ဆရာဝန်ထွက်သွားတော့ကျွန်တော်အမြန် အိမ်သာထဲဝင်ပြီး စစ်ကြည့်လိုက်သည်။အနီရောင် အတန်းလေးနှစ်တန်းပေါ်လာတော့ မျက်ရည်ဝဲမိသည်။Perth ရဲ့အချစ်တွေကို ဒီအဖေကအပြည့်အဝတောင် မရသေးဘူး မင်းလေးကရောက်လာခဲ့ပြီပေါ့
"သခင်လေး ပြပါအုံး"
"ကိုယ်ဝန် က တကယ်ရှိနေပြီ ကြီးကြီး "
ကြီးကြီး ထိုစကားကိုကြားတော့မျက်ရည်ဝဲသည်။ဘေးက ကလေးတွေကပြုံးလို့ပျော်လို့
"ကလေးလေး ရှိလာရင် သူဌေး က အရမ်းပျော်နေမယ်ထင်တယ် သခင်လေးကို ဂရုစိုက်ပေးမှာ "
"ဟုတ်တယ် သခင်လေး မနက်စာ မစားချင်လည်း စားချင်တာလေး တစ်ခု ပြောယPlia လုပ်ပေးမယ် လာ "
လှေကားဆင်းတာတောင် ဘေးကကူ တွဲပေးနေကြတဲ့ သူတွေ ကြောင် နှလုံးတစ်ခု လုံးနွေးထွေးလျှက် ကလေးလေး ရှိလာရင် Perth ကျွန်တော့်ကို များ မျက်နှာ သာပေးမလားဟင်
မနက်စာကို ကွေသယို သုတ်စပ်စပ်လေး တစ်ပွဲစားလိုက်ရသည်။ထိုအခါမှ လူက နေသာထိုင်သာ ရှိသွားတော့တယ်။
အိမ်ရှေ့မှာ ကားသံကြားတာကြောင့် Plia တို့ထွက်ကြည့်ပြီး ကျွန်တော့်ကို မပြေးလာခေါ်ကြသည်။
"သူဌေး က အပြင်ကို ထွက်ခဲ့ပါတဲ့"
"အင်း အင်း"
ကျွန်တော် Plia ကို ခေါင်းငြိမ့်ပြပြီး ပးအရှေ့ခန်းကို ထွက်သွားလိုက်သည်။ ပထမဆုံး မျက်နှာချင်းဆိုင်ထိုင်နေတဲ့ Perth အမေကို တွေ့လိုက်ရတော့ တုန်လှုပ်မိပြန်သည်။
" ဘာ.....ပြောမလို့....လဲ perth "
မေးလိုက်တာက Perthbကိုဖြစ်နေပေမဲ့ သူ့အမေက စားပွဲပေါ်စာရွက်တစ်ချို့ ပစ်တင်ပေးပြီး ဘောပင်တစ်ချောင်း ပါချပေးလာသည်။
"လက်မှတ်ထိုးလိုက်"
ကျွန်တော် Perth မျက်နှာကိုကြည့်တော့ လူသေတစ်ကောင်လိုပဲ ကျွန်တော်နားမလည်နိုင်ဘူး။စာရွက်ကို ယူကြည့်တော့ ကွာရှင်းပြတ်စဲခြင်း စာချုပ် ။ရှိုက်သံတစ်ခု နဲ့အတူ အံ့သြထိတ်လန့်မှု တစ်ခုဖြစ်သွားခဲ့ပြီး မျက်ဝန်းတစ်ခုလုံး စိုစွတ် သလို ခံစားမိလိုက်သည်။
YOU ARE READING
I'm so Sorry For that(Complete)
Fanfictionမင်း ကတယ်ကို ယုတ်မာလွန်းတယ် မင်း ကတယ္ကို ယုတ်မာလွန်းတယ်