Chapter 18

319 43 5
                                    

မြို့နယ် Basketball ပြိုင်ပွဲ Fianal ပွဲယှဥ်ပြိုင်ရန် နှစ်ရက်အလို

"ဒီနေ့ ရုပ်ရှင်သွားကြည့်မယ် "

"ဟန် ရုပ်ရှင် ငါ့အိမ်မှာ လိုက်ကြည့်ပါလား ရုပ်ရှင်ရုံက လူတွေ အများကြီး ပဲ"

"မင်းအိမ်မလိုက်ချင်ပါဘူး ငါအလုပ်အပိုဆင်းနေတော့ ပိုက်ဆံ နည်းနည်းရှိ မင်းကိုလိုက်ပြချင်လို့ မရောက်ဖူးဘူးမလား"

"အင်း ဒါပေမဲ့ မင်းကတကယ်သွားချင်တာလား"

"ဒါပေါ့ ငါ့ချစ်သူလေးနဲ့ သွားချင်တာပေါ့"

ကျောင်းပိတ်ရက်တွေ မှာတောင် ကျွန်တော် မှာ အပြင်မှာ တွေ့ဖို့ အထိ အကဲပိုနေကြပြီ စာတွေ အပြန်အလှန်ပို့ရင်း ဒီကောင်လေး ပြုံးနေမယ် ဆိုတာတောင် ရိပ်မိနေပြီ နောက်ဆုံး "အိုကေလေ" ဆိုပြီး ပို့ လိုက်သည်။ခဏနေရင် တွေ့ကြမယ် ဆိုပြီး Location ပါပို့ပေးလာသည်။တကယ်ဆို သူက ငါ့ကို လာခေါ်လို့ပြောသင့်တာကို

ဘာပဲဖြစ်ဖြစ်ပါကျွန်တော့်ချစ်သူ မာန ရှင်ကြီးကို အသည်းပို ရတာပါပဲ

ဟိုရောက်တော့ အရှေ့မှာ လက်မှတ်လေးနှစ်စောင်ကိုင်ပြီး ပါးစပ်က မြှုပ်စိ မြှုပ်စိ နှင့် သကြားလုံးစားနေတာပဲဖြစ်မယ် ။

"ရောက်ပြီလား ကြာလိုက်တာ ရွှတ်"

"နှာတွေစီးနေတာလား"

"ဟီး....ညက ခေါင်းလျှော်လိုက်လို့ "

လက်ဖဝါးနွေးတေးတေး လေးလည်းဖြစ်နေသေးသည်။ဖျားနေတယ်ပေါ့ 

"ဘာကားလဲ သရဲကားလား"

"ဟုတ်တယ် ငါတစ်ယောက်တည်း မကြည့်ရဲလို့ ငါသရဲကြောက်တယ်လေ ဟီး"

"သရဲကြောက်တာ ဘာလို့ကြည့်မှာလဲ တခြား ကားပြောင်းကြည့်လေ "

"တော်ပါ မင်းရှိနေတာပဲ ငါ့ကိုဖက်ထာူရင်ရပြီ"

ဘေးချင်းယှဥ်ကပ်ကာ လမ်းလျှောက်နေရင်း ထိုစကားလေးကြားလိုက်ရတော့ သူ့ရဲ့ ပုခုံးပေါ်လက်တင်လိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။တခိခိ ရယ်သံတွေနဲ့ အတူ တရှုံ့ရှုံ့ နှာရှုံ့သံလေးပါကြားနေရသည်။အရာရာတိုင်းက ချစ်ဖို့ကောင်းနေတာ

I'm so Sorry For that(Complete)Onde histórias criam vida. Descubra agora