Chapter 3

484 57 26
                                    

Title အိပ်နေရင်း ဆူညံသံတစ်ခုကြားလိုက်ရတာကြောင့်အမြန်ပဲ ထပြီး အရှေ့ဘက်ကို လျှောက်လာခဲ့လိုက်တယ် စောက်ကျိုးနည်း အဖေ့ ရုံးခန်းထဲ ရောက်တာတောင် လာပြီး ရန်ဖြစ်နေနိုင်သေးတဲ့ နှစ်ယောက်ကို ကြည့်ပြီး စိတ်လေ သွားမိတယ်  ဘာပဲ ဖြစ်ဖြစ် နားကို ပိတ်ပြီး ဆက်အိပ်ဖို့ကြိုးစားမယ်လို့တွေးပေမဲ့ အရှေ့က နှစ်ယောက်ရဲ့ အော်ဟစ်သံတွေက ဆိတ် မသွားပေ

"မင်း လို စောက် ကျင့် မကောင်းတဲ့ကောင်နဲ့ ဘယ်လို သူငယ်ချင်းဖြစ်ခဲ့မိမှန်းမသိဘူး"

"ငါတို့က ဘယ်တုန်းက သူငယ်ချင်းဖြစ်ခဲ့လို့လဲ မင်းလို ငပေါ အရူးအတန်းခေါင်းဆောင်ကို ငါကသူငယ်ချင်းလို့တောင်မသတ်မှတ်ထားဘူး"

"ငပေါ အရူး ပေမဲ့ ငါကစာတော်တယ် မင်းလို နောက်ဘိတ်ကျနေတဲ့ အိမ်ခြေရာမဲ့ လိုကောင်မဟုတ်ဘူး"

"ငါအိမ်ခြေရာမဲ့လားမမဲ့လား ငါ့အိမ် မင်းလိုက်မလား"

"မင်းလို အပေါစားသကြားလုံးစားနိုင်တဲ့ကောင်အိမ်က ဘာတွေ ကြီးကျယ်နေမှာ မို့လို့လဲ"

"အဲ့အပေါစားကို မင်းငါ့ဆီက တောင်းစားတာပဲမလား"

"အရသာ ကောင်းလို့ တောင်းစားတာ မင်းက ဘာတွေ လာကြီးကျယ်နေတာလဲ "

"အေး အဲ့ဒါဆို အပါစားလို့လို့လာပြောနေတာလဲ Made in Candy Central world ကနေတောင် သွားဝယ်ထားတာ သဘောပေါက် "

"Central World လိုနေရာကိုကြီးကျယ်မြင့်မြတ်တယ်ထင်နေတာ စောက်ရူးလို ကောင် "

"တော်ကြပါတော့ကွာ.........!! "

နားမခံ သာနိုင်တော့တဲ့ အတွက်ကြောင့် Title အသံကုန်ဟစ်ပြီးအော်ချပြစ်လိုက်ရသည်အထိ

"မင်းတို့တွေကို ငါ့အဖေက ဒီမှာ အေးအေးဆေးဆေး ရန်လာဖြစ်ဆိုပြီး လွှတ်လိုက်တာတော့မဟုတ်ဘူးမလား ဟမ် "

"မဟုတ်ပါဘူး သူစောက်ကျင့်မကောင်းလို့လေ ကျွန်တော် အိပ်နေတာကို တိုင်လိုက်တာ Professor က အပြစ်ပေးလွှတ်လိုက်တာ"

"မင်းလည်း ငါ့ကို ပုံဆွဲနေတာပါဆိုပြီး ပြန်တိုင်တယ်လေ"

"မင်းအရင်တိုင်လို့ ငါပြန်တိုင်တာလေ"

I'm so Sorry For that(Complete)Where stories live. Discover now