I'm so Sorry For that(Complet...

By Period-K

24.2K 2.6K 1.2K

မင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ္မာလြန္းတယ္ More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chpter 12
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chaper 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52(warning )
Chapter 53
Chapter 54(Final)

Chapter 13

326 47 9
By Period-K

Plan နဲ့တွေ့ရဖို့အတွက် ပင်မဆောင်ဘက်မှာ ခဏစောင့်ဆိုင်းနေရတယ် နောက်နှစ်လနေရင် တကယ်ပဲ Plan ပြန်လွတ်တော့မယ်
တွေးလေတွေးလေ ပျော်ရွှင်မှုက အတိုင်းမသိဘဲ Plan အတွက် စားစရာတွေ ဝယ်လာပြီး ထိုင်ခုံလေးမှာ  ထိုင်စောင့်နေရင်း

"မင်း လာတယ်ပေါ့"

"ဒီနေ့ မင်းမွေးနေ့လေ "

"ငါတောင် မေ့နေတာကို"

Plan က အမြဲ ပြုံးနေတတ်သည်။ဒီလို အခြေအနေမှာ သူပြုံးပျော်မနေနိုင်တာ သိပါတယ် ဒါပေမဲ့ အထဲက လူက ကျွန်တော်အပြင်ကလူကို ပင် အမြဲ ပြန်အားပေးနေခဲ့တာလေ

"ပြန်သတိရပြီပေါ့ ကိုယ့်ကို ကိုယ် အပစ်တင်မနေဖို့ပဲ မျှော်လင့် ပါတယ် အရာအားလုံးက မင်းအတွက်ထိုက်တန်တယ် ဘဝကိုပျော်ပျော်နေ "

"မင်းလွတ်လာရင် ငါနဲ့ကျောင်းကို လိုက်ခဲ့ အဲ့အချိန် အားကစားပွဲတော်နဲ့ တိုက်တယ် "

" လိုက်မှာပေါ့ ကွ မင်းကို အဝတ်အစားတွေ ဝယ်ပေးဖို့ အလုပ်လည်းလုပ်ရမယ် "

" အကို "
စကားတွေ ပြောနေရင်း မျက်ရည်အဝဲသားနဲ့ အကိုဆို ပြီး ခေါ်သည်။ထိုခွေးပေါက်လေးဟာ ဟိုးအငယ်လေးကတည်း က Plan ဟုသာခေါ်ပြီး စိတ်ရှိမှသာ အကိုခေါ်တတ်တာ အခုတော့ သူဝမ်းနည်းတာကြောင့် အကိုဟု သုံးလာပြန်သည်။အိ စင်း နေသည့် ဆံပင်လုံးလုံးလေးကိုဖွပြီး ချော့မြူလိုက်သည်။

"အင်း ငါကမင်းအကိုလေ အငယ်လေးကတည်းက မင်းကိုစောက်ရှောက်လာတာ ကွ မင်းကငါ့ညီငယ်လေး အဲ့တာမှတ်ထား "

" အင်း မင်းလွတ်လာရင်တော့ အေးအေးဆေးဆေး နေတော့ ငါပဲရှာကျွေးပါ့မယ် "

"ဟေ့ကောင် plan က အခုမှ ၂၉ ပဲရှိသေးတာကွ သန်တုန်းမြန်တုန်း ငါ့ကို အဖိုးကြီး လို့မြင်နေတာလား ပြောစမ်း"

"ဟား...ဟား...ဟုတ်တယ်လေ အကိုက အသက်ကြီးပြီ"

ဝယ်လာတဲ့ ကိတ်မုန့်တစ်ချို့ ပီဇာ တစ်ချပ်ကို ပလုတ်ပလောင်းစားနေပြီး အော်ကာရယ်နေတော့သည်။ကျွန်တော်တို့ နှစ်ယောက်ထံ ကို လူတစ်ယောက် ထပ်ရောက်လာခဲ့တယ်

"Plan တကယ် မင်းပဲ ငါလုံးဝ မယုံကြည်နိုင်ဘူး "

"Mean "

ဂေဟာကထွက်လာကတည်းက အမြဲ သူ့ကို ကူညီပြီးစောင့်ရှောက်ခဲ့တဲ့ သူ ဒါပေမဲ့ သူ့ဘဝထဲက ပညားရေးဆိုတဲ့ စကားလေးတစ်ခွန်းပျောက်ကွယ်သွားတဲ့ သူ ဒီလူပဲနောက်တစ်ခေါက်သူ့ရှေ့ပြန်ပေါ်လာပြီ

သူ့ရှေ့မှာ ထောင်ဝတ်စုံနဲ့ ပုံစံကို မပြချင်ဘူး
ရှက်သလို အားငယ်မိတယ် သူက ကိုယ့်အတွက် မရှိမဖြစ် တဲ့ယောက်ျားတစ်ယောက် သူပျောက်ကွယ်သွားတော့လည်း အားတင်းကာ ညီငယ်ကိုစောက်ရှောက်နေရတာ သူအမြဲပြောတယ် သူနဲ့လိုက်ဖို့ ကိုယ်က ဒီကလေးကိုမခွဲနိုင်လို့ သူ့ကိုခြေစုံပစ်ခဲ့တာ

အပြစ်များတင်နေမလား ကိုယ့်ကို အထင်များသေးသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကကြီးစိုးနေတော့တာ

"မင်းဒီလိုလုပ်တာ ဒီကောင့်အတွက်ပဲလား "

"Mean အခု မပြောပါနဲ့ Saint မင်းပြန်တော့ နော် ငါပြောစရာလေးတွေရှိလို့နောက်တစ်ပတ်မှ လာခဲ့နော် "

"..."

"Saint ဘာမှ မဖြစ်ဘူး ကျောင်းတတ်ရအုံးမှာ မလား သွားတော့နော် "

Saint ပြန်သွားတော့မှ Mean ကို စိတ်လျော့ခိုင်းပြီး အေဆေးစကားပြောဖို့ တောင်ဆိုရသည်။အခုချိန်မှာ သူနဲ့ ကိုယ်က ဆိုင်သေးရဲ့လားတောင် သေသေချာချာ မသိပေမဲ့လို့ပေါ့

"ဘာလို့ လဲ မင်းရဲ့ဘဝကြီးထောင်ထွက် ဆိုတဲ့ နာမည်ကြီးနဲ့ရှင်သန်ရတော့မှာ မင်းအဲ့တာကိုနားလည်လား ငါပြုစုခဲ့တဲ့ ပန်းပင်လေးက လုံးဝကို အညွှန့်ကျိုးသွားပြီလား ဟန် "

"..."

"မင်းဘယ်လိုတောင် ခေါင်းမာရဲရတာလဲ plan ငါမင်းကို အမြဲပြောတယ် မင်းဘဝနဲ့ မင်းရှင်သန်ဖို့ ဒီပြသနာကောင်ကို ဘာလို့မင်း တွယ်တာနေရတာလဲ ငါကမင်းပးအတွက် တကယ်အရေးမပါတာလားဟန် Plan"

"မင်းကရော *sob* မင်းကရော အခုမှ ပြန်ပေါ်လာပြီး ဘာလို့ငါ့ကို အပြစ်တင်နေတာလဲ ငါ့မှ မိသားစု ဆိုလို့ ငါ့ညီပဲရှိတာ မင်းဒါလေးတောင်နားမလည်ဘူးလား ဟမ် ငါ့ညီအတွက် ငါဘာကိုမှ နောင်တမရဘူး အခုလိုဖြစ်ရတာလည်း ငါကိုယ်တိုင်ကြောင့် ငါ့ညီငါ့ကြောင့်လမ်းမှားသွားတယ် ငါ့ကြောင့်စိတ်ဒဏ်ရာတွေရသွားတယ် ငါပြန်အစားထိုးပေးနိုင်တာ ဒါပဲရှိလို့ ငါ့ဘဝ ထဲက မင်းထွက်သွားပြီးပြီလေ မင်းဘာလို့ လာပြီး အပြစ်တင်နေတာလဲ"

အကို ငိုနေခဲ့တယ် အများကြီးငိုနေခဲ့တယ် အကို ကျွန်တော့်ရှေ့မှာ တစ်ခါမှ မငိုဖူးခဲ့ဘူး သူကအရမ်းသန်မာတဲ့သူတစ်ယောက်လိုပေါ့
ထိုနေရာကပြေးထွက်လာပြီး ကျောင်းကို တန်းခဲ့လိုက်မိတယ် ။ အကို ကသူ့အပြစ်လို့အမြဲ တွေးနေခဲ့တာလား အကို ကကျွန်တော့်ကြောင့် အမြဲပင်ပန်းနေခဲ့ရတာပဲ ကျွန်တော်က အကို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့တယ် မိဘတွေကရော အဲ့ဒါကြောင့်ပစ်ပယ်သွားခဲ့တာပဲလား

"Saint ပထမ အတန်းချိန် ဘာလို့ပျက်တာလဲ
လွတ်သွားတဲ့စာတွေ ငါ မင်းအတွက် ကူးပေးထားတယ် တော်သေးတယ် အိမ်စာထပ်ထားတဲ့ စာအုပ်ဖြစ်နေလို့ "

Perth..

အတန်းထဲ ဝင်လာပြီး ထိုင်ခုံမှာ ထိုင်လိုက်မှ ကျွန်တော်လည်း ကရားရေလွှတ်စကားတွေပြောနေခဲ့တယ် သိမ်းထားတဲ့စာအုပ်ကို သူ့ဆီကမ်းပေးလိုက်တော့ ခေါင်းကြီးသာငုံ့ ပြီး ဘာစကားမှ ပြန်မပြောဘူး ပြီးတော့  ခုံပေါ်မှာ မှောက်အိပ်လိုက်ပြန်တယ်။

တုန်ယင်နေတဲ့ကျောပြင်လေးကြောင့် ကျွန်တော့်စိတ်ထဲမှာ လှိုင်းလုံးတွေကြီးထွားလျှက်

"Saint ဘာဖြစ်လို့လဲဟင် "

"ဘာ....မှ....မဖြစ်ဘူး "

"မင်းအသံကလည်းတစ်မျိုးကြီးပဲ ဘာဖြစ်လာတာလဲ ငါကမင်းသူငယ်ချင်းလေ မင်းဝမ်းနည်းနေတာလား ငါမင်းကို ဖက်ထားပေးမယ် "

ဘေးနားမှာ ဒူးဖောက်လိုက်ပြီး သူ့ခါးလေးကို ပွေ့ဖက်ပေးလိုက်တယ် ကျွန်တော် လည်း အားငယ်နေချိန်ဆို ပွေ့ဖက်ခံချင်တယ်လေ
saint ဘာကြောင့် ငိုကြွေးလောက်တဲ့ အထိ အားငယ်မှု ဝမ်းနည်းမှုတွေ ဖြစ်နေလဲ မသိဘူး နှစ်သိမ့်ပေးချင်တာပဲ ရှိတာ

"ငါ့မှာ အကိုတစ်ယောက်ရှိတယ် "

"ဟင် အင်း "

"သူကငါ့အတွက် သူ့ဘဝကြီးတစ်ခုလုံးကို ပုံအပ်ထားတာ သူပင်ပန်းနေခဲ့တာ သူ့ငါ့ကြောင့် သူ့ဘဝကြီး ကို ဆုံးရှုံးခံထားတာ သူအရမ်းဝမ်းနည်းနေတာ သူအရမ်းပင်ပန်းနေတာ ငါ့ကြောင့်လေ ဒါပေမဲ့ သူကငါ့ရှေ့မှာ မပြိုလဲခဲ့ဘူး ငါ့ကို အမြဲ အားပေူနှစ်သိမ့်ပြီး သန်မာတဲ့ ငါ့အကိုကလေ ငါ့အတွက် အရမ်းပင်ပန်းခံနေတာ တဲ့ ကွာ"

"Saint မင်းကြောင့် မဟုတ်ပါဘူး မင်းကိုသူချစ်လို့ ဒီလိုပေးဆပ်တာပဲလေ မင်းကအချစ်ခံရဖို့ထိုက်တန်လို့သူပေးဆပ်တာပဲ"

"ငါ့ကြောင့် သူများတွေ ကိုအပင်ပန်းမခံစေချင်ဘူး ငါတကယ်စိတ်ပျက်ဖို့ကောင်းတဲ့ ရှင်သန်မှု မျိုးနဲ့ လူဖြစ်နေတာလား ဟမ်"

"ဘာလို့အဲ့လိုတွေးနေရတာလဲ မင်းကထိုက်တန်တဲ့ကောင်လေးမို့လို့လေ မင်းက တခြားသူပေးဆပ်ဖို့အထိ လိုအပ်ပြီး တန်ဖိုးထားဖို့ ထိုက်တန်လို့ မင်းအပြစ်မဟုတ်ဘူး "

"ငါမထိုက်တန် ပါဘူး ငါဘယ်အရာနဲ့မှ မထိုက်တန်ဘူး ငါ့မိဘတွေတောင် ငါ့ကိုစွန့်ပ်ခဲ့ကြတာ ငါက ဘယ်သူ့အတွက် မှ ....."

အတန်းထဲက လူတွေက ဟိုတစ်စု ဒီတစ်စုသာ သူ့အာရုံနဲ့သာထွေးပြားနေကြတယ်

ငိုပြီး တုန်ယင်နေတဲ့နှုတ်ခမ်းလေးဟာ မဲ့ကျသွားလို့ တစ်ဆက်ဆက်တုန်ယင်နေတာ
မင်းကဘာလို့ စွန့်ပစ်ခံဘဝနဲ့ အားငယ်နေရမှာလဲ

နှုတ်ခမ်းတွေ ထပ်တူ ကျကာ သူရဲ့ နှုတ်ခမ်းသားအိအိလေးတွေကို ငုံထွေးလိုက်သည်။ဖိကပ်ထားတဲ့ နှုတ်ခမ်းတွေက ပွင့်ဟ မလာလို့ နှုတ်ခမ်းနှစ်လွှာကြားကို လျှာနဲ့ အတင်းတိုးကာ တင်လိုက်သည်။ ခံတွင်း ထဲကိုရောက်သွားတာနဲ့ သူ့ရဲ့လျှာနဲ့ ထပ်တူ ညီကာ စုပ်နမ်းနေသည်။ခါးကအင်္ကျီစ ကို ဆွဲလိုက်တဲ့ လက်ကလေးတွေက အစ တုန်ယင်နေလျှက် မျက်ခမ်းတွေက ပိတ်ကာထားနေဆဲ

"အင်း....."

" ငါတောင်းပန်ပါတယ် မင်းငိုနေတာ ဆက်ကြည့်မနေနိုင်တော့လို့ "

ပြေးထွက်သွားတဲ့ Saint ကိုလှမ်းမဆွဲနိုင်လိုက်ဘူး အနမ်းတွေ ကိုလက်ခံခဲ့ပေမဲ့ ထိုကောင်လေးကအဆုံးသတ်မှာ ထွက်ပြေးသွားခဲ့တယ်

"ငါတောင်းပန်ပါတယ် ဘာဖြစ်လို့ လုပ်လိုက်မိလဲ ငါတကယ်မသိဘူး"

@Period-K

See you

Zawgyi


"မင်း လာတယ်ပေါ့"

"ဒီနေ့ မင်းမွေးနေ့လေ "

"ငါတောင် မေ့နေတာကို"





" အကို "







"Mean "






"..."




"..."





Perth..




"ဘာ....မှ....မဖြစ်ဘူး "




"ဟင် အင်း "









"အင်း....."




@Period-K

See you

Continue Reading

You'll Also Like

293K 13.8K 48
ဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ...
733K 31.2K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
93.8K 12.4K 45
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
298K 51.1K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)