Chpter 12

318 45 8
                                    

"..."

"မင်းငါ့ကို ဘယ်လို လူထင်နေတာလဲ မင်းဘက်က ငွေငွေ ငွေ ဆိုတာနဲ့ ငါ့ဘဝကို ထိန်းချုပ်ချင်နေတာလား မင်းဟာ စောက်အသိတရားနည်းပါးလွန်းတယ် ငါနဲ့ ထပ်မပတ်သတ်နဲ့တော့"

အတန်းထဲဝင်လိုက်ပြီး အနောက်ဘက်  သုံးတန်းမြောက်က Pao ဆိုတဲ့ကောင်လေးနဲ့ နေရာချင်းလဲ ဖို့သွားပြောတော့ သူကလည်း မျက်စိကြောင့် နေရာလဲချင်နေတာကြာပြီပြောတယ် အဆင်သင့် ဖြစ်တာ နဲ့ သူနဲ့ နေရာချင်းလဲ လိုက်သည်။အနောက်ဆိုတော့ အိပ်နေလို့လဲ ရတယ်လေ

"Pao မင်းကဘာလို့ ဒီမှာလာထိုင်နေတာလဲ "

"Phi Saint ကနေရာလဲ မယ်ဆိုလို့လေ "

"ဘာ"

မဖြစ်ဘူး ကျွန်တော့်ကိုတကယ်ပဲ စိတ်ဆိုးသွားတာပေါ့ သူအဲ့လို မနေနိုင်ဘူး Saint မရှိဘဲ ကို မနေနိုင်တော့တာ သူမကြိုက်တဲ့ အရာတွေ ကို အတတ်နိုင်ဆုံးရှောင်ပေမဲ့ သူ့အတွက် အကူ အညီဖြစ်စေ  မလားဆိုတဲ့ စိတ်နဲ့ ပြောမိဆို မိတာလေးပဲ သူဘာ လို့ ဆက်ဆက် ထိမခံ  ဖြစ်နေရတာလဲ

"Saint ...."

""..."

"ငါတောင်းပန်ပါတယ် မင်းအဲ့လိုတော့ မလုပ်လိုက်ပါနဲ့မင်းအိပ်နေတုန်း ဆရာတွေ လာရင် ငါနိုးပေးရမှာလေ အခုကအဝေးကြီးဖြစ်နေတော့ ငါဘယ်လို နှိုးပေးလို့ရမှာလဲ

မင်းမကြိုက်တာတွေ ငါတတ်နိုင်သလောက်ရှောင်ပါ့မယ် basketball  အကြောင်းလည်း မင်းကို ရှင်းပြရအုံးမယ် လေ ကစားနည်းလည်း သင်ပေးရအုံးမှာ ငါ့ကိုစကား မပြောဘဲ လျစ်လျူ မရှုပါနဲ့လေနော် "

"မင်းကို ငါအကြိမ်ပေါင်းများစွာပြောတယ် မင်းရဲ့ ချမ်းသာကြွယ်ဝမှုတွေ နဲ့ ငါ့ဘဝ ကိုမချယ်လှယ် နဲ့လို့ မင်းဘာလို့ နားမထောင်ရတာလဲ "

"အင်း ....အင်း.... ငါ ဂရုစိုက်ပါ့မယ် နော် နော် နော် "

Saint အိပ်နေရာမှ ထလိုက်ပြီး သက်ပြင်းမော ချလိုက်မိသည်။ကိုယ့်ဘဝ မှာ Plan ကလွဲ ပြီး ဘယ်သူ့ရဲ့ အချစ်ကို မှလိုလိုလားလား လက်မခံချင်ခဲ့ဘူး Pet ရဲ့ အချစ်တွေ အတ္တတွေ ကိုလည်း မွန်းကြပ်တယ် ခံစားရတယ် ဒါပေမဲ့ Perth နဲ့ Plan ကတော့ သူ့ကို ပြုံးစေတယ် ရယ်စေတယ် လွတ်လပ်ပေါ့ပါးစေတယ် အဆုံးရှုံး မခံနိုင်တဲ့ လူက Plan နဲ့အတူ Perth ကပါသူ့ဘဝ ထဲ တဖြည်းဖြည်းတိုးဝင်လာနေတာလေ

I'm so Sorry For that(Complete)Where stories live. Discover now