Chapter 10

358 48 2
                                    

ကျွန်တော့် ဒဏ်ရာကပျောက်လုနီးနီးဖြစ်လာခဲ့တယ် ခြောက်ရက်မြောက်နေ့မှာပေါ့

2013 ,12,7

"အဆင်ပြေနေပါပြီ အလုပ်တွေ ကအကုန်တော့ ပြုတ်ကုန်တယ်လေ ပြန်ရှာ မဇယရတော့မယ် "

ကျွန်တော့် ဆီက စာ ရောက်သွားပြီး Pet ကတန်းဖတ်တယ် ပြီးတော့ သူကချက်ချင်းပြ စာပြန်ပို့ခဲ့တယ်။

"ကားမောင်းတတ်လား"

"ဒါပေါ့ မောင်းတတ်တာပေါ့"

"လိုင်စင်ရော ရပြီလား"

"ရပြီ ရှေ့တစ်ပတ်က သွားလုပ်ထားတာ"

"ဟုတ်ပြီ မင်းက တက္ကသိုလ်လည်းတတ်ရတော့မယ် ဆိုတော့ ကိုယ့် ကားကို မောင်းပေး ကိုယ်က မင်းကို ဆိုးလ်မှာ စရိတ်အပြီး ကျောင်းထားပေးမယ်  "

"ဗျာ "

"လစာလည်း ပေးမှာပါ တစ်လကို won 9သိန်း မင်း အဆင်ပြေလား"

"တစ်လကို ကိုးသိန်း အဲ့အပြင် ကျောင်းက အပြီးထားပေးမှာ ခင်ဗျားက ဘာအလုပ်လုပ်တာလဲ"

"ကိုယ့်မေမေ က တစ်လကို တစ်ခါ မုန့်ဖိုးပေးတယ်လေ အဲ့ထဲ ပေးတာပါ စိတ်မပူပါနဲ့ Saint အဆင်ပြေလား"

အဆင်ပြေလား မေးတော့ အင်တင်တင် ပုံလေးတော့ ဖမ်းရသေးတယ် ဘေးနားက Plan ကို ဖုန်းလေးခါပြတော့ သူက ရယ်နေတယ် ပြီး တော့ ခေါင်းငြိမ့်ပြတယ် ကျွန်တော်လည်း ဘယ်နေ့စလုပ်မလဲမေးရင်း အချိန်တွေ ကုန်ဆုံးသွားပြန်တယ်

Plan ကတော့ကျောင်းဆက်မတတ်တော့ဘူး ကျွန်တော့် ကို ကျောင်းထားပေးခဲ့တာလေ
ဂေဟာကနေ ထွက်လာကတည်းက၊
မဟုတ်သေးဘူး ဂေဟာမှာ ကတည်းက Plan ကကျွန်တော့်ကို သူ့ညီလို စောက်ရှောက်ပေးခဲ့တာ သူအသက်ပြည့်ပြီး ဂေဟာက ထွက်ရတော့ကျွန်တော် ငိုယိုပြီးလိုက်ခဲ့တာပဲ

သူက အလုပ်လုပ်ပြီး ကျွန်တော့်ကိုကျောင်းထားပေးခဲ့တယ် သူပြောခဲ့သေးတယ်

"အကိုကြီးတော့ အဖရာတဲ့ ငါက မင်းရဲ့ မိသားစုဝင်ပဲ Saint ငါ ကျောင်းမတတ်ချင်ဘူးဒါပေမဲ့ မင်းကဆက်တတ်ရမယ် မင်းငွေရှာနိုင်တဲ့ အခါတော့ ငါ့ကိုပြန်လုပ်ကျွေး ငါအသက်ကြီးလာရင် ပြုစုစောက်ရှောက်ရမယ် ငါ့ကိုအဖိုးကြီးဆိုပြီး ကန်ထုတ်ရင်တော့ မင်းကိုသတ်ပစ်မယ် " တဲ့ Plan က ကျွန်တော်ယလယ်တန်းလောက်မှာ ရည်းစားထားခဲ့တယ် အဲ့တစ်ယောက်က ချမ်းသာပြီး Plan ကိုတော်တော်ချစ်တယ် သူအလုပ်လုပ်နေတဲ့ အလုပ်ကသူဌေးရဲ့သားတဲ့ Mean ဆိုလား သူ နဲ့ Plan တွဲခဲ့တုန်းက တော်တော်လေး ကျွန်တော်တို့ပြေလည်ခဲ့တယ်နောက်ပိုင်း Mean က နိုင်ငံခြား ပညာတော်သင်သွားပြီး အဆက်သွယ်ပျက်သွားခဲ့တယ် အဲ့မှာ ကိစ္စတွေ ရှိလာခဲ့တာပဲ။

I'm so Sorry For that(Complete)Where stories live. Discover now