Chapter 2

685 67 15
                                    

အတန်းထဲ ရောက်လာပြန်တော့ ခုံပေါ်မှာ မှောက်အိပ်နေတဲ့ Saint ကိုတွေ့လိုက်ရပြန်တယ် ဒီကောင်က အိမ်ခြေရာမဲ့များလားပေါ့

ကန်တင်းမှာ စားလို့ ပိုလာတဲ့ ပေါင်မုန့်ကို တစ်ကိုက် ကိုက် လိုက်ပြီး Saint ထိုင်ခုံ ခြေထောက်ကို ဖိနပ် ထိပ်နဲ့ လှမ်းကန်လိုက်သည်။နီရဲနေတဲ့ မျက်ဝန်းတောက်တောက်တွေ နဲ့အတူ အိပ်မှုံစုတ်ဖွားဖြစ်နေသည့် ပုံလေးက ကလေးလေး တစ်ယောက်နဲ့ အတော် ပင်တူလွန်းနေသည်။

ကျွန်တော့်ကို လှည့်ကြည့်ပြီး ခဏအကြာ သူ့မျက်နှာ တစ်ခုလုံးနီရဲတတ်လာပြီး အခြားတစ်ဖက်သို့ လှည့်လိုက်လေရဲ့ အရင်းက ဆို နှိုးပြီ ဘာညာဆိုပြီး ပြန်ဟစ်တတ်တာ အခု ကငြိမ်နေပါ့လား ဘာ ပဲ ဖြစ်ဖြစ် ရေးကြီး ဂွင်ကျယ်နေတာမှ မဟုတ်တာ အရှေ့ ဘက်ကို လှည့်ကြည့်လိုက်ပြန်တော့ Bow က ကျွန်တော်နဲ့ Saint ကိုကြည့်ပြီး ရယ်ကျဲကျဲလုပ်နေသည်။Bow ဘာတွေ အရူးထနေပြန်ပြီလဲ ကျွန်တော် မသိ

ဒေါက်....

သကြားလုံး ဗူးကိုဖွင့်လိုက်တဲ့ အသံကြောင့် အာရုံတစ်ချို့က Saint ဆီပြန်ရောက်သွားပြန်သည်။အနံ့က စူးမနေပေမဲ့ ကျွန်တော်နဲ့ Saint ထိုင်တာ သိပ်မကွာ တာကြောင့် အနံ့ကရလိုက်ခြင်း

မှတ်မိလွယ်တာကြောင့်တော့မဟုတ် နာရီပိုင်းအတွင်းက ပင် လူတစ်ယောက်ကို နမ်းပြီး အဲ့လူပါးစပ်ထဲက သကြားလုံးကို ယူစားခဲ့တာဆို ပိုမှန်နေမလားဘဲ

"ငါ့နည်းနည်းကျွေး"

"ခုနကတည်းက အခုလို တောင်းစားသင့်တာ"

ဒီကောင်ဘာတွေကြောင်နေတာ လဲ ခုနက တည်းက သူ့ဆီက ဘာများတောင်းစားရသေးလို့လဲ အခုမှ တောင်းစားလိုက်တာလေ

"စောက်ပိုတွေ ကလုပ်ပြန်ပြီ ကျွေးမှာ ဖြင့်ကျွေး"

လက်ထဲရောက်လာသည့် အလုံးရှည် ဆလင်ဒါပုံ ချိုချဥ်လေး အနံ့ရော အရသာက ပါတစ်ထပ်တည်း ကျနေတော့တာ စားလို့တော်တော်ကောင်းသားပဲ

"ဒီအရသာပဲ ရှိတာလား "

"ဟုတ်တယ်"

"တခြားအရသာလေးဘာလေးမဝယ်ဘူး ညံ့လိုက်တာ "

I'm so Sorry For that(Complete)Where stories live. Discover now