Chapter 13

326 47 9
                                    

Plan နဲ့တွေ့ရဖို့အတွက် ပင်မဆောင်ဘက်မှာ ခဏစောင့်ဆိုင်းနေရတယ် နောက်နှစ်လနေရင် တကယ်ပဲ Plan ပြန်လွတ်တော့မယ်
တွေးလေတွေးလေ ပျော်ရွှင်မှုက အတိုင်းမသိဘဲ Plan အတွက် စားစရာတွေ ဝယ်လာပြီး ထိုင်ခုံလေးမှာ  ထိုင်စောင့်နေရင်း

"မင်း လာတယ်ပေါ့"

"ဒီနေ့ မင်းမွေးနေ့လေ "

"ငါတောင် မေ့နေတာကို"

Plan က အမြဲ ပြုံးနေတတ်သည်။ဒီလို အခြေအနေမှာ သူပြုံးပျော်မနေနိုင်တာ သိပါတယ် ဒါပေမဲ့ အထဲက လူက ကျွန်တော်အပြင်ကလူကို ပင် အမြဲ ပြန်အားပေးနေခဲ့တာလေ

"ပြန်သတိရပြီပေါ့ ကိုယ့်ကို ကိုယ် အပစ်တင်မနေဖို့ပဲ မျှော်လင့် ပါတယ် အရာအားလုံးက မင်းအတွက်ထိုက်တန်တယ် ဘဝကိုပျော်ပျော်နေ "

"မင်းလွတ်လာရင် ငါနဲ့ကျောင်းကို လိုက်ခဲ့ အဲ့အချိန် အားကစားပွဲတော်နဲ့ တိုက်တယ် "

" လိုက်မှာပေါ့ ကွ မင်းကို အဝတ်အစားတွေ ဝယ်ပေးဖို့ အလုပ်လည်းလုပ်ရမယ် "

" အကို "
စကားတွေ ပြောနေရင်း မျက်ရည်အဝဲသားနဲ့ အကိုဆို ပြီး ခေါ်သည်။ထိုခွေးပေါက်လေးဟာ ဟိုးအငယ်လေးကတည်း က Plan ဟုသာခေါ်ပြီး စိတ်ရှိမှသာ အကိုခေါ်တတ်တာ အခုတော့ သူဝမ်းနည်းတာကြောင့် အကိုဟု သုံးလာပြန်သည်။အိ စင်း နေသည့် ဆံပင်လုံးလုံးလေးကိုဖွပြီး ချော့မြူလိုက်သည်။

"အင်း ငါကမင်းအကိုလေ အငယ်လေးကတည်းက မင်းကိုစောက်ရှောက်လာတာ ကွ မင်းကငါ့ညီငယ်လေး အဲ့တာမှတ်ထား "

" အင်း မင်းလွတ်လာရင်တော့ အေးအေးဆေးဆေး နေတော့ ငါပဲရှာကျွေးပါ့မယ် "

"ဟေ့ကောင် plan က အခုမှ ၂၉ ပဲရှိသေးတာကွ သန်တုန်းမြန်တုန်း ငါ့ကို အဖိုးကြီး လို့မြင်နေတာလား ပြောစမ်း"

"ဟား...ဟား...ဟုတ်တယ်လေ အကိုက အသက်ကြီးပြီ"

ဝယ်လာတဲ့ ကိတ်မုန့်တစ်ချို့ ပီဇာ တစ်ချပ်ကို ပလုတ်ပလောင်းစားနေပြီး အော်ကာရယ်နေတော့သည်။ကျွန်တော်တို့ နှစ်ယောက်ထံ ကို လူတစ်ယောက် ထပ်ရောက်လာခဲ့တယ်

"Plan တကယ် မင်းပဲ ငါလုံးဝ မယုံကြည်နိုင်ဘူး "

"Mean "

I'm so Sorry For that(Complete)Where stories live. Discover now