Chapter 30

390 52 29
                                    

အချစ်ဆိုတဲ့အရာက

နူးညံ့တယ် သိမ်မွေ့တယ် တဲ့
ကျွန်တော့် အလှည့်ကျမှ
ကြမ်းတမ်းလိုက် အေးစက်လိုက်နဲ့
ခံစားနေရတယ်

အချစ်ဆိုတဲ့အရာက

ချိုမြိန်တယ် တဲ့
ကျွန်တော့်အလှည့်ကျမှ
ခါးသွားလိုက်ဖန်သွားလိုက်
ခံစားနေရတယ်။

ဘာလို့လဲ ကျွန်တော်ဖြစ်နေလို့လား

-----------------------------------------------------------

"လက်ထပ်ထားတာ နှစ်လပဲ ရှိသေးတော့  ဥက္ကဌ တို့အချစ်ဇာတ်လမ်းက နည်းနည်းတော့လျို့ဝှက်မယ် ထင်တယ် ဖြေ ပေးနိုင်မလား"

"ဟား...ဟား...ရတာပေါ့ ကျွန်တော် ဖေဖေ့ဆီသွားရင်း dinner ပွဲမှာ Yewoon နဲ့ဆုံတာပဲ မြင်မြင် ချင်းအချစ်ဆိုတာ မင်းယုံကြည်တယ်မလား အဲ့မှာ ကျွန်တော်တို့ နှစ်ဦးသဘောတူ အတူနေဖြစ်ခဲ့ကြတာ "

"အဲ့ဒါကြောင့် အမြန်လက်ထပ်ဖြစ်ခဲ့ကြတာလား"

"ဒါပေါ့ Yewoon က ကိုရီယားမှာနေပေမဲ့ သူက ထိုင်း-ကိုရီးယားကပြားလေ ကျွန်တော်နဲ့ တူတူပဲ ပြီးတော့သူက ကျွန်တော့် Type ဖြစ်တာကြောင့်လည်းပါတယ် "

Interview တစ်ခုလုံးမှာ ကျွန်တော် ပြုံးပြုံးလေးဖြေကြားပြီး dinner ပွဲကို ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်လိုက်နိုင်သည်။Live တင်ဆက်မှု အပြင် မနက်ဖြန် ထွက်လာမဲ့ သတင်းစာ မျက်နှာဖုံးတွေ မှာ ကျွန်တော် ထိပ်ဆုံးက ပါလာမည်မှာ မလွဲ ပေ။

"Yewoon အဆင်ပြေရဲ့လား "

"ပြေတယ် Perth ဆေးသောက်ထားလိုက်တယ်"

"ဒါဆိုရေချိုးလိုက်အုံးမယ် ဘာစာချင်တာ ရှိလဲ Foi ကိုသွားပြင်ခိုင်းလိုက်မယ် "

"Yewoon တော့ ကော်ဖီခါးခါးလေးတစ်ခွက် သောက်ချင်တယ် "

"ဟုတ်ပြီ"

Perth အောက်ထပ်ကို ဆင်းသွားပြီး Foi ကို ကော်ဖီတစ်ခွက်နဲ့ မုန့်အနည်းငယ် ကြိုပြင်ဆင်ခိုင်းလိုက်သည်။ပြီးတော့ သူအပေါ်သို့ပြန်တတ် ကာရေမိုးချိုးပြီး နေသိပ်မကောင်းသည့် Yewoon တွဲကာ ထမင်းစားခန်းသို့ ခေါ်လာခဲ့သည်။

I'm so Sorry For that(Complete)Where stories live. Discover now