Chapter 35

393 49 31
                                    

မနက်ကတည်းကစကားသိပ်မပြောဘဲ ငြိမ်နေတဲ့ Saint ကြောင့် Plan သူ့အနားကမခွာရဲသေး။သူကစကားပြောရင်လည်း ပြန်မပြောဘဲ ခြံထဲကိုသာငေးကြည့်နေသည်။တိတ်ဆိတ်ပြီး အဝေးကို လွမ်းလွမ်းဆွေးဆွေးငေးနေတဲ့ ပုံလေးကြောင့် စိုးရိမ်မှု က ဒီဂရီမြင့်တတ်နေလျှက်

ပထမက ကိုရီးယားမှာ တစ်လလောက်အချိန်ယူကြမလို့ အရမ်းအေးပြီး နှင်းအမြဲဘကျပြီးပုံမှန်ထက် ရာသီဥတုအေးတာကြောင့်ရယ် အိမ်တော်က မလုံခြုံသလို ခံစားလာရတာကြောင့် အမြန်ပြန်လာခဲ့ရသည်။Saint က အဲ့ကပြန်လာတော့ ပုံမှန်ရှိနေခဲ့ပေမဲ့ ဒီနေ့မနက်မှ ထူးခြားစွာတိတ်ဆိတ်လျှက်

"Saint ငါတို့ ကွတ်ကီးလေးတွေ လုပ်ကြမလား"

"...."

"Saint........ဘာတွေဒီလောက်တွေးနေတာလဲ"

"......"

"Saint. ...Saint. ....."

"ငါ ဆုတောင်းနေတာ ငါကြားဖူးတာတစ်ခုရှိတယ် ကိုယ်ဖြစ်ချင်တဲ့အကြောင်းအရာကို စိတ်ထဲမှာ ခဏခဏတွေးပြီးရွတ်ရင် တကယ်ဖြစ်လာတတ်တယ်တဲ့ မင်းရော ယုံလား Plan"

"မင်းက ဘာတွေများဆုတောင်းနေတာလဲ "

"Perth နဲ့ ထပ်တွေ့နိုင်ပါစေ ဆိုပြီး ဆုတောင်းနေတာ "

"...."

"ငါဘာလို့ Perth ကိုတွေ့ချင်နေတာလဲ မသိဘူး သူကငါ့ကိုမေးတယ် သူ့ကိုချစ်လားတဲ့ ငါသူ့ကို ချစ်တယ်လို့ဖြေလိုက်တယ် သူကတော့ဘာမှ ပြန်မပြောဘူး"

"Perth နဲ့ဘယ်တုန်းကထပ်တွေ့သေးလဲ"

"ကိုရီယား နောက်ဆုံးညက သူငါ့အခန်းထဲရောက်လာတယ် ပြီးတော့ ငါတို့အတူအိပ်ဖြစ်ခဲ့ကြတယ် "

"Saint..... ထားလိုက်တော့ မင်းအခု အိပ်ချင်သေးလား"

Plan ထိုစကားကို မယုံကြည်မိခဲ့ဘူး။ဘာလို့လဲဆိုရင် ဒါက Saint ထင်ယောင်ထင်မှားဖြစ်ပြီး လျှောက်ပြောနေတာဖြစ်နိုင်တယ်။ကိုရီးယားမှာ တုန်းကအိမ်ကိုလူစိမ်းတွေဝင်ခဲ့က့တယ် ဒါပေမဲ့ အိမ်တော်ထိန်း လျှောက်လှည့်ပတ်ပြီးကြည့်ခဲ့တာပါ သူတို့လည်းပြန်ရောက်ရောက်ချင်းကြည့်ခဲ့ကြတာလေ

ဒီနေ့ Saintရဲ့ ပုံကငြိမ်သပ် နေပြီးတွေဝေငေးငိုင်မှု အပြည့်ဖြင့်

I'm so Sorry For that(Complete)Where stories live. Discover now