Chapter 4

439 54 26
                                    

"ငါ့အိမ်က မင်းမြင်တဲ့ အတိုင်းပဲ "

"နည်းနည်း ကျင်းပေမဲ့ အခန်းကသပ်ရပ်သားပဲ"

"အေး ငါကအသန့်ကြိုက်တယ်လေ ဟား...."

Perth နဲ့အတူနှစ်ယောက်သားပြိုင်တူ ရယ်လိုက်ပြီး  လွယ်အိတ်ကိုနေရာတကျ ထားကာ စာအုပ်တွေ အကုန်ထုတ်ကာ စားပွဲပေါ် စီရရီတင်ထားလိုက်သည်။Perth ကတော့ တစ်နေကုန် ထိုင်စောင့်ပေးထားရတာကြောင့် ကုတင်ပေါ်မှာ လှဲလျောင်းလျှက်

"ငါ့ရဲ့ရေချိုးခန်းလောက်ပဲရှိတာ "

"ဘာလဲ မင်းအရမ်းချမ်းသာကြောင်းကြွားချင်နေတာလား"

"အေးလေ ငါ မေမေ ကအရမ်းချမ်းသာတယ် ကုမ္ပဏီတွေ လည်း ပိုင်တယ် စက်ရုံတွေရောပဲ"

Perth သူ့အမေကြောင်းပြောလိုက်ရတဲ့ အချိန် သိပ်ဂုဏ်ယူ ခဲ့တယ် မေမေ က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ကြိုးစားတယ်ရုန်းကန်တယ် စိတ်ဓာတ်မာကြောပြီး တော့ သန်မာတယ်လေ မေမေတစ်ယောက်တည်းကပဲ ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ် ကျွန်တော့်ဘဝမှာ မေမေက တကယ်ကိုအင်အားကြီးမားတဲ့ အမျိုးသမီးတစ်ယောက်ပဲ

"ခေါက်ဆွဲပြုတ်"

မေမေ့အကြောင်းဘယ်လောက်တောင်စဥ်းစားမိလဲ မသိဘူး ဘေးကစားပွဲပေါ် ခေါက်ဆွဲပြုတ်ပန်းကန် ချသံကြားလိုက်မှ သတိရလာတယ်

"ပြုတ်တာလဲ မဟုတ်ဘူး ရေနွေးစိမ်ထားတာကြီး "

"ငါကဒီလိုပဲ ကြိုက်တာ "

"ဒီလိုစားတာ ကကျန်းမာရေးနဲ့ မညီညွတ်ဘူးနော် Saint ငါမစားနိုင်ဘူး ခေါက်ဆွဲကို အရင်ပြုတ် ပြီးရင် ပြုတ်ရည်တွေကိုသွန် ရေနွေးနဲ့ခေါက်ဆွဲကို တစ်ခါထပ်ဆေး ပြီးမှ အရသာမှုန့်နဲ့ရေနွေးနဲ့ထပ်ပြုတ် နောက်မှ ရော အဲ့လိုစားရတာ အဲ့တာတောင် ကျန်းမာရေးနဲ့ ညီသေးတာမဟုတ်ဘူး "

Saint ပလုတ်ပလောင်းနဲ့ ခေါက်ဆွဲတွေ ဝါးစားနေခဲ့တာ ပြီးတော့ တရှူးရှူး နဲ့သောက်ပြီး ကြီးကျယ်မြင်မြတ်တဲ့ Perth ကို အရေးမလုပ် နိုင်သေးဘူးလေ  အရည်တစ်ချို့ကိုမော့သောက်လိုက်ပြီး စားပွဲပေါ်ကို ပန်းကန်စောင့်ချလိုက်သည်။

I'm so Sorry For that(Complete)Where stories live. Discover now