Chapter 54(Final)

876 41 27
                                    

Hotelကို ရောက်လာတော့ ပြတင်းပေါက်ခဏဖွင့်ပြီး တောင်အောက်ဘက်ကို ကြည့်မိသည်။စိမ်းစိုနေသည့် မြင်ကွင်းက တကယ်ကို ကြည့်ကောင်းသည်။စေတီ တွေက နေရာတိုင်းမှာ ရွှေရောင်တဖျက်ဖျက် လက်အုပ်ကလေးချီ အဝေးကနေ ဖူးမြှော်ရင်း တစ်ခုတည်းသော ဆုကိုသာ အကြိမ်ကြိမ်တောင်းမိသည်။ဒီမိစားစု ဘဝလေး ဒီထက်မက နှစ်တစ်ရာ အေးချမ်းရပါစေ လို၏။

"ကိုကို အဝတ်လဲ အုံး"

"အင်း"

ရေကချိုးပြီးနေပြီဖြစ်တာကြောင့် မောင်အဆင်သင့်ထုတ်ပေးထားသည့် အင်္ကျီနဲ့ ပုဆိုးကိုဝတ်ကာ မှန်ရှေ့မှာကြည့်ရင်း ဆံပင်တွေ တသသ ဖြင့်

"ကိုကို ကလှလိုက်တာဗျာ ခါးပုံစကို များများ ထုတ်ထား အဲ့ဒါကပိုခိုင်တယ် မောင်ဝတ်ပေးမယ်"

ပုဆိုးကို လွှားကနည်းဖြန့်လိုက်တာကြောင့် မျက်နှာ ကချက်ချင်းရဲတတ်လာသည်။ဒီကောင်လေးဟာလေ လူကို အထိတ်တလန့်ဖြစ်အောင် သိပ်လုပ်တာပဲ

ပုဆိုး ခပ်တင်းတင်း ချည်ပြီးတာနဲ့ လှန်တင်ထားတဲ့ ဆံပင်တွေကို ဆီခပ်ဖွဖွ သုတ်ပေးလိုက်သည်။ကိုကို့ လက်ကိုဆွဲကိုင်ကာ
အပြင်သို့ထွက်လာလိုက်သည်။ကျောက်ခုံပေါ်ထိုင်နေသည့် Artro ကို တွေ့တော့ သူက သမီးရှိရာလက်ညိုးထိုပြသည်။မုန့်လက်ဆောင်းတွေ သောက်နေသည့် သမီးကို တွေ့တော့မပြုံးဘဲ မနေနိုင် သူ့ဖေဖေ လို သိပ်ပြီး စားနိုင်လွန်းတဲ့ ကလေး

" ကျို့ကျို့ကလေ မင်းနဲ့ အရမ်းတူတာ"

"ဟုတ်တယ် ချစ်ဖို့ကောင်းတယ်"

"မဟုတ်ဘူး မောင်ပြောချင်တာက အစားအရမ်းစားတာကိုပြောချင်တာ"

ထိုစကားကိုကြားတော့ မျက်စောင်းက ဒိုင်းကနည်း ရယ် ခပ်ဟဟ ရယ်ပြီး ကိုကို့ ရဲ့ ခါးလေးကိုဖက်ပြီး ပါးကို နမ်းလိုက်သည်။

"စတာပါ "

"အစားတွေ စားတော့ မောင်ဝယ်ကျွေးရမှာပေါ့"

"ဟုတ်ပါပြီ ဗျာယဟုတ်ပါပြီဗျာ မောင်ကဝယ်ကျွေးမှာပေါ့ "

ကျွန်တော်တို့ တွေ ရင်ပြင်ပေါ်တတ်လာပြီး ဘုရား ရွေစိုင်းတွေ ကပ် ဦးသုံးကြိမ်ချကာ ကျီးကန်း ပါးစပ်ဆီသို့ ခရီးဆက်ကြရသည်။အဝေးကြီး ကိုမှ အဆင်းအတတ် မတ်စောက်စောက်မို့ Plia က အားလျော့သည်။

I'm so Sorry For that(Complete)Where stories live. Discover now