Chapter 24

363 44 19
                                    

Perth ရေဝင်ချိုးနေတုန်း အားရပါးရငိုချလိုက်သည်။ဘယ်ကောင်တွေ နဲ့ အိပ်လဲ ကအစ ငါသိတယ် ဟုတ်လား ဘယ်အကောင်နဲ့ ကျွန်တော်က အိပ်လို့ သူကတွေ့ခဲ့တာလဲ စောက်ရူးလိုပဲ

စာရေးစားပွဲပေါ်မှာ လုပ်လက်စ စာ ပုဒ်ကို အခေါက်ပေါင်းမနည်းရေးတွက်နေမိသည်။အတွေးတွေ ကတောင်ရောက်မြောက်ရောက်မို့ စာကခေါင်းထဲလည်း မဝင်ပါဘူး

"သူဌေး သခင်လေး ထမင်းပွဲ အဆင်သင့်ဖြစ်ပါပြီ"

"ငါလိုက်ခဲ့မယ်"

ဘောပင်ချပြီး plia နဲ့အတူလိုက်သွားလိုက်သည်။စပ်စုစိန်က နှုတ်ခမ်းက ဒဏ်ရာတွေ့တော့

"သခင်လေး ဘာဖြစ်လို့လဲ သူဌေးနဲ့ရန်ဖြစ်ပြန်ပြီလား သူဌေးကလုပ်ရက်လိုက်တာ ဆေးထည့်ပြီးပြီလား"

"ငြိမ်ငြိမ်နေစမ်းပါ "

"သခင်လေးက လည်း Plia ကစိုးရိမ်လို့ဟာကို Plia က သခင်လေးကို အရမ်းချစ်တာ အကိုအရင်းလိုပဲ သခင်လေး က Plia ကို မချစ်ဘူး"

"ငါချစ်ပါတယ်ဟာ နင်ကလည်း လာပြီး ငိုပြမနေနဲ့ "

"ဟီး သခင်လေး ဘာစားမလဲ သရက်သီးရှိသေးတယ် "

"တော်ပြီ တော်ပြီ  နင့်သူဌေး မလာသေးဘူးလား သွားခေါ်"

Plia ဟုတ်ကဲ့  ဟုပင်ပြောရသေးသည်။အနောက်ကဝင်လာသည့် Perth ခြေသံများ ကြားလိုက်ရသည်။plia လည်း အနောက်ဘက်ကို ဆုတ်ပြီး ခေါင်းလေးငုတ်လျှက်

ထိုင်ခုံထိုင်ပြီးသည်နှင့် ငြိမ်နေတာကြောင့် ဝက်သားသုတ်ကို သူ့ပန်းကန် ထဲ ဦးချသည့် အနေနှင့် ထည့်ပေးလိုက်သည်။ထိုမှ ထမင်းစ စားတော့သည်။သူက လေ သိပ်ကို အိမ်ဦး နတ် အရိုသေခံ ကန်တော့ခံပုဂ္ဂိုလ်ကြီးဖြစ်ချင်နေတာ

ပါးစပ်ဟ လိုက်တော့ စပ်တာ ဖြည်းဖြည်းလေးဟပြီး ထမင်းစားရသည့်ဘဝ။ကျွန်တော့် ဘဝကြီးလည်း ယောက်ျားယူပြီး အသမုတ်ခံ အရိုက်ခံ အနှက် ခံလေးဖြစ်နေရပြီ။
အိမ်တွင်းအကြမ်းဖက်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတာ ဆိုလည်း မမှားဘူးမလား

"မင်းကျောင်းဆက်တတ် စရာမလိုတော့ဘူး"

"ဘာ Perth"

I'm so Sorry For that(Complete)Where stories live. Discover now