပြီ။
သူအသက်ကို ပုံမှန်မရှုနိုင်တော့ပါဘူး!
"ဖူး"
ရှောင်ကောင်း သွေးတစ်လုပ်အန်ထုတ်ကာ ပစ်လဲသွားခဲ့ပြီလေ။သူစိတ်ပျက်သွားသလို ဒေါသတွေလည်း အလွန်ထွက်နေလို့။
မင်းကို မုန်းတယ်! မင်းကို မုန်းတယ်ကွ!
ဒါကိုမြင်တော့ သတ္တမအကြီးအကဲ ပျာယာခတ်သွားပါတယ်။
"သခင်လေးကောင်း... သတိထားပါဦး"
တစ်ချိန်ထဲမှာ လုံကောင်းကလည်း ဒါကို လက်မခံနိုင်ပါဘူး!
ပထမနေရာကို ဆုံးရှုံးလိုက်ရကတည်းက သူ့စိတ်အခြေနေက မကောင်းမွန်းသေးတာပါ။
ဒါက သူ့ပါးကို အားကုန်ဖြတ်ရိုက်လိုက်သလိုပဲလေ။ သူအခုထိ နာကျင်နေတုန်းပဲ!
ချူးယွန်ကိုမြင်တော့ သူပြေားခဲ့တဲ့ စကားတွေကို ပြန်သတိရလာပါတယ်။
"မင်းတို့ သိုင်းပညာရှင်တွေက နိမ့်ကျတယ်... ငါ့လို ပန်းပဲပညာရှင်ကမှ မြင့်မြတ်တာ"
"မင်းဘာကြည့်တာလဲ... မင်းက လက်ရွေးစင်လေးပါးမှာ နံမယ်ကြီးလာတဲ့ လူတစ်ယောက်ပဲမဟုပ်လား... ငါ့မျက်စေ့ထဲမှာတော့ မင်းက ခွန်အားနည်းနည်းရှိတဲ့ လူရိုင်းတစ်ကောင်ပဲ... ငါ့စကားနည်းနည်းနဲ့တောင် မင်းက သေခြင်း၊ရှင်ခြင်းအတွက် တောင်းပန်သွားရလိမ့်မယ်"
ဒါတွေကို တစ်ချက်စဉ်းစားလိုက်ရုံနဲ့ လုံခန်း နှလုံးသားထဲအထိ ရှက်ရွံ့မှုကို ခံစားလိုက်ရပါတယ်။
သူ့ရဲ့ မာန်မာနတွေအကုန် တစ်ကြိမ်ထဲနဲ့ ရိုက်ချိုးခံလိုက်ရပြီလေ။အကောင်းအတိုင်း တစ်ခုမှမကျန်ခဲ့ပါဘူး။
သူက ဒီလို မွန်းစတားမျိုးကို လှောင်ပြောင်ခဲ့မိတယ်။
သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံ ယောက်ယက်ခတ်ပြီး သူ့မျက်လုံးတွေက လှုပ်ခတ်ကာ သတိလစ်သွားခဲ့ပါပြီ။
"သခင်လေးလုံ! သခင်လေးလုံ!"
အနီးနားရှိ အစောင့်တွေ သူတို့မိဘ ဆုံးရှုံးလိုက်ရသလို အော်ဟစ်ပြီး လုံခန်းကို ဆေးတွေချက်ချင်းတိုက်လိုက်ကြတယ်။
"ငါမှားသွားတယ်"
ဝေရန် သက်ပြင်းချလိုက်တယ်။ယုဝမ်ဟောက်က သူထင်သလို ဘုန်းကြီးမဟုပ်ပဲ ချူးယွန် ဖြစ်နေခဲ့တယ်လေ။
အလယ်ပိုင်းကို အကြိမ်ကြိမ် လှုပ်ခတ်စေခဲ့တဲ့ လူငယ်လေး!
ဂျန်ဝေ တံတွေးတစ်လုပ်ကို မြိုချလိုက်ပါတယ်။
ချူးယွန်ရဲ့ အမေက ဘယ်သူမှမယှဉ်နိုင်တော့တဲ့ ကောင်းကင်ဂုဏ်ဆောင် ပါရမီရှင် ဝမ်စီတေးပါ!
သူမရဲ့ ကျင့်ကြံခြင်းကိုသာ မဆုံးရှုံးလိုက်ရရင် ဒုတိယ ကုန်းရန်လျန်းဖြစ်လာနိုင်ပါတယ်။
ဒီလိုလူမျိုးကို သူ့အလုပ်မှာကူညီဖို့ ဖိတ်ခေါ်မိတာ ပြန်စဉ်းစားမိတော့ သူ့မျက်နှာကို ဖုံးကွယ်ဖို့တွင်းတစ်တွင်းကို ရှာချင်သွားပါတယ်။
ကျောက်ရှမ် စိတ်သက်သာရာရသွားဟန်နဲ့ သူ့ရင်ဘက်သူ ပြန်ထုလိုက်ပါတယ်။
ချူးယွန်ကို အပြစ်ပြုမိခဲ့ပေမယ့် သူက အမြော်မြင်ရှိစွာ တောင်းပန်နိုင်ခဲ့တယ်လေ။မဟုပ်ရင် အကျိုးဆက်ကို သူခံနိုင်မှာမဟုပ်ဘူး!
ချူးယွန်ကတော့ စင်ပေါ်မှာ တည်ငြိမ်စွာရပ်နေလို့။
အခု သူ့ရဲ့ အရှိန်အဝါတွေက မိုးနဲ့မြေကိုဝါးမြိုဖို့တောင် လုံလောက်နေလောက်ပြီ!
မရေတွက်နိုင်တဲ့ ဂိုဏ်းချုပ်ကြီးတွေရှိနေရင်တောင် အခုချိန်မှာ သူ့ရဲ့တောက်ပမှုကို ဖုံးကွယ်နိုင်မှာမဟုပ်ဘူး။
ဒီခနမှာ သူက ကြယ်စင်စုခန်းမတစ်ခုလုံးရဲ့ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်လာခဲ့ပါပြီ။
ချူးယွန်ဆိုတာက အံ့ဖွယ်အမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်ဂုဏ်ဆောင် ပါရမီရှင်တစ်ဦးပါပဲ!
"နတ်ဆိုးတစ်ကောင် မွေးဖွားလာတာနဲ့ အလယ်ပိုင်းဒေသပါ ပြောင်းလဲသွားလိမ့်မယ်"
လျူယွိဟန် နက်ရှိုင်းစွာပြောလိုက်တယ်။
တစ်ချိန်က အုပ်ချုပ်သူခုနှစ်ပါးထဲမှာ တစ်ပါးဖြစ်ခဲ့ဖူးသူ သူ့အဖို့ ချူးယွန်ရဲ့ ပါရမီက သာမန်မဟုပ်တာ သတိထားမိပြီးသားပါ။
အရင် အလယ်ပိုင်းဒေသမှာ ကျော်ကြားသူတွေအများကြီးရှိခဲ့ပေမယ့် တစ်ဦးမှ ချူးယွန်ကို မှီနိုင်လိမ့်မယ်မဟုပ်ပါဘူး။
လျူယွိဟန်ပြောတာကြားတော့ အနီးနားရှိ ဂိုဏ်းချုပ်ကြီးတွေရဲ့ မျက်နှာအမူရာတွေ ပြောင်းလဲကုန်ကြပြီလေ။
မကြာသေးမှီ နှစ်များအတွင်း အကြီးအကဲလျူ ချီးမွှမ်းခံရသူ တစ်ဦးမှ မရှိခဲ့ပါဘူး။
ချူးယွန် တစ်ဦးထဲသာပါ။
နောက်ဆုံးမှာဝောာ့ မိန်းမပျိုလေးဦး ထိတ်လန့်တုန်လှုပ်နေမှုက ခက်ခဲစွာသတိပြန်ဝင်လာခဲ့ပါပြီ။သူတို့ တစ်ဦးကြည့်လိုက်ကြပါတယ်။အချိန်တိုအတွင်း ဒီလိုတုန်လှုပ်မှုမျိုးကို ဖိနှိမ်နိုင်ဖို့ မလွယ်ဘူးလေ။
"ဒါက"
အမျိုးသမီးက ပထမဆုံး စကားစလိုက်ပါတယ်။
"လက်ရွေးစင်လေးပါးပြိုင်ပွဲရဲ့ သမိုင်းမှာ ဒါက ပထမဆုံးအဖြစ်ပျက်ပဲ... ငါ ဆရာ့ဆီက လမ်းညွှန်မှုတောင်းရဦးမယ်"
အလယ်ရှိ အမျိုးသမီးက ပြောလိုက်ပါတယ်။
သူမပြောတဲ့ ဆရာဆိုတာက အလယ်ပိုင်းဒေသရဲ့ ဒီမြို့တော်ရဲ့ အရှင်သခင်... အလယ်ပိုင်းဒေသရဲ့ လူထူးဆန်းက အဖိုးကြီးထျန်းဂျိပါပဲ!
"ရတာပေါ့"
ချူးယွန် ပြုံးလိုက်ပါတယ်။
ဒီလို သမိုင်းတွင်လောက်တဲ့ အခိုက်တန့်မှာ အချိန်နည်းနည်းပိုနေရတဲ့အတွက် သူက စိတ်ထဲမထားခဲ့ပါဘူး။
အပိုင်း 513 အဖိုးကြီးထျန်းဂျိ
ပရိသတ်အကုန်လုံးက စင်မြင့်ရှိ ချူးယွန်ကိုအာရုံစိုက်နေကြလို့။အချို့က တုန်လှုပ်ကြပါတယ်၊ အချို့ကတော့ မနာလိုကြပြီး အချို့ကလည်း ပျော်ရွှင်နေခဲ့ကြတယ်လေ။။
ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက ဒါကိုယုံကြည်ကြပါတယ်။
"လက်ရွေးစင်လေးပါးလုံးရဲ့ပထမ... ဒီလောကကြီးထဲမှာ ဒီလိုပါရမီရှင်မျိုး ရှိနေသေးတာပဲ... ငါယုံသွားပြီ"
"မင်းမှလား... ငါလည်း ယုံသွားပြီလေ"
"မတူညီတဲ့ နည်းလမ်းတွေနဲ့ လက်ရွေးစင်လေးပါးမှာ ပထမရဖို့... ဒီလိုလုပ်ဖို့ ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ"
"ဒါက အရမ်းကြောက်စရာကောင်းတယ်... ငါလည်း လူအများကြီးရှေ့မှာ ဒီလိုလုပ်ချင်လိုက်တာ"
"အား... ငါအားကျလိုက်တာကွာ"
ပရိသတ်က ပြောဆိုလိုက်ကြတယ်။သူတို့အနေနဲ့ တစ်ကယ့်ကို မနာလိုမိကြတယ်လေ။ဒါပေမယ့် သူတို့ကြား ကွာဟချက်က ကြီးမားလွန်းလို့ သူတို့အနေနဲ့ ဘာမှမတတ်နိုင်ပါဘူး။
သင်နဲ့ အဆင့်တူလူတစ်ဦးက အံ့ဖွယ်အမှုကို ရုတ်တရက် ပြုလုပ်လာရင် မနာလိုကြပါလိမ့်မယ်။
'ဘာလို့သူက ဒီလို လုပ်နိုင်ရတာလဲ၊ ငါကရော?'
ဒါပေမယ့် ဒါပေမယ့် သင်က တစ်ဖက်လူထက် များစွာသာလွန်သွားရင်တော့ သူတို့အနေနဲ့ ဘယ်လို မနာလိုနိုင်ကြတော့မှာလဲ?
မနာလိုချင်ရင်တောင် မနာလိုပိုင်ခွင့်မရှိပါဘူး။
အရိုးရှင်းဆုံးဥပမာကတော့ အစားသောက်တောင် ပုံမှန်မစားနိုင်တဲ့ စတောင်းစားက ရှင်ဘုရင်ကို
ဘယ်လိုမနာလိုနိုင်တော့မှာလဲ?
တန်းရှီ စင်ပေါ်မှာရပ်နေတဲ့ ချူးယွန်ကို လှမ်းကြည့်လိုက်ပါတယ်။ပြီးတာနဲ့ သူမ ခါးသီးစွာရယ်မောလိုက်ပါပြီ။
သူမက ကူကယ်ရာမဲ့စွာနဲ့ ရယ်မောချင်မိပါတယ်။
ချူးယွန်ရဲ့ ပင်ကိုယ်စရိုက်အရ လက်ရွေးစင်လေးပါးရဲ့ ပထမဖြစ်ဖို့ တမင်တိုက်ခိုက်မှာမဟုပ်ပါဘူး။ဒါပေမယ့် အကြောင်းဖန်လာခဲ့ရင်တော့ သူက ရအောင်တိုက်ခိုက်ပါလိမ့်မယ်။
အခြား အမျိုးသမီးသုံးယောက်က ချူးယွန်ကို စိတ်ဝင်စားစွာကြည့်လိုက်ပါတယ်။
သူမတို့က အဖိုးကြီးထျန်းဂျိအနောက်ကိုလိုက်ရင်း မရေတွက်နိုင်တဲ့ ပါရမီရှင်တွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ဒါပေမယ့် နယ်ပယ်လေးခုလုံးမှာ အောင်မြင်တဲ့ ချူးယွန်လို လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး။
နောက်ပြီး ထိုမိန်းမပျိုလေးတွေက ချူးယွန်ထက် များစွာ အသက်မကြီးတာမို့ ချူးယွန်ကို စူးစမ်းချင်ကြပါတယ်။
မကြာခင်မှာပဲ အဖိုးကြီးထျန်းဂျိကို သတင်းသွားပေးတဲ့ မိန်းမပျိုလေး ပြန်ရောက်လာခဲ့ပါပြီ။သူမက ချူးယွန်ကို တောင်းပန်ဟန်နဲ့ ကြည့်လိုက်ပြီး
"သခင်လေးချူး... နင့်ကို စောင့်ဆိုင်းစေမိတာ တောင်းပန်ပါတယ်... သမိုင်းမှာ ဒီလိုဖြစ်ရပ်မျိုးမရှိဖူးပေမယ့် ဆုတွေကို ပုံမှန်အတိုင်း ပေးသွားမှာပါ"
ချူးယွန် ခေါင်းညိမ့်ပြလိုက်ပါတယ်။
"ဆရာက အစည်းအဝေးပြီး သူ့ကို လာတွေ့ပါတဲ့"
မိန်းမပျို ဆက်ပြောလိုက်တယ်။
"ကောင်းပြီ"
ချူးယွန် ပြောလိုက်တယ်။
ချူးယွန်လည်း ထိုအဖိုးကြီးထျန်းဂျိကို စိတ်ဝင်စားနေမိလို့။ဒဏ္ဍာရီတွေအရ သူ့ရဲ့ နမိတ်ဖက်ပညာက နှစ်ပေါင်းငါးရာအထိ ကြိုမြင်နိုင်စွမ်းရှိတယ်တဲ့။ဒါက တစ်ကယ်ဟုပ်မဟုပ် သူသိချင်မိပါတယ်။
သူ့မှာ အခွင့်ရေးတစ်ခုပဲ ရှ်ိတာမို့ သူသေချာအသုံးချရပါလိမ့်မယ်။
လူတိုင်းရဲ့ အကြည့်အောက်မှာပဲ ဆုလေးမျိုးကို သူလက်ခံယူလိုက်ပါပြီ။ဒီအချိန်မှာ သူက အလွန်ကိုတောက်ပနေလို့။
အခန်းထဲကို ပြန်ရောက်ပြီးနောက် သတိလစ်နေသေးတဲ့ လူသုံးယောက်ကိုကြည့်ပြီး ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပ်တယ်။
တစ်ကယ်တမ်း သူပထမနေရာရဖို့အတွက် ဒီလူသုံးယောက်လည်း ကြိုးစားအားထုတ်မှုတွေ ပြုခဲ့ရတယ်လေ။
အထူးသဖြင့် ယုဝမ်ဟောက်... သူဆိုရင် အုတ်ခဲနဲ့
ခနခနအထုခံရတာမို့ သူ့ခေါင်းပေါ်ရှိဘုက
အတော်ကြီးမားနေခဲ့ပါပြီ။
အခြားနှစ်ယောက်က ဒီလောက်မဟုပ်ပေမယ့်
သူတို့လည်း အလွန်ကြိုးစားခဲ့ရပါတယ်။
ချူးယွန် ထိပ်တန်းအဆင့် ဆေးသုံးလုံးထဲက နှစ်လုံးကို ယုဝမ်ဟောက်နဲ့ ဝူချန်ချင်းကို ပေးလိုက်ပါတယ်။
စုန့်ပိုင်ရွှမ်းကိုတော့ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကို ပေးလိုက်တော့တယ်။ပြီးနောက် ကျောက်စိမ်းသုံးခုကိုလည်း ပြန်ပေးလိုက်ပြီလေ။
"ချူးကလေး... ပြီးပြီလား"
ဒီခနမှာပဲ တံခါးအပြင်က အသံတစ်ချက် ထွက်ပေါ်လာပါတယ်။
သူမက ကုချင်းကို အသုံးပြုခဲ့သူပါ။သူမက
အမျိုးသမီးလေးဦးရဲ့ ကျောရိုးဆိုရင်လည်း မမှားပါဘူး။
သတိလစ်နေတဲ့ သိုင်းပညာရှင်သုံးဦးကိုမြင်တော့ သူမ ကူကယ်ရာမဲ့ဟန်နဲ့ ပြုံးလိုက်ပြီလေ။
"ပြီးပါပြီ"
ချူးယွန် ပြုံးရွှင်စွာနဲ့ ထွက်လာပါတယ်။
"လမ်းပြပေးဖို့ကတော့ အမကိုပဲ ဒုက္ခပေးရမှာပဲ"
"ချူးကလေးက စကားပြောချိုသားပဲ"
ဒါကိုကြားတော့ အမျိုးသမီးရဲ့အပြုံးက ပိုပီပြင်လာခဲ့ပါပြီ။
"ဒီက အမနံမယ်ဘယ်လိုခေါ်လဲ"
ချူးယွန် အသာပြုံးလိုက်တယ်။
"ငါ့နံမယ်က ချင်းချင်းပါ!"
သူမက စကားပျောရင်း ပျော်ရွှင်လာဟန်နဲ့ ရယ်မောသံလေးတွေပါ ထွက်ပေါ်လာခဲ့ပြီလေ။
ချူးယွန်က သူမထက် နှစ်အနည်းငယ် ငယ်သေးပေမယ့် အမကြီးလို့ ခေါ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်နေခဲ့ပါပြီ။
ချင်းချင်းရဲ့ ဦးဆောင်မှုနဲ့ ချူးယွန် ကြယ်စင်စုခန်းမက ထွက်ခွာကာ ဆီးဇာစတားနန်းဆောင်ကို ရောက်လာခဲ့ပြီလေ။
ဂိုဏ်းချုပ်ကြီးတွေလည်း ဆီးဇာစတားနန်းဆောင်ကို လာနေကြလို့ပါ။ဒါပေမယ့် နန်းဆောင်ရှိ "နားနေတယ်" ဆိုတဲ့ စကားလုံးကို မြင်ပြီးနောက် စိတ်ပျက်စွာ လှည့်ပြန်သွားကြရပါပြီ။
နောက်ဆုံး ဆီးဇာစတားနန်းဆောင်နားတာက လူသားဧကရာဇ်လေးပါး ရောက်လာခဲ့လို့ပါ။ အခုချိန်မှာတော့ ချူးယွန်ကြောင့် တစ်ဖန်အနားယူခဲ့ပြန်ပြီလေ။
ဒါကိုကြည့်ရင် ချူးယွန်ကို ဘယ်လောက်ထိ အလေးထားတယ်ဆိုတာ သိသာပါတယ်။
"လာ"
ချင်းချင်းက အရှေ့ကနေ တံ ခါးတွန်းဖွင့်ကာ ဝင်သွားလိုက်ပါပြီ။
"ဆီးဇာစတားနန်းဆောင်က ဂိုဏ်းချုပ်ကြီးတွေကိုပဲ ဧည့်ခံတယ်လို့ ငါကြားဖူးတယ်"
ချူးယွန် လမ်းလျှောက်နေရင်း သက်ပြင်းချလိုက်တယ်။
"ငါက တာအိုသခင်ပဲရှိသေးတာကို အရည်ချင်းပြည့်မှီပါ့မလား"
"ချူးကလေး... အနာဂါတ်မှာ နင်က ပြိုင်ဘက်ကင်းခွန်အားရှိတဲ့ ဂိုဏ်းချုပ်ကြီးဖြစ်လာမှာပဲလေ... နင်က ဒီမှာ နေဖို့ အရည်ချင်းရှိတာပေါ့"
ချင်းချင်းက သူမရဲ့ ပါးစပ်ကို လက်နဲ့ကွယ်ပြီး ရယ်မောလိုက်ပါတယ်။
ချင်းချင်းရဲ့ ဦးဆောင်မှုနဲ့ ချူးယွန် ဆီးဇာစတားနန်းဆောင်ရဲ့ ဒုတိယထပ်ရှိ အခန်းတစ်ခုထဲကို ရောက်လာခဲ့ပါပြီ။
အခန်းထဲကို ဝင်လိုက်တာနဲ့ ချူးယွန် ကမ္ဘာကိုဝန်းရံထားတဲ့ ကြယ်ပေါင်းများစွာထဲက ဧရာမကြယ်ကြီးတစ်လုံးပေါ်ကို တက်ရောက်လိုက်ရသလို ခံစားလိုက်ရပြီလေ။
"ဆရာ... ချူးကလေးရောက်ပါပြီ"
ပြောပြီးနောက် သူတို့ကို ထားခဲ့ကာ ဦးညွှတ်ပြီး ပြန်ထွက်သွားခဲ့ပါပြီ။
အခန်းထဲမှာတော့ အရပ်ရှည်ရှည်နဲ့ လူကြီးတစ်ဦးရှိနေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့လက်တွေကို နောက်ပစ်ထားခဲ့ပါတယ်။
သူက လေထဲမှာ ရပ်နေပြီး အရာအားလုံးကို ကျော်လွန်သွားခဲ့သူတစ်ဦးလို ခံစားချက်ကို ရရှိစေတယ်။
"ဆရာကြီးက ထျန်းဂျိလား"
ချူးယွန် မေးလိုက်တယ်။
အဖိုးကြီးထျန်းဂျိက တဖြည်းဖြည်းလှည့်လာပါတယ်။သူ့မျက်လုံးတွေကတော့ ကြယ်တွေလို တလက်လက်တောက်ပနေလို့။
"ချူးယွန်... ငါမင်းကိုစောင့်နေတာကြာပြီ"
"ဆရာကြီးက ကျွန်တော့်ကို ဘာအတွက်ရှာနေတာလဲခင်ဗျာ"
"ဒီလောကကြီးထဲက လူတိုင်းပဲ ကံမကံကောင်းမှုနဲ့ ဘေးဒုက္ခတွေအကြောင်းကို သိထားချင်ကြတယ်... သူတို့ကို နိမိတ်ဖက်ပေးဖို့ ငါ့ကို တောင်းပန်ကြပြီး ကံကောင်းမှုတွေကို ဆောင်ယူ၊ ကံဆိုးခြင်းတွေကိုတော့ ရှောင်ရှားခြင်ကြတယ်"
အဖိုးကြီးထျန်းဂျိရဲ့ မျက်နှာမှာ အရေးကြောင်းတွေရှိနေပေမယ့် သူ့ကိုကြည့်ရတာ အားနည်းဟန်နည်းနည်းမှ မရှိပါဘူး။
"ဒါပေမယ့် ငါ့ရဲ့နိမိတ်ဖက်ခြင်းအတွက် ပေးချေရမယ့်တန်ဖိုးက မြင့်မားလွန်းတာမို့ သာမန်လူတွေ မတတ်နိုင်ကြဘူး... ဒါကြောင့် အခက်ခက်အမျိုးမျိုးတွေကို ရင်ဆိုင်ပြီး သူတို့အတွက် တွက်ချက်ပေးဖို့ ငါ့ကို စည်းရုံးချင်ကြတယ်"
"ပြောရရင် မင်းကတော့ မက်မွန်ပြိုင်ပွဲမှာ ပထမရခဲ့တဲ့သူမို့ ငါ့ရဲ့ နိမိတ်ဖတ်ပေးခွင့်ရလိမ့်မယ်... ပြောပါဦး... မင်းဘာသိချင်လဲ"
အဖိုးကြီးထျန်းဂျိ ပြောလိုက်ပါတယ်။
သူက ချူးယွန်ရဲ့ အဖြေကိုစောင့်ဆိုင်းနေသလို
သူ့မျက်လုံးတွေက တလက်လက်တောက်ပနေလို့။
အပိုင်း 514 ကြီးမားတဲ့အကျပ်အတည်း
ဒါက ရိုးရှင်းတဲ့ မေးခွန်းဆိုပေမယ့် နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေလို့။
မင်းဘာမေးချင်တာလဲ?
ချူးယွန် စိတ်ရှုပ်ထွေးသွားပါတယ်။
သူဘာကိုမေးရမလဲ?
တစ်ကယ်လို့ သူ့အရင်ဘဝမှာဆိုရင်တော့ ဗေဒင်ဆရာတွေကို ယုံကြည်မှာမဟုပ်ပါဘူး။အလိမ်အညာတွေလို့ပဲ ထင်မိမှာပါ။
ဒါပေမယ့် တိုင်ဂန်တိုက်ကြီးမှာတော့ ဒီအရာတွေက အမှန်တကယ်ပါပဲ။
ဒါကိုတွေးမိပေမယ့် သူဘာမေးရမှးမသိသေးပါဘူး။
ဒါကိုတွေးမိတော့ ချူးယွန်ပြောလိုက်တယ်။
"ကျွန်တော် ဘာမေးရမယ်မှန်း စဉ်းစားလို့မရဘူး... ဆရာကြီးဘာသာ တွက်ချက်ပေးလို့ရမလား"
ထျန်းဂျိရဲ့ မျက်နှာပေါ်ရှိ အပြုံးက တင်းမာသွားပြီး
"ကျဘမ်းစကားတစ်လုံးစီက ကမ္ဘာပေါ်မှာ အခက်ခဲဆုံးတွေဖြစ်နေတတ်တယ်... မင်းက ဒီလိုပြောမှတော့ ငါ့ဘာသာ ကူညီတွက်ချက်ပေးရတော့မှာပေါ့"
အဖိုးကြီးထျန်းဂျိ ပြောပြီးတာနဲ့ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါတယ်။
သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ သူ့လက်ထဲမှာ အဖြူရောင် အလင်းရောင်တစ်ချက် ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးနောက် သူက တစ်ခုခုကို တီးတိုးပြောလိုက်ပါတယ်။
အဖြူရောင်အလင်းထဲမှာ မြင်ကွင်းမျိုးစုံဖြစ်ပေါ်နေလို့။ဒါက အလွန်လျင်မြန်စွာ ဖြစ်ပျက်နေပြီး ရုပ်ရှင်တစ်ခုလိုပါပဲ။
ချူးယွန်လည်း စိတ်ဝင်တစားနဲ့ ရပ်ကြည့်နေခဲ့ပါတယ်။
မျက်စေ့တစ်မှိတ်အတွင်းမှာပဲ အဖိုးကြီးထျန်းဂျိလက်ထဲရှိ အဖြူရောင်အလင်းက အလင်းရောင်စုံ ဖြာထွက်လာခဲ့ပြီလေ။
အလင်းရောင်က အလွန်တောက်ပပြီး ချက်ချင်း ဘေးကိုပါ ပျံ့ကားထွက်လာခဲ့ပါပြီ။ဒါက ရုတ်တရက် မီးတောက်လေးတစ်ခုက မီးလုံးကြီးအဖြစ် တောက်ပလာခဲ့သလိုပါပဲ။
အရင်ဆုံး အနီရောင်အလင်းအဖြစ်ပြောင်းလဲသွားပါတယ်။
အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်း!
အရောင်မျိုးစုံးက မျက်စေ့တစ်မှိတ်အတွင်းမှာပဲ ဆက်တိုက်ပြောင်းလဲနေလို့။
အလင်းရောင်က ခရမ်းရောင်အထိ ပြောင်းလဲသွားပေမယ့် ဒါက မရပ်တန့်သေးပါဘူး။ ဆက်လက်ပြောင်းလဲနေဆဲဖြစ်ပြီး ရွှေရောင်အဖြစ် ပြောင်းလဲစပြုလာခဲ့ပါပြီ။
ရွှေရောင် တစ်ဝက်ကနေ လုံးဝ ရွှေရောင်ပြောင်းသွားတဲ့အထိ...
အဖိုးကြီးထျန်းဂျိ လက်ထဲရှ်ိ အလင်းက အလွန်သိပ်သည်းနေပြီး လေဟာနယ်တောင် တုန်ဟီလာခဲ့ရပြီလေ။
သိပ်သည်းတဲ့ ရွှေရောင်အလင်းက အခန်းထဲမှာ ပြည့်နှက်နေပြီး လူတိုင်းကို အထူးကျေနပ်ဖွယ်ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ဒီအချိန်မှာ အခန်းတစ်ခုလုံး ရွှေပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သလိုပါပဲ။
"ဒါက"
အဖိုးကြီးထျန်းဂျိရဲ့ မျက်လုံးထဲမှာ မယုံကြည်နိုတဲ့ အရိပ်ယောင်တွေ ပေါ်လာခဲ့ပါတယ်။
အဖိုးကြီးထျန်းဂျိရဲ့ အမူရာတွေကြောင့် ချူးယွန်လည်း အလွန်စိတ်ဝင်စားလာခဲ့ပြီလေ။
အဖိုးကြီးထျန်းဂျိ ဘာကိုများတွက်ချက်နေတာလဲ?
"မယုံနိုင်စရာပဲကွ"
အဖိုးကြီးထျန်းဂျိန် အသက်ပြင်းပြင်းရှုလိုက်ပါတယ်။
ပြီးနောက် ချူးယွန်ကို အရင်ကနဲ့မတူတဲ့ အကြည့်နဲ့ကြည့်ပြီး
"ဂျူနီယာ... မင်းက အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်ပဲ"
"ဆရာကြီးထျန်းဂျိ ဘာကိုများ တွက်ချက်နေတာပါလိမ့်"
အဖိုးကြီးထန်းဂျိရဲ့ အမူရာတွေကို မြင်နေရတဲ့ ချူးယွန် မမေးပဲကို မနေနိုင်တော့ပါဘူး။
"ငါမင်းရဲ့ အနာဂါတ်ကို တွက်ကြည့်နေတာ"
အဖိုးကြီး ထျန်းဂျိ ချူးယွန်ကို ကြည့်လိုက်တယ်။
ဒါကိုကြားဝောာ့ ချူးယွန် အံ့ဩသွားပြီး ချက်ချင်းမေးလိုက်တယ်။
"ဆရာကြီးထျန်းဂျိ... ကျွန်တော့်ကို သေချာရှင်းပြပေးလို့ရမလား"
အနာဂါတ်သူ့ရဲ့ အောင်မြင်မှုတွေဆိုတာက ချူးယွန်ရဲ့ သိချင်စိတ်ကို တိုးပွားစေပါတယ်။
သူ့ရဲ့ အနာဂါတ်က ဘယ်လိုလဲ?
စစ်နတ်ဘုရားရဲ့ အမွေကို ဆက်ခံထားတဲ့ သူ့ရဲ့ အကန့်အသတ်က ဘယ်လောက်လဲ?
ဒါက ချူးယွန်နှလုံးသားထဲကပါ အလွန်သိချင်နေတဲ့ မေးခွန်းတစ်ခုပါ။
အဘိုးကြီးထျန်းဂျိ အချိန်အတော်ကြာ စဉ်းစားပြီးနောက်
"ငါမပြောနိုင်ဘူး"
ချူးယွန် မူလက အများကြီး မျှော်လင့်ထားပေမယ့်
ဒါကိုကြားတော့ သူကြောင်အသွားပါတယ်။
ခင်ဗျားက ဘာကို မပြောနိုင်ရတာလဲ?
ဗေဒင်ဆရာက လက်မြှောက်ပြီး ငါမပြောနိုင်ဘူးလို့ ပြောလို့ရလား?
အဖိုးကြီးထျန်းဂျိ ချူးယွန်ကိုကြည့်ကာ ခေါင်းခါယမ်းပြီး
"မင်းရဲ့ အနာဂါတ်က တိုးတက်မှုတွေက ငါတွက်ချက်နိုင်တာထက် ပိုနေပြီဆိုတာတော့ ငါပြောလို့ရတယ်... ဒါပေမယ့် မင်းရဲ့ မင်းရဲ့ အနာဂါတ်တိုးတက်မှုရဲ့ အကန့်သတ်ကိုတော့ ငါမပြောနိုင်ဘူး"
ချူးယွန် အဖိုးကြီးထျန်းဂျိရဲ့ စကားတွေကို နားမလည်နိုင်သေးပါဘူး။
"မိုးနဲ့မြေရဲ့ နက်ရှိုင်းတဲ့ အရာတွေကို ငါဖော်ထုတ်နိုင်တယ်ဆိုပေမယ့် ငါမဖော်ထုတ်နိုင်တာတွေလည်း ရှိသေးတယ်"
အဖိုးကြီးထျန်းဂျိရဲ့ အသံက အလွန်လေးနက်နေလို့။
"ကောင်းကင်တာအိုထဲမှာ ကောင်းကင်ဘုံရဲ့ ဆန်းကျယ်မှုတွေ ပါဝင်နေတယ်... အခြားသူတွေမှာက ကောင်းကင်ရဲ့ ဆန်းကျယ်မှုတွေကို အကျိုးသက်ရောက်မှုရှ်ိစေနိုင်တဲ့ စွမ်းရည်မရှိကြဘူးလေ... ဒါပေမယ့် ဒါက မင်းမှာမရှိဘူးလို့ ပြောတာမဟုပ်ဘူး"
သူက သေချာရှင်းပြပေမယ့် ချူးယွန် သိပ်ပြီး နားမလည်နိုင်သေးပါဘူး။တစ်ကယ်လို့ သူသာ နောက်ပြောင်နေတာမဟုပ်ဘူးဆိုရင် သူ့ရဲ့အနာဂါတ်က အကန့်အသတ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။
အဖိုးကြီးထျန်းဂျိလိုလူတောင်မှ ခန့်မှန်းချက်ပဲထုတ်နိုင်ပြီး တိတိပပမပြောဝံ့ပါဘူး။
"အနာဂါတ်ဆိုတာက ခန့်မှန်းရခက်ခဲပါတယ်... ငါမင်းကို ဒီလောက်ပဲပြောနိုင်တယ်"
ချူးယွန် လျစ်လျူရှုစွာပြုံးလိုက်ပြီး သူ့လက်ထဲရှိ အလင်းတွေကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဒီနောက် အဖိုးကြီးထျန်းဂျိ ချူးယွန်ကို လက်ညိုးတစ်ချက်ညွှန်ပြလိုက်ပါတယ်။
ဒီနောက် ချူးယွန် သူ့ခန္ဓာကိုယ်ကို အသန့်သတ်မဲ့
ဝိညာဥ်စွမ်းအင်တွေက ဖုံးလွှမ်းသွားတာကို ခံစားလိုက်ရပြီလေ။
"သိပ်သည်းလိုက်တဲ့ စွမ်းအင်တွေ"
ချူးယွန် တုန်လှုပ်သွားပါတယ်။ဒီစွမ်းအင်တွေက သူ့ကို အဆင့်နှစ်ဆင့်တက်သွားစေဖို့ လုံလောက်တယ်လေ။
ဒီအရာတွေကို လုပ်ကိုင်ပြီးနောက် အဖိုးကြီးထျန်းဂျိပြုံးပြီး
"မင်းရဲ့အနာဂါတ်က ဒီလောက်နဲ့တင် ရှိနေမှာမဟုပ်ဘူး... ငါက မင်းရဲ့ အနာဂါတ်လမ်းကြောင်းကို လွှမ်းမိုးနိုင်မှာမဟုပ်ဘူးလေ... အဲတာကြောင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရတာပေါ့"
………
ဆီးဇာစတားနန်းဆောင်က ထွက်လာပြီးနောက် ချူးယွန် သူ့ခန္ဓာကိုယ်က အလင်းရောင်တွေ အနည်းငယ်တောက်ပနေသလိုတောင် ခံစားနေရလို့ပါ။
သူ့ခန္ဓာကိုယ်ထဲရှိ လက်ရှိစွမ်းအင်တွေက ချူးယွန်ကို တုန်လှုပ်စေပါတယ်။
"ဒီစွမ်းအင်တွေကို သန့်စင်လိုက်ရင် ငါ့ကျင့်ကြံခြင်းက အဆင့်နှစ်ဆင့်လောက်တက်သွားလိမ့်မယ်"
"နင့်ရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားစွမ်းရည်နယ်ပယ်မှာ တည်ငြိမ်နေသင့်တယ်.. အောင်မြင်မှုတွေရဖို့ အလျင်လိုမနေနဲ့... မဟုပ်ရင် နင်နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ရလိမ့်မယ်"
တာ့လင်က သူ့ခေါင်းပေါ်ကို လောင်းချလိုက်တဲ့ရေခဲပုံးကြီးအလားပါပဲ။
"ချူးကလေး... ငါလိုက်ပို့မယ်"
ချင်းချင်းက ဆီးဇာစတားနန်းဆောင်အရှေ့မှာစောက့်နေလို့ပါ။ချူးယွန်ဝင်လာတာမြင်တော့ သူမက ပြုံးလိုက်ပါတယ်။
ချူးယွန်ကလည်း အလှလေးရဲ့ ကမ်းလှမ်းချက်ကို မငြင်းပယ်နိုင်ပါဘူး။
နောက်ပြီး ချင်းချင်းက။ ဗဟုသုတကြွယ်ဝကာ သူ့ကို အမြင်ကျယ်စေခဲ့ပါတယ်။
ချင်းချင်းနဲ့ စကားပြောကာ လမ်းလျှောက်နေရင်း နောက်ဆုံးတော့မြို့ပြင်ကိုရောက်လာခဲ့ပါပြီ။
"ချူးကလေး... နောင်ကို နင် မူလရေခဲမြို့တော်ကို ဖြတ်သန်းသွားရတဲ့အခါကျရင် ဆီးဇာစတားနန်းဆောင်ကို ဝင်လည်ရမယ်နော်"
ခွဲခွာခါနီး ချင်းချင်းက အနည်းငယ်တွန့်ဆုတ်နေပုံရပါတယ်။
ချူးယွန်က လိမ္မာပါးနပ်ပြီး ချစ်စရာကောင်းကာ လူအများကြားမှ နဂါးတစ်ကောင်ပဲလေ။ဒါက သူမကို နေ့စဉ်ပိုးပန်းနေတဲ့ ပေါ်ကြောတွေထက် အများကြီးသာတယ်မဟုပ်လား။
ချင်းချင်းရဲ့ အသက်က အရမ်းမကြီးသေးတဲ့အတွက် သူမမှာ ခံစားချက်အချို့ဖြစ်ပေါ်တာ ပုံမှန်ပါပဲ။
"မလာတော့ပါဘူး... ဆီးဇာစတားနန်းဆောင်ကို
ငါလာလို့ မသင့်တော်ဘူးမဟုပ်လား... ဒါက
ဆီးဇာစတားနန်းဆောင်ရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလေ"
ချူးယွန် ပြုံးလိုက်တယ်။
"သတ်မှတ်ချက်တွေရှိနေရင်တောင် ချူးကလေးကို ဘယ်သူက ဘာပြောလို့ရမှာလဲ"
ချင်းချင်း ချူးယွန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဒါကပဲ တစ်မျိုးချစ်စရာကောင်းနေပြန်ပါတယ်။
ချင်းချင်းကို နှုတ်ဆက်ပြီးနောက် ချူးယွန်
တန်းမင်းဆက်ကို အမြန်ခရီးထွက်လာခဲ့ပါပြီ။
သူထွက်လာခဲ့တာ ကြာပြီဖြစ်ပြီး လက်ရှိ ချူးကလန်ရဲ့ အခြေနေကို သူမသိပါဘူး။
တန်းရဲ့ထောက်ပံ့မှုနဲ့ ဒီတစ်နှစ်အတွင်း ကလန်ရဲ့ တိုးတက်မှုက နိမ့်ကျမယ်တော့ သူမထင်ပါ။
တန်းမင်းဆက်ကို ပြန်ရောက်တာနဲ့ ချူးမြို့တော်ကို သူအရင်သွားလိုက်ပါပြီ။
ပိုပြီးကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခု ချဉ်းကပ်လာနေပြီဆိုတာတော့ သူမသိခဲ့ပါဘူး။
အပိုင်း 515 တစ်ကမ္ဘာလုံးက ရန်သူတွေ
ချူးယွန် လက်ရွေးစင်လေးပါးရဲ့ ပထမဖြစ်သွားတဲ့သတင်းက အလယ်ပိုင်းဒေသကြီးကို မျက်စေ့တစ်မှိတ်အတွင်း ပျံ့နှံ့သွားခဲ့ပါပြီ။
မကြာသေးမှီနှစ်တွေအတွင်းမှာ ချူးယွန်က
အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။
တန်းမိသားစုပြိုင်ပွဲမှာ အနိုင်ရခြင်း၊ နံပါတ်တစ် ကုန်းဇီဖြစ်လာခြင်း၊ သွေးဓါးသခင်လေးရှောင်ချီကို သတ်ဖြတ်ခြင်း၊ တာအိုသခင် ရှောင်မင်းကို သတ်ဖြတ်ခြင်း၊ လက်ရွေးစင်လေးပါးရဲ့ ပထမဖြစ်ခြင်း... စသည်ဖြင့်။
ဒီလိုနဲ့ ချူးယွန်ရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းမြင့်တက်သွားခဲ့တယ်လေ။မဟာကလန်ကြီးလေးခုရဲ့ ထိပ်တန်းပါရမီရှင်တွေကို မသိရင်မသိရမယ်၊ ချူးယွန်အကြောင်းကို မသိသူတော့ တစ်ဦးမှမရှိတော့ပါဘူး။
ချူးမြို့တော်က အရင်ကထက် ပိုလှုပ်ရှားသက်ဝင်နေလို့။သိုင်းပညာရှင်များစွာကလည်း မြို့ထဲမှာ သွားလာလှုပ်ရှားနေခဲ့ကြပါတယ်။
"သခင်လေး"
"သခင်လေးပြန်လာပြီဟေ့"
"ဟုပ်လား... သခင်လေး ပြန်လာပြီလားဟ"
ချူးကလန်သားတွေ ချူးယွန်အနားကို အမြန်တိုးလာခဲ့ကြတယ်။ချူးယွန် သူတို့ကို လိုက်ကြည့်လိုက်ပါတယ်။သူတို့က တန်းမင်းဆက်မှာ အရင်းမြစ်ကောင်းတွေနဲ့ ကျင့်ကြံရခြင်းကြောင့် မြန်ဆန်စွာ တိုးတက်လာခဲ့ကြတယ်လေ။
သူတို့က ပါရမီရှင်တွေမဟုပ်ကြပါဘူး။ဒါပေမယ့် သူတို့ရဲ့ ကြိုးစားမှုကြောင့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့ကြတာပါ။
တန်းမင်းဆက်ကို ရောက်စမှာ သူတို့ထဲက အများစုက
ကီပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိကြပါသေးတယ်။
နှစ်အနည်းငယ် ကျင့်ကြံပြီးနောက်မှာတော့
စစ်မှန်သောစွမ်းအား နယ်ပယ်ကိုတောင် ရောက်လာခဲ့ပါပြီ။
ကလန်အကြီးအကဲတွေထဲက အချို့ဆိုရင် ရွှမ်းဝူနယ်ပယ်ကိုတောင် ရောက်နေခဲ့ကြပြီလေ။
ဒါက အင်အားစုကြီးတွေနဲ့ ယှဉ်လို့မရသေးပေမယ့် အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းနဲ့တော့ ယှဉ်နိုင်နေခဲ့ပြီမဟုပ်လား။
ဒါက အတော်တိုးတက်လာခြင်းပါ။
ချူးယွန် ပြုံးရွှင်စွာနဲ့ ဆက်လျှောက်သွားခဲ့ပါပြီ။ချူးယွန် လေပေါ်က မပျံသန်းပဲ အေးဆေးလမ်းလျှောက်ကာ ချူးတိုင်ကွန်ရှိရာကို သွားလိုက်ပါတယ်။
"အဖေ ဘယ်လိုများရှိနေမလဲ"
ချူးယွန် နက်ရှိုင်းစွာတွေးလိုက်တယ်။
သူ့အဖေရဲ့ လာဘာကောင်းကင်ဝိညာဉ်သားရဲ
သိုင်းဝိညာဉ် နိုးထလာစကတည်းက သူ့အဖေက နတ်ဘုရားစွမ်းရည်နယ်ပယ်ကို ရောက်သွားခဲ့တာလေ။
အခုဆိုရင် အချိန်တစ်နှစ်ကျော်ကြာသွားခဲ့ပြီမဟုပ်လား။
"ယွန်အာ"
ချူးယွန် ပြန်လာပြီဆိုတဲ့ သတင်းကို ကြိုရထားဟန်နဲ့ ချူးတိုင်ကွန်က တံခါးဖွင့်ကာ စောင့်နေလို့။
"အဖေ"
ချူးယွန် လျှောက်လှမ်းသွားလိုက်တယ်။
တစ်နှစ်ကျော်ကြာပြီးနောက် သူ့အဖေရဲ့ခွန်အားက ပိုပြီးနက်ရှိုင်းလာပါတယ်။သူ့အဖေ လက်ရှိ ဘယ်အဆင့်ရောက်နေပြီဆိုဝာာ သူမသိနိုင်ပါဘူး။
အဖေနဲ့သား တစ်ဦးကိုတစ်ဦးကြည့်ပြီး ချစ်ကြင်နာစွာ ဖက်လိုက်ပါတယ်။
"တစ်နှစ်ကြာသွားပြီ... မင်းတောင် နတ်ဘုရားစွမ်းရည်နယ်ပယ်ကိုရောက်သွားပြီပဲ"
ချူးတိုင်ကွန် ပြုံးလိုက်တယ်။
"ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို တစ်ခါမှ ရပ်မနေဘူးလေ... ရန်သူတွေက နေရာအနှံ့မှာအမြဲရှိနေတာမို့ ဖိအားတွေက ခံစားနေရတုန်းပဲ"
ချူးယွန် ပြန်ဖြေပြီး မေးလိုက်တယ်။
"အဖေ... ဒီနှစ်အတွင်း ကလန်ရဲ့ တိုးတက်မှုက ဘယ်လိုအခြေနေရှိလဲ"
"ကလန်က တိုးတက်လာတာတော့အမှန်ပဲ... မင်းရဲ့ နံမယ်ဂုဏ်သတင်းကြောင့်လည်း ပါရမီရှင်တွေက ငါတို့ကလန်ထဲကို ဝင်လာခဲ့ကြပြီး ငါကလည်း လက်ခံခဲ့တယ်... ဒါပေမယ့်"
ချူးတိုင်ကွန် ခနရပ်သွားပါတယ်။
"ဒါပေမယ့် ဘာလဲ"
ချူးယွန် မေးလိုက်တယ်။
"ငါ ကလန်သားတွေကို လေ့ကျင့်ပေးဖို့ ခေါ်လာတဲ့အချိန်မှာပဲ ရှောင်ကလန်သားတွေနဲ့ ထိပ်တိုက်တိုးတယ်လေ... အဲဒီမှာ တိုက်ပွဲဖြစ်ပြီး ငါတို့ဘက်က ဆုံးရှုံးမှုများသွားတယ်... ဒီသုံးလအတွင်း သူတို့ရဲ့ လှုပ်ရှားမှုတွေက
ပိုရဲတင်းလာပြီး ငါတို့မှာ တန်းမင်းဆက်က မထွက်ဝံ့လောက်အောင်ကို ဖြစ်နေပြီ"
ဒီအကြောင်းတွေ ပြောနေချိန် ချူးတိုင်ကွန်ရဲ့ အသံထဲမှာ မကျေနပ်မှုတွေ ရောထွေးပါဝင်နေလို့။
ဘယ်လိုလူပဲဖြစ်ဖြစ် ဒီလိုဖြစ်ရပ်မျိုးကို မကြာခနကြုံလာရရင် ဒေါသထွက်လာမှာအမှန်ပါပဲ။
ချူးယွန်ရဲ့ မျက်လုံးတွေက တစ်ဖြည်းဖြည်းအေးစက်လာပြီး ပြောလိုက်တယ်။
"ဒီကောင်တွေ အခုထိမမှတ်သေးဘူးပဲ"
သူ မူလရေခဲမြို့ပြင်ကိုရောက်တော့ ရှောင်ကလန်ရဲ့ တတိယအကြီးကဲက သူ့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြံစည်ခဲ့ပါသေးတယ်။ဒါပေမယ့် အကြီးအကဲထျန်းဂျိက
ချူးယွန်ကို ဆင့်ခေါ်ခဲ့တာကြောင့်သာ သူ့အကြံစည်မအောင်မြင်ခဲ့တာပါ။
ချူးယွန်အနေနဲ့ ရှောင်ကလန်က သူတို့ရဲ့ ရည်မှန်းချက်ကို မစွန့်လွှတ်ပဲ အမြဲစောင့်ကြည့်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ခွေးရူးတစ်ကောင်လို လမ်းပေါ်ထွက်တဲ့ လူတိုင်းကို လိုက်ကိုက်နေတယ်လေ။ဒါက သူတို့ကို အရိုးထိမနက်စေပေမယ့် စိတ်အနှောက်ယှတ်တော့ ဖြစ်ရပါတယ်။
"အဖေ မစိုးရိမ်ပါနဲ့... သူတို့ ကြာကြာအသက်ရှင်နိုင်မှာ မဟုပ်တော့ပါဘူး"
ချူးယွန် ချူးတိုင်ကွန်ကို နှစ်သိမ့်လိုက်ပါတယ်။
ရှောင်ကလန်က သူ့မိသားစုကို အကြိမ်ကြိမ်
အနှောက်ယှတ်ပေးနေခြင်းက ချူးယွန်ကို အလွန်ဒေါသထွက်စေခဲ့ပါပြီ။
သူ့ခွန်အားသာ လုံလောက်တဲ့နေ့ရောက်ရင် နောက်တစ်ချက်မတွန့်ပဲ ရှောင်ကလန်ကို မြေလှန်ပစ်ရပါလိမ့်မယ်။
"ယွန်အာ... အရင်တုန်းက မင်းရဲ့ကျင့်ကြံခြင်းက အဖေနဲ့မတူလို့ မတိုက်ခိုက်ရသေးဘူး... ဒါပေမယ့် ဒီနေ့မှာတော့ မင်းက နတ်ဘုရားစွမ်းရည်နယ်ပယ်ကိုရောက်သွားပြီးဆိုတော့ လေ့ကျင့်ခန်းကို သွားကြရအောင်"
ခနကြာပြီးနောက် ချူးတိုင်ကွန် ချူးယွန်ကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ချူးယွန်လည်း ငြင်းဆန်မနေတော့ပဲ အနောက်က လိုက်သွားလိုက်ပြီလေ။
နေ့တစ်ဝက်ကြာပြီးနောက် သူတို့ပြန်ထွက်လာခဲ့ကြပါတယ်။
ချူးတိုင်ကွန်ရဲ့မျက်နှာက ဒဏ်ရာတွေပြည့်နှက်နေပေမယ့် သူက ပျော်ရွှင်နေဆဲပါ။
ချူးတိုင်ကွန်က သူ့ရဲ့ကျင့်ကြံခြင်းကို နတ်ဘုရားစွမ်းရည်နယ်ပယ် ပထမအဆင့်ထိ ဖိနှိမ်လိုက်ပါတယ်။
လာဘာကောင်းကင်ဝိညာဥ်သားရဲ သိုင်းဝိညာဉ်က ကောင်းကင်အဆင့်ခုနှစ်ရှိပြီး ချူးယွန်ရဲ့ သိုင်းဝိညာဉ်ကတော့ ကမ္ဘာမြေအဆင့်လေးပဲရှိသေးတယ်လေ။
ဒါကြောင့် သူတို့တွေ သိုင်းဝိညာဉ်မသုံးပဲ တိုက်ခိုက်ခဲ့ကြတယ်။ဒီတိုက်ပွဲမှာတော့ ချူးယွန်အနိုင်ရခဲ့ပါတယ်။
တစ်ဆက်ထဲမှာပဲ ချူးယွန် လာဘာကောင်းကင်ဝိညာဉ်သားရဲ သိုင်းဝိညာဉ်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို သိလိုက်ရပါတယ်။
သူ့အဖေက လက်ရှ်ိ နတ်ဘုရားစွမ်းရည်နယ်ပယ်အဆင့်ရှစ်လောက်ကို ရောက်နေခဲ့ပါပြီ။ပုံမှန်အားဖြင့်တော့ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်ကို ရောက်ဖို့တော့ မလွယ်ဘူးလေ။
ဒါပေမယ့် ဒါက ဝမ်စီတေးရဲ့ သိုင်းဝိညာဉ်ပဲမဟုပ်လား။သိုင်းဝိညာဉ်နဲ့အတူ သူမရဲ့စွမ်းရည်တွေကိုပါရှ်ိခဲ့တာပါ။ ချူးတိုင်ကွန်အနေနဲ့ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်ကို ချိုးဖြတ်ချင်ရင် အချိန်အတိုင်းတာတစ်ခုသာ လိုပါလိမ့်မယ်။
သူ့အဖေကို သူ့အမေအကြောင်းပြောပြဖို့တော့ သူတွန့်ဆုတ်နေဆဲပါ။သေချာစဉ်းစားပြီးနောက် အခုမပြောသေးဖို့ သူဆုံးဖြတ်လိုက်ပါတယ်။
ချူးယွန် ချူးမြို့တော်မှာ ရက်အနည်းငယ် အနားယူနေပြီး တန်းရှီက နှစ်ကြိမ်တိတိ လာရောက်တွေ့ဆုံခဲ့တယ်လေ။ပြောရရင် သူမက တာ့လင်ကို ဆေးပညာနဲ့ပတ်သတ်ပြီး လမ်းညွှန်မှုတောင်းခံဖို့လာခဲ့တာပါ။ဒါကိုပေမယ့် ချူးယွန် ဘာမှ မပြောခဲ့ပါဘူး။
တန်းဟွာရန်က တန်းဇီရှန်းနဲ့ လေ့ကျင့်ဖို့ထွက်ခွာသွားပြီး ပြန်မရောက်သေးပါဘူး။
တန်းဝူတိကတော့ တံခါးပိတ်ကျင့်ကြံနေဆဲပါ။
သူထွက်မသွားခင်မှာပဲ တန်းဧကရာဇ်က သူ့ကို ကောင်းကင်ဆောင်ကို ဖိတ်ခေါ်လိုက်ပါတယ်။သူက ချူးယွန်ကို အဖိုးကြီးထျန်းဂျိဆီမှာ ဘာတွေတွက်ချက်ခဲ့တယ်ဆိုတာ မေးမြန်းဖို့ ကြိုးစားတာလေ။
ဒါပေမယ့် ချူးယွန်က သူ့ပါးစပ်ကို အစမှအဆုံးထိ ပိတ်ထားပြီး တစ်ခွန်မှမဟပါဘူး။ဒီအတွက် ဧကရာဇ်တန်း နောက်ဆုံးတော့ အရှုံးပေးလိုက်ရပါတယ်။
နောက်ဆုံးမှာတော့ သူက အဓိကစကားကို စပြောလာခဲ့ပါပြီ။
"ချူးယွန်... မင်းဗုဒ္ဓဝါဒီတွေကို စိတ်ဆိုးစေခဲ့တာလား"
"ဗုဒ္ဓဂိုဏ်းကို စိတ်ဆိုးစေတာလား"
ချူးယွန် တုန်လှုပ်သွားပေမယ့် သူချက်ချင်းနားလည်သွားခဲ့တယ်။သူက ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓလက်ဝါးတစ်ထောင်ကို သင်ယူခဲ့တယ်လေ။
လက်ရွေးစင်လေးပါးက အဖိုးကြီးထျန်းဂျိ တည်ထောင်ထားတာမို့ ဒါက အလယ်ပိုင်းဒေသဆင်
မက အခြားဒေသတွေမှာပါ ထင်ရှားပါတယ်။
နောက်ပြီး လက်ရွေးစင်လေးပါးရဲ့ ပထမဆိုတာက မကြုံစဖူး ထူးကဲတဲ့ဖြစ်ရပ်တစ်ခုပဲမဟုပ်လား။အခြားနယ်မြေလေးခုက ဘယ်လောက်ပဲ ဂရုမစိုက်ဘူးဆိုစေဦးတော့ ပထမရဲ့ နံမယ်ကိုတော့ ဂရုတစိုက်စုံစမ်းကြဦးမှာပါ။
ဘယ်သူပဲဖြစ်ဖြစ် သူဝမ်ရှမ်းနတ်ဆိုးဗုဒ္ဓကို အသုံးပြုတာတွေ့ရင် သူဟာ ဗုဒ္ဓသစ္စဖောက်တစ်ဦးလို့ ထင်သွားမှာအမှန်ပါပဲ။
တစ်ကယ်လို့ ဗုဒ္ဓသစ္စာဖောက်သာမဟုပ်ရင် ဒီလိုစွမ်းရည်မျိုးကို ဘယ်လိုပိုင်ဆိုင်ထားနိုင်မှာလဲ?
တစ်ကယ်လို့ ဗုဒ္ဓဂိုဏ်းကလူ ဒါမှမဟုပ်၊ ဗုဒ္ဓသထ္ထကထာဆိုရင်တော့ မတူညီမှုကို မြင်နိုင်မှာပါ။
ဝမ်ရှမ်းနတ်ဆိုးဗုဒ္ဓက သူတော်စင်အဆင့် သိုင်းပညာရပ်ဖြစ်သွားပေမယ့် ဒါက ဗုဒ္ဓလက်ဝါးတစ်ထောင်ကို အခြေခံပြီး တိုးတက်သွားတာလေ။
ဒါပေမယ့် ချူးယွန်အတွက်တော့ ဒါက လျို့ဝှတ်သင်ယူခဲ့တာမဟုပ်ပါဘူး။သူ့ကို ဗုဒ္ဓကိုယ်တိုင်သင်ပေးခဲ့တာမဟုပ်လား။
သူလုံးဝမလိမ်ညာခဲ့ဘူးလေ။
"ဗုဒ္ဓပြောတာကတော့ မင်းက နတ်ဆိုးဗုဒ္ဓဂိုဏ်းကို ဝင်သွားပြီး ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့်သိုင်းပညာရပ်တစ်ခုကိုလည်း လျို့ဝှတ်သင်ယူသွားတယ်တဲ့... သူတို့က မင်းဆိုကို ဗုဒ္ဓဂိုဏ်းရဲ့ ဘုန်းကြီးတွေလွှတ်လိမ့်မယ်"
ဧကရာဇ်တန်းက ချူးယွန်ကိုကြည့်လိုက်တယ်။
ချူးယွန်ရဲ့ သဘောထားကို သူက သိချင်မိပါတယ်။
"ခိုးသင်တယ်ဆိုတာက အလကား... လျှောက်ပြောနေတာ"
ချူးယွန် အပြောင်းလဲမရှိတဲ့မျက်နှာနဲ့ ခေါင်းကို
ခါယမ်းပြီး
"နတ်ဆိုးဗုဒ္ဓဂိုဏ်းကို ဝင်လိုက်တယ်ဆိုတဲ့စကားက ပိုတောင် ဝေးသေးတယ်... အရင်ကတည်းက နတ်ဆိုးဗုဒ္ဓဂိုဏ်းနဲ့ အဆက်အသွယ်မရှိခဲ့တဲ့ ကျုပ်က နတ်ဆိုးဗုဒ္ဓဂိုဏ်းကို ဘယ်လိုဝင်မှာလဲ"
ဧကရာဇ်တန်းက ရယ်မောပြီး
"ဗုဒ္ဓက ငါ့ကို အဲဒီလိုပဲ ပြောခဲ့တာပဲလေ... သူက အတော်ပြတ်သားနေပြီး နောက်ခုနှစ်ရက်အတွင်း သူက လူလွှတ်လိုက်လိမ့်မယ်"
ချူးယွန် မျက်မှောင်ကြုတ်လိုက်ပြီလောဧကရာဇ်တန်းက အတည်ပြောနေတာလား ၊ညာနေတာလားဆိုတာ သူမသိပါဘူး။
အတည်ဆိုရင်တော့ ဗုဒ္ဓဂိုဏ်းက တစ်ကယ်ပဲ။
ချူးယွန်က မယုံသေးတာကိုမြင်တော့ ဧကရာဇ်တန်း
ပုခုံးတွန့်ပြီး
"ဒီဧကရာဇ်က မင်းကို ဘာညာစရာရှိလို့လဲ... ဗုဒ္ဓရဲ့အင်အားက ငါ့ထက်သာတယ်... သန့်စင်တဲ့ စွမ်းအားအရ တန်းက ဗုဒ္ဓကို ဆန့်ကျင်နိုင်မှာမဟုပ်ဘူး... သူကသာ ခက်ခဲအောင်လုပ်လာရင် ငါသူ့ကို မတားဆီးနိုင်ဘူး"
ဒါပိုကြားတော့ ချူးယွန် နားလည်လာပါတယ်။ဧကရာဇ်တန်းပြောအမှန်ပါ။သူ့ကို လိမ်မယ်ဆိုရင်တောင် လိမ်ရလောက်တဲ့ အကြောင်းရင်းမှမရှိတာ။
ဗုဒ္ဓဂိုဏ်းက သူ့ကိုသစ္စဖောက်အဖြစ် သတ်မှတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။
လျို့ဝှတ်သင်ယူတယ်ပေါ့... ရတယ်လေ၊ ဗုဒ္ဓလက်ဝါးတစ်ထောင်ကို သူနောက်ဘယ်တော့မှ အသုံးပြုမှာမဟုပ်ဘူး။
ဝမ်ရှမ်းနတ်ဆိုးဗုဒ္ဓက ဗုဒ္ဓလက်ဝါးတစ်ထောင်နဲ့ မတူဘူးလေ။
ဗုဒ္ဓလက်ဝါးတစ်ထောင်ကိုအသုံးပြုဖို့ မလိုအပ်ပါဘူး။ဝမ်ရှမ်းနတ်ဆိုးဗုဒ္ဓကိုပဲ သူအသုံးပြုမှာမဟုပ်လား။
သစ္စဖောက်ဘုန်းကြီးဆိုရင်တော့ ဒါက တစ်ကယ်ဒုက္ခပါပဲ။
လူတိုင်းသိကြတဲ့အတိုင်း ဗုဒ္ဓဝါဒီတွေရဲ့ သစ္စာဖောက်တွေအပေါ် ဆက်ဆံပုံက အလွန်ပြတ်သားပါတယ်။
သူတို့က ပေါင်းစပ်မရနိုင်တဲ့ မီးနဲ့ရေလိုပါပဲ။
နတ်ဆိုးဗုဒ္ဓဂိုဏ်းမှာသာ လုံလောက်တဲ့ခွန်အားမရှိရင်
ဗုဒ္ဓဂိုဏ်းရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတာကြာလောက်ပါပြီ။
ဗုဒ္ဓဂိုဏ်းကသာ သူ့ကို ဗုဒ္ဓသစ္စာဖောက်အဖြစ်သတ်မှတ်လိုက်ရင် ဒါက လွတ်လမ်းရှိမှာမဟုပ်တော့ဘူး။
"ငါတို့တန်းက မင်းကို တစ်ကြိမ်ကာကွယ်ပေးနိုင်ခဲ့တယ်... နှစ်ကြိမ်လည်း ကာကွယ်နိုင်သေးတယ်... ခက်ခဲပေမယ့်လည်းပေါ့"
ဧကရာဇ်တန်းက အလွန်ပါးနပ်ပါတယ်။သူက စကားပြောနေရင်း သူ့မျက်လုံးတွေက အချို့
အရိပ်အမြွတ်တွေကို ပြသနေလို့။
တစ်ကယ်တမ်း သူပြောချင်ဝာက
'ငါအရင်ကပြောခဲ့တာကို မင်းလက်ခံလိုက်တာနဲ့ ဗုဒ္ဓရဲ့ အပြစ်ပေးမှုကို မခံရအောင် ကူညီပေးမယ်' ဆိုပြီးတော့ပါ။
ချူးယွန် မျက်မှောင်ကြုတ်ပြီး လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်ပါတယ်။
"ဧကရာဇ်ရဲ့ စိတ်စေတနာကောင်းအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဒီအကြောင်းကို မစဉ်းစားချင်သေးဘူး... သူတို့တစ်ကယ်လာမှပဲ စဉ်းစားတော့မယ်"
"ကောင်းပြီလေ... ဒါပေမယ့် ဒီအတောအတွင်း တန်းမင်းဆက်ကနေ ဘယ်မှမသွားဖို့ ငါပြောချင်တယ်... ဗုဒ္ဓဝါဒီတွေက လှုပ်ရှားလာတဲ့အခါ သူတို့ရဲ့လက်တွေကို ဆင်ခြင်နေမှာမဟုပ်ဘူး... ဒါပေမယ့် မင်းက တန်းမင်းဆက်ထဲမှာဆိုရင်တော့ ငါ့ကို မျက်နှာသာမပေးပဲနေမှာမဟုပ်ပါဘူး"
ဧကရာဇ်တန်း ရယ်မောလိုက်ပါတယ်။သူက ဒီကိစ္စကို စိုးရိမ်ပူပန်နေပုံမရပါဘူး။
အခု ဒီကိစ္စက သူ့လက်ထဲမှာ သေချာဆုပ်ကိုင်ထားနိုင်ပုံရပါတယ်။
ပြောရရင် ဗုဒ္ဓဂိုဏ်းက ချူးယွန်အပေါ်ကို တစ်ကယ်ပဲလှုပ်ရှားလာမှာပါ။
အရိပ်တောင်တန်းအနေနဲ့ ချူးယွန်ကို ကာကွယ်နိုင်မှာမဟုပ်ပါဘူး။
ဗုဒ္ဓသစ္စာဖောက်တွေအနေနဲ့ ဗုဒ္ဓဝါဒီတွေကြားဆက်ဆံရေးကလည်း မီးနဲ့ရေမို့ သူတို့ကြားကို ဝင်ရောက်ဖြန်ဖြေပေးဖို့ မဖြစ်နိုင်ဘူးလေ။
ဒီအခါကျရင် ချူးယွန်က ဧကရာဇ်တန်းဆီက အကူညီတောင်းရတော့မှာမဟုပ်လား။
"မြေခွေးအိုကြီး"
ကောင်းကင်ဆောင်က ထွက်လာပြီးနောက် ချူးယွန် အေးစက်စက်ပြုံးလိုက်တယ်။
"တစ်ကယ်လို့ ဗုဒ္ဓဂိုဏ်းက လာချင်တယ်ဆိုရင်လည်း လာကြပါစေ... တစ်ကမ္ဘာလုံးကရော ငါ့ရန်သူတွေလား? ဒါဆိုရင်တောင် ငါ ဂရုမစိုက်ဘူး!"
အပိုင္း 511 လက္ေ႐ြးစင္ေလးပါးရဲ႕ပထမ
သူမရဲ႕ စြမ္းေဆာင္ရည္က ၿပီးျပည့္စုံတယ္လို႔ေျပာႏိုင္ပါတယ္။ဒါေပမယ့္ သူမရဲ႕ ကန္႔သတ္ခ်က္ေတြရ ပထမေနရာက ခ်ဴးယြန္ပဲ ရမွာပါ။
"ဆရာက ဘယ္လိုေဆးမ်ိဳး ေဖာ္စပ္မလဲေတာ့မသိဘူး... ဒါေပမယ့္ ငါအရမ္းမတုန္လႈပ္ရဖို႔ ေမွ်ာ္လင့္တယ္"
တန္း႐ွီ ေတြးလိုက္တယ္။တာ့လင္ရဲ႕စိတ္ထားကို သူမသိပါတယ္။သူမက ေအးေအးေဆးေဆး ႐ွိေနတာကို မႀကိဳက္ပါဘူး။
ယြမ္႐ို႕စီ ေဆးလုံးကိုယူၿပီးေနာက္ သူမမ်က္လုံးေတြက ေတာက္ပသြားၿပီး
"ဒီေဆးလုံးက ကီေငြ႕ရည္ဖြဲ႕ျခင္းေဆးလုံးပဲ... ဒါက ထိပ္တန္းအဆင့္ေဆးလုံးေတြၾကားမွာ တစ္ကယ္ထူးျခားတယ္... အခ်ိန္တိုအတြင္း ၿပိဳင္ပြဲဝင္တစ္ဦးက ဒီလိုေဆးလုံးမ်ိဳးကို ေဖာ္စပ္ႏိုင္မယ္လို႔ ထင္မထားခဲ့ဘူး... မယုံႏိုင္စရာပဲ... မယုံႏိုင္စရာပဲ"
ယြမ္႐ို႕စီ တန္း႐ွီရဲ႕ စြမ္းေဆာင္ရည္ေတြကို မခ်ီးမႊမ္းပဲ မေနႏိုင္ပါဘူး။
"ဒီေဆးလုံးရဲ႕ ေဆးသိပ္သည္းဆက အေတြ႕ၾကဳံ႐ွိ ေဆးဝါးသခင္ေတြနဲ႔ေတာင္ ႏိႈင္းယွဥ္ႏိုင္တယ္... နင့္ဆရာက ဘယ္သူမ်ားပါလိမ့္"
ယြမ္႐ို႕စီ ဒီပါရမီ႐ွင္ကို လိုခ်င္ေနတယ္ဆိုတာ သိသာပါတယ္။တစ္ဖက္လူမွာသာ ဆရာသခင္ ဆရာမ႐ွိရင္ သူမရဲ႕ တပည့္အျဖစ္ ေခၚေဆာင္လိုက္မွာပါ။
"ကြၽန္မမွာ ဆရာက ႏွိမ့္ခ်ေနတတ္သူပါ... သူဘယ္သူဆိုတာ အျခားသူေတြကို ေျပာမျပေစခ်င္ဘူး"
တန္း႐ွီ ျပဳံးလိုက္ပါတယ္။
"အင္း... သူက ပုံးကြယ္ေနထိုင္တဲ့ ဆရာသခင္ပဲေနမွာပါ... မဟုပ္ရင္ ဒီလိုပါရမီ႐ွင္မ်ိဳးကို ဘယ္လိုေမြးထုတ္ႏိုင္မွာလဲ... နင့္အေနနဲ႔ အနာဂါတ္မွာ ဆရာသခင္တစ္ပါး ေသခ်ာေပါက္ျဖစ္လာလိမ့္မယ္"
ယြမ္႐ို႕စီ ေခါင္းညိမ့္လိုက္ပါတယ္။
သူမ သိပ္ေတာ့ မအံ့ဩမိခဲ့ပါဘူး။တန္း႐ွီမွာ ဆရာမ႐ွိဘူးဆိုမွာသာ အံ့အားသင့္လိမ့္မယ္။
ပရိသတ္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားပါတယ္။ယြမ္႐ို႕စီလို ထိပ္တန္းဆရာသခင္က ခ်ီးမႊမ္းခဲ့တဲ့အတြက္ တန္း႐ွီရဲ႕ စြမ္းရည္ကို စဥ္းစားၾကည့္ႏိုင္တယ္။
ကီေငြ႕ရည္ဖြဲ႕ျခင္းေဆးလုံးက ျဒပ္စင္ငါးခုကို ညီမွေအာင္လုပ္ရတာမို႔ အလြန္ခက္ခဲပါတယ္။ေဆးပညာ႐ွင္အေနနဲ႔ ျဒပ္စင္ငါးခုကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္ရမွာေလ။
ျဒပ္စင္ငါးခု ညီမွျခင္းမ႐ွိတဲ့ ကီေငြ႕ရည္ဖြဲ႕ျခင္းေဆးလုံးက အက်ိဳးသက္ေရာက္မႈ႐ွ္ိမယ္မဟုပ္ပါဘူး။
တန္း႐ွီရဲ႕ ကီေငြ႕ရည္ဖြဲ႕ျခင္းေဆးလုံးက ျဒပ္စင္ငါးခု လုံးဝမညီမွ်ေပမယ့္ သူ႕ရဲ႕ သန္႔စင္မႈက စိတ္ကူးထားႏိုင္တာထက္ကိုပိုပါတယ္။
"နင္မွပထမမရရင္ ၿပိဳင္ပြဲဝင္ေတြထဲမွာ ထိပ္သီးေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္ေတြအမ်ားႀကီး႐ွိေနတယ္လို႔ပဲေျပာရမယ္"
ယြမ္႐ို႕စီ သက္ျပင္းခ်ိလိုက္ပါတယ္။
ဒီအခ်ိန္မွာပဲ အျခားၿပိဳင္ပြဲဝင္ေတြထြက္လာခဲ့ပါၿပီ။
တန္း႐ွီကေတာ့ မ်က္လုံးမွ္ိတ္ၿပီး တည္ၿငိမ္စြာရပ္ေနလိုက္ပါတယ္။အခ်ိန္တိုအတြင္း ျဒပ္စင္ငါးမ်ိဳးပါတဲ့ ကီေငြ႕ရည္ဖြဲ႕ျခင္းေဆးလုံးေဖာ္စပ္ရတာက သူမကို အလြန္မင္းပင္ပန္းေစတယ္ေလ။ဒါေၾကာင့္ ျပန္လည္တည္ၿငိမ္ဖို႔ အခ်ိန္နည္းနည္းလိုပါတယ္။
ၿပိဳင္ပြဲဝင္အေတြ သူတို႔ရဲ႕ ေဆးလုံးကို ယြမ္႐ို႕စီ ဆီကို ေပးအပ္ခ်ိန္ သူဆို႔မ်က္ႏွာေတြက ျပဳံး႐ႊင္ေနလို႔။အခ်ိဳ႕ဆိုရင္ ယုံၾကည္မႈပါ ႐ွိေနခဲ့ၾကတာပါ။ ဒါေပမယ့္ တန္း႐ွီက ကီေငြ႕ရည္ဖြဲ႕ျခင္းေဆးလုံးကို ေဖာ္စပ္လိုက္တယ္ဆိုတာ သိၿပီးခ်ိန္မွာေဝာာ့ သူဆို႔အျပဳံးေတြက ေအးခဲကုန္ၾကၿပီေလ။
တစ္ေယာက္ေယာက္က ထိပ္တန္းအဆင့္ေဆးလုံး ေဖာ္စပ္လိုက္တယ္ဆိုတာ သူတို႔သိၿပီးသာပါ။ဒါေပမယ့္ လက္ေတြ႕ရင္ဆိုင္ရခ်ိန္မွာေတာ့ နက္႐ိႈင္းတဲ့႐ႈံးနိမ့္မႈကို ခံစားလိုက္ၾကရျပန္ပါၿပီ။
မၾကာခင္မွာပဲ ေဆးေဖာ္စပ္ခန္းထဲက လူႏွစ္ဆယ့္ေလးေယာက္ ထြက္လာခဲ့ၿပီေလ။
ထိပ္တန္းအဆင့္ေဆးလုံးကို တန္း႐ွီတစ္ေယာက္သာ ေဖာ္စပ္ႏိုင္တာပါ။အျခားသူေတြကေတာ့ အဆင့္ျမင့္ေဆးလုံးေတြခ်ည္းပါပဲ။
အထူးတလည္ စမ္းသပ္စရာမလိုေတာ့ပါဘူး။အံ့ဖြယ္ျဖစ္ရပ္တစ္ခုသာ ျဖစ္မလာရင္ တန္း႐ွီက ပထမပါပဲ။
ဒါေပမယ့္ တန္း႐ွီကေတာ့ ဒီလိုမထင္မိပါ။သူမက ေနာက္ဆုံးအခန္းကို စိုက္ၾကည့္ေနခဲ့ပါတယ္။
"ထြက္မလာတဲ့သူက်န္ေသးတယ္"
"တစ္ေယာက္က ထြက္မလာေသးဘူး"
စင္ေပၚမွာ ၿပိဳင္ပြဲဝင္ ႏွစ္ဆယ့္ေလးေယာက္ပဲ႐ွိတယ္ဆိုတာ ပရိသတ္ေတြ သတိထားမိၾကတယ္ေလ။အခန္းေလးတစ္ခန္းကလည္း လႈပ္႐ွားမႈမ႐ွိေသးဘူးမဟုပ္လား။
အေမႊးတိုင္က ကုန္ခါနီးခ်ိန္မွာေတာ့ ခ်ဴးယြန္ ထြက္လာခဲ့ပါၿပီ။
"ဒီလူကလည္း မ်က္ႏွာဖုံးစြပ္ထားတာပဲ... ဘာလို႔ လူႀကိဳက္မ်ားတဲ့သူေတြက မ်က္ႏွာဖုံးတပ္ၾကတာပါလိမ့္"
ၿပိဳင္ပြဲဝင္အခ်ိဳ႕က တိတ္ဆိတ္စြာေတြးလိုက္ၾကတယ္။
အေစာပိုင္းတုံးက ဂႏၶမာ၊ မက္မြန္၊ဝါး အသင္းသုံးသင္းရဲ႕ ပထမေတြက မ်က္ႏွာဖုံးကိုယ္စီ တပ္ထားခဲ့ၾကတယ္ေလ။
ဒါက တိုက္ဆိုင္မႈပဲလား?
ခ်ဴးယြန္ ယြမ္႐ို႕စီရဲ႕ လက္ထဲကို ေဆးလုံးထည့္ေပးလိုက္ပါတယ္။
ယြမ္႐ို႕စီက သိပ္ဂ႐ုမစိုက္ပါဘူး။သူမက သာမန္ကာလွ်ံကာပုံစံမ်ိဳးနဲ႔ ေခါင္းကို အသာငုံ႔ၾကည့္လိုက္ပါတယ္။
ေနာက္ဆုံးမွာေတာ့ ဒီေဆးလုံးမွာ ထူးျခားတဲ့ဝိေသသလကၡဏာတစ္ခုေတာင္ ႐ွိမေနခဲ့ဘူးမဟုပ္လား။
ဒါေပမယ့္ သူမရဲ႕ အဆင့္တန္းအရ ထိုေဆးလုံးကို တစ္ခ်က္ၾကည့္႐ုံနဲ႔ သိႏိုင္ပါတယ္။
ေ႐ႊျခင္ဆီေဆး!
အ႐ိုး၊အ႐ြတ္ေတြကို ခိုင္မာေစတဲ့ ေ႐ႊျခင္ဆီေဆးလုံး!
ဒါကိုျမင္ၿပီးေနာက္ ယြမ္႐ို႕စီ အလြန္တုန္လႈပ္သြားခဲ့ၿပီေလ။
ေ႐ႊျခင္ဆီေဆးလုံးက ေဖာ္စပ္ရခက္ခဲပါတယ္။ဒါက ကီေငြ႕ရည္ဖြဲ႕ေဆးလုံးထက္ မ်ားစြာကို ပိုခက္ခဲတာပါ။အျမင္႐ွိတဲ့သူမွန္သမွ် ဒီေဆးလုံးႏွစ္ခုၾကားက ကြာျခားမႈကို ျမင္ႏိုင္ပါလိမ့္မယ္။
ဒါေပမယ့္ သူ႕အခန္းက ဘယ္လိုထူးျခားမႈမွမ႐ွိပဲ
ဘယ္ႏွယ့္လုပ္ေဖာ္စပ္လိုက္တာလဲ?
တန္း႐ွီ ယြမ္႐ို႕စီရဲ႕ လက္ထဲ႐ွိ ေဆးလုံးကိုလွမ္းၾကည့္ကာ ျပဳံးလိုက္ပါတယ္။
ေ႐ႊျခင္ဆီေဆး...
သူမ ဆရာက တစ္ကယ့္ကိုသာမန္မဟုပ္ဘူးပဲ!
ယြမ္႐ို႕စီ အသက္ျပင္းျပင္း႐ႈၿပီး
"ငါအတြက္မွားသြားတာပဲ... ၿပိဳင္ပြဲဝင္ေတြထဲမွာ ေနာက္ထပ္ ဆရာသခင္တစ္ဦး႐ွိေနဦးမယ္လို႔ ထင္မထားခဲ့ဘူး"
ဒါကိုၾကားၿပီးေနာက္ ပရိသတ္ေတြလည္း တုန္လႈပ္ကုန္ၾကၿပီေလ။ၿပိဳင္ပြဲဝင္ေတြေရာပါပဲ။
ဒုတိယေျမာက္ ေဆးဆရာသခင္တစ္ဦး ထြက္လာေသးတယ္လား?
"ဒီေဆးလုံးက"
ယြမ္႐ို႕စီ ခ်ဴးယြန္ကို နက္နက္႐ိႈင္း႐ိႈင္းၾကည့္ၿပီး ေဆးလုံးကိုေျမႇာက္ကာ ေျပာလိုက္တယ္။
"ေ႐ႊျခင္ဆီေဆးလုံးက အ႐ိုးကို သန္မာေစတာမို႔ ဒါကို စားသုံးရရင္ အားနည္းတဲ့ခႏၶာကိုယ္႐ွိသူေတာင္ သန္မာလာလိမ့္မယ္"
"တန္ဖိုးနဲ႔ အခက္ခဲ စည္းမ်ဥ္းေတြအရ ေ႐ႊျခင္ဆီေဆးလုံးက ကီေငြ႕ရည္ဖြဲ႕ေဆးလုံးရဲ႕ အထက္မွာ႐ွိတယ္"
"ဝိုး"
ပရိသတ္က ႐ုတ္႐ုတ္သဲသဲျဖစ္သြားျပန္ၿပီေလ။
ေနာက္ထပ္ ထိပ္တန္းအဆင့္ေဆးလုံးတစ္လုံး!
ေနာက္ထပ္ ေဆးဆရာသခင္တစ္ဦး!
"ဒါလိမ္ေနတာမလား... ဥပမာေျပာရရင္ ဒီေဆးလုံးကို ကြက္လပ္လက္စြပ္ထဲမွာ ႀကိဳသိမ္းထားၿပီး အခုမွ ထုတ္ျပတာမ်ိဳးေပါ့"
လူငယ္တစ္ဦးက မေသခ်ာ၊မေရရာဟန္နဲ႔ ခ်ဴးယြန္ကို ၾကည့္လိုက္တယ္။
ဒါကိုၾကားေတာ့ အျခားၿပိဳင္ပြဲဝင္ေတြကလည္း စဥ္းစားလာၾကပါတယ္။
ဒါက ေနာက္ေျပာင္ေနတာ မဟုပ္လား!
ဒီေဆးလုံးက အရမ္းခက္ခဲတယ္လို႔ ဆရာသခင္ယြမ္ကလည္း ေျပာတယ္မဟုပ္လား!
ဒါေပမယ့္ ေဆးလုံးရဲ႕ ေဖာ္စပ္လိုက္တာနဲ႔ ပုံမွန္အားျဖင့္ေတာ့ ႏွစ္နာရီၾကာတဲ့အထိ မီးလွ်ံေအာ္ရာမေပ်ာက္ကြယ္သြားပါဘူး။
မီးစြမ္းအင္က ေဆးလုံးအေပၚမွာ အက်ိဳးသက္ေရာက္မႈမ႐ွိေပမယ့္ ဒါက ေဆးလုံးကို ေဖာ္စပ္ခဲ့တာဟုပ္၊မဟုပ္ သိသာေစတယ္ေလ။
သူတို႔အေနနဲ႔ ဒီေဆးလုံးဆီက မီးေအာ္ရာကို အေတာ္ေဝးေဝးကေတာင္ ရႏိုင္ပါတယ္။
ဆရာသခင္ယြမ္မေျပာနဲ႔ ၿပိဳင္ပြဲဝင္ေတြေတာင္ အခုေလးတင္ေဖာ္စပ္ခဲ့တယ္ဆိုတာ ေျပာႏိုင္ပါတယ္။
"ဆရာသခင္ယြမ္... ပထမက ဘယ္သူလဲဗ်ိဳ႕"
ပရိသတ္ေတြ စတင္ေအာ္ဟစ္လိုက္ၾကတယ္။
"ဟုပ္တယ္... ပထမက ဘယ္သူလဲ"
တစ္ေယာက္က စေအာ္ၿပီးေနာက္ လူအုပ္က ႐ုတ္႐ုတ္သဲသဲျဖစ္သြားပါတယ္။သူတို႔အေနနဲ႔ ဒီေဆးလုံးႏွစ္လုံးမွာ ဘယ္ဟာက ဘယ္ဟာက ပိုအဖိုးတန္တယ္ဆိုတာ သိခ်င္ၾကတယ္ေလ။
ယြမ္႐ို႕စီ အခ်ိန္မဆြဲေတာ့ပါဘူး။
"ဒီေ႐ႊျခင္ဆီေဆးလုံးက ေခ်ာေမြ႕ၿပီး သဘာဝက်တယ္... ငါ့ဘဝမွာ ဒီလိုနည္းလမ္းမ်ိဳး တစ္ခါမွ မျမင္ဖူးဘူး... သူဘယ္လိုလုပ္ခဲ့တယ္ဆိုတာ ငါမသိေပမယ့္ ငါ့အေတြ႕အၾကဳံအရ ဒီေဆးလုံးက ကီေငြ႕ရည္ဖြဲ႕ေဆးလုံးထက္ အမ်ားႀကီးပိုေကာင္းတယ္... ဒီေတာ့ ပထမေနရာကလည္း သူပဲျဖစ္လိမ့္မယ္"
သူမက ေျပာၿပီးတာနဲ႔ ခ်ဴးယြန္ကို ၫႊန္ျပလိုက္ပါၿပီ။
တန္း႐ွီ ခ်ဴးယြန္ နားအနားကိုကပ္သြားၿပီး
"သမိုင္းမွာ ပထမဆုံး လက္ေ႐ြးစင္ေလးပါးလုံးရဲ႕ ပထမျဖစ္လာတဲ့အတြက္ ဂုဏ္ယူပါတယ္"
ဒီေနာက္ သူမက ဆက္ေျပာလိုက္တယ္။
"တစ္ကယ္တမ္း သစ္ခြအသင္းရဲ႕ ပထမနံမယ္က ငါနဲ႔ပဲ သက္ဆိုင္တာေနာ္... အခု နင္က ယူသြားတယ္ဆိုေတာ့ တန္းမင္းဆက္ကို ျပန္ေရာက္တာနဲ႔ နင္ေလ်ာ္ေၾကးေပးရမယ္"
"ေလ်ာ္ေၾကးလား... နင္ငါ့ကိုလိုခ်င္တာလား"
ခ်ဴးယြန္ ရယ္ေမာရင္း ေလွာင္ေျပာင္လိုက္တယ္။
ဒါကိုၾကားေတာ့ တန္း႐ွီေပ်ာ္႐ႊင္သြားပါတယ္။ဒါေပမယ့္ သူမအသံက ႐ႈပ္ေထြးေနဆဲပါ။
"နင့္အေနနဲ႔ဆိုရင္ ဒီအ႐ႈံးကို ငါလက္မခံႏိုင္ဘူး"
ပရိသတ္က ဒါကိုျမင္ေဝာာ့ မနာလိုသြားပါတယ္။ထိုသူက ၿပိဳင္ပြဲမွာ ပထမရ႐ုံတင္မက အလွပတစ္ဦးနဲ႔ပါ ရင္းႏွီးခဲ့တယ္မဟုပ္လား။
"ၿပိဳင္ပြဲၿပီးၿပီဆိုေတာ့ ေဆးလုံးကို ယူသြားပါ"
ယြမ္႐ို႕စီေျပာလိုက္တယ္။
ခ်ဴးယြန္ ရယ္ေမာၿပီး
"ဒီေဆးလုံးကို ငါမသုံးပါဘူး... ကံထိုက္သူကိုပဲ ေပးလိုက္ေဝာာ့မယ္"
ခ်ဴးယြန္ ေဆးလုံးကို လူအုပ္ထဲ ပစ္ေပးလိုက္ပါတယ္။ဒါကိုျမင္ေတာ့ တန္း႐ွီကလည္း သူမရဲ႕ ေဆးလုံးကို လူအုပ္ထဲ လိုက္လံပစ္ခ်ေပးလိုက္ၿပီး လူအမ်ားကို ေပ်ာ္႐ႊင္ေစခဲ့ပါတယ္။
လက္ေ႐ြးစင္ေလးပါးၿပိဳင္ပြဲၿပီးဆုံးသြားခဲ့ပါၿပီ။
စည္းမ်ဥ္းေတြအရ လက္ေ႐ြးစင္ေလးပါးက စင္ေပၚကိုတက္ၿပီး ဆုလက္ခံယူရမွာပါ။
ဂႏၶမာအသင္း ပထမရဲ႕ ဆုက မျပည့္စုံတဲ့အကၡရာ...
မက္မြန္အသင္း ပထရဲ႕ ဆုက အဖိုးႀကီးထ်န္းဂ်ိရဲ႕နမိတ္ဖက္ျခင္း...
ဝါးအသင္း ပထမရဲ႕ ဆုက သံမဏိတူ - ဒါက ထိပ္တန္းအဆင့္ဝိညာဥ္လက္နက္တစ္ခုပါ...
သစ္ခြအသင္း ပထမရဲ႕ ဆုက ထိပ္တန္းအဆင့္ေဆးလုံးသုံးလုံး...
ၿပိဳင္ပြဲဝင္ေတြက ထိုင္ခုံေတြမွာ ျပန္ဆင္းၿပီး ပရိသတ္နဲ႔အတူ ထိုင္လိုက္ၾကပါတယ္။
ေဝရန္၊ ေဆးဝါးဆရာသခင္ ယြမ္႐ို႕စီ၊ ပန္းပဲဆရာသခင္ ေက်ာက္႐ွမ္၊ လ်ိဳ႕ဝွတ္ပုံစံ ဆရာသခင္
ဂ်န္ေဝ ... အားလုံး ထိုင္ေနခဲ့ၾကပါတယ္။
ပရိသတ္ေတြထဲမွာ ဂိုဏ္းခ်ဳပ္ႀကီးေတြနဲ႔ အႀကီးအကဲလ်ဴယြိဟန္တို႔ ႐ွိေနၾကလို႔။
လက္ေ႐ြးစင္ေလးပါးလုံးရဲ႕ ပထမေတြက ထိပ္သီးပါရမီ႐ွင္ေတြျဖစ္ၿပီး သူတို႔ရဲ႕ အနာဂါတ္က အကန္႔အသတ္မဲ့ပဲေလ။
ၿပိဳင္ပြဲမစခင္က ေဖ်ာ္ေျဖခဲ့ၾကတဲ့ အလွပေလးဦးက ျပန္လည္ထြက္ေပၚလာခဲ့ၿပီး သူမတို႔ တစ္ဦးကို ဆုတစ္ခုစီ သယ္ေဆာင္လာခဲ့ၾကပါၿပီ။
လွပတဲ့ ပုံရိပ္ေလးခုက စင္ေပၚမွာ ရပ္ေနၾကလို႔။အားလုံးက မတူညီတဲ့ဟန္ပန္ေတြနဲ႔ ခ်စ္စရာေကာင္းေနကာ လူအမ်ားကို ရင္တလွပ္လွပ္ျဖစ္ေစပါတယ္။
ဒါေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ ဆုလက္ခံယူဖို႔ လက္ေ႐ြးစင္တစ္ဦးမွ တက္မလာေသးပါဘူး။
"အာ... သူတို႔ဘယ္မွာလဲ?"
"သူတို႔ ဘာလို႔မလာၾကေသးတာလဲ"
"တစ္ခုခုျဖစ္ကုန္တာမ်ားလား"
ပရိသတ္ေတြ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ေနခဲ့ၾကတာေလ။ဒါေပမယ့္ တစ္ဦးမွ ထြက္ေပၚမလာခဲ့ျခင္းက သူတို႔ကို စိုးရိမ္ပူပန္ေစပါတယ္။
ဒီအခ်ိန္မွာပဲ စႀကၤန္လမ္းက ပုံရိပ္တစ္ခု ေျဖးေျဖးမွန္မွန္နဲ႔ ေလွ်ာက္လွမ္းလာေနခဲ့ပါၿပီေလ။
ထိုပုံရိပ္က ေခ်ာေမာတဲ့ လူငယ္တစ္ေယာက္ျဖစ္ၿပီး သူ႕ႏႈတ္ခမ္းေတြကေတာ့ တြန္႔ေကြးေနလို႔!
အပိုင္း 512 မၾကဳံစဖူး ထူးကဲတဲ့ျဖစ္ရပ္နဲ႔ ခ်ဴးယြန္!
ပရိသတ္အားလုံးရဲ႕ အာ႐ုံက ခ်ဳးယြန္ေပၚကို က်ဆင္းလာခဲ့ပါၿပီ။
ခ်ဴးယြန္ အခုခ်ိန္မွာ မ်က္ႏွာဖုံးတပ္မထားေတာ့ပါဘူး။ေျပာင္းလဲထားတာ ဘာမွမ႐ွိပဲ သူ႕အဝတ္စားေတြကလည္း ပုံမွန္အတိုင္းပါပဲ။
သူက ျပဳံး႐ႊင္ေနတဲ့မ်က္ႏွာနဲ႔ ယုံၾကည္မႈ႐ွိစြာ ေလ်ာက္လွမ္းေနလို႔။သူက ဒီေနရာမွာ အ႐ွင္သခင္တစ္ပါးအလား။
"အန္... သူက ဘယ္သူလဲ"
"သူက ဒီကိုဘာလာလုပ္တာလဲ? တစ္ခုခုလြဲေနတာမ်ားလား"
"လက္ေ႐ြးစင္ေလးပါး ၿပိဳင္ပြဲမွာလည္း ငါသူ႕ကို မျမင္ဖူးဘူး"
လူအမ်ားစုက သံသယေတြနဲ႔ ၾကည့္လိုက္ၾကတယ္။
ဒီေကာင္စုတ္ေလးက ဘယ္သူလဲ?
သူက ဘာစကားမွမေျပာပဲ စင္ေပၚကို သြားေနတယ္။
ဒါက ဘယ္လိုေနရာမ်ိဳးမွန္း သူမသိဘူးလား?
"အဲ? အဲတာ ခ်ဴးယြန္မဟုပ္လား"
တန္းဖုန္းနဲ႔ ရဲခ်ဴဂ်န္ တစ္ဦးကိုတစ္ဦး စိတ္႐ႈပ္ေထြးစြာ ၾကည့္လိုက္ၾကတယ္။
ခ်ဴးယြန္က ဒီမွာဘယ္လိုလုပ္ေပၚလာတာလဲ?
သူက လက္ေ႐ြးစင္ေလးပါးမွာ မပါဘူးမဟုပ္လား!
"ခ်ဴးယြန္?"
ေ႐ွာင္ေကာင္း အံ့ဩသြားပါတယ္။ခ်ဴးယြန္ကို ျမင္ၿပီးေနာက္ သူ႕မ်က္ဝန္းေတြက အနည္းငယ္မည္းေမွာင္ သုန္မႈန္သြားခဲ့ၿပီေလ။
ေ႐ွာင္ကလန္က ခ်ဴးယြန္ကို အလြန္မုန္းတီးၾကပါတယ္။ခ်ဴးယြန္က ေ႐ွာင္ကလန္ရဲ႕ သခင္ေလးႏွစ္ေယာက္ျဖစ္တဲ့ ေ႐ွာင္ထ်န္းခ်န္နဲ႔ ေ႐ွာင္ခ်ီကို သတ္ျဖတ္ခဲ့တယ္မဟုပ္လား။ထိုသူေတြက ေ႐ွာင္ကလန္ရဲ႕ အင္အားကို မထိခိုက္ေစေပမယ့္ သူတို႔ကို မ်က္ႏွာပ်က္ရေစပါတယ္။
"သတၱမအႀကီးအကဲ... မူလေရခဲၿမိဳ႕ကထြက္တာနဲ႔ သတ္ဖို႔ ပစ္မွတ္တစ္ခုတိုးလာၿပီ"
ေ႐ွာင္ေကာင္း သူ႕အေနာက္က အဖိုးႀကီးကို လွည့္ေျပာလိုက္တယ္။
"ေကာင္းၿပီ သခင္ေလးေကာင္း"
ေ႐ွာင္ကလန္ အႀကီးအကဲ ခ်ဴးယြန္ကို ၾကမ္းၾကဳတ္စြာနဲ႔ ၾကည့္လိုက္ပါၿပီ။
သူက ခ်ဴးယြန္ရဲ႕ တန္ဖိုးကိုသိပါတယ္။တစ္ကယ္လို႔ သူ႕ကိုသာ ဖမ္းဆီးႏိုင္ရင္ ကလန္ထဲမွာ သူ႕ဂုဏ္ အ႐ွိန္ဝါက ပိုေတာက္ပလာမယ္ေလ။ဒါက သူ႕အနာဂါတ္အတြက္လည္း ေကာင္းမြန္တယ္မဟုပ္လား။
"သူက"
ခ်ဴးယြန္ကိုျမင္ေတာ့ ရီလီလီရဲ႕ မ်က္ဝန္းေတြက အေရာင္လက္သြားပါတယ္။
ခ်ဴးယြန္က ယုဝမ္ေဟာက္ဆိုတာ သူမသိေနခဲ့ၿပီေလ။
ရီလီလီ ခ်ဴးယြန္က လက္ေ႐ြးစင္ေလးပါးလုံးရဲ႕ ပထမလို႔ ေတြးလိုက္မိပါေသးတယ္။ဒါေပမယ့္ ဒီအေတြးကို အျမန္ဖ်က္သိမ္းလိုက္ပါတယ္။
ဒါက ဘယ္လိုျဖစ္ႏိုင္မွာလဲ?
စင္ေပၚမွာေတာ့ အလွေလး ေလးဦး ခ်ဴးယြန္ကိုလွည့္ၾကည့္လိုက္ၾကတယ္။
"မင္းတို႔ ဆုလဒ္ေတြအခုေပးလို႔ရၿပီ"
ခ်ဴးယြန္ လ်စ္လ်ဴ႐ႈစြာျပဳံးရင္း ေျပာလိုက္တယ္။
"ဆုေတြေပးရမွာလား"
မိန္းမပ်ိဳေလးေယာက္ စိတ္႐ႈပ္ေထြးသြားပါတယ္။
ခ်ဴးယြန္ေျပာတဲ့ အဓိပၸာယ္ကို သူတို႔ နားမလည္ႏိုင္ၾကပါဘူး။
စင္ေအာက္႐ွိ ကြၽမ္းက်င္သူႀကီးေတြလည္း သူတို႔ နားၾကားမွားသလို ထင္ကုန္ၾကပါတယ္။
ဒီေကာင္စုတ္ေလးက ဘယ္သူလဲ?
သူက ဒီကို ဘာလာလုပ္တာလဲ?
ဆုလဒ္ေတြက သူနဲ႔ ဘယ္လိုသက္ဆိုင္လို႔လဲ?
"ငါေျပာခ်င္ဝာာက.."
ခ်ဴးယြန္ ျပဳံး႐ႊင္စြာနဲ႔ ခနရပ္ၿပီးေနာက္ ဆက္ေျပာလိုက္ပါၿပီ။
"လက္ေ႐ြးစင္ေလးပါး ပထမရဲ႕ ဆုေတြအကုန္လုံး ငါ့ကိုေပး"
ခ်ဴးယြန္ရဲ႕ အသံက အလြန္ကို ႐ွင္းလင္းျပတ္သားပါတယ္။သူ႕လက္ကို တစ္ခ်က္ေဝွ႔ယမ္းလိုက္တာနဲ႔ ေက်ာက္စိမ္းေလးခုက ေလေပၚမွာ ပ်ံဝဲထြက္ေပၚလာခဲ့ၿပီေလ။
"ဒါက..."
ဒါကိုျမင္ေဝာာ့ လူတိုင္းစိတ္႐ႈပ္ေထြးကုန္ပါတယ္။
ေက်ာက္စိမ္းေလးခု၊ ဒါက ဘာအဓိပၸာယ္လဲ?
ခ်ဴးယြန္ အထူးတလည္ ႐ွင္းမျပေတာ့ပါဘူး။ေကာင္းကင္ဖုံးကြယ္ မ်က္ႏွာဖုံးကို တပ္လိုက္ပါၿပီ။သူ႕ပုံစံက ေျပာင္းလဲသြားခဲ့ၿပီေလ။
ဂႏၶမာအသင္းက ယြန္ယန္!
ဒါကိုျမင္ေတာ့ ဂ်န္ေဝနဲ႔ လူအန္ အံ့အားသင့္သြားပါတယ္။
ဒီေနာက္ ေကာင္းကင္ဖုံးကြယ္မ်က္ႏွာဖုံးက တစ္ဖန္ေျပာင္းလဲသြားခဲ့ျပန္ပါၿပီ။
ခ်ဴးယြန္ခႏၶာကိုယ္က နတ္ဆိုးကီေတြထြက္ေပၚေနလို႔- မက္မြန္အသင္းက ယုဝမ္ေဟာက္!
ေဝရန္ရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္ေနလို႔။
ဝါးခေမာက္ကို ေဆာင္းထားတဲ့ ဝါးအသင္းက စုန္႔ပိုင္႐ႊမ္း!
ေက်ာက္႐ွမ္ စိတ္႐ႈပ္ေထြးစြာနဲ႔ ေတာင့္ေတာင့္ႀကီးျဖစ္သြားပါတယ္။
ေနာက္ဆုံးတစ္ခုကေတာ့ သစ္ခြအသင္းက ဝူခ်န္ခ်င္း!
ယြမ္႐ို႕စီရဲ႕ လွပတဲ့ ခႏၶာကိုယ္ေလးက တုန္ခါသြားၿပီး အလြန္အံ့အားသင့္ေနလို႔။
မတူညီတဲ့ အသြင္ျပင္ေလးခုကို ေျပာင္းလဲၿပီးေနာက္ ေခ်ာေမာတဲ့ လူငယ္တစ္ေယာက္ရဲ႕ ႐ုပ္သြင္က ျပန္လည္ထြက္ေပၚလာခဲ့ပါၿပီ။
သူက လက္ႏွစ္ဖက္ဆုပ္ၿပီး ျပဳံးလိုက္တယ္။
"ဒီလူေလးေယာက္က ငါပါပဲ"
ခ်ဴးယြန္အသံက မက်ယ္ခဲ့ပါဘူး။ဒါေပမယ့္ လူတိုင္းရဲ႕နားထဲမွာေတာ့ မိုးႀကိဳးေတြ ပစ္ခြင္းလိုက္တဲ့အလားပါပဲ။
"ယြန္ယန္!"
"ယုဝမ္ေဟာက္!"
"စုန္႔ပိုင္႐ႊမ္း!"
"ဝူခ်န္ခ်င္း!"
လူတိုင္း အံ့အားသင့္ တုန္လႈပ္ကုန္ၾကပါတယ္။
ဒီနံမယ္တစ္ခုစီက လက္ေ႐ြးစင္ေလးပါးက ခ်ဴးယြန္ရဲ႕ ျမင့္ျမတ္မႈကို ကိုယ္စားျပဳေနတယ္မဟုပ္လား။
အံ့ဖြယ္ ဝိေသသလကၡဏာ!
ေနာက္ဆုံးမွာ နံမယ္ေလးခုက နံမယ္တစ္လုံးအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။
ထိုနံမယ္က လူတိုင္းရဲ႕ နားေတြထဲမွာ မိုးႀကိဳးပစ္သလို ျမည္ဟီးေနဆဲ။
ခ်ဴးယြန္!
"ငါသိၿပီ... သူက ကုန္းဇီဆယ္ပါးထဲက အသန္မာဆုံး ေ႐ႊထ်န္းသခင္ေလး... သန္႔စင္ျခင္းလမ္းကိုးပါး ေစတီရဲ႕ သခင္... အရိပ္ေတာင္တန္းသခင္ ဝမ္က်ိဳးရဲ႕ တူေလး... ခ်ဴးယြန္!"
တစ္ေယာက္က ေအာ္ေျပာလိုက္တယ္။
သူ႕စကားကိုၾကားၿပီးေနာက္ လူအမ်ား ႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကၿပီေလ။
"ဘာ... သူက ေ႐ွာင္ကလန္ရဲ႕ သခင္ေလးႏွစ္ပါးကို သတ္ခဲ့တာလား"
"ေအးကြ... အဲတာ သူပဲ"
"ငါ ခ်ဴးယြန္ကိုၾကားဖူးတယ္... သူက ဓါးစိတ္ဆႏၵနဲ႔ ေဆဘာစိတ္ဆႏၵကို ေပါင္းစပ္ႏိုင္ခဲ့တယ္တဲ့"
"ဒ႑ာရီေတြအရ သူ႕ရဲ႕ ဓါးေန႔ေဆဘာစိတ္ဆႏၵအေပၚ နားလည္ႏိုင္စြမ္းက အျမင့္ဆုံးကို ေရာက္ေနၿပီတဲ့"
"မက္မြန္ၿပိဳင္ပြဲက ျဖစ္ရပ္က အံ့ဩစရာမဟုပ္ေတာ့ပါဘူးေလ... ဓါးနဲ႔ေဆဘာကို တစ္ၿပိဳင္ထဲထိန္းခ်ဳပ္သြားတာက တစ္ကယ္ပဲ ခ်ဴးယြန္ျဖစ္ေနတာကိုး"
"သူက တန္းနဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရး႐ွ္ိတယ္မဟုပ္လား"
"သူ႕လို ပါရမီ႐ွင္ကို တန္းက လက္လႊတ္ပါ့မလား"
"သူက တစ္ကယ္ပဲခ်ဴးယြန္ေပါ့"
"ဒီလူေလးေယာက္က ခ်ဴးယြန္နဲ႔တူသေယာင္ေယာင္ ငါခံစားေနရတာ အံ့ဩစရာမဟုပ္ေတာ့ပါဘူး"
လူအမ်ားက ဒီအေၾကာင္းကို စိတ္လႈပ္႐ွားစြာ ေဆြးေႏြးလိုက္ၾကတယ္။
သူတို႔အေနနဲ႔ ဒ႑ာရီတစ္ခု ေမြးဖြားလာတာကို ကိုယ္တိုင္ကိုယ္က် ျမင္ေတြ႕ခဲ့ရတယ္ေလ။ဒါက အတိတ္မွာလည္း မျဖစ္ဖူးသလို အနာဂါတ္မွာလည္း ျဖစ္လာဖို႔ မလြယ္ကူတဲ့ အံ့ဖြယ္အမႈတစ္ခုပါပဲ!
ပရိသတ္တင္မက ၿပိဳင္ပြဲဝင္ေတြလည္း သူ႕ကို ေငးၾကည့္ေနၾကလို႔!
အစည္းအေဝးရဲ႕ ပထမ!
မၾကဳံစဖူး ထူးကဲတဲ့ လက္ေ႐ြးစင္ေလးပါးလုံးရဲ႕ ပထမ!
"ဒီေကာင္"
တန္းဖုန္း ပထမမွာ အံ့အားသင့္သြားေပမယ့္ သူ ကူကယ္ရာမဲ့စြာနဲ႔ ရယ္ေမာလိုက္ပါတယ္။
"ငါက ဒီနတ္ဆိုးလိုေကာင္ကို ႐ႈံးလိုက္ရတာပဲ...
လခြမ္းပဲ... ငါပိုခံစားသြားရၿပီ"
သူျပဳံးလိုက္ပါတယ္။ခ်ဴးယြန္ကို ႐ႈံးရတာက အမည္မသိလူတစ္ေယာက္ကို ႐ႈံးနိမ့္ရတာထက္ေတာ့ သာေသးတယ္မဟုပ္လား။
'ငါက ရီလီလီကို ႐ႈံးခဲ့ရတယ္... ရီလီလီက ခ်ဴးယြန္ကို အႏိုင္မယူႏိုင္ခဲ့ဘူး... ငါသူ႕ကိုမွီဖို႔ အေဝးႀကီးမွာ႐ွ္ိေနတာပဲ!'
အိုကူၿမိဳ႕ေတာ္မွာတုန္းက သူက နတ္ဘုရားစြမ္းရည္နယ္ပယ္ေတာင္ မေရာက္ေသးပါဘူး... ဒီေလာက္ျမန္ျမန္ သူဘယ္လိုတိုးတက္ေနတာလဲ?
ရဲခ်ဴဂ်န္ ဒီေနာက္ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ပါၿပီ။
အရင္ ရဲကူရင္က ခ်ဴးယြန္ ဘယ္ေလာက္သန္မာေၾကာင္းေျပာေနခ်ိန္ သူဂ႐ုမစိုက္ခဲ့ပါဘူး။
သူဘယ္ေလာက္သန္မာေနပါေစ ရဲကူရင္ထက္ပဲ သာႏိုင္မယ္လို႔ ထင္ထားခဲ့တာပါ။
အခုျပန္စဥ္းစားၾကည့္ခ်ိန္မွာေတာ့ သူ႕အေတြးေတြက တစ္ကယ့္ဟာသေတြလိုပါပဲ!
ကံေကာင္းေထာက္မစြာ သူခ်ဴးယြန္ကို ရန္မစခဲ့ပါဘူး!
ခ်ဴးယြန္ဆိုတာ သိလိုက္ရၿပီးေနာက္ ေ႐ွာင္ေကာင္း တုန္ရီသြားပါတယ္။
ဒါက တစ္ကယ့္ကိုခ်ဴးယြန္ပဲ...
မက္မြန္ၿပိဳင္ပြဲ ပထမအဆင့္မွာတင္ သူ႕ကိုအႏိုင္ယူခဲ့သူက သူအရမ္းသတ္ခ်င္ေနတဲ့ ခ်ဴးယြန္ျဖစ္ေနလို႔ပါ
ေ႐ွာင္ေကာင္း မိုးနဲ႔ေျမက ေျပာင္းျပန္လွန္သြားသလို ခံစားလိုက္ရပါတယ္။သူ႕ေခါင္းထဲမွာလည္း အေတြးမ်ိဳးစုံနဲ႔ ခံစားခ်က္ေတြ႐ႈပ္ေထြးေနလို႔။ေနာက္ဆုံးမွာေတာ့ ဒါေတြက သူ႕ရင္ဘက္ကို ႐ိုက္ခတ္လာတဲ့ လိႈင္းလုံးႀကီးေတြလို ေျပာင္းလဲသြားခဲ့ပါၿပီ။
သူအသက္ကို ပုံမွန္မ႐ႈႏိုင္ေတာ့ပါဘူး!
"ဖူး"
ေ႐ွာင္ေကာင္း ေသြးတစ္လုပ္အန္ထုတ္ကာ ပစ္လဲသြားခဲ့ၿပီေလ။သူစိတ္ပ်က္သြားသလို ေဒါသေတြလည္း အလြန္ထြက္ေနလို႔။
မင္းကို မုန္းတယ္! မင္းကို မုန္းတယ္ကြ!
ဒါကိုျမင္ေတာ့ သတၱမအႀကီးအကဲ ပ်ာယာခတ္သြားပါတယ္။
"သခင္ေလးေကာင္း... သတိထားပါဦး"
တစ္ခ်ိန္ထဲမွာ လုံေကာင္းကလည္း ဒါကို လက္မခံႏိုင္ပါဘူး!
ပထမေနရာကို ဆုံး႐ႈံးလိုက္ရကတည္းက သူ႕စိတ္အေျခေနက မေကာင္းမြန္းေသးတာပါ။
ဒါက သူ႕ပါးကို အားကုန္ျဖတ္႐ိုက္လိုက္သလိုပဲေလ။ သူအခုထိ နာက်င္ေနတုန္းပဲ!
ခ်ဴးယြန္ကိုျမင္ေတာ့ သူေျပားခဲ့တဲ့ စကားေတြကို ျပန္သတိရလာပါတယ္။
"မင္းတို႔ သိုင္းပညာ႐ွင္ေတြက နိမ့္က်တယ္... ငါ့လို ပန္းပဲပညာ႐ွင္ကမွ ျမင့္ျမတ္တာ"
"မင္းဘာၾကည့္တာလဲ... မင္းက လက္ေ႐ြးစင္ေလးပါးမွာ နံမယ္ႀကီးလာတဲ့ လူတစ္ေယာက္ပဲမဟုပ္လား... ငါ့မ်က္ေစ့ထဲမွာေတာ့ မင္းက ခြန္အားနည္းနည္း႐ွိတဲ့ လူ႐ိုင္းတစ္ေကာင္ပဲ... ငါ့စကားနည္းနည္းနဲ႔ေတာင္ မင္းက ေသျခင္း၊႐ွင္ျခင္းအတြက္ ေတာင္းပန္သြားရလိမ့္မယ္"
ဒါေတြကို တစ္ခ်က္စဥ္းစားလိုက္႐ုံနဲ႔ လုံခန္း ႏွလုံးသားထဲအထိ ႐ွက္႐ြံ႕မႈကို ခံစားလိုက္ရပါတယ္။
သူ႕ရဲ႕ မာန္မာနေတြအကုန္ တစ္ႀကိမ္ထဲနဲ႔ ႐ိုက္ခ်ိဳးခံလိုက္ရၿပီေလ။အေကာင္းအတိုင္း တစ္ခုမွမက်န္ခဲ့ပါဘူး။
သူက ဒီလို မြန္းစတားမ်ိဳးကို ေလွာင္ေျပာင္ခဲ့မိတယ္။
သူ႕ေခါင္းထဲမွာ အေတြးေပါင္းစုံ ေယာက္ယက္ခတ္ၿပီး သူ႕မ်က္လုံးေတြက လႈပ္ခတ္ကာ သတိလစ္သြားခဲ့ပါၿပီ။
"သခင္ေလးလုံ! သခင္ေလးလုံ!"
အနီးနား႐ွိ အေစာင့္ေတြ သူတို႔မိဘ ဆုံး႐ႈံးလိုက္ရသလို ေအာ္ဟစ္ၿပီး လုံခန္းကို ေဆးေတြခ်က္ခ်င္းတိုက္လိုက္ၾကတယ္။
"ငါမွားသြားတယ္"
ေဝရန္ သက္ျပင္းခ်လိုက္တယ္။ယုဝမ္ေဟာက္က သူထင္သလို ဘုန္းႀကီးမဟုပ္ပဲ ခ်ဴးယြန္ ျဖစ္ေနခဲ့တယ္ေလ။
အလယ္ပိုင္းကို အႀကိမ္ႀကိမ္ လႈပ္ခတ္ေစခဲ့တဲ့ လူငယ္ေလး!
ဂ်န္ေဝ တံေတြးတစ္လုပ္ကို ၿမိဳခ်လိုက္ပါတယ္။
ခ်ဴးယြန္ရဲ႕ အေမက ဘယ္သူမွမယွဥ္ႏိုင္ေတာ့တဲ့ ေကာင္းကင္ဂုဏ္ေဆာင္ ပါရမီ႐ွင္ ဝမ္စီေတးပါ!
သူမရဲ႕ က်င့္ၾကံျခင္းကိုသာ မဆုံး႐ႈံးလိုက္ရရင္ ဒုတိယ ကုန္းရန္လ်န္းျဖစ္လာႏိုင္ပါတယ္။
ဒီလိုလူမ်ိဳးကို သူ႕အလုပ္မွာကူညီဖို႔ ဖိတ္ေခၚမိတာ ျပန္စဥ္းစားမိေတာ့ သူ႕မ်က္ႏွာကို ဖုံးကြယ္ဖို႔တြင္းတစ္တြင္းကို ႐ွာခ်င္သြားပါတယ္။
ေက်ာက္႐ွမ္ စိတ္သက္သာရာရသြားဟန္နဲ႔ သူ႕ရင္ဘက္သူ ျပန္ထုလိုက္ပါတယ္။
ခ်ဴးယြန္ကို အျပစ္ျပဳမိခဲ့ေပမယ့္ သူက အေျမာ္ျမင္႐ွိစြာ ေတာင္းပန္ႏိုင္ခဲ့တယ္ေလ။မဟုပ္ရင္ အက်ိဳးဆက္ကို သူခံႏိုင္မွာမဟုပ္ဘူး!
ခ်ဴးယြန္ကေတာ့ စင္ေပၚမွာ တည္ၿငိမ္စြာရပ္ေနလို႔။
အခု သူ႕ရဲ႕ အ႐ွိန္အဝါေတြက မိုးနဲ႔ေျမကိုဝါးၿမိဳဖို႔ေတာင္ လုံေလာက္ေနေလာက္ၿပီ!
မေရတြက္ႏိုင္တဲ့ ဂိုဏ္းခ်ဳပ္ႀကီးေတြ႐ွိေနရင္ေတာင္ အခုခ်ိန္မွာ သူ႕ရဲ႕ေတာက္ပမႈကို ဖုံးကြယ္ႏိုင္မွာမဟုပ္ဘူး။
ဒီခနမွာ သူက ၾကယ္စင္စုခန္းမတစ္ခုလုံးရဲ႕ အာ႐ုံစိုက္ရာ ဗဟိုခ်က္ျဖစ္လာခဲ့ပါၿပီ။
ခ်ဴးယြန္ဆိုတာက အံ့ဖြယ္အမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေကာင္းကင္ဂုဏ္ေဆာင္ ပါရမီ႐ွင္တစ္ဦးပါပဲ!
"နတ္ဆိုးတစ္ေကာင္ ေမြးဖြားလာတာနဲ႔ အလယ္ပိုင္းေဒသပါ ေျပာင္းလဲသြားလိမ့္မယ္"
လ်ဴယြိဟန္ နက္႐ိႈင္းစြာေျပာလိုက္တယ္။
တစ္ခ်ိန္က အုပ္ခ်ဳပ္သူခုႏွစ္ပါးထဲမွာ တစ္ပါးျဖစ္ခဲ့ဖူးသူ သူ႕အဖို႔ ခ်ဴးယြန္ရဲ႕ ပါရမီက သာမန္မဟုပ္တာ သတိထားမိၿပီးသားပါ။
အရင္ အလယ္ပိုင္းေဒသမွာ ေက်ာ္ၾကားသူေတြအမ်ားႀကီး႐ွိခဲ့ေပမယ့္ တစ္ဦးမွ ခ်ဴးယြန္ကို မွီႏိုင္လိမ့္မယ္မဟုပ္ပါဘူး။
လ်ဴယြိဟန္ေျပာတာၾကားေတာ့ အနီးနား႐ွိ ဂိုဏ္းခ်ဳပ္ႀကီးေတြရဲ႕ မ်က္ႏွာအမူရာေတြ ေျပာင္းလဲကုန္ၾကၿပီေလ။
မၾကာေသးမွီ ႏွစ္မ်ားအတြင္း အႀကီးအကဲလ်ဴ ခ်ီးမႊမ္းခံရသူ တစ္ဦးမွ မ႐ွိခဲ့ပါဘူး။
ခ်ဴးယြန္ တစ္ဦးထဲသာပါ။
ေနာက္ဆုံးမွာေဝာာ့ မိန္းမပ်ိဳေလးဦး ထိတ္လန္႔တုန္လႈပ္ေနမႈက ခက္ခဲစြာသတိျပန္ဝင္လာခဲ့ပါၿပီ။သူတို႔ တစ္ဦးၾကည့္လိုက္ၾကပါတယ္။အခ်ိန္တိုအတြင္း ဒီလိုတုန္လႈပ္မႈမ်ိဳးကို ဖိႏွိမ္ႏိုင္ဖို႔ မလြယ္ဘူးေလ။
"ဒါက"
အမ်ိဳးသမီးက ပထမဆုံး စကားစလိုက္ပါတယ္။
"လက္ေ႐ြးစင္ေလးပါးၿပိဳင္ပြဲရဲ႕ သမိုင္းမွာ ဒါက ပထမဆုံးအျဖစ္ပ်က္ပဲ... ငါ ဆရာ့ဆီက လမ္းၫႊန္မႈေတာင္းရဦးမယ္"
အလယ္႐ွိ အမ်ိဳးသမီးက ေျပာလိုက္ပါတယ္။
သူမေျပာတဲ့ ဆရာဆိုတာက အလယ္ပိုင္းေဒသရဲ႕ ဒီၿမိဳ႕ေတာ္ရဲ႕ အ႐ွင္သခင္... အလယ္ပိုင္းေဒသရဲ႕ လူထူးဆန္းက အဖိုးႀကီးထ်န္းဂ်ိပါပဲ!
"ရတာေပါ့"
ခ်ဴးယြန္ ျပဳံးလိုက္ပါတယ္။
ဒီလို သမိုင္းတြင္ေလာက္တဲ့ အခိုက္တန္႔မွာ အခ်ိန္နည္းနည္းပိုေနရတဲ့အတြက္ သူက စိတ္ထဲမထားခဲ့ပါဘူး။
အပိုင္း 513 အဖိုးႀကီးထ်န္းဂ်ိ
ပရိသတ္အကုန္လုံးက စင္ျမင့္႐ွိ ခ်ဴးယြန္ကိုအာ႐ုံစိုက္ေနၾကလို႔။အခ်ိဳ႕က တုန္လႈပ္ၾကပါတယ္၊ အခ်ိဳ႕ကေတာ့ မနာလိုၾကၿပီး အခ်ိဳ႕ကလည္း ေပ်ာ္႐ႊင္ေနခဲ့ၾကတယ္ေလ။။
ဘယ္လိုပဲျဖစ္ျဖစ္ လူတိုင္းက ဒါကိုယုံၾကည္ၾကပါတယ္။
"လက္ေ႐ြးစင္ေလးပါးလုံးရဲ႕ပထမ... ဒီေလာကႀကီးထဲမွာ ဒီလိုပါရမီ႐ွင္မ်ိဳး ႐ွိေနေသးတာပဲ... ငါယုံသြားၿပီ"
"မင္းမွလား... ငါလည္း ယုံသြားၿပီေလ"
"မတူညီတဲ့ နည္းလမ္းေတြနဲ႔ လက္ေ႐ြးစင္ေလးပါးမွာ ပထမရဖို႔... ဒီလိုလုပ္ဖို႔ ဘယ္ေလာက္ေတာင္ခက္ခဲလိုက္မလဲ"
"ဒါက အရမ္းေၾကာက္စရာေကာင္းတယ္... ငါလည္း လူအမ်ားႀကီးေ႐ွ႕မွာ ဒီလိုလုပ္ခ်င္လိုက္တာ"
"အား... ငါအားက်လိုက္တာကြာ"
ပရိသတ္က ေျပာဆိုလိုက္ၾကတယ္။သူတို႔အေနနဲ႔ တစ္ကယ့္ကို မနာလိုမိၾကတယ္ေလ။ဒါေပမယ့္ သူတို႔ၾကား ကြာဟခ်က္က ႀကီးမားလြန္းလို႔ သူတို႔အေနနဲ႔ ဘာမွမတတ္ႏိုင္ပါဘူး။
သင္နဲ႔ အဆင့္တူလူတစ္ဦးက အံ့ဖြယ္အမႈကို ႐ုတ္တရက္ ျပဳလုပ္လာရင္ မနာလိုၾကပါလိမ့္မယ္။
'ဘာလို႔သူက ဒီလို လုပ္ႏိုင္ရတာလဲ၊ ငါကေရာ?'
ဒါေပမယ့္ ဒါေပမယ့္ သင္က တစ္ဖက္လူထက္ မ်ားစြာသာလြန္သြားရင္ေတာ့ သူတို႔အေနနဲ႔ ဘယ္လို မနာလိုႏိုင္ၾကေတာ့မွာလဲ?
မနာလိုခ်င္ရင္ေတာင္ မနာလိုပိုင္ခြင့္မ႐ွိပါဘူး။
အ႐ိုး႐ွင္းဆုံးဥပမာကေတာ့ အစားေသာက္ေတာင္ ပုံမွန္မစားႏိုင္တဲ့ စေတာင္းစားက ႐ွင္ဘုရင္ကို
ဘယ္လိုမနာလိုႏိုင္ေတာ့မွာလဲ?
တန္း႐ွီ စင္ေပၚမွာရပ္ေနတဲ့ ခ်ဴးယြန္ကို လွမ္းၾကည့္လိုက္ပါတယ္။ၿပီးတာနဲ႔ သူမ ခါးသီးစြာရယ္ေမာလိုက္ပါၿပီ။
သူမက ကူကယ္ရာမဲ့စြာနဲ႔ ရယ္ေမာခ်င္မိပါတယ္။
ခ်ဴးယြန္ရဲ႕ ပင္ကိုယ္စ႐ိုက္အရ လက္ေ႐ြးစင္ေလးပါးရဲ႕ ပထမျဖစ္ဖို႔ တမင္တိုက္ခိုက္မွာမဟုပ္ပါဘူး။ဒါေပမယ့္ အေၾကာင္းဖန္လာခဲ့ရင္ေတာ့ သူက ရေအာင္တိုက္ခိုက္ပါလိမ့္မယ္။
အျခား အမ်ိဳးသမီးသုံးေယာက္က ခ်ဴးယြန္ကို စိတ္ဝင္စားစြာၾကည့္လိုက္ပါတယ္။
သူမတို႔က အဖိုးႀကီးထ်န္းဂ်ိအေနာက္ကိုလိုက္ရင္း မေရတြက္ႏိုင္တဲ့ ပါရမီ႐ွင္ေတြနဲ႔ ၾကဳံေတြ႕ခဲ့ဖူးပါတယ္။ဒါေပမယ့္ နယ္ပယ္ေလးခုလုံးမွာ ေအာင္ျမင္တဲ့ ခ်ဴးယြန္လို လူမ်ိဳးကိုေတာ့ တစ္ခါမွ မျမင္ဖူးပါဘူး။
ေနာက္ၿပီး ထိုမိန္းမပ်ိဳေလးေတြက ခ်ဴးယြန္ထက္ မ်ားစြာ အသက္မႀကီးတာမို႔ ခ်ဴးယြန္ကို စူးစမ္းခ်င္ၾကပါတယ္။
မၾကာခင္မွာပဲ အဖိုးႀကီးထ်န္းဂ်ိကို သတင္းသြားေပးတဲ့ မိန္းမပ်ိဳေလး ျပန္ေရာက္လာခဲ့ပါၿပီ။သူမက ခ်ဴးယြန္ကို ေတာင္းပန္ဟန္နဲ႔ ၾကည့္လိုက္ၿပီး
"သခင္ေလးခ်ဴး... နင့္ကို ေစာင့္ဆိုင္းေစမိတာ ေတာင္းပန္ပါတယ္... သမိုင္းမွာ ဒီလိုျဖစ္ရပ္မ်ိဳးမ႐ွိဖူးေပမယ့္ ဆုေတြကို ပုံမွန္အတိုင္း ေပးသြားမွာပါ"
ခ်ဴးယြန္ ေခါင္းညိမ့္ျပလိုက္ပါတယ္။
"ဆရာက အစည္းအေဝးၿပီး သူ႕ကို လာေတြ႕ပါတဲ့"
မိန္းမပ်ိဳ ဆက္ေျပာလိုက္တယ္။
"ေကာင္းၿပီ"
ခ်ဴးယြန္ ေျပာလိုက္တယ္။
ခ်ဴးယြန္လည္း ထိုအဖိုးႀကီးထ်န္းဂ်ိကို စိတ္ဝင္စားေနမိလို႔။ဒ႑ာရီေတြအရ သူ႕ရဲ႕ နမိတ္ဖက္ပညာက ႏွစ္ေပါင္းငါးရာအထိ ႀကိဳျမင္ႏိုင္စြမ္း႐ွိတယ္တဲ့။ဒါက တစ္ကယ္ဟုပ္မဟုပ္ သူသိခ်င္မိပါတယ္။
သူ႕မွာ အခြင့္ေရးတစ္ခုပဲ ႐ွ္ိတာမို႔ သူေသခ်ာအသုံးခ်ရပါလိမ့္မယ္။
လူတိုင္းရဲ႕ အၾကည့္ေအာက္မွာပဲ ဆုေလးမ်ိဳးကို သူလက္ခံယူလိုက္ပါၿပီ။ဒီအခ်ိန္မွာ သူက အလြန္ကိုေတာက္ပေနလို႔။
အခန္းထဲကို ျပန္ေရာက္ၿပီးေနာက္ သတိလစ္ေနေသးတဲ့ လူသုံးေယာက္ကိုၾကည့္ၿပီး ကူကယ္ရာမဲ့စြာ ရယ္ေမာလိုက္ပ္တယ္။
တစ္ကယ္တမ္း သူပထမေနရာရဖို႔အတြက္ ဒီလူသုံးေယာက္လည္း ႀကိဳးစားအားထုတ္မႈေတြ ျပဳခဲ့ရတယ္ေလ။
အထူးသျဖင့္ ယုဝမ္ေဟာက္... သူဆိုရင္ အုတ္ခဲနဲ႔
ခနခနအထုခံရတာမို႔ သူ႕ေခါင္းေပၚ႐ွိဘုက
အေတာ္ႀကီးမားေနခဲ့ပါၿပီ။
အျခားႏွစ္ေယာက္က ဒီေလာက္မဟုပ္ေပမယ့္
သူတို႔လည္း အလြန္ႀကိဳးစားခဲ့ရပါတယ္။
ခ်ဴးယြန္ ထိပ္တန္းအဆင့္ ေဆးသုံးလုံးထဲက ႏွစ္လုံးကို ယုဝမ္ေဟာက္နဲ႔ ဝူခ်န္ခ်င္းကို ေပးလိုက္ပါတယ္။
စုန္႔ပိုင္႐ႊမ္းကိုေတာ့ ထိပ္တန္းအဆင့္ ဝိညာဥ္လက္နက္ကို ေပးလိုက္ေတာ့တယ္။ၿပီးေနာက္ ေက်ာက္စိမ္းသုံးခုကိုလည္း ျပန္ေပးလိုက္ၿပီေလ။
"ခ်ဴးကေလး... ၿပီးၿပီလား"
ဒီခနမွာပဲ တံခါးအျပင္က အသံတစ္ခ်က္ ထြက္ေပၚလာပါတယ္။
သူမက ကုခ်င္းကို အသုံးျပဳခဲ့သူပါ။သူမက
အမ်ိဳးသမီးေလးဦးရဲ႕ ေက်ာ႐ိုးဆိုရင္လည္း မမွားပါဘူး။
သတိလစ္ေနတဲ့ သိုင္းပညာ႐ွင္သုံးဦးကိုျမင္ေတာ့ သူမ ကူကယ္ရာမဲ့ဟန္နဲ႔ ျပဳံးလိုက္ၿပီေလ။
"ၿပီးပါၿပီ"
ခ်ဴးယြန္ ျပဳံး႐ႊင္စြာနဲ႔ ထြက္လာပါတယ္။
"လမ္းျပေပးဖို႔ကေတာ့ အမကိုပဲ ဒုကၡေပးရမွာပဲ"
"ခ်ဴးကေလးက စကားေျပာခ်ိဳသားပဲ"
ဒါကိုၾကားေတာ့ အမ်ိဳးသမီးရဲ႕အျပဳံးက ပိုပီျပင္လာခဲ့ပါၿပီ။
"ဒီက အမနံမယ္ဘယ္လိုေခၚလဲ"
ခ်ဴးယြန္ အသာျပဳံးလိုက္တယ္။
"ငါ့နံမယ္က ခ်င္းခ်င္းပါ!"
သူမက စကားေပ်ာရင္း ေပ်ာ္႐ႊင္လာဟန္နဲ႔ ရယ္ေမာသံေလးေတြပါ ထြက္ေပၚလာခဲ့ၿပီေလ။
ခ်ဴးယြန္က သူမထက္ ႏွစ္အနည္းငယ္ ငယ္ေသးေပမယ့္ အမႀကီးလို႔ ေခၚျခင္းရဲ႕ အဓိပၸာယ္ကို နားလည္ေနခဲ့ပါၿပီ။
ခ်င္းခ်င္းရဲ႕ ဦးေဆာင္မႈနဲ႔ ခ်ဴးယြန္ ၾကယ္စင္စုခန္းမက ထြက္ခြာကာ ဆီးဇာစတားနန္းေဆာင္ကို ေရာက္လာခဲ့ၿပီေလ။
ဂိုဏ္းခ်ဳပ္ႀကီးေတြလည္း ဆီးဇာစတားနန္းေဆာင္ကို လာေနၾကလို႔ပါ။ဒါေပမယ့္ နန္းေဆာင္႐ွိ "နားေနတယ္" ဆိုတဲ့ စကားလုံးကို ျမင္ၿပီးေနာက္ စိတ္ပ်က္စြာ လွည့္ျပန္သြားၾကရပါၿပီ။
ေနာက္ဆုံး ဆီးဇာစတားနန္းေဆာင္နားတာက လူသားဧကရာဇ္ေလးပါး ေရာက္လာခဲ့လို႔ပါ။ အခုခ်ိန္မွာေတာ့ ခ်ဴးယြန္ေၾကာင့္ တစ္ဖန္အနားယူခဲ့ျပန္ၿပီေလ။
ဒါကိုၾကည့္ရင္ ခ်ဴးယြန္ကို ဘယ္ေလာက္ထိ အေလးထားတယ္ဆိုတာ သိသာပါတယ္။
"လာ"
ခ်င္းခ်င္းက အေ႐ွ႕ကေန တံ ခါးတြန္းဖြင့္ကာ ဝင္သြားလိုက္ပါၿပီ။
"ဆီးဇာစတားနန္းေဆာင္က ဂိုဏ္းခ်ဳပ္ႀကီးေတြကိုပဲ ဧည့္ခံတယ္လို႔ ငါၾကားဖူးတယ္"
ခ်ဴးယြန္ လမ္းေလွ်ာက္ေနရင္း သက္ျပင္းခ်လိုက္တယ္။
"ငါက တာအိုသခင္ပဲ႐ွိေသးတာကို အရည္ခ်င္းျပည့္မွီပါ့မလား"
"ခ်ဴးကေလး... အနာဂါတ္မွာ နင္က ၿပိဳင္ဘက္ကင္းခြန္အား႐ွိတဲ့ ဂိုဏ္းခ်ဳပ္ႀကီးျဖစ္လာမွာပဲေလ... နင္က ဒီမွာ ေနဖို႔ အရည္ခ်င္း႐ွိတာေပါ့"
ခ်င္းခ်င္းက သူမရဲ႕ ပါးစပ္ကို လက္နဲ႔ကြယ္ၿပီး ရယ္ေမာလိုက္ပါတယ္။
ခ်င္းခ်င္းရဲ႕ ဦးေဆာင္မႈနဲ႔ ခ်ဴးယြန္ ဆီးဇာစတားနန္းေဆာင္ရဲ႕ ဒုတိယထပ္႐ွိ အခန္းတစ္ခုထဲကို ေရာက္လာခဲ့ပါၿပီ။
အခန္းထဲကို ဝင္လိုက္တာနဲ႔ ခ်ဴးယြန္ ကမ႓ာကိုဝန္းရံထားတဲ့ ၾကယ္ေပါင္းမ်ားစြာထဲက ဧရာမၾကယ္ႀကီးတစ္လုံးေပၚကို တက္ေရာက္လိုက္ရသလို ခံစားလိုက္ရၿပီေလ။
"ဆရာ... ခ်ဴးကေလးေရာက္ပါၿပီ"
ေျပာၿပီးေနာက္ သူတို႔ကို ထားခဲ့ကာ ဦးၫႊတ္ၿပီး ျပန္ထြက္သြားခဲ့ပါၿပီ။
အခန္းထဲမွာေတာ့ အရပ္႐ွည္႐ွည္နဲ႔ လူႀကီးတစ္ဦး႐ွိေနၿပီး အျဖဴေရာင္ဝတ္စုံကို ဝတ္ဆင္ထားကာ သူ႕လက္ေတြကို ေနာက္ပစ္ထားခဲ့ပါတယ္။
သူက ေလထဲမွာ ရပ္ေနၿပီး အရာအားလုံးကို ေက်ာ္လြန္သြားခဲ့သူတစ္ဦးလို ခံစားခ်က္ကို ရ႐ွိေစတယ္။
"ဆရာႀကီးက ထ်န္းဂ်ိလား"
ခ်ဴးယြန္ ေမးလိုက္တယ္။
အဖိုးႀကီးထ်န္းဂ်ိက တျဖည္းျဖည္းလွည့္လာပါတယ္။သူ႕မ်က္လုံးေတြကေတာ့ ၾကယ္ေတြလို တလက္လက္ေတာက္ပေနလို႔။
"ခ်ဴးယြန္... ငါမင္းကိုေစာင့္ေနတာၾကာၿပီ"
"ဆရာႀကီးက ကြၽန္ေတာ့္ကို ဘာအတြက္႐ွာေနတာလဲခင္ဗ်ာ"
"ဒီေလာကႀကီးထဲက လူတိုင္းပဲ ကံမကံေကာင္းမႈနဲ႔ ေဘးဒုကၡေတြအေၾကာင္းကို သိထားခ်င္ၾကတယ္... သူတို႔ကို နိမိတ္ဖက္ေပးဖို႔ ငါ့ကို ေတာင္းပန္ၾကၿပီး ကံေကာင္းမႈေတြကို ေဆာင္ယူ၊ ကံဆိုးျခင္းေတြကိုေတာ့ ေ႐ွာင္႐ွားျခင္ၾကတယ္"
အဖိုးႀကီးထ်န္းဂ်ိရဲ႕ မ်က္ႏွာမွာ အေရးေၾကာင္းေတြ႐ွိေနေပမယ့္ သူ႕ကိုၾကည့္ရတာ အားနည္းဟန္နည္းနည္းမွ မ႐ွိပါဘူး။
"ဒါေပမယ့္ ငါ့ရဲ႕နိမိတ္ဖက္ျခင္းအတြက္ ေပးေခ်ရမယ့္တန္ဖိုးက ျမင့္မားလြန္းတာမို႔ သာမန္လူေတြ မတတ္ႏိုင္ၾကဘူး... ဒါေၾကာင့္ အခက္ခက္အမ်ိဳးမ်ိဳးေတြကို ရင္ဆိုင္ၿပီး သူတို႔အတြက္ တြက္ခ်က္ေပးဖို႔ ငါ့ကို စည္း႐ုံးခ်င္ၾကတယ္"
"ေျပာရရင္ မင္းကေတာ့ မက္မြန္ၿပိဳင္ပြဲမွာ ပထမရခဲ့တဲ့သူမို႔ ငါ့ရဲ႕ နိမိတ္ဖတ္ေပးခြင့္ရလိမ့္မယ္... ေျပာပါဦး... မင္းဘာသိခ်င္လဲ"
အဖိုးႀကီးထ်န္းဂ်ိ ေျပာလိုက္ပါတယ္။
သူက ခ်ဴးယြန္ရဲ႕ အေျဖကိုေစာင့္ဆိုင္းေနသလို
သူ႕မ်က္လုံးေတြက တလက္လက္ေတာက္ပေနလို႔။
အပိုင္း 514 ႀကီးမားတဲ့အက်ပ္အတည္း
ဒါက ႐ိုး႐ွင္းတဲ့ ေမးခြန္းဆိုေပမယ့္ နက္႐ိႈင္းတဲ့ အဓိပၸာယ္ေတြ ပါဝင္ေနလို႔။
မင္းဘာေမးခ်င္တာလဲ?
ခ်ဴးယြန္ စိတ္႐ႈပ္ေထြးသြားပါတယ္။
သူဘာကိုေမးရမလဲ?
တစ္ကယ္လို႔ သူ႕အရင္ဘဝမွာဆိုရင္ေတာ့ ေဗဒင္ဆရာေတြကို ယုံၾကည္မွာမဟုပ္ပါဘူး။အလိမ္အညာေတြလို႔ပဲ ထင္မိမွာပါ။
ဒါေပမယ့္ တိုင္ဂန္တိုက္ႀကီးမွာေတာ့ ဒီအရာေတြက အမွန္တကယ္ပါပဲ။
ဒါကိုေတြးမိေပမယ့္ သူဘာေမးရမွးမသိေသးပါဘူး။
ဒါကိုေတြးမိေတာ့ ခ်ဴးယြန္ေျပာလိုက္တယ္။
"ကြၽန္ေတာ္ ဘာေမးရမယ္မွန္း စဥ္းစားလို႔မရဘူး... ဆရာႀကီးဘာသာ တြက္ခ်က္ေပးလို႔ရမလား"
ထ်န္းဂ်ိရဲ႕ မ်က္ႏွာေပၚ႐ွိ အျပဳံးက တင္းမာသြားၿပီး
"က်ဘမ္းစကားတစ္လုံးစီက ကမ႓ာေပၚမွာ အခက္ခဲဆုံးေတြျဖစ္ေနတတ္တယ္... မင္းက ဒီလိုေျပာမွေတာ့ ငါ့ဘာသာ ကူညီတြက္ခ်က္ေပးရေတာ့မွာေပါ့"
အဖိုးႀကီးထ်န္းဂ်ိ ေျပာၿပီးတာနဲ႔ သူ႕မ်က္လုံးေတြက က်ဥ္းေျမာင္းသြားခဲ့ပါတယ္။
သူ႕လက္ကို တစ္ခ်က္ေဝွ႔ယမ္းလိုက္တာနဲ႔ သူ႕လက္ထဲမွာ အျဖဴေရာင္ အလင္းေရာင္တစ္ခ်က္ ထြက္ေပၚလာခဲ့ပါၿပီ။ ၿပီးေနာက္ သူက တစ္ခုခုကို တီးတိုးေျပာလိုက္ပါတယ္။
အျဖဴေရာင္အလင္းထဲမွာ ျမင္ကြင္းမ်ိဳးစုံျဖစ္ေပၚေနလို႔။ဒါက အလြန္လ်င္ျမန္စြာ ျဖစ္ပ်က္ေနၿပီး ႐ုပ္႐ွင္တစ္ခုလိုပါပဲ။
ခ်ဴးယြန္လည္း စိတ္ဝင္တစားနဲ႔ ရပ္ၾကည့္ေနခဲ့ပါတယ္။
မ်က္ေစ့တစ္မွိတ္အတြင္းမွာပဲ အဖိုးႀကီးထ်န္းဂ်ိလက္ထဲ႐ွိ အျဖဴေရာင္အလင္းက အလင္းေရာင္စုံ ျဖာထြက္လာခဲ့ၿပီေလ။
အလင္းေရာင္က အလြန္ေတာက္ပၿပီး ခ်က္ခ်င္း ေဘးကိုပါ ပ်ံ႕ကားထြက္လာခဲ့ပါၿပီ။ဒါက ႐ုတ္တရက္ မီးေတာက္ေလးတစ္ခုက မီးလုံးႀကီးအျဖစ္ ေတာက္ပလာခဲ့သလိုပါပဲ။
အရင္ဆုံး အနီေရာင္အလင္းအျဖစ္ေျပာင္းလဲသြားပါတယ္။
အနီ၊ လိေမၼာ္၊ အဝါ၊ အစိမ္း၊ အျပာ၊ ခရမ္း!
အေရာင္မ်ိဳးစုံးက မ်က္ေစ့တစ္မွိတ္အတြင္းမွာပဲ ဆက္တိုက္ေျပာင္းလဲေနလို႔။
အလင္းေရာင္က ခရမ္းေရာင္အထိ ေျပာင္းလဲသြားေပမယ့္ ဒါက မရပ္တန္႔ေသးပါဘူး။ ဆက္လက္ေျပာင္းလဲေနဆဲျဖစ္ၿပီး ေ႐ႊေရာင္အျဖစ္ ေျပာင္းလဲစျပဳလာခဲ့ပါၿပီ။
ေ႐ႊေရာင္ တစ္ဝက္ကေန လုံးဝ ေ႐ႊေရာင္ေျပာင္းသြားတဲ့အထိ...
အဖိုးႀကီးထ်န္းဂ်ိ လက္ထဲ႐ွ္ိ အလင္းက အလြန္သိပ္သည္းေနၿပီး ေလဟာနယ္ေတာင္ တုန္ဟီလာခဲ့ရၿပီေလ။
သိပ္သည္းတဲ့ ေ႐ႊေရာင္အလင္းက အခန္းထဲမွာ ျပည့္ႏွက္ေနၿပီး လူတိုင္းကို အထူးေက်နပ္ဖြယ္ခံစားခ်က္တစ္ခုကို ေပးစြမ္းႏိုင္ပါတယ္။ဒီအခ်ိန္မွာ အခန္းတစ္ခုလုံး ေ႐ႊပင္လယ္ႀကီးအျဖစ္ ေျပာင္းလဲသြားခဲ့သလိုပါပဲ။
"ဒါက"
အဖိုးႀကီးထ်န္းဂ်ိရဲ႕ မ်က္လုံးထဲမွာ မယုံၾကည္ႏိုတဲ့ အရိပ္ေယာင္ေတြ ေပၚလာခဲ့ပါတယ္။
အဖိုးႀကီးထ်န္းဂ်ိရဲ႕ အမူရာေတြေၾကာင့္ ခ်ဴးယြန္လည္း အလြန္စိတ္ဝင္စားလာခဲ့ၿပီေလ။
အဖိုးႀကီးထ်န္းဂ်ိ ဘာကိုမ်ားတြက္ခ်က္ေနတာလဲ?
"မယုံႏိုင္စရာပဲကြ"
အဖိုးႀကီးထ်န္းဂ်ိန္ အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။
ၿပီးေနာက္ ခ်ဴးယြန္ကို အရင္ကနဲ႔မတူတဲ့ အၾကည့္နဲ႔ၾကည့္ၿပီး
"ဂ်ဴနီယာ... မင္းက အေတာ္စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေကာင္ပဲ"
"ဆရာႀကီးထ်န္းဂ်ိ ဘာကိုမ်ား တြက္ခ်က္ေနတာပါလိမ့္"
အဖိုးႀကီးထန္းဂ်ိရဲ႕ အမူရာေတြကို ျမင္ေနရတဲ့ ခ်ဴးယြန္ မေမးပဲကို မေနႏိုင္ေတာ့ပါဘူး။
"ငါမင္းရဲ႕ အနာဂါတ္ကို တြက္ၾကည့္ေနတာ"
အဖိုးႀကီး ထ်န္းဂ်ိ ခ်ဴးယြန္ကို ၾကည့္လိုက္တယ္။
ဒါကိုၾကားေဝာာ့ ခ်ဴးယြန္ အံ့ဩသြားၿပီး ခ်က္ခ်င္းေမးလိုက္တယ္။
"ဆရာႀကီးထ်န္းဂ်ိ... ကြၽန္ေတာ့္ကို ေသခ်ာ႐ွင္းျပေပးလို႔ရမလား"
အနာဂါတ္သူ႕ရဲ႕ ေအာင္ျမင္မႈေတြဆိုတာက ခ်ဴးယြန္ရဲ႕ သိခ်င္စိတ္ကို တိုးပြားေစပါတယ္။
သူ႕ရဲ႕ အနာဂါတ္က ဘယ္လိုလဲ?
စစ္နတ္ဘုရားရဲ႕ အေမြကို ဆက္ခံထားတဲ့ သူ႕ရဲ႕ အကန္႔အသတ္က ဘယ္ေလာက္လဲ?
ဒါက ခ်ဴးယြန္ႏွလုံးသားထဲကပါ အလြန္သိခ်င္ေနတဲ့ ေမးခြန္းတစ္ခုပါ။
အဘိုးႀကီးထ်န္းဂ်ိ အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီးေနာက္
"ငါမေျပာႏိုင္ဘူး"
ခ်ဴးယြန္ မူလက အမ်ားႀကီး ေမွ်ာ္လင့္ထားေပမယ့္
ဒါကိုၾကားေတာ့ သူေၾကာင္အသြားပါတယ္။
ခင္ဗ်ားက ဘာကို မေျပာႏိုင္ရတာလဲ?
ေဗဒင္ဆရာက လက္ေျမႇာက္ၿပီး ငါမေျပာႏိုင္ဘူးလို႔ ေျပာလို႔ရလား?
အဖိုးႀကီးထ်န္းဂ်ိ ခ်ဴးယြန္ကိုၾကည့္ကာ ေခါင္းခါယမ္းၿပီး
"မင္းရဲ႕ အနာဂါတ္က တိုးတက္မႈေတြက ငါတြက္ခ်က္ႏိုင္တာထက္ ပိုေနၿပီဆိုတာေတာ့ ငါေျပာလို႔ရတယ္... ဒါေပမယ့္ မင္းရဲ႕ မင္းရဲ႕ အနာဂါတ္တိုးတက္မႈရဲ႕ အကန္႔သတ္ကိုေတာ့ ငါမေျပာႏိုင္ဘူး"
ခ်ဴးယြန္ အဖိုးႀကီးထ်န္းဂ်ိရဲ႕ စကားေတြကို နားမလည္ႏိုင္ေသးပါဘူး။
"မိုးနဲ႔ေျမရဲ႕ နက္႐ိႈင္းတဲ့ အရာေတြကို ငါေဖာ္ထုတ္ႏိုင္တယ္ဆိုေပမယ့္ ငါမေဖာ္ထုတ္ႏိုင္တာေတြလည္း ႐ွိေသးတယ္"
အဖိုးႀကီးထ်န္းဂ်ိရဲ႕ အသံက အလြန္ေလးနက္ေနလို႔။
"ေကာင္းကင္တာအိုထဲမွာ ေကာင္းကင္ဘုံရဲ႕ ဆန္းက်ယ္မႈေတြ ပါဝင္ေနတယ္... အျခားသူေတြမွာက ေကာင္းကင္ရဲ႕ ဆန္းက်ယ္မႈေတြကို အက်ိဳးသက္ေရာက္မႈ႐ွ္ိေစႏိုင္တဲ့ စြမ္းရည္မ႐ွိၾကဘူးေလ... ဒါေပမယ့္ ဒါက မင္းမွာမ႐ွိဘူးလို႔ ေျပာတာမဟုပ္ဘူး"
သူက ေသခ်ာ႐ွင္းျပေပမယ့္ ခ်ဴးယြန္ သိပ္ၿပီး နားမလည္ႏိုင္ေသးပါဘူး။တစ္ကယ္လို႔ သူသာ ေနာက္ေျပာင္ေနတာမဟုပ္ဘူးဆိုရင္ သူ႕ရဲ႕အနာဂါတ္က အကန္႔အသတ္မ႐ွိဘူးဆိုတဲ့ အဓိပၸာယ္ပဲေပါ့။
အဖိုးႀကီးထ်န္းဂ်ိလိုလူေတာင္မွ ခန္႔မွန္းခ်က္ပဲထုတ္ႏိုင္ၿပီး တိတိပပမေျပာဝံ့ပါဘူး။
"အနာဂါတ္ဆိုတာက ခန္႔မွန္းရခက္ခဲပါတယ္... ငါမင္းကို ဒီေလာက္ပဲေျပာႏိုင္တယ္"
ခ်ဴးယြန္ လ်စ္လ်ဴ႐ႈစြာျပဳံးလိုက္ၿပီး သူ႕လက္ထဲ႐ွိ အလင္းေတြကေတာ့ ေပ်ာက္ကြယ္သြားခဲ့ပါၿပီ။
ဒီေနာက္ အဖိုးႀကီးထ်န္းဂ်ိ ခ်ဴးယြန္ကို လက္ညိဳးတစ္ခ်က္ၫႊန္ျပလိုက္ပါတယ္။
ဒီေနာက္ ခ်ဴးယြန္ သူ႕ခႏၶာကိုယ္ကို အသန္႔သတ္မဲ့
ဝိညာဥ္စြမ္းအင္ေတြက ဖုံးလႊမ္းသြားတာကို ခံစားလိုက္ရၿပီေလ။
"သိပ္သည္းလိုက္တဲ့ စြမ္းအင္ေတြ"
ခ်ဴးယြန္ တုန္လႈပ္သြားပါတယ္။ဒီစြမ္းအင္ေတြက သူ႕ကို အဆင့္ႏွစ္ဆင့္တက္သြားေစဖို႔ လုံေလာက္တယ္ေလ။
ဒီအရာေတြကို လုပ္ကိုင္ၿပီးေနာက္ အဖိုးႀကီးထ်န္းဂ်ိျပဳံးၿပီး
"မင္းရဲ႕အနာဂါတ္က ဒီေလာက္နဲ႔တင္ ႐ွိေနမွာမဟုပ္ဘူး... ငါက မင္းရဲ႕ အနာဂါတ္လမ္းေၾကာင္းကို လႊမ္းမိုးႏိုင္မွာမဟုပ္ဘူးေလ... အဲတာေၾကာင့္ ဆက္ဆံေရးေကာင္းတစ္ခု တည္ေဆာက္ရတာေပါ့"
………
ဆီးဇာစတားနန္းေဆာင္က ထြက္လာၿပီးေနာက္ ခ်ဴးယြန္ သူ႕ခႏၶာကိုယ္က အလင္းေရာင္ေတြ အနည္းငယ္ေတာက္ပေနသလိုေတာင္ ခံစားေနရလို႔ပါ။
သူ႕ခႏၶာကိုယ္ထဲ႐ွိ လက္႐ွိစြမ္းအင္ေတြက ခ်ဴးယြန္ကို တုန္လႈပ္ေစပါတယ္။
"ဒီစြမ္းအင္ေတြကို သန္႔စင္လိုက္ရင္ ငါ့က်င့္ၾကံျခင္းက အဆင့္ႏွစ္ဆင့္ေလာက္တက္သြားလိမ့္မယ္"
"နင့္ရဲ႕ က်င့္ၾကံျခင္းက နတ္ဘုရားစြမ္းရည္နယ္ပယ္မွာ တည္ၿငိမ္ေနသင့္တယ္.. ေအာင္ျမင္မႈေတြရဖို႔ အလ်င္လိုမေနနဲ႔... မဟုပ္ရင္ နင္နာက်င္မႈနဲ႔ ဆင္းရဲဒုကၡေတြကို ၾကဳံေတြ႕ရလိမ့္မယ္"
တာ့လင္က သူ႕ေခါင္းေပၚကို ေလာင္းခ်လိုက္တဲ့ေရခဲပုံးႀကီးအလားပါပဲ။
"ခ်ဴးကေလး... ငါလိုက္ပို႔မယ္"
ခ်င္းခ်င္းက ဆီးဇာစတားနန္းေဆာင္အေ႐ွ႕မွာေစာက့္ေနလို႔ပါ။ခ်ဴးယြန္ဝင္လာတာျမင္ေတာ့ သူမက ျပဳံးလိုက္ပါတယ္။
ခ်ဴးယြန္ကလည္း အလွေလးရဲ႕ ကမ္းလွမ္းခ်က္ကို မျငင္းပယ္ႏိုင္ပါဘူး။
ေနာက္ၿပီး ခ်င္းခ်င္းက။ ဗဟုသုတႂကြယ္ဝကာ သူ႕ကို အျမင္က်ယ္ေစခဲ့ပါတယ္။
ခ်င္းခ်င္းနဲ႔ စကားေျပာကာ လမ္းေလွ်ာက္ေနရင္း ေနာက္ဆုံးေတာ့ၿမိဳ႕ျပင္ကိုေရာက္လာခဲ့ပါၿပီ။
"ခ်ဴးကေလး... ေနာင္ကို နင္ မူလေရခဲၿမိဳ႕ေတာ္ကို ျဖတ္သန္းသြားရတဲ့အခါက်ရင္ ဆီးဇာစတားနန္းေဆာင္ကို ဝင္လည္ရမယ္ေနာ္"
ခြဲခြာခါနီး ခ်င္းခ်င္းက အနည္းငယ္တြန္႔ဆုတ္ေနပုံရပါတယ္။
ခ်ဴးယြန္က လိမၼာပါးနပ္ၿပီး ခ်စ္စရာေကာင္းကာ လူအမ်ားၾကားမွ နဂါးတစ္ေကာင္ပဲေလ။ဒါက သူမကို ေန႔စဥ္ပိုးပန္းေနတဲ့ ေပၚေၾကာေတြထက္ အမ်ားႀကီးသာတယ္မဟုပ္လား။
ခ်င္းခ်င္းရဲ႕ အသက္က အရမ္းမႀကီးေသးတဲ့အတြက္ သူမမွာ ခံစားခ်က္အခ်ိဳ႕ျဖစ္ေပၚတာ ပုံမွန္ပါပဲ။
"မလာေတာ့ပါဘူး... ဆီးဇာစတားနန္းေဆာင္ကို
ငါလာလို႔ မသင့္ေတာ္ဘူးမဟုပ္လား... ဒါက
ဆီးဇာစတားနန္းေဆာင္ရဲ႕ စည္းမ်ဥ္းေတြနဲ႔ မကိုက္ညီဘူးေလ"
ခ်ဴးယြန္ ျပဳံးလိုက္တယ္။
"သတ္မွတ္ခ်က္ေတြ႐ွိေနရင္ေတာင္ ခ်ဴးကေလးကို ဘယ္သူက ဘာေျပာလို႔ရမွာလဲ"
ခ်င္းခ်င္း ခ်ဴးယြန္ကို မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီး ဒါကပဲ တစ္မ်ိဳးခ်စ္စရာေကာင္းေနျပန္ပါတယ္။
ခ်င္းခ်င္းကို ႏႈတ္ဆက္ၿပီးေနာက္ ခ်ဴးယြန္
တန္းမင္းဆက္ကို အျမန္ခရီးထြက္လာခဲ့ပါၿပီ။
သူထြက္လာခဲ့တာ ၾကာၿပီျဖစ္ၿပီး လက္႐ွိ ခ်ဴးကလန္ရဲ႕ အေျခေနကို သူမသိပါဘူး။
တန္းရဲ႕ေထာက္ပံ့မႈနဲ႔ ဒီတစ္ႏွစ္အတြင္း ကလန္ရဲ႕ တိုးတက္မႈက နိမ့္က်မယ္ေတာ့ သူမထင္ပါ။
တန္းမင္းဆက္ကို ျပန္ေရာက္တာနဲ႔ ခ်ဴးၿမိဳ႕ေတာ္ကို သူအရင္သြားလိုက္ပါၿပီ။
ပိုၿပီးႀကီးမားတဲ့ ေဘးအႏၲရာယ္တစ္ခု ခ်ဥ္းကပ္လာေနၿပီဆိုတာေတာ့ သူမသိခဲ့ပါဘူး။
အပိုင္း 515 တစ္ကမ႓ာလုံးက ရန္သူေတြ
ခ်ဴးယြန္ လက္ေ႐ြးစင္ေလးပါးရဲ႕ ပထမျဖစ္သြားတဲ့သတင္းက အလယ္ပိုင္းေဒသႀကီးကို မ်က္ေစ့တစ္မွိတ္အတြင္း ပ်ံ႕ႏွံ႔သြားခဲ့ပါၿပီ။
မၾကာေသးမွီႏွစ္ေတြအတြင္းမွာ ခ်ဴးယြန္က
အေက်ာ္ၾကားဆုံး ပုဂၢိဳလ္တစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။
တန္းမိသားစုၿပိဳင္ပြဲမွာ အႏိုင္ရျခင္း၊ နံပါတ္တစ္ ကုန္းဇီျဖစ္လာျခင္း၊ ေသြးဓါးသခင္ေလးေ႐ွာင္ခ်ီကို သတ္ျဖတ္ျခင္း၊ တာအိုသခင္ ေ႐ွာင္မင္းကို သတ္ျဖတ္ျခင္း၊ လက္ေ႐ြးစင္ေလးပါးရဲ႕ ပထမျဖစ္ျခင္း... စသည္ျဖင့္။
ဒီလိုနဲ႔ ခ်ဴးယြန္ရဲ႕ ဂုဏ္သတင္းက တျဖည္းျဖည္းျမင့္တက္သြားခဲ့တယ္ေလ။မဟာကလန္ႀကီးေလးခုရဲ႕ ထိပ္တန္းပါရမီ႐ွင္ေတြကို မသိရင္မသိရမယ္၊ ခ်ဴးယြန္အေၾကာင္းကို မသိသူေတာ့ တစ္ဦးမွမ႐ွိေတာ့ပါဘူး။
ခ်ဴးၿမိဳ႕ေတာ္က အရင္ကထက္ ပိုလႈပ္႐ွားသက္ဝင္ေနလို႔။သိုင္းပညာ႐ွင္မ်ားစြာကလည္း ၿမိဳ႕ထဲမွာ သြားလာလႈပ္႐ွားေနခဲ့ၾကပါတယ္။
"သခင္ေလး"
"သခင္ေလးျပန္လာၿပီေဟ့"
"ဟုပ္လား... သခင္ေလး ျပန္လာၿပီလားဟ"
ခ်ဴးကလန္သားေတြ ခ်ဴးယြန္အနားကို အျမန္တိုးလာခဲ့ၾကတယ္။ခ်ဴးယြန္ သူတို႔ကို လိုက္ၾကည့္လိုက္ပါတယ္။သူတို႔က တန္းမင္းဆက္မွာ အရင္းျမစ္ေကာင္းေတြနဲ႔ က်င့္ၾကံရျခင္းေၾကာင့္ ျမန္ဆန္စြာ တိုးတက္လာခဲ့ၾကတယ္ေလ။
သူတို႔က ပါရမီ႐ွင္ေတြမဟုပ္ၾကပါဘူး။ဒါေပမယ့္ သူတို႔ရဲ႕ ႀကိဳးစားမႈေၾကာင့္ ရလဒ္ေကာင္းေတြ ထြက္ေပၚလာခဲ့ၾကတာပါ။
တန္းမင္းဆက္ကို ေရာက္စမွာ သူတို႔ထဲက အမ်ားစုက
ကီေျပာင္းလဲျခင္းနယ္ပယ္မွာပဲ ႐ွိၾကပါေသးတယ္။
ႏွစ္အနည္းငယ္ က်င့္ၾကံၿပီးေနာက္မွာေတာ့
စစ္မွန္ေသာစြမ္းအား နယ္ပယ္ကိုေတာင္ ေရာက္လာခဲ့ပါၿပီ။
ကလန္အႀကီးအကဲေတြထဲက အခ်ိဳ႕ဆိုရင္ ႐ႊမ္းဝူနယ္ပယ္ကိုေတာင္ ေရာက္ေနခဲ့ၾကၿပီေလ။
ဒါက အင္အားစုႀကီးေတြနဲ႔ ယွဥ္လို႔မရေသးေပမယ့္ အဆင့္ျမင့္ဂိုဏ္းတစ္ဂိုဏ္းနဲ႔ေတာ့ ယွဥ္ႏိုင္ေနခဲ့ၿပီမဟုပ္လား။
ဒါက အေတာ္တိုးတက္လာျခင္းပါ။
ခ်ဴးယြန္ ျပဳံး႐ႊင္စြာနဲ႔ ဆက္ေလွ်ာက္သြားခဲ့ပါၿပီ။ခ်ဴးယြန္ ေလေပၚက မပ်ံသန္းပဲ ေအးေဆးလမ္းေလွ်ာက္ကာ ခ်ဴးတိုင္ကြန္႐ွိရာကို သြားလိုက္ပါတယ္။
"အေဖ ဘယ္လိုမ်ား႐ွိေနမလဲ"
ခ်ဴးယြန္ နက္႐ိႈင္းစြာေတြးလိုက္တယ္။
သူ႕အေဖရဲ႕ လာဘာေကာင္းကင္ဝိညာဥ္သားရဲ
သိုင္းဝိညာဥ္ ႏိုးထလာစကတည္းက သူ႕အေဖက နတ္ဘုရားစြမ္းရည္နယ္ပယ္ကို ေရာက္သြားခဲ့တာေလ။
အခုဆိုရင္ အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာသြားခဲ့ၿပီမဟုပ္လား။
"ယြန္အာ"
ခ်ဴးယြန္ ျပန္လာၿပီဆိုတဲ့ သတင္းကို ႀကိဳရထားဟန္နဲ႔ ခ်ဴးတိုင္ကြန္က တံခါးဖြင့္ကာ ေစာင့္ေနလို႔။
"အေဖ"
ခ်ဴးယြန္ ေလွ်ာက္လွမ္းသြားလိုက္တယ္။
တစ္ႏွစ္ေက်ာ္ၾကာၿပီးေနာက္ သူ႕အေဖရဲ႕ခြန္အားက ပိုၿပီးနက္႐ိႈင္းလာပါတယ္။သူ႕အေဖ လက္႐ွိ ဘယ္အဆင့္ေရာက္ေနၿပီဆိုဝာာ သူမသိႏိုင္ပါဘူး။
အေဖနဲ႔သား တစ္ဦးကိုတစ္ဦးၾကည့္ၿပီး ခ်စ္ၾကင္နာစြာ ဖက္လိုက္ပါတယ္။
"တစ္ႏွစ္ၾကာသြားၿပီ... မင္းေတာင္ နတ္ဘုရားစြမ္းရည္နယ္ပယ္ကိုေရာက္သြားၿပီပဲ"
ခ်ဴးတိုင္ကြန္ ျပဳံးလိုက္တယ္။
"ကြၽန္ေတာ့္ရဲ႕ က်င့္ၾကံမႈကို တစ္ခါမွ ရပ္မေနဘူးေလ... ရန္သူေတြက ေနရာအႏွံ႔မွာအၿမဲ႐ွိေနတာမို႔ ဖိအားေတြက ခံစားေနရတုန္းပဲ"
ခ်ဴးယြန္ ျပန္ေျဖၿပီး ေမးလိုက္တယ္။
"အေဖ... ဒီႏွစ္အတြင္း ကလန္ရဲ႕ တိုးတက္မႈက ဘယ္လိုအေျခေန႐ွိလဲ"
"ကလန္က တိုးတက္လာတာေတာ့အမွန္ပဲ... မင္းရဲ႕ နံမယ္ဂုဏ္သတင္းေၾကာင့္လည္း ပါရမီ႐ွင္ေတြက ငါတို႔ကလန္ထဲကို ဝင္လာခဲ့ၾကၿပီး ငါကလည္း လက္ခံခဲ့တယ္... ဒါေပမယ့္"
ခ်ဴးတိုင္ကြန္ ခနရပ္သြားပါတယ္။
"ဒါေပမယ့္ ဘာလဲ"
ခ်ဴးယြန္ ေမးလိုက္တယ္။
"ငါ ကလန္သားေတြကို ေလ့က်င့္ေပးဖို႔ ေခၚလာတဲ့အခ်ိန္မွာပဲ ေ႐ွာင္ကလန္သားေတြနဲ႔ ထိပ္တိုက္တိုးတယ္ေလ... အဲဒီမွာ တိုက္ပြဲျဖစ္ၿပီး ငါတို႔ဘက္က ဆုံး႐ႈံးမႈမ်ားသြားတယ္... ဒီသုံးလအတြင္း သူတို႔ရဲ႕ လႈပ္႐ွားမႈေတြက
ပိုရဲတင္းလာၿပီး ငါတို႔မွာ တန္းမင္းဆက္က မထြက္ဝံ့ေလာက္ေအာင္ကို ျဖစ္ေနၿပီ"
ဒီအေၾကာင္းေတြ ေျပာေနခ်ိန္ ခ်ဴးတိုင္ကြန္ရဲ႕ အသံထဲမွာ မေက်နပ္မႈေတြ ေရာေထြးပါဝင္ေနလို႔။
ဘယ္လိုလူပဲျဖစ္ျဖစ္ ဒီလိုျဖစ္ရပ္မ်ိဳးကို မၾကာခနၾကဳံလာရရင္ ေဒါသထြက္လာမွာအမွန္ပါပဲ။
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက တစ္ျဖည္းျဖည္းေအးစက္လာၿပီး ေျပာလိုက္တယ္။
"ဒီေကာင္ေတြ အခုထိမမွတ္ေသးဘူးပဲ"
သူ မူလေရခဲၿမိဳ႕ျပင္ကိုေရာက္ေတာ့ ေ႐ွာင္ကလန္ရဲ႕ တတိယအႀကီးကဲက သူ႕ကို ျခဳံခိုတိုက္ခိုက္ဖို႔ ၾကံစည္ခဲ့ပါေသးတယ္။ဒါေပမယ့္ အႀကီးအကဲထ်န္းဂ်ိက
ခ်ဴးယြန္ကို ဆင့္ေခၚခဲ့တာေၾကာင့္သာ သူ႕အၾကံစည္မေအာင္ျမင္ခဲ့တာပါ။
ခ်ဴးယြန္အေနနဲ႔ ေ႐ွာင္ကလန္က သူတို႔ရဲ႕ ရည္မွန္းခ်က္ကို မစြန္႔လႊတ္ပဲ အၿမဲေစာင့္ၾကည့္ေနလိမ့္မယ္လို႔ ထင္မထားခဲ့ပါဘူး။
ေခြး႐ူးတစ္ေကာင္လို လမ္းေပၚထြက္တဲ့ လူတိုင္းကို လိုက္ကိုက္ေနတယ္ေလ။ဒါက သူတို႔ကို အ႐ိုးထိမနက္ေစေပမယ့္ စိတ္အေႏွာက္ယွတ္ေတာ့ ျဖစ္ရပါတယ္။
"အေဖ မစိုးရိမ္ပါနဲ႔... သူတို႔ ၾကာၾကာအသက္႐ွင္ႏိုင္မွာ မဟုပ္ေတာ့ပါဘူး"
ခ်ဴးယြန္ ခ်ဴးတိုင္ကြန္ကို ႏွစ္သိမ့္လိုက္ပါတယ္။
ေ႐ွာင္ကလန္က သူ႕မိသားစုကို အႀကိမ္ႀကိမ္
အေႏွာက္ယွတ္ေပးေနျခင္းက ခ်ဴးယြန္ကို အလြန္ေဒါသထြက္ေစခဲ့ပါၿပီ။
သူ႕ခြန္အားသာ လုံေလာက္တဲ့ေန႔ေရာက္ရင္ ေနာက္တစ္ခ်က္မတြန္႔ပဲ ေ႐ွာင္ကလန္ကို ေျမလွန္ပစ္ရပါလိမ့္မယ္။
"ယြန္အာ... အရင္တုန္းက မင္းရဲ႕က်င့္ၾကံျခင္းက အေဖနဲ႔မတူလို႔ မတိုက္ခိုက္ရေသးဘူး... ဒါေပမယ့္ ဒီေန႔မွာေတာ့ မင္းက နတ္ဘုရားစြမ္းရည္နယ္ပယ္ကိုေရာက္သြားၿပီးဆိုေတာ့ ေလ့က်င့္ခန္းကို သြားၾကရေအာင္"
ခနၾကာၿပီးေနာက္ ခ်ဴးတိုင္ကြန္ ခ်ဴးယြန္ကို တိုက္ခိုက္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။
ခ်ဴးယြန္လည္း ျငင္းဆန္မေနေတာ့ပဲ အေနာက္က လိုက္သြားလိုက္ၿပီေလ။
ေန႔တစ္ဝက္ၾကာၿပီးေနာက္ သူတို႔ျပန္ထြက္လာခဲ့ၾကပါတယ္။
ခ်ဴးတိုင္ကြန္ရဲ႕မ်က္ႏွာက ဒဏ္ရာေတြျပည့္ႏွက္ေနေပမယ့္ သူက ေပ်ာ္႐ႊင္ေနဆဲပါ။
ခ်ဴးတိုင္ကြန္က သူ႕ရဲ႕က်င့္ၾကံျခင္းကို နတ္ဘုရားစြမ္းရည္နယ္ပယ္ ပထမအဆင့္ထိ ဖိႏွိမ္လိုက္ပါတယ္။
လာဘာေကာင္းကင္ဝိညာဥ္သားရဲ သိုင္းဝိညာဥ္က ေကာင္းကင္အဆင့္ခုႏွစ္႐ွိၿပီး ခ်ဴးယြန္ရဲ႕ သိုင္းဝိညာဥ္ကေတာ့ ကမ႓ာေျမအဆင့္ေလးပဲ႐ွိေသးတယ္ေလ။
ဒါေၾကာင့္ သူတို႔ေတြ သိုင္းဝိညာဥ္မသုံးပဲ တိုက္ခိုက္ခဲ့ၾကတယ္။ဒီတိုက္ပြဲမွာေတာ့ ခ်ဴးယြန္အႏိုင္ရခဲ့ပါတယ္။
တစ္ဆက္ထဲမွာပဲ ခ်ဴးယြန္ လာဘာေကာင္းကင္ဝိညာဥ္သားရဲ သိုင္းဝိညာဥ္ရဲ႕ ေၾကာက္မက္ဖြယ္ေကာင္းမႈကို သိလိုက္ရပါတယ္။
သူ႕အေဖက လက္႐ွ္ိ နတ္ဘုရားစြမ္းရည္နယ္ပယ္အဆင့္႐ွစ္ေလာက္ကို ေရာက္ေနခဲ့ပါၿပီ။ပုံမွန္အားျဖင့္ေတာ့ ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္ကို ေရာက္ဖို႔ေတာ့ မလြယ္ဘူးေလ။
ဒါေပမယ့္ ဒါက ဝမ္စီေတးရဲ႕ သိုင္းဝိညာဥ္ပဲမဟုပ္လား။သိုင္းဝိညာဥ္နဲ႔အတူ သူမရဲ႕စြမ္းရည္ေတြကိုပါ႐ွ္ိခဲ့တာပါ။ ခ်ဴးတိုင္ကြန္အေနနဲ႔ ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္ကို ခ်ိဳးျဖတ္ခ်င္ရင္ အခ်ိန္အတိုင္းတာတစ္ခုသာ လိုပါလိမ့္မယ္။
သူ႕အေဖကို သူ႕အေမအေၾကာင္းေျပာျပဖို႔ေတာ့ သူတြန္႔ဆုတ္ေနဆဲပါ။ေသခ်ာစဥ္းစားၿပီးေနာက္ အခုမေျပာေသးဖို႔ သူဆုံးျဖတ္လိုက္ပါတယ္။
ခ်ဴးယြန္ ခ်ဴးၿမိဳ႕ေတာ္မွာ ရက္အနည္းငယ္ အနားယူေနၿပီး တန္း႐ွီက ႏွစ္ႀကိမ္တိတိ လာေရာက္ေတြ႕ဆုံခဲ့တယ္ေလ။ေျပာရရင္ သူမက တာ့လင္ကို ေဆးပညာနဲ႔ပတ္သတ္ၿပီး လမ္းၫႊန္မႈေတာင္းခံဖို႔လာခဲ့တာပါ။ဒါကိုေပမယ့္ ခ်ဴးယြန္ ဘာမွ မေျပာခဲ့ပါဘူး။
တန္းဟြာရန္က တန္းဇီ႐ွန္းနဲ႔ ေလ့က်င့္ဖို႔ထြက္ခြာသြားၿပီး ျပန္မေရာက္ေသးပါဘူး။
တန္းဝူတိကေတာ့ တံခါးပိတ္က်င့္ၾကံေနဆဲပါ။
သူထြက္မသြားခင္မွာပဲ တန္းဧကရာဇ္က သူ႕ကို ေကာင္းကင္ေဆာင္ကို ဖိတ္ေခၚလိုက္ပါတယ္။သူက ခ်ဴးယြန္ကို အဖိုးႀကီးထ်န္းဂ်ိဆီမွာ ဘာေတြတြက္ခ်က္ခဲ့တယ္ဆိုတာ ေမးျမန္းဖို႔ ႀကိဳးစားတာေလ။
ဒါေပမယ့္ ခ်ဴးယြန္က သူ႕ပါးစပ္ကို အစမွအဆုံးထိ ပိတ္ထားၿပီး တစ္ခြန္မွမဟပါဘူး။ဒီအတြက္ ဧကရာဇ္တန္း ေနာက္ဆုံးေတာ့ အ႐ႈံးေပးလိုက္ရပါတယ္။
ေနာက္ဆုံးမွာေတာ့ သူက အဓိကစကားကို စေျပာလာခဲ့ပါၿပီ။
"ခ်ဴးယြန္... မင္းဗုဒၶဝါဒီေတြကို စိတ္ဆိုးေစခဲ့တာလား"
"ဗုဒၶဂိုဏ္းကို စိတ္ဆိုးေစတာလား"
ခ်ဴးယြန္ တုန္လႈပ္သြားေပမယ့္ သူခ်က္ခ်င္းနားလည္သြားခဲ့တယ္။သူက ဗုဒၶဂိုဏ္းရဲ႕ ဗုဒၶလက္ဝါးတစ္ေထာင္ကို သင္ယူခဲ့တယ္ေလ။
လက္ေ႐ြးစင္ေလးပါးက အဖိုးႀကီးထ်န္းဂ်ိ တည္ေထာင္ထားတာမို႔ ဒါက အလယ္ပိုင္းေဒသဆင္
မက အျခားေဒသေတြမွာပါ ထင္႐ွားပါတယ္။
ေနာက္ၿပီး လက္ေ႐ြးစင္ေလးပါးရဲ႕ ပထမဆိုတာက မၾကဳံစဖူး ထူးကဲတဲ့ျဖစ္ရပ္တစ္ခုပဲမဟုပ္လား။အျခားနယ္ေျမေလးခုက ဘယ္ေလာက္ပဲ ဂ႐ုမစိုက္ဘူးဆိုေစဦးေတာ့ ပထမရဲ႕ နံမယ္ကိုေတာ့ ဂ႐ုတစိုက္စုံစမ္းၾကဦးမွာပါ။
ဘယ္သူပဲျဖစ္ျဖစ္ သူဝမ္႐ွမ္းနတ္ဆိုးဗုဒၶကို အသုံးျပဳတာေတြ႕ရင္ သူဟာ ဗုဒၶသစၥေဖာက္တစ္ဦးလို႔ ထင္သြားမွာအမွန္ပါပဲ။
တစ္ကယ္လို႔ ဗုဒၶသစၥာေဖာက္သာမဟုပ္ရင္ ဒီလိုစြမ္းရည္မ်ိဳးကို ဘယ္လိုပိုင္ဆိုင္ထားႏိုင္မွာလဲ?
တစ္ကယ္လို႔ ဗုဒၶဂိုဏ္းကလူ ဒါမွမဟုပ္၊ ဗုဒၶသထၳကထာဆိုရင္ေတာ့ မတူညီမႈကို ျမင္ႏိုင္မွာပါ။
ဝမ္႐ွမ္းနတ္ဆိုးဗုဒၶက သူေတာ္စင္အဆင့္ သိုင္းပညာရပ္ျဖစ္သြားေပမယ့္ ဒါက ဗုဒၶလက္ဝါးတစ္ေထာင္ကို အေျခခံၿပီး တိုးတက္သြားတာေလ။
ဒါေပမယ့္ ခ်ဴးယြန္အတြက္ေတာ့ ဒါက လ်ိဳ႕ဝွတ္သင္ယူခဲ့တာမဟုပ္ပါဘူး။သူ႕ကို ဗုဒၶကိုယ္တိုင္သင္ေပးခဲ့တာမဟုပ္လား။
သူလုံးဝမလိမ္ညာခဲ့ဘူးေလ။
"ဗုဒၶေျပာတာကေတာ့ မင္းက နတ္ဆိုးဗုဒၶဂိုဏ္းကို ဝင္သြားၿပီး ဗုဒၶဂိုဏ္းရဲ႕ အဆင့္ျမင့္သိုင္းပညာရပ္တစ္ခုကိုလည္း လ်ိဳ႕ဝွတ္သင္ယူသြားတယ္တဲ့... သူတို႔က မင္းဆိုကို ဗုဒၶဂိုဏ္းရဲ႕ ဘုန္းႀကီးေတြလႊတ္လိမ့္မယ္"
ဧကရာဇ္တန္းက ခ်ဴးယြန္ကိုၾကည့္လိုက္တယ္။
ခ်ဴးယြန္ရဲ႕ သေဘာထားကို သူက သိခ်င္မိပါတယ္။
"ခိုးသင္တယ္ဆိုတာက အလကား... ေလွ်ာက္ေျပာေနတာ"
ခ်ဴးယြန္ အေျပာင္းလဲမ႐ွိတဲ့မ်က္ႏွာနဲ႔ ေခါင္းကို
ခါယမ္းၿပီး
"နတ္ဆိုးဗုဒၶဂိုဏ္းကို ဝင္လိုက္တယ္ဆိုတဲ့စကားက ပိုေတာင္ ေဝးေသးတယ္... အရင္ကတည္းက နတ္ဆိုးဗုဒၶဂိုဏ္းနဲ႔ အဆက္အသြယ္မ႐ွိခဲ့တဲ့ က်ဳပ္က နတ္ဆိုးဗုဒၶဂိုဏ္းကို ဘယ္လိုဝင္မွာလဲ"
ဧကရာဇ္တန္းက ရယ္ေမာၿပီး
"ဗုဒၶက ငါ့ကို အဲဒီလိုပဲ ေျပာခဲ့တာပဲေလ... သူက အေတာ္ျပတ္သားေနၿပီး ေနာက္ခုႏွစ္ရက္အတြင္း သူက လူလႊတ္လိုက္လိမ့္မယ္"
ခ်ဴးယြန္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီေလာဧကရာဇ္တန္းက အတည္ေျပာေနတာလား ၊ညာေနတာလားဆိုတာ သူမသိပါဘူး။
အတည္ဆိုရင္ေတာ့ ဗုဒၶဂိုဏ္းက တစ္ကယ္ပဲ။
ခ်ဴးယြန္က မယုံေသးတာကိုျမင္ေတာ့ ဧကရာဇ္တန္း
ပုခုံးတြန္႔ၿပီး
"ဒီဧကရာဇ္က မင္းကို ဘာညာစရာ႐ွိလို႔လဲ... ဗုဒၶရဲ႕အင္အားက ငါ့ထက္သာတယ္... သန္႔စင္တဲ့ စြမ္းအားအရ တန္းက ဗုဒၶကို ဆန္႔က်င္ႏိုင္မွာမဟုပ္ဘူး... သူကသာ ခက္ခဲေအာင္လုပ္လာရင္ ငါသူ႕ကို မတားဆီးႏိုင္ဘူး"
ဒါပိုၾကားေတာ့ ခ်ဴးယြန္ နားလည္လာပါတယ္။ဧကရာဇ္တန္းေျပာအမွန္ပါ။သူ႕ကို လိမ္မယ္ဆိုရင္ေတာင္ လိမ္ရေလာက္တဲ့ အေၾကာင္းရင္းမွမ႐ွိတာ။
ဗုဒၶဂိုဏ္းက သူ႕ကိုသစၥေဖာက္အျဖစ္ သတ္မွတ္ဖို႔ စိတ္ပိုင္းျဖတ္ထားပုံရပါတယ္။
လ်ိဳ႕ဝွတ္သင္ယူတယ္ေပါ့... ရတယ္ေလ၊ ဗုဒၶလက္ဝါးတစ္ေထာင္ကို သူေနာက္ဘယ္ေတာ့မွ အသုံးျပဳမွာမဟုပ္ဘူး။
ဝမ္႐ွမ္းနတ္ဆိုးဗုဒၶက ဗုဒၶလက္ဝါးတစ္ေထာင္နဲ႔ မတူဘူးေလ။
ဗုဒၶလက္ဝါးတစ္ေထာင္ကိုအသုံးျပဳဖို႔ မလိုအပ္ပါဘူး။ဝမ္႐ွမ္းနတ္ဆိုးဗုဒၶကိုပဲ သူအသုံးျပဳမွာမဟုပ္လား။
သစၥေဖာက္ဘုန္းႀကီးဆိုရင္ေတာ့ ဒါက တစ္ကယ္ဒုကၡပါပဲ။
လူတိုင္းသိၾကတဲ့အတိုင္း ဗုဒၶဝါဒီေတြရဲ႕ သစၥာေဖာက္ေတြအေပၚ ဆက္ဆံပုံက အလြန္ျပတ္သားပါတယ္။
သူတို႔က ေပါင္းစပ္မရႏိုင္တဲ့ မီးနဲ႔ေရလိုပါပဲ။
နတ္ဆိုးဗုဒၶဂိုဏ္းမွာသာ လုံေလာက္တဲ့ခြန္အားမ႐ွိရင္
ဗုဒၶဂိုဏ္းရဲ႕ ဖ်က္ဆီးျခင္းကို ခံခဲ့ရတာၾကာေလာက္ပါၿပီ။
ဗုဒၶဂိုဏ္းကသာ သူ႕ကို ဗုဒၶသစၥာေဖာက္အျဖစ္သတ္မွတ္လိုက္ရင္ ဒါက လြတ္လမ္း႐ွိမွာမဟုပ္ေတာ့ဘူး။
"ငါတို႔တန္းက မင္းကို တစ္ႀကိမ္ကာကြယ္ေပးႏိုင္ခဲ့တယ္... ႏွစ္ႀကိမ္လည္း ကာကြယ္ႏိုင္ေသးတယ္... ခက္ခဲေပမယ့္လည္းေပါ့"
ဧကရာဇ္တန္းက အလြန္ပါးနပ္ပါတယ္။သူက စကားေျပာေနရင္း သူ႕မ်က္လုံးေတြက အခ်ိဳ႕
အရိပ္အႁမြတ္ေတြကို ျပသေနလို႔။
တစ္ကယ္တမ္း သူေျပာခ်င္ဝာက
'ငါအရင္ကေျပာခဲ့တာကို မင္းလက္ခံလိုက္တာနဲ႔ ဗုဒၶရဲ႕ အျပစ္ေပးမႈကို မခံရေအာင္ ကူညီေပးမယ္' ဆိုၿပီးေတာ့ပါ။
ခ်ဴးယြန္ မ်က္ေမွာင္ၾကဳတ္ၿပီး လိမၼာပါးနပ္စြာ ျငင္းပယ္လိုက္ပါတယ္။
"ဧကရာဇ္ရဲ႕ စိတ္ေစတနာေကာင္းအတြက္ ေက်းဇူးတင္ပါတယ္... ဒါေပမယ့္ ဒီအေၾကာင္းကို မစဥ္းစားခ်င္ေသးဘူး... သူတို႔တစ္ကယ္လာမွပဲ စဥ္းစားေတာ့မယ္"
"ေကာင္းၿပီေလ... ဒါေပမယ့္ ဒီအေတာအတြင္း တန္းမင္းဆက္ကေန ဘယ္မွမသြားဖို႔ ငါေျပာခ်င္တယ္... ဗုဒၶဝါဒီေတြက လႈပ္႐ွားလာတဲ့အခါ သူတို႔ရဲ႕လက္ေတြကို ဆင္ျခင္ေနမွာမဟုပ္ဘူး... ဒါေပမယ့္ မင္းက တန္းမင္းဆက္ထဲမွာဆိုရင္ေတာ့ ငါ့ကို မ်က္ႏွာသာမေပးပဲေနမွာမဟုပ္ပါဘူး"
ဧကရာဇ္တန္း ရယ္ေမာလိုက္ပါတယ္။သူက ဒီကိစၥကို စိုးရိမ္ပူပန္ေနပုံမရပါဘူး။
အခု ဒီကိစၥက သူ႕လက္ထဲမွာ ေသခ်ာဆုပ္ကိုင္ထားႏိုင္ပုံရပါတယ္။
ေျပာရရင္ ဗုဒၶဂိုဏ္းက ခ်ဴးယြန္အေပၚကို တစ္ကယ္ပဲလႈပ္႐ွားလာမွာပါ။
အရိပ္ေတာင္တန္းအေနနဲ႔ ခ်ဴးယြန္ကို ကာကြယ္ႏိုင္မွာမဟုပ္ပါဘူး။
ဗုဒၶသစၥာေဖာက္ေတြအေနနဲ႔ ဗုဒၶဝါဒီေတြၾကားဆက္ဆံေရးကလည္း မီးနဲ႔ေရမို႔ သူတို႔ၾကားကို ဝင္ေရာက္ျဖန္ေျဖေပးဖို႔ မျဖစ္ႏိုင္ဘူးေလ။
ဒီအခါက်ရင္ ခ်ဴးယြန္က ဧကရာဇ္တန္းဆီက အကူညီေတာင္းရေတာ့မွာမဟုပ္လား။
"ေျမေခြးအိုႀကီး"
ေကာင္းကင္ေဆာင္က ထြက္လာၿပီးေနာက္ ခ်ဴးယြန္ ေအးစက္စက္ျပဳံးလိုက္တယ္။
"တစ္ကယ္လို႔ ဗုဒၶဂိုဏ္းက လာခ်င္တယ္ဆိုရင္လည္း လာၾကပါေစ... တစ္ကမ႓ာလုံးကေရာ ငါ့ရန္သူေတြလား? ဒါဆိုရင္ေတာင္ ငါ ဂ႐ုမစိုက္ဘူး!"