Chapter 28

378 45 22
                                    

နောက်နေ့မနက် ရောက်တော့ အကုန်ပြင်ဆင်ပြီးတဲ့ အခါ ကျွန်တော်ပြနေကျ ဆေးရုံသို့ရောက်လာသည်။တုန်ကင်နံပါတ်က ဒီရက်ဆို ကြိုရထားတာကြောင့် ချက်ချင်းတန်းဝင်ရသည်။ဟိုရောက်တာ နဲ့ ဆရာဝန်က စစ်ဆေးပေးသည်၊စိတ်ပိုင်းဆိုင်ရာ ဖြစ်တာကြောင့် စက်ကိရိယာတွေ ထက် ဆွေးနွေးတိုင်ပင်မှု အပိုင်းက ပိုများသည်လေ။

"Perth မင်းအပြင်မှာပဲစောင့်နေလိုက်"

"ဘာဖြစ်လို့လဲ ငါအတူနားထောင်မယ်"

"မရဘူး "

"ဘာလို့ မရတာလဲ"

အခြေအနေကတင်းမာ စပြုလာတာကြောင့် ထပ်ပြီးညင်းနေတာတွေ ဖြစ်ပြီး ရန်ပွဲဆက်တော့မည်။ဆေးရုံမှာရှိနေတာကြောင့် စိတ်လျော့လိုက်သည်။

"အကို Dear ရပါပြီ"

"အိပ်မပျော်တဲ့ အခြေအနေပြန်ဖြစ်တာ ကလွန်ခဲ့တဲ့ တစ်လကနော် ဒီ လ ရော အိပ်မရတာ ရှိလား"

"ဟုတ် ကျွန်တော် တစ်ယောက်တည်းဆို အိပ်မရတာတွေရှိပါတယ် "

"ဆေးသောက်ဖြစ်လား အကိုပြောတာ အိပ်ဆေးကိုပြောတာ"

"မသောက်ပါဘူး "

"အင်း ဒါဆို အတိတ်တွေ ကရော ပြန်ပြန်ပြီးခေါင်းထဲဝင်လာတတ်သေးလား "

"မဝင်လာပါဘူး ကျွန်တော် နာမည်ကို အမြဲမေ့ထားတာကြောင့်ပါ သူ့နာမည်ကြားရင်တော့ နည်းနည်း"

"ဟုတ်ပြီ ဆေးပုံမှန်သောက်ပါ ဒီတစ်လအတွင်း အိပ်မပျော်ရင် အိပ်ပျော်စေမဲ့ အရာတစ်ခု ကြိုးစားလုပ်ကြည့် အိပ်တဲ့ အခါ မီးတွေ မှိတ်မထားပါနဲ့ မင်းကကြောက်စိတ်တွေ အမှောင်ထဲမှာ စိုးစိုးဝါးဝါးပြန်ပေါ်လာလိမ့်မယ် "

"ဟုတ် အကို "

"အရင်လက အရမ်းအခြေအနေပြန်ဆိုးသွားတာ အခုပြန်သက်သာလာလာတကယ်ကောင်းတယ် ငါကတော့ အိပ်ရေးအပျက်မခံစေချင်ဘူး "

Saint ခေါင်းလေးငြိမ့်ပြလိုက်သည်။ပြီးတော့
ဆေးတွေ ယူပြီး Perth နဲ့ အတူ ကားပေါ်တတ်ကြသည်။ပြီးတော့ သူမောင်းရာနေရာ လိုက်သွားရုံပဲလေ။

Perth အခြားသူတွေနဲ့ အပြင်မှာ အိပ်နေတယ်ဆိုတဲ့ သတင်းတွေကိုအမြဲကြားနေရသည်။Social media ပေါ်မှာ SN ရဲ့အမွေဆက်ခံသူအကြောင်းအမြဲပါလာပြီး ဘယ်သူနဲ့ Date နေတယ်ဆိုတဲ့ သတင်းကအစ Hot တစ်ခုလိုဖြစ်နေတော့သည်။အခုရပ်ပိုင်းအတွင်းမဟုတ်ဘူး အရင်လကရော အခုလ ရော သူကျွန်တော့်ကို မထိတွေ့ခဲ့ဘူး ။တဖြည်းဖြည်းနဲ့ ကျွန်တော်က သူ့ဘဝထဲကနေပျောက်ကွယ်တော့မဲ့ အရိပ်ကလေးလိုပဲ

I'm so Sorry For that(Complete)حيث تعيش القصص. اكتشف الآن