Chapter 53

335 39 16
                                    

တောင်ခြေမှ တစ်ညနားပြီးမှ မနက်ရောက်ရင် တောင်ပေါ်တတ်ဖို့ အခြေအနေစွဲလိုက်သည်။ညခြောက်နာရီဆို တောင်ပေါ်တတ်တဲ့ကားတွေ သိမ်းတာကြောင့် မတတ်ဖြစ်တော့  ကိုကို လည်း နေပြန်ကောင်းလာတော့ ကျွန်တော့်မှာ စိတ်ချမ်းသာ နေရတာ

"မောင် စောပါသေးတယ် အပြင်ကစျေးတန်းလေး ခဏသွားကြည့်ကြမယ်"

"ကိုကို သွားချင်ရင် လာလေ"

"မွန်ပုဆိုး ဝတ်ချင်လို့ ဘုရားပေါ်ရောက်ရင် အမှတ်တရဓာတ်ပုံလေး သိမ်းထားရအောင်လေ"

ကိုကို့ လက်ကို တွဲပြီး စျေးတန်းလေးရှိရာသို့ ဆင်းလာခဲ့သည်။ဘုရား ပုတီးကကျောက်စိမ်းနဲ့ လုပ်ထားတာရှိသည်။ပုယင်း ကျောက်ဆိုတဲ့ အရာနဲ့ လုပ်ထားတာတွေရှိသည်။ကိုကို ပုတီးတစ်ကုံး ဝယ်ပြီး  မတ်တပ်ပြန်ရပ်တော့ အပေါ်က ချိတ်ထားတဲ့ အိတ်တွေနဲ့ ခေါင်းတိုက်မိသွားသည်။

"အို့...."

"နာသွားလား ဟင်"

"မနာပါဘူး အိတ်လေးပဲဟာကို နေအုံး ဒီအိတ်လေးတွေကလှတယ် "

"လိုချင်လို့လား"

"အင်းလေ"

"Aunty! we will take a bag and a bead.

How much does it cost?"

"Total amount is 5000ks!"

"Ok,Thanks"

မောင်ပိုက်ဆံရှင်းပြီးတော့  အဝတ်အစားဆိုင်ဘက်ကို ရောက်လာခဲ့ကြသည်။အဝါရောင်လည်ကတုံး အင်္ကျီ လက်ရှည်နှင် ပုဆိုး အဝါကွက် နှစ်ထည်ဝယ်ယူလိုက်သည်။မောင်ရွေးထားတာတွေက လှပြီးတော့ အရောင်လည်း တောက်နေတယ် အိတ်ကိုတကြည့်ကြည့်နဲ့ မောင့်ကိုပြုံးပြရတာလည်း မမောနိုင်

"ဘာဝယ်ချင်သေးလဲ"

"မနက်ဖြန်ကျရင် တောင်ပေါ်ကို ကားနဲ့မတတ်ဘဲ ခြေလျှင် တတ်ကြမလား ကျို့ကျို့နဲ့ Artro တို့ကိုတော့ ကားနဲ့လွှတ်လိုက်ပေါ့"

"တောင်ပေါ်တတ်ရမှာ အရမ်း ပင်ပန်းတယ် မောင်လည်း ကားတစ်စီးလုံးငှားထားပြီးပြီ ရသေ့တောင်ရောက်ရင် cable စီးပြီးသွားကြမယ် ဘုရားပေါ်ရောက်ပြီး hotel မှာ ခဏနားရင်းမှ ကျီးကန်းပါးစပ်ကို သွားကြမယ် အဲ့ကျရင် လမ်းလည်းလျှောက်ရမယ် လှေကားတွေလည်း တတ်ရမှာ အား ချန်ထားပါအုံး"

I'm so Sorry For that(Complete)Where stories live. Discover now