Chapter 51

354 42 20
                                    

ပထမဆုံး ရောက်လာကြသည့် ဘုရားကတော့ ရွှေစည်းခုံ ဘုရားသို့ ဖြစ်သည်။မိသားစုလိုက် ဘုရားရင်ပြင်တော်ပေါ်သို့ တတ်လာပြီး ဘုရားဖူးရင်း လှည့်ပတ်နေကြသည်။ကျိုကျို့လေးကို ချီပြီး Saint ရဲ့ ပုခုံးကို ဖက်ထားရင်း

"‌ေစတီက သပ္ပာယ် လိုက်တာ"

"ဒီဘုရားက မြန်မာနိုင်ငံရဲ့ မင်းနှစ်ဆက်ကတည်ထားခဲ့တာတဲ့ အနော်ရထာမင်း အပြီးမသတ်လိုက်နိုင်လို့ ကျန်စစ်သားမင်း ကဆက်ပြီး တည်ထားခဲ့တာ အရှေ့နားမှာ လှန်စိုက်ရလို့ပြောကြတယ် ပြီးတော့ အဲ့ဒါကိုရေချိန်ခွက် ရေမှန်လို့လဲခေါ်တယ် လာ "

အနားကိုရောက်လာတော့ ရေချိန်ခွက်ထဲကို ငုံကြည့်တော့ဘုရားရဲ့ စိန်ဖူးတော်နဲ့ ထီးတော်ကို မြင်ရသည်။နောက်ကျောက်မြင်း ရုပ်တုနားကို သွားပြီး ကျောက်စာ ခြောက်ချပ်ဆီသို့သွားကြည့်ကြပြန်သည်။

"ခြင်္သေ့ တံခါးကိုသွားမယ် အဲ့မှာ မြစ်ကမ်းစပ် ဆင်းလို့ရတယ် "

မောင်ခေါ်ရာသို့လိုက်သွားရင်းပေါ့ သမီးလေးက လည်း စိတ်ဝင်စားတစ်ခုတွေ ရင် သူမှတ်တတ်သလောက်လေးလိုက်မှတ်ပြီး မောင်ပြောတာတွေ ငြိမ်ပြီးနားထောင်နေတတ်သည်။ကမ်းစပ်ကို သူတို့ဆင်းလာတော့ လေညင်းလေတွေကအေးခနဲရယ်

လိုင်းတွန့်လေးတွေကြည့်ရင်း သူတို့ သာဖတွေ  ထိုင်လို့ရသည့် နေရာလေးမှာ ခဏထိုင်လိုက်ကြသည်။

"ကျို့ကျို့ မမ တို့မုန့်သွားဝယ်မလို့ လိုက်မလား"

"ဟုတ် ဒယ်ဒီ ဒီမှာ ခဏစောင့်နော် "

သမီးလေးက Plia တို့ဆီပါသွားတော့ သူတို့နှစ်ယောက်တည်းကျန်ခဲ့ကြသည််။လိုင်းတွန့်လေးတွေကြည့်ရင်း အညောင်းလည်းဖြေရင်းပေါ့

"ရေလှိုင်းလေးတွေကြည့်ရတာ သဘောကျတာလား အကြာကြီး မကြည့်နဲ့ခေါင်းမူးနေလိမ့်မယ် "

"မောင်........"

"ဗျာ....!"

"ကျေးဇူး"

"မလိုပါဘူးဗျာ မင်းသဘောကျနေတာတွေ့တော့မောင်ပျော်နေသေးတာ ဘုရားဘုရားတွေသိပ်တော့ အမြင့်ကြီးမတတ်ရဘူး ဒါပေမဲ့ တတ်ရတဲ့ ဘုရား တစ်ခုတော့ရှိတယ် "

I'm so Sorry For that(Complete)Where stories live. Discover now