Chapter 16

319 43 15
                                    

"နှုတ်ခမ်းက ဒဏ်ရာက ဘယ်သူ့ကြောင့်လဲ"

"သား သူငယ်ချင်းနဲ့ ရန်ဖြစ်တာပါ "

"ဘယ်သူလဲ မေမေ့ကိုပြော"

"မေမေ ဘာလုပ်မလို့လဲ ဟင် "

"သားနာရတာထက် ဆယ်ဆလောက်နာအောင် ပြန်လုပ်ရမယ် လေ သူ့ကို အပြစ်ပြန်ပေးရမယ် "

"ဟင့်အင်း မေမေ သူ့ကို ဘာမှ ပြန်မလုပ်ရဘူး သူကသားဘဝ အတွက် အရေးပါတဲ့သူ
မေမေ သူ့ကို နာကျင်အောင် လုပ်ခဲ့ပြီးပြီး ထပ်ပြီး ထိခွင့်မရှိတော့ဘူး"

ဒဏ်ရာကိုဆေးထည့်ပေးပြီးတော့ သားဆီက ဒီစကားကို ကြားလိုက်တယ်။သေချာတယ် သူက Saint ပဲလေ။သားကို အခန်းပြန်ဖို့ပြောလိုက်ပြီး Leo ကို ဖုန်းလှမ်းဆက်လိုက်သည်။

"ဟုတ်ကဲ့ မဒမ် မနက်ဖြန် အချက်အလက်အစုံ ပို့ပေးပါ့မယ် "

မင်းဘယ်သူလဲ မင်းကဘယ်လို အတန်းအစားထဲကလဲ ငါ့သားကိုထိခိုက်နာကျင်အောင် လုပ်ရဲတယ်ပေါ့

သူမ သားတစ်ယောက်ကို ဆုံးရှုံးပြီးပြီ သူမသားကလည်း အချစ်ကြောင့်ပဲ သေဆုံးခဲ့ရတာ နောက်ဆုံးသူမဆုံးခင်မနက်ပိုင်းလေးက ရုံးကိုရောက်လာခဲ့တယ်။သူ့မျက်လုံးတွေ ကမအိပ်ရသေးတဲ့သူတွေလိုမျိုးညိုမဲနေတာ

"သားဆေးခန်းပြကြည့်ပါလား သားညီနဲ့ တွေ့ရင် သူလန့်သွားလောက်တယ် "

"ညီညီ နဲ့ မတွေ့သေးဘူး မေမေ သား သားချစ်သူ ဒီမှာဆိုလို့လိုက်လာတာ သူကိုတွေ့ရင် ကိုရီးယားကို ပြန်မယ် ပြီးကျမှ မေမေတို့ဆီပြန်လာခဲ့မယ် "

"မေမေ့ ကို တစ်ခုခုများပြောစရာမရှိဘူးလား"

"သားနောက်မှ ပြောပြမယ် သူနဲ့လည်း အိတ်ဆက်ပေးမယ် "

သူမသားကအချစ်ကြောင့် ကိုယ်ခန္ဓာတောင် ထိခိုက်မိနေတာ၊သူမတွေးခဲ့မိတာ ပြန်တွေ့ရင်တော့ သူပျော်ရွှင်ရမှာပါ မချုပ်ချယ် သင့်တော့ဘူးမလား သူမရဲ့ အမှားပဲ

ညနေ ၄ နာရီမှာ ဝင်လာတဲ့ Ph call တစ်ခု Pet Thonat Sukumpantanasan ဆုံးပြီတဲ့ ရုန်းရင်းဆန်ခတ်ပြီးလှေကားပေါ်ကပြုတ်ကျ တရားခံလည်းမိထားတယ် တဲ့လေ

I'm so Sorry For that(Complete)Where stories live. Discover now