ကျွန်တော်နိုးလာတော့ အခန်းထဲမှာ ဘယ်သူမရှိဘူး မှတ်မိရသလောက်ကတော့ ကျွန်တော်အသံမထွက်လာနိုင်တာပဲ အားတင်းပြီး ထွက်ကြည့်ပေမဲ့မရဘူး ကျွန်တော်တစ်သက်လုံး ဒီလိုနေသွားရမယ်တော့မထင်ပါဘူး
"သခင်လေးနိုးနေပြီ ညစာဘာစားမလဲ သခင်လေး"
Plia က လာမေးပြီးမှ နှုတ်ခမ်းလေးချွန်သွားတယ် အခုလောလောဆယ်တော့ ကျွန်တော်စကား ပြောနိုင်မှာ မဟုတ်သေးဘူးလေ
"သူဌေး မရှိခင် ကြီးကြီးလည်း မရှိခင် သခင်လေးဖို့ ခေါက်ဆွဲရေနွေးဖျော ပေးရမလားဟင်"
ကျွန်တော်သူ့ကို ပြုံးပြကာခေါင်းငြိမ့်ပြလိုက်တော့ ခဏလေးဆိုပြီး အောက်ကိုပြေးဆင်းသွားလေရဲ့
ဖြစ်ပြီးခဲ့တာတွေ ဖြစ်ပြီးပြီပဲ တစ်နေ့ကျွန်တော် စကားပြန်ပြောနိုင်ပဲလေ ပထမ စစဖြစ်ချင်းတုန်းကလောက်ကြောက်မနေတော့ ဆရာကလည်းပြောသွားတယ် တစ်ရက်နှစ်ရက်နေရင် သက်သာလာမှာပါ
ထမင်းစားခန်းထဲမှာ သွားထိုင်နေလိုက်ပြီး အဖုံးပိတ်ထားတဲ့ အစ်လေး လာချပေးပြီး ဘေးနားမှာ မတ်တပ်ရပ်နေသည့် Plia ကို ခုံမှာ ထိုင်ဖို့ လက်ညိုးထိုးပြလိုက်သည်။
"ဟီး မထိုင်ဘူး ကြီးကြီးဆူလိမ့်မယ် သခင်လေးရဲ့ မနက်ကလေ သူဌေး သခင်လေးကို စိတ်အရမ်းပူပြီး ဗြာများနေတာ သူဌေးကတော်တော် ကြီး သခင်လေး ကိုစိုးရိမ်နေတာ သူဌေးပြန်လာရင် စိတ်ဆိုးမနေပါနဲ့တော့နော် "
ဒီကောင်မလေးဘာသိလို့လဲ သူတို့သူဌေးကိုပဲ ကျွန်တော်ကစိတ်ဆိုးနေတဲ့ပုံနဲ့ သူဌေးကတော့ သနားစရာလေးပေါ့
"Plia...."
"ဟန်သူဌေး ....."
Plia Perth အသံကြောင့် ချက်ချင်း အိမ်ရှေ့ကိုပြေးထွက်သွားလေရဲ့ ခဏအကြာ ထမင်းဟင်းပြင်ဆင်သည့် ကြီးကြီး က အထုတ်နည်းနည်းသယ်လာပြီး အခြားအလုပ်သမားတွေလည်း ပစ္စည်းတွေ သယ်လာတာ နည်းနည်းနောနော မဟုတ်ဘူး
ကျွန်တော်လည်း ကြားတည်းက Plia အဆူခံနေရမှာ စိုးလို့ ခေါက်ဆွဲတွေ အကုန်ပါးစပ်ထဲ ထိုးထည့်ပြီး အရည် ရှလူးရှလော မော့သောက်လိုက်သည်။ပူပြီး စပ်နေတာကြောင့်နှုတ်ခမ်းတွေက ပုံ မှန်ထပ် ပိုပြီး ကြွတတ်လာသည်။
YOU ARE READING
I'm so Sorry For that(Complete)
Fanfictionမင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ်မာလွန်းတယ်