Chapter 32

358 52 27
                                    

မနက်နိုးလာတော့ အရင်ဆုံး ပြတင်းပေါက် တံခါးကို ဖွင့်လိုက်သည်။ ခြံဝန်းကျယ်ကြီးထဲမှာ ညကနှင်းတွေ ကျထားတာကြောင့်ထင်သည်။နှင်းတွေ ဖွေးနေလျှက်။ခြံထဲက အလုပ်သမားတွေက နှင်းတွေ ရှင်းနေကြသည်။ပြတင်းပေါက်ဘေးဘောင်က နှင်းမှုန်လေတွေကို ကိုင်လိုက်ပြီး တစ်ဖက် လက်ဖဝါးပေါ်လေးကိုတင်ကာ လေနဲ့ "ဖူး" ကနည်းမှုတ်လိုက်သည်။လွင့်ပြယ်သွားတဲ့ နှင်းစလေးတွေကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမိသည်။

ဖုန်းကို သတိရတော့ တစ်ခန်းလုံးလိုက်ရှာကြည့်ပေမဲ့ ရှာမတွေ့ဘူး။မနေ့က Phi Mean ကဖုန်းကို တကယ်ကြီသိမ်းသွားတာပဲ

ဘယ်လိုလုပ်မလဲ Perth ကို လွမ်းနေမိပြီ။

......

Saint ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး Plan ထည့်ပေးထားသည့် နွားနို့လေးနဲ့ ကိတ်မုန့်လေးကို စားလိုက်သည်။ပြီးတော့  စားပြီးသည်နှင့် ဆေးလုံးတွေ ကို ထပ်သောက်ရပြန်သည်။

"ဆူပုတ်မနေနဲ့ ဒီနေ့ အလည်အပတ်သွားကြမယ် ဘယ်သွားချင်လဲ"

"ဂေဟာကို သွားချင်တယ် အဲ့မှာ အမှတ်တရတွေ ရှိတယ်လေ"

"အစ်ကို ဆိုးလ်ကိုရောက်နေပြီပဲ Plia တို့အရင် မြို့လည်ကစျေးကိုသွားကြမယ်လေ အဲ့ဒါကအရမ်းနာမည် ကြီးနေတာ"

"Plia ကို အရင်လိုက်ပို့မလား Saint"

"အင်း သူ့ကို လိုက်ပို့မယ် "

မနက်စာဝိုင်းလေးပြီးသွားတော့ သူတို့ တွေ မားကပ်ကို ရောက်လာခဲ့သည်။တွန်းလှည်းလေးတွန်းကာ လျှောက်ပတ် ဝယ်နေတုန်း Plan နဲ့ Phi mean ကိုတောင် သတိမထားလိုက်မိဘူး ခဏနေမှ လှည့်ရှာရင်း Perth ကိုလှမ်းတွေ့လိုက်ရသည်။ကျောပြင် ကျယ်ကြီးကိုတွေ့ရင်တောင် မှတ်မိနေတဲ့ ကျွန်တော်က ဘေးတန်းက စညအုပ်နဲ့ ဘောပင်ကို ယူကာ သူ့ဆီအပြေးသွားလိုက်သည်။

"Perth ကျွန်တော်တို့ဆုံကြပြန်ပြီ"

"...."

"Perth"

ကျွန်တော့်ကြောင်ကြည့်နေသည့် Perth ကြောင့် Yewoon က သတိပေးလိုက်သည်။ကျွန်တော် Yewoon ကိုပါပြုံးပြလိုက်ပြီး သူတို့ကို ကြည့်နေမိသည်။

I'm so Sorry For that(Complete)Where stories live. Discover now