Chapter 5

403 53 24
                                    

"သား အမှတ်တွေ တတ်မလာဘူး ဘယ်လိုဖြစ်တာလဲ "

"ဒါပေမဲ့ သားထိပ်ဆုံးမှာပဲလေ မေမေရဲ့ "

"သားထိပ်ဆုံးမှာပဲဆိုရင် တောင်သားအမှတ် ပြည့်နေတာကို လိုချင်တာ သားထိပ်ဆုံးရောက်နေတယ် ဆိုတာက မလုံလောက်ဘူး "

Perth နားလည်ပါတယ် မေမေက အမြဲ သူ့ကို အရာအားလုံးထက် ထူးချွန်နေစေချင်တာလေ သူဘယ်လောက် ကြိုးစားနေပါစေ မေမေ လိုချင် တဲ့အထိ သူမတတ်ရောက်နိုင်ခဲ့ဘူး

"သား ထပ်ကြိုးစားပါ့မယ် "

"အင်း သားက လိမ္မာတယ် သားဘာလိုချင်လဲတစ်ခုပြော"

"သား Central World ကို သူငယ်ချင်းတစ်ယောက်နဲ့ အတူသွားချင်လို့ "

"အဲ့သူငယ်ချင်း ရဲ့ မိဘတွေက ဘာလုပ်တာလဲ"

"သူကမိဘမဲ့ မေမေ "

ကျွန်တော့်စကားကြောင့် မေမေက မျက်မှောင်ကြုံ့ကာ တစ်ခုခု စဥ်းစားနေဟန်

"အင်း သွားလေ ဒါပေမဲ့ သားတစ်ခု သိထားရမှာက ဆင်းရဲတဲ့ သူတွေက သားကို မလိုမုန်းထားရှိနေတတ်တယ် သားပိုင်ဆိုင်ထားရတာတွေကို လိုချင်တပ်မက်ပြီး သားထိခိုက်အောင် လုပ်ကြလိမ့်မယ် သားအသက်က ၂၂ နှစ်ဖြစ်နေပြီ ဒါပေမဲ့သားက ဖြူစင်ပြီး လောကကြီး အကြောင်းကိုမသိသေးဘူး
သားကို အမြတ်တဲ့ လူတွေဆီမှာ အကြာကြီးမနေမိစေနဲ့ မေမေပြောတာသားနားလည်လား"

"ဟုတ် မေမေ "

မေမေ့အခန်းထဲက အဖြေလွှာလေးကို ကိုင်ကာ ထွက်လာပြီး တံခါးကို အသံမမြည်အောင်ပိတ်လိုက်သည်။ဒါပေမဲ့ ကျွန်တော့်အတွေးထဲမှာ တစ်ခုပဲ

Saint ကဆင်းရဲတယ် ဒါပေမဲ့ ကျွန်တော့်အပေါ်အမြတ်ထုတ်နိုင်တယ်ဆိုတာတော့ လုံးဝမဟုတ်ဘူးမလား ကျွန်တော်နဲ့ နည်းတူ Saint ကရိုးသားပြီး ကိုယ်ကျင့်တရားကောင်းတယ်

အိမ်စာတွေ ထိုင်ရေးနေပြီး ပုဒ်ရေတိုင်းအမှားမရှိအောင်စစ်ပြီးမှ အချိန်ဇယားနဲ့ အတူ လွယ်အိတ်ထဲကိုစာအုပ်တွေ စီကာထည့်လိုက်သည်။လွယ်အိတ်ရဲ့ ဘေးအိတ်ထဲက သကြားလုံး ဘူးကို ထုတ်ပြီး Saint ရဲ့ ပန်းရောင်သကြားလုံးလေးကို ထုတ်လိုက်သည်။

I'm so Sorry For that(Complete)Where stories live. Discover now