Chapter 26

387 45 41
                                    

တရာမမျှတမှုဆိုတာ နေရာတိုင်းမှာရှိကြပါတယ် ကိုယ်တိုင်က သည်းခံခွင့်လွှတ်ပေးတဲ့ အရာက ကိုယ်တိုင်တရားမျှတမှုကို လိုချင်နေရဲ့လား

တစ်ချိန်က  အမှားတစ်ခု ကပြင်ဆင်ခွင့်မရှိတော့တဲ့အခါ

တစ်ချိန်က အကြောက်တရားတစ်ခုက လက်ရှိအခြေအနေထိ စွဲကပ်ကျန်ရစ်နေတဲ့အခါ

အမှားလုပ်မိသူရဲ့ ခံရမဲ့ အပြစ်ဆိုရင် အမှားကျူးလွန်မိသူက မတရားမှုကို အမြဲ ခံယူနေရတော့မှာပဲလား

ဒါဆိုရင် ကျွန်တော်အပြစ်တွေကလွတ်မြောက်ခွင့်မရှိတော့ပါဘူး

တရားမျှတမှုကို ကိုယ်တိုင်မလို လားတော့တာလို့ထင်မိတယ်

"သခင်လေး"

"ဟင် Plia ဘာကိစ္စရှိလို့လဲ"

"သူဌေးတို့အပြင်ထွက်သွားကြပြီ သခင်လေး ထမင်းကောင်းကောင်းစားထားတာမဟုတ်လို့ ကြီးကြီးက ကိတ်မုန့်နဲ့ ဖျော်ရည်လုပ်ပေးထားတယ်လာစားပါတဲ့"

"ငါမစားချင်ဘူး ကြီးကြီးကိုကျေးဇူးပါလို့ပြောပေး"

"သခင်လေး ထွက်ပြေးချင်လားဟင်"

"~~"

"Plia တောင်းပန်ပါတယ် သခင်လေးကို စိတ်ညစ်အောင်လုပ်မိပြန်ပြီ"

Plia ထွက်သွားတော့ ကျွတ်တော် ငုတ်တုတ်လေး ထိုင်နေမိခဲ့သည်။အခုချိန် Plan ကိုအနားမှာ ရှိနေစေချင်မိတယ်ဒါပေမဲ့ မရဘူးလေ။အချိန်တွေ တရွှေ့ရွှေ့သာ ကုန်လွန်သွားခဲ့ တယ် နှလုံးသားရဲ့နာကျင်မှုက လက်လက်ဆက်ဆက် ရှိနေတုန်းပဲ

ကျွီကနဲ တံခါးဖွင့်သံနဲ့ အတူ လူတစ်ယောက်ဝင်လာခဲ့သည်။သူ့မျက်နှာ ကတင်းမာနေတာ မဟုတ်သလို ပျော့ပြောင်းနေတာလဲ မဟုတ်ဘူး

ရောက်လာတာနဲ့ ကုတင်ပေါ်ကို ပလက်လှန်ကာ လှဲပြီး မျက်နှာကြပ်ကို စိုက်ကြည့်နေသည်။ကျွန်တော်လည်း အခန်းပြင်ထွက်ကာ ရှောင်ထွက်လာခဲ့သည်။ည ၇ နာရီဝန်းကျင်မို့ လမင်းကြီးကထိမ်ထိန်သာလို့ ခြံထဲက ဒန်းငယ်လေးမှာ အထီးကျန်စွာ ထိုင်နေခဲ့သည်။ကျွန်တော်က မွေးဖွားလာကတည်းက အထီးကျန်မှုတွေ ကပ်ပါလာပုံပဲ ထာဝရအတွက်လေ

I'm so Sorry For that(Complete)On viuen les histories. Descobreix ara