Chapter 27

358 47 16
                                    

နှစ်စတုန်းက သူနဲ့ ကျွန်တော် ပိတ်မိဖူးတဲ့ စတိုခန်း ဂိုထောင်ဟောင်းကြီးကို ခေါ်လာခဲ့သည်။အခုတော့ တံခါးပြင်ပြီး ပြီ ဖြစ်တာကြောင့် သစ်လွင်လျှက်ပင်။Perth ရဲ့ အားနဲ့ ဂျိမ်း ကနဲဆိုပြီး ကျယ်လောင်စွာ မြည်သွားပြီး အထဲကနေ သော့ခတ်ပြီး မှ ကျွန်တော့် လက်ကို လွှတ်ပေးသည်။လက်ကောက်ဝတ်တစ်ခုလုံး အချိန်ကြာကြီး အားနဲ့ အညစ်ခံထားရတာကြောင့် နီရဲပြီး နာကျင်နေလျှက်။အရာထင်နေသည့် လက်ကောက်ဝတ်ကိုပွတ်သက်လိုက်ပြီး တံတွေးမျိုချမိသည်။

"မင်း ရှင်း ဘယ်လိုငါ့ကို ဖြေရှင်းပြမှာလဲ"

"...."

"Sum ကဒီလိုမင်းကို ကြိုက်သွားအောင် ဘယ်လိုမင်းမြှူဆွယ်ခဲ့တာလဲ ငါ့အကို ကို မြှူဆွယ်ခဲ့သလို လား ဟမ်"

Pet ရဲ့အကြောင်းပါလာတော့ ချက်ချင်း ကိုယ်တိုင်အပြစ်ရှိသလို ခံစားရသည်။ကြောက်ရွံ့တုန်လှုပ်တာထက်ပိုတဲ့ ခံစားချက်တွေ ခံစားလာရသည်။

"ငါမေးနေတယ်လေ "

"အင့်....မလုပ်နဲ့ "

အဝတ်အစားတွေ ဆီလက်လှမ်းလာတဲ့ Perth ကြောင့် အနောက်ကို ခြေလှမ်းတွေဆုတ်ပြီး ငြင်းဆိုမိသည်။

"မင်းကငါ့အပိုင်ဆိုတာ အားလုံးသိသင့်နေပြီ"

ကျွန်တော်ခြေလှမ်းတွေ အနောက်ကို လှမ်းတော့သူ့လက်တွေ ရပ်တန့်သွားပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကြောက်ရွံ့စိတ်တွေ များလာပြန်သည်။Perth တဇွတ်ထိုးလုပ်ပြီး ဘယ်အရာကို မှ ဂရုမစိုက်တဲ့ ပုံစံကြောင့် ပိုပြီး တုန်လှုပ်မိသည်။နောက်တစ်ကြိမ် သူလက်ကို ဆွဲကာ ခေါ်လာပြီး လူတွေစုရုံးနေသည့် နေရာသို့ ဆွဲခေါ်ဖို့ ဦးတည်လျှက်

"ဟင့် အင်း....ဟင့်အင်း ....perth....ငါတောင်း...ပန်ပါတယ်....ဟင့် အားလုံးငါ့အမှားပါ အိမ်ပြန်ကြရအောင် .....Perth ငါတို့ကျောင်းပြီးနေပြီ ငါဘယ်သူနဲ့ ပတ်သတ်မှာမဟုတ်တော့ဘူး ငါတောင်းပန်းပါတယ်"

"ငါယုံပေးရမှာလား"

"ငါမလိမ်ဘူး ငါမင်းကို မလိမ်ရဲပါဘူးဟင့် ကျေးဇူးပြုပြီး ငါ့ကို အရှက်မခွဲပါနဲ့"

I'm so Sorry For that(Complete)Where stories live. Discover now