Chapter 20

354 47 7
                                    

အိပ်ယာက နိုးလာတော့ ဟိုတယ် မှာ မဟုတ်တော့ဘူး အခန်းတစ်ခန်းထဲမှာ ကျွန်တော် တစ်ယောက်တည်း အပြင်အဆင်တွေ ကမှတ်မိသလောက် သူကျွန်တော့်ကို ဝယ်ပေးမယ် ဆိုတဲ့ အိမ်ပဲထင်တယ်

ဘယ်လောက်တောင် အိပ်မိလဲ မသိဘူး ကိုးနာရီထိုးနေပြီ

"ဒီနေ့ final ပွဲမလား"

ရေအမြန်ဝင်ချိုးပြီး ဗီရိုကိုဖွင့်လိုက်တော့ ကျွန်တော့်အဝတ်အစား တွေ ကအဆင်သင့် ကျောင်းဝတ်စုံဝတ်ပြီး ဘေးနားကတိုင်မှာ ချိတ်ထားတဲ့ အိတ်စာအုပ်တွေ ကလည်းစင်ပါ်မှာ အဆင်သင့်ပင် ဘာမှတွေးမနေဘဲ အိမ်အောက်ကို ဆင်းသွားတော့ အလုပ်လုပ်နေတဲ့ လူတွေ ငါးယောက်မက

"သခင်လေး နိုးလာပြီလားရှင့်"

"အာ ဟုတ် "

"မနက်စာ ပြင်ပေးရမလား သခင်လေး",

"ရတယ် ကျောင်းသွားမလို့ ကျေးဇူး"

"ကျောင်းသွားရင် Tio ကိုကားထုတ်ခိုင်းထားလိုက်ပါ့မယ် ခဏစောင့်ပါ သခင်လေး မနက်စာ စားပြီး ဆေးသောက်ရမှာ မို့ စားသွားပါနော် "

"အာ ဟုတ်ပြီ"

နားမလည်နိုင်ပေမဲ့ ကျွန်တော့်ကို သတ်ပစ်ချင်နေတဲ့ ချစ်သူလေးက သူဌေးသားမလား
ဒီလို အိမ်အကူတွေ ခြံရံနေတာအထူးအဆန်းတော့မဟုတ်ဘူး

မနက်စာ စားသောက်ပြီးဆေးသောက်ကာ အိမ်ရှေ့ အပေါက်ဝ မှာ အဆင်သင့်စောင့်နေတဲ့ ကားပေါ် တတ်လိုက်သွားလိုက်တယ်။

" basketball ကွင်းကိုတန်းမောင်းပေးရမလား သခင်လေး"

"ဟုတ်တယ် မင်းနေရာသိလား"

"ဟုတ် "

"အင်းကျေးဇူးပဲ"

ကားလမ်းကြောကရှည်တာကြောင့် ကားအကြာကြီးစီးရသည်။ဆယ်နာရီခွဲ စမှာဖြစ်တာကြောင့် သိပ်တော့မလောမိဘူး

ကားပြတင်းပေါက်ကို ငေးရင်း အတွေးတွေ ထဲဝင်ရောက်မိပြန်တယ် ကျွန်တော်သာ Pet ကိုမနှောက်ယှက်ခဲ့ရင် ဒီလိုအခြေအနေမျိုးဖြစ်လာမှာ မဟုတ်ဘူး သူလည်း ကျွန်တော့်ကို သေလောက်အောင် မုန်းသွားမယ်မထင်ဘူး ဝဋ်လည်နေတာများ ကျွန်တော် Perth ကို တအား ချစ်မိသွားတဲ့ အခါမှလေ အမုန်းတရားနဲ့ရင်ဆိုင်နေရတာ

I'm so Sorry For that(Complete)Where stories live. Discover now