Chapter 36

409 51 31
                                    

"Saint......"

"Saint......."

"Saint......"

"......"

"ဘာလို့လဲ ဘာလို့ စကားပြန်မပြောတာလဲ မင်းဘာဖြစ်ချင် လို့လဲ ငါ့ကိုပြော ဘာလိုချင်လို့လဲ"

"Perth ကိုခေါ်ပေး Perth ကိုပြန်ခေါ်ပေး ငါအသက်မရှူဘဲ ဆုတောင်းမယ် မင်းတို့မခေါ်ပေးလည်းရတယ် "

Saint စကားကြောင့် အကုန်လုံးပင့်သက်ရှိုက်ကုန်ရသည်။အသက်မရှူဘဲ ဆုတောင်းနေမယ် ဆိုတာ ဘယ်လောက်တောင် ရူးမိုက်တဲ့ အလုပ်လဲ

"Saint အဲ့လိုလုပ်ရင် ကျို့ကျို့လေးက မင်းနဲ့ အဝေးကြီးကို ရောက်သွားလိမ့်မယ်"

"ဟင်......ကျို့ကျို့လေးဘယ်ကိုမှ မသွားရဘူးဟင့်အင့်"

Saint ရဲ့ ခန္ဓာကိုယ်လေး ကPlan ရင်ခွင်ထဲ ကျုံ့ကျုံ့ကလေးသာ ရှိနေသည်။ကလေးလေးတစ်ယောက်လို ခွေလိမ်နေပြီး မျက်ရည်တွေနဲ့ ပေပွလျှက်

"အဲ့ဆို ဆုမတောင်းရဘူး Perth က Yewoon နဲ့ သူ့ကလေးကို အချိန်ပေးရမယ် မင်းနဲ့ ဘာမှ မပတ်သတ်တော့ဘူး အဲ့ဒါကြောင့် Perth ကိုမမျှော်နေနဲ့တော့"

"ဟင့်....မဟုတ်ဘူး ..... Perth ကို Phi Mean, ကမောင်းထုတ်လိုက်တာ အီး.....အင့်"

"မဟုတ်ဘူး Saint ဘာမှ ဆက်မတွေးပါနဲ့ တော့ကျေးဇူးပြုပြီးတော့"

"Perth နေမှမကောင်းတာ သူနေမကောင်းဘူး သူငါ့ကို လိုအပ်နေမှာ ....... ငါတို့ကို မခွဲကြပါနဲ့ ငါသူ့ကိုချစ်လို့ပါ သူငါ့ကိုအခုမှ ချစ်တုန်းလေး.....ရှိသေးတာ .....အင့်"

နိုးလာကတည်းက တစ်မနက်လုံး ငိုနေတာကြောင့် plan လုံးဝချော့မရ။Plia ကလည်း စျေးသွားတာကြောင့် သူတစ်ယောက်တည်း Saint ကို ထိန်းလို့မရတော့ဘူး။နောက်မှ ငိုနေရင်း အိပ်ပျော်သွားတော့ မှ သက်ပြင်းချနိုင်တော့သည်။နိုစလာရင် ဆန်ပြုတ်ထဲ ဆေးမြစ်ထည့်ပြုတ်ရအောင် ပြောရန်အောက်သို့ ဆင်းလာခဲ့သည်။

"Plia ချက်တတ်လို့လား"

"ဟုတ် ညီမ ချက်တတ်တယ် အစ်ကိုသောက်မှာဆိုတော့ ကိုယ်တိုင်လုပ်ပေးမလို့"

"ဒီဆေးမြစ်က အမြစ်ဘေးက အမဲတွေ ခြစ်ချရမယ် နေအုံး ဓားဘယ်မှာလဲ"

I'm so Sorry For that(Complete)Où les histoires vivent. Découvrez maintenant