Two Mom [ Rebirth ]

By Dora_Dora9696

132K 15.6K 239

English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and Engl... More

Description
အခန်း ၁
အခန်း၂
အခန်း၃
အခန်း ၄
အခန်း၅
အခန်း ၆
အပိုင်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
စာစဉ် ၂၈
စာစဉ် ၂၉
စာစဉ် ၃၀
စာစဉ် ၃၁
စာစဉ် ၃၂
စာစဉ် ၃၃
စာစဉ် ၃၄
စာစဉ် ၃၅
စာစဉ် ၃၆/၃၇
စာစဉ်၃၈
စာစဉ် ၃၉/၄၀/၄၁
စာစဉ် ၄၂/၄၃

အခန်း ၁၅

2.1K 253 5
By Dora_Dora9696

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ - Violet M
အခန်း ၁၅

နမ်ရှီက သူမရဲ့ ဗီလာနှင့် သိပ်မဝေးလှပေ
မြို့တော်ဟု ခေါ်ဆိုကြသော်လည်း နမ်ရှီက အသက်နေဝင်တဲ့ လမ်းလေးဖြစ်ပါတယ်
ယနေ့ခေတ်မှာ ဒါက အရမ်းကို ထူးခြားပါတယ်

ကျန်းယီ စိတ်ထဲမှာ တစ်ခုခု လင်းလက်သွားပါတယ်
ဒါပေမဲ့ သူမ ဖမ်းချင်တဲ့အခါ ပျောက်သွားတယ်
သူမ ခေါင်းကို ခါလိုက်ပါတယ်
ဒါက ကြီးကြီးမားမားအကြံအစည်တော့ မဖြစ်သင့်ပေ

မကြာခင်မှာပဲ ကျန်းဟွမ်းလင် ပြောတဲ့ ကော်ဖီဆိုင်ကို သူမရောက်လာတယ်
မြို့လယ်ခေါင်ကို ဖြတ်ပြီး ကော်ဖီဆိုင်လေးက မြို့စွမ်မှာ တည်ရှိနေပါတယ်

ကျန်းယီက စုအန်းချီ ကို ချီပြီး ကားပေါ်မှ ဦးစွာ ထွက်ခဲ့ပါတဘ်
သူမ လက်ကို စုအီရန် ဆီ ဆန့်တန်းပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေပါတယ်
ကျန်းယီက ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူ့လက်ဖဝါးကို တိုက်ရိုက်ကိုင်လိုက်ပြီး
"ကလေးတွေ ထွက်လာရင် မိဘတွေလက်ကို ကိုင်ထားရမယ်"
လို့ပြောလိုက်ပါတယ်

လမ်းဘေးမှာ ကလေးတစ်ယောက်ကို ကိုင်ထားတဲ့ မိခင်တစ်ယောက်ရှိနေပါတယ်

စုအီရန်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး စကားမပြောသလို
ငြင်းဆန်းခြင်းလည်း မရှိပေ

စုအန်းချီကို ချီထားတဲ့ ကျန်းယီက စုအီရန် ကို ကော်ဖီဆိုင်ဆီသို့ ခေါ်သွားပါတယ်

ကော်ဖီဆိုင်ကို ဆန်းသစ်စွာ အလှဆင်ထားပါတယ်
လေအေးပေးစက်ကို အပြည့်အဝဖွင့်ထားပြီး အဲဒီမှာ အအေးဓာတ်လည်း
ရှိနေပါတယ်

"ဒီမှာ ဒီမှာ!" ကျန်းဟွမ်းလင်က သူမကိုမြင်ပြီး မတ်တပ်ထရပ်လိုက်ပါတယ် ကံကောင်းထောက်မစွာ ကော်ဖီဆိုင်မှာ လူတွေအများကြီးမရှိပေ
ဘယ်သူကမှ ထင်မြင်ချက်မရှိကြဘူး
တချို့က မျက်မှောင်ကြုတ်ပြီး ခေါင်းငုံ့ကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြပါတယ်

ကျန်းယီက စုအီရန် ၏လက်ကို လွှတ်လိုက်ပြီး နေကာမျက်မှန်ကို
ခေါင်းပေါ်ပင့်တင်လိုက်ပါတယ်
ထို့နောက် သူမက စုအီရန် ၏လက်ကိုဆွဲကာ သူမရဲ့ ဦးတည်ရာဆီသို့
လျှောက်သွားလိုက်ပါတယ်

ကျန်းဟွမ်းလင် က ကျန်းယီ လက်တစ်ဖက်မှာ ချီထားတဲ့ ကလေးတစ်ယောက်ကို နဲ့ အခြားတစ်ဖက်က ကျန်တစ်ယောက်ကို ကြည့်လိုက်ပါတယ်
သူမက အနီရောင်နှင့် အနက်ရောင် ဒူးရှည်ဝတ်စုံကို ဝတ်ဆင်ထားပါတယ််
သူမမျက်နှာမှာ မိတ်ကပ်မလိမ်းဘဲ နှုတ်ခမ်းနီလေးသာ ရှိနေပါတယ်
သူမက အတော်လေးကို တက်ကြွနေပုံရပြီး ခါးကို မြင့်ပြီး
စုအန်းချီ ကို ကိုင်ထားပါတယ်
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူမက ရင်သပ်ရှုမောဖွယ် ဖြစ်နေပါတယ်

သူမက ကျန်းယီ ရဲ့ ပတ်ပတ်လည်ကို နှစ်ကြိမ်လှည့်ပတ်သွားကြည့်ပြီး
သူမ၏မျက်နှာတွင် အံ့အားသင့်သွားကာ " ယီယီ နင် ပြောင်းလဲသွားပြီ "

ကျန်းယီက စုအန်းချီကို လက်ပြောင်းချီလိုက်ပါတယ်
သူမ စိတ်ထဲတွင် တွေးမိသွားပေမဲ့ ဘာမှန်းမသိလိုက်ဘူး

"ဘာ ဘာကို ပြောင်းလဲသွားတာလဲ"

ကျန်းဟွမ်းလင် က စုအန်းချီရဲ့ ဖောင်းကစ်ကစ်မျက်နှာလေးကို ညင်သာစွာ
ညှစ်လိုက်ပြီး "နင်က အမေဖြစ်လာပြီး... " သူမက ကျန်းယီ ကို အပေါ်အောက် ငုံ့ကြည့်ကာ
"အခု နင်က ကျော်ကြားတဲ့ အမေတစ်ယောက်လို ဖြစ်နေတယ်
အရမ်း ကျော်ကြားတဲ့ မာမား ပဲ"  

ကျန်းယီဟာ သက်သာရာရသွားပါတယ်
ဒီတော့ ဒါက ဒီအရာပဲပေါ့
သူမက မျက်ခုံးပင့်ကာ "အဲဒါ က မကောင်းဘူးလား"

ကျန်းဟွမ်းလင် က အံ့အားသင့်သွားပြီး "အဲဒါပဲ..အို့
ဘာလို့ရပ်နေရတာလဲ ...မြန်မြန်ထိုင်လေ "

ကျန်းယီ က ဘေးကို လှည့်လိုက်ပြီး သူမနောက်မှာ ရပ်နေတဲ့ စုအီရန် က သူ့မျက်နှာကို ပြလိုက်တယ်
ကျန်းဟွမ်းလင်က စုအီရန် ကို တစ်ချက်ကြည့်လိုက်ပြီး
ကောင်းကင်ဘုံထိအောင် ထိတ်လန့်သွားပါတယ်
ကလေးကလည်း အရမ်းကြည့်ကောင်းတာပဲ
သူ့မျက်နှာအသွင်အပြင်က သပ်ရပ်တယ်
သူ့မျက်ခုံးတွေက အနုပညာဆန်ပြီး သူက ရှောင်အန်းချီ နဲ့တူတယ်။

အေးစက်သောအမူအရာက သူ့စိတ်နေသဘောထားကို နက်နဲသည့်ခံစားချက်ကို တိုးစေပါတယ်
အရပ်ရှည်ပြီး သေးငယ်တဲ့ ခန္ဓာကိုယ်က အလွန်ယဉ်ကျေးပုံပေါက်ပါတယ်

"မင်းက စုအီရန် လား?" ကျန်းဟွမ်းလင်က ကျန်းယီ ကို ဂရုမစိုက်ဘဲ
ထိုင်ချလိုက်ပါတယ်
သူ့မျက်နှာကို ထိချင်သလိုကိုင်ကာ လက်ကိုဆန့်လိုက်ပါတယ်
စုအီရန် က သတိထားပြီး နောက်ပြန်ဆုတ်သွားပါတယ်

သူက ကျန်းဟွမ်းလင် ကို လေးလေးနက်နက် ကြည့်တာကြောင့်
သူမ သူ့ကို ပိုလို့တောင် သဘောကျသွားတယ်
သူမ မတ်တပ်ထရပ်ပြီး စုအီရန် ၏လက်ကို တိုက်ရိုက်ဆွဲကာ ထိုင်ခုံဆီသို့ ခေါ်ဆောင်သွားပါတယ်

"ယီယီ နင် ကအရမ်းဆိုးတာပဲ နင့် ရဲ့ကလေးကို ငါနဲ့ တွေ့ဖို့ ဘာလို့စောစောမခေါ်လာတာလဲ? ''
ကျန်းဟွမ်းလင်က စုအီရန် ၏မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်ပါတယ်

ကျန်းဟွမ်းလင်က စုအီရန် ၏လက်ကို ဆုပ်ကိုင်လိုက်တဲ့အခါ
ကျန်းယီက သတိရှိနေပါတယ်
ကံကောင်းထောက်မစွာနဲ့ပဲ ကျန်းဟွမ်းလင် က သူ့ကို ထိုင်ခုံမှာ ကိုင်ထားပြီးနောက်
သူ့ကို လွှတ်ပေးခဲ့တာကြောင့်ပေါ့
မဟုတ်ရင် စုအီရန် ရဲ့ ဒေါသကို သူမတကယ် ကြောက်ပါတယ်

"နင်က ကလေးကို ခိုးသွားမှာ ကြောက်နေတာလား "

ကျန်းယီက စုအန်းချီကို ဘီစကစ် ပေးလိုက်ပါတယ်
သူမလေးက သွားတွေကို ကြိတ်ပြီး စားသောက်စေခဲ့ပါတယ်

ကျန်းဟွမ်းလင်က စုအီရန်ကို ဆက်လက်စိုက်ကြည့်နေပါတယ်
စုအီရန်က စိတ်မသက်မသာနဲ့ ခေါင်းကို လှည့်ပြီး
ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်
ပြတင်းပေါက်မှ လှမ်းကြည့်သောအခါတွင် မျက်လုံးပေါင်းများစွာက သူ့ကို တိုက်ရိုက်ကြည့်နေကြပါတယ်
သူ့စိတ်တွေရှုပ်ထွေးလာပြီး အောက်ကိုငုံ့ကြည့်လိုက်ပါတယ် ..............

ကျန်းယီက ခေါင်းကို မော့ကြည့်လိုက်တော့ သူတို့ရဲ့ ပရိုဂရမ် ရိုက်ကူးရေးကြောင့်
လူတွေ အများကြီး ဝိုင်းအုံလာကြတာကို တွေ့လိုက်ရတယ်
တစ်စုံတစ်ယောက်သည်သူတို့၏ ဖုန်းကိုလည်း ကိုင်ထားကြပါတယ်
စုအီရန် ရဲ့ ထိတ်လန့်မှုကို ကြည့်ပြီး သူမ မျက်မှောင်ကြုတ်လိုက်ပါတယ်
သူမက အနည်းငယ် စိုးရိမ်နေသော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်

ထွက်လာတာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု
ဖြစ်နိုင်တယ်လေ

စုအန်းချီကတော့ သူမပတ်ဝန်းကျင်ရှိ
မျက်လုံးတွေကို သတိမထားမိဘဲ
ကွတ်ကီးတွေကိုသာ ပျော်ရွှင်စွာစားနေပါတယ်

"ပြောပါအုံး နင် ဒီနေ့ ငါ့ကို ခေါ်ရတဲ့
အကြောင်းအရင်း " ကျန်းယီက စုအီရန် ကိုပဲ ဆက်လက်စိုက်ကြည့်နေတဲ့ ကျန်းဟွမ်းလင် ကို
မေးလိုက်ပါတယ်

ပုံမှန်အားဖြင့် ကျန်းဟွမ်းလင်က မူလပိုင်ရှင်နှင့် ဒီလိုနေရာမျိုးတွေမှာ ချိန်းဆိုထားခြင်း မရှိပေ
ခရီးမသွားဘူးလား ဒါမှမဟုတ် ဘားကိုရောလား
ဒီလို နေရာလေးက သေးငယ်ပြီး လေကောင်းလေသန့်ရတဲ့ နေရာလေးပါပဲ
သူမ က ဒီလို ဘယ်လိုရောက်လာတာလဲ??

ဒါကြောင့် ကျန်းဟွမ်းလင် စိတ်ထဲမှာ တစ်ခုခုတော့ ရှိနေတာ မို့လို့ သူမကို ခေါ်လိုက်တာပဲ
စုအီရန်က လူတွေနဲ့ တွေ့ဆုံပြီး
တက်ကြွနေလိမ့်မယ်ဆိုပြီး သူမ ထွက်လာခဲ့တာ
ဒီလိုမျိုး မှမဟုတ်ရင်တော့ သူမသဘောတူမှာ
မဟုတ်ဖူး

စုအီရန် ရဲ့ အခြေအနေကို ကြည့်ရုံနဲ့
သူမ နှလုံးသားထဲတွင် နောင်တရစရာ အချို့ ရနေပါပြီ

ကျန်းဟွမ်းလင် က လန့်သွားပါတယ်
သူမ ဖုန်းကို ထုတ်လိုက်ပြီး ပြုံးကာ "အိုး ငါ နင့် ကို မတွေ့တာကြာပြီလေ
ဒါနဲ့ စကားစမြည်ပြောကြဖို့ ထွက်လာခိုင်းတာလေ
ကလေးတွေကို ခေါ်ထုတ်လာရတာ မပျော်ဘူးလား"

ရုတ်တရက်ဆိုသလိုပဲ ကျန်းဟွမ်းလင် က တံခါးကို ဝှေ့ယမ်းပြီး "ဟေး ဒီမှာ!"

ကျန်းယီက တံခါးဝတွင် ရပ်နေသော လှပတဲ့ မိန်းကလေးကို လှမ်းကြည့်လိုက်ပါတယ်
သူမက 1.6 မီတာရှိပြီး ပိန်ပိန်ပါးပါးနှင့် အားနည်းတဲ့ အသားအရေဖျော့ဖျော့ရှိပါတယ်
မူရင်းပိုင်ရှင်နဲ့ နံပါတ် ဆယ့်ရှစ်မင်းသမီး ကျန်းဟွမ်းလင် တို့ ၏ သူငယ်ချင်းဖြစ်သူ
ယုမန်းမြောင် ဖြစ်ပါတယ်
သူမဟာ မင်းသမီးငယ်လေးတစ်ယောက်ပါပဲ
သူမက အလွန်အမင်း ဖောက်ပြန်ခြင်း မရှိသော်လည်း သူမက သူတို့နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ရှင်းရှင်းလင်းလင်း မသိသာပေ

.သာမန်ဆိုရုံလောက်ပါပဲ .....

ကျန်းယီ စိတ်ထဲမှာ စုဇီရွှမ်း နဲ့ စကားပြောနေတဲ့ မှတ်ဉာဏ်တစ်ခုရှိနေပါတယ်
မူလပိုင်ရှင်က သူမကို မေးတဲ့အခါ သူမက
သူ့မသူငယ်ချင်းအတွက် ရပ်တည်ပြီး
မူလပိုင်ရှင်ကို တရားမျှတမှုရအောင်
ကူညီချင်တယ်လို့ ပြောပါတယ်
ဘာအကြောင်းနဲ့မှ ရှင်းရှင်းလင်းလင်း မပြောပေမယ့်
မူလပိုင်ရှင်က အဲ့အချိန်တုန်းက အဆင်ပြေမနေဘူး
နောက်ပိုင်းမှာ သူတို့ သိပ်မဆုံဖြစ်ကြတော့ ကျန်းယီ စိတ်သက်သာရာ ရသွားတယ်
( T/N white lotus ပဲထင်တယ် ယုမန်းမြောင်ကလေ...............)
ဒီနေ့ကတော့ ?
ကျန်းယီက ယုမန်းမြောင် ရဲ့ လက်ကို တရင်းတနှီး ဆုပ်ကိုင်ထားသည့်
ကျန်းဟွမ်းလင် ကိုကြည့်ကာ သူမကို အမြန်ထိုင်ခိုင်းလိုက်ပြီး
"ကောင်းပြီ၊ ငါတို့ထွက်လာတာ ခဏလောက်ရှိပြီ
ယဉ်ကျေးနေတာတွေအသာထား
ဒီမှာ ချစ်ဖို့ကောင်းတဲ့ ကလေးနှစ်ယောက်ရှိတယ်"

ယုမန်းမြောင်က သပ်ရပ်စွာ ထိုင်လိုက်ပါတယ်
သူမရဲ့ အမူအရာက တောင်းပန်စကားနဲ့
အသံနိမ့်နိမ့်လေးဖြင့်
"တောင်းပန်ပါတယ် ယီယီ
နင့် ကလေးတွေ လိုက်လာတာကို
ငါမသိလိုက်ဘူး ဒါကြောင့်
ငါ လက်ဆောင်မပြင်ဆင်လာခဲ့ဘူး..."

ကျန်းဟွမ်းလင်က သတိမဲ့စွာဖြင့်
" နင် နောက်တစ်ကြိမ် ကျ လက်ဆောင်
ယူလာနိုင်ပါတယ်
ယီယီ က တွန့်တိုတဲ့လူမှ မဟုတ်တာကွာ ''

ကျန်းယီက စုအန်းချီ ၏လက်ပေါ်ရှိ ကွတ်ကီးအညစ်အကြေးတွေကို သန့်စင်ပေးပြီး
စုအီရန် ဘေးရှိ သကြားပန်းကန်ကို ဘေးဖယ်ထားလိုက်ပါတယ်
သူမက "အင်း၊ အဆင်ပြေပါတယ်၊
အိမ်မှာ အရာအားလုံးရှိတယ်
ပိုက်ဆံတွေဖြုန်းတီးစရာ မလိုဘူး "

ယုမန်းမြောင် က စုအီရန် ၏ လှပတဲ့ အကြည့်ကို ကြည့်ပြီး
"မင်္ဂလာပါ စုအီရန် ငါက မင်း ရဲ့ ဒေါ်လေး
မန်းမြောင်ပါ တွေ့ရတာ အရမ်းဝမ်းသာပါတယ် "

သူမ ပြုံးလိုက်ပါတယ် လေထဲမှာ ပွင့်နေသော
ပန်းတစ်ပွင့်ကဲ့သို့ အလွန်ဖြူစင်ပြီး
ချစ်စဖွယ်ကောင်းပါတယ်

စုအီရန် က သူမကို မော့ကြည့်လိုက်ပြီး သကြားမပါတဲ့ နို့လက်ဖက်ရည်ကို သောက်လိုက်ပါတယ်

ယုမန်းမြောင်က ကျန်းယီ ကို မှင်တက်စွာ ကြည့်လိုက်ပါတယ်
သူမ အနည်းငယ် စိတ်မသက်မသာဖြစ်မိတယ်
သူမက " ယီယီ နင် ငါ့ကို ဇီရွှမ်းကိစ္စနဲ့ စိတ်ဆိုးနေသေးလား...?"

ဒါကိုကြားတော့ ကျန်းဟွမ်းလင် က ကျန်းယီ နဲ့
ယုမန်းမြောင် ကို ကြည့်လိုက်ပါတယ်
ရုတ်တရက် လေထုက ငြိမ်သက်သွားပြီး စုအန်းချီ ရဲ့ အသံကိုသာ ကြားလိုက်ရပါတယ်
17-6-2022
#translated_by_VioletM
( T/N ကြာပန်းဖြူလို့ ထင်မိတယ် ယုမန်းမြောင်ကို
ဒါဒါတို့ရော ဘယ်လို ထင်မိပါသလဲ ??
ပြောကြပါအုံး ..........
အပိုင်းအရင်စုလိုက်အုံးမယ်
ပြီးမှ စုတင်ပေးမယ်နော်(/^-^(^ ^*)/
ဘာသာပြန်ကို ဖတ်ပေးတဲ့ ဒါဒါတိုင်းကို ကျေးဇူးပါ
မှတ်ချက်လေးများဖြင့် ကူညီပေးပါအုံး
ကြိုက်နှစ်သက်ရင် ..Voteလေးတွေလဲ ပေးပါအုံး
ဆက်လက်ကြိုးစားပါအုံးမယ်)

Zawgyi

ကလေးလေးတို့မေမေ
အခန်း ၁၅




လို့ပြောလိုက်ပါတယ်




ရှိနေပါတယ်












ထိုင်ချလိုက်ပါတယ်








ဖြစ်နိုင်တယ်လေ


မေးလိုက်ပါတယ်


မဟုတ်ဖူး






ဒီနေ့ကတော့ ?

"တောင်းပန်ပါတယ် ယီယီ

ယူလာနိုင်ပါတယ်






17-6-2022
#translated_by_VioletM
ပြောကြပါအုံး ..........

Continue Reading

You'll Also Like

2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
322K 11.6K 21
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...
162K 16.7K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
119K 9.9K 159
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...