Chapter 45

415 48 10
                                    

ဒီနေ့ မနက်အစောကြီး အိမ်ကိုရောက်လာတဲ့ ဧည့်သည်ကြောင့် Saint မှာ အိပ်ယာထဲခေါ်သိပ်ရတဲ့ ဖြစ်ခြင်း၊

မနက် ငါးနာရီထိုးကြီး ဖုန်းဆက်ကာ သူအိမ်ရှေ့ရောက်နေပြီ ဖြစ်ကြောင်းဖုန်းဆက်နှိုးတဲ့ Perth

Saint လည်း အိပ်ချင်သေးတာကြောင့် ခြံတံခါးသွားဖွင့်ပေးပြီး သူ့အခန်းထဲခေါ်လာပြီးသည်နှင့်

"ပါးစပ်ပိတ်ထား လာအိပ်"

"မအိပ်ချင်တော့ဘူးလေ မင်းကို တွေ့ချင်လို့စောစော လာတာကို ငါရုံးသွားရအုံးမှာ"

"၈ နာရီမှလေ ကွာ မအိပ်ချင်လဲ ငါ့ကိုဖက်ထားလိုက်"

Saint အအိပ်မက်သည်ကို Perth သိပါသည်။သူအစောကြီး ထလာရတာလည်း အလုပ်သွားရမှာ မို့လို့ မသွားမဖြစ်တာကြောင့် တစ်နေကုန် saint နဲ့တွေ့ရမည်မဟုတ်။အဲ့ကြောင့် အစောကြီးထလာပြီး လာတွေ့တာဖြစ်သည်။ဒီအိပ်ပုတ်က အိပ်ယာထဲခေါ်ပြီး သူ့ကိုဖက်ထားပါပြောသည်။

ချက်ချင်းပြန်အိပ်ပျော်သွားသည့် Saint ကြောင့် သူရင်ခွင်ထဲ ထည့်ပြီး မျက်နှာလေးကို ငေးကြည့်နေသည်။နှာခေါင်း လေးကစင်းပြီး နှုတ်ခမ်းလေးတွေကဖောင်းလျှက် ပါးမို့မို့လေးကဖိထားရတာကြောင့် နှုတ်ခမ်း လေးက ဆူထော်သယောင်

နဖူးလေးကို နမ်းလိုက် ဆံပင်အိအိ လေတွေ ကိုနမ်းလိုက်နှင့် အချစ်တွေ ပိုလွန်းရပါသည်။

"အင်း~~~"

အိပ်နေရင်း ညည်းသံလေးကြောင့်ပြုံးရပြန်သည်။တဖြည်းဖြည်း နေထွက်လာတော့ ပြတင်းပေါက်ကို ဖြတ်ကာ နေရောင်ခြည်တို့ကဖြတ်လာသည်။၆ နာရီခွဲဝန်းကျင်ဖြစ်နေပြီ ထို့ကြောင့် အိပ်ပုတ်လေးအား နိုးရပြန်သည်။

"Saint.......ထတော့လေ ရုံးသွားရမယ်မလား"

"ခဏလေး ငါမင်းကို ထခေါ်ရတာ အိပ်ရေးပျက်သွားတယ်လေ"

"ဟား ငါ့အပြစ်ပေါ့ ဒါပေမဲ့ ထတော့ရုံနောက်ကျလိမ့်မယ် "

"တော်ပြီကွာ ငါအိပ်အုံးမှာ "

Saint ကြောင့် သူအုပ်မိုးပြီး ပါးနှစ်ဖက်ကိုညစ်ကာ လှုပ်ရမ်းတော့ ဆူပုတ်ပုတ်လေးဖြင့် မျက်လုံးလေးဖွင့်လာသည်။ဖိညစ်ခံထားရတာကြောင့် ဆူထော်နေတာ က ချစ်ဖို့ကောင်းပြန်သည်။

I'm so Sorry For that(Complete)Where stories live. Discover now