Chapter 7

352 52 25
                                    

ထောင်ဝတ်စုံနဲ့ ထွက်လာတဲ့ Plan ကိုတွေ့လိုက်ရတော့ ရင်ထဲမှာ နစ်နေအောင် နာကျင်လာတယ် အတိတ်မေ့နေတဲ့ ဦးနှောက်ကြီးပေမဲ့ နှလုံးသားက သူနဲ့ကိုယ် ဘယ်လိုရင်းနှီး ခဲ့ကြလဲ သိနေပုံပင်

Plan ကတော့ ကျွန်တော့်ကို မြင်တာနဲ့ပြုံးပြလေ့ရှိတယ်။ကျွန်တော့်မှာတော့ မျက်ရည်အဝိုင်းသား မုတ်ဆိတ်တွေ နဲ့ ဒီ ဖြူလေးဟာ လုံးဝ မလိုက်ဖက်ဘူး

"နေကောင်းလား"

"ငါကမင်းကိုမေးရမှာ အကိုရ မင်းနေကောင်းရဲ့လား "

"ငါကအဆင်ပြေပါတယ် မင်းကသာ အပြင်မှာ ခက်ခဲနေတာ ငါပြန်ထွက်လာတဲ့ အခါ မင်းကိုကျောင်းတတ်ဖို့ ကျော့ကျော့မော့မော့လေးထားမယ် "

"Plan ငါမင်းကိုပြောစရာရှိတယ် "

"အင်း"

"လူတစ်ယောက်က အကြောင်းမဲ့ ငါ့အတွက် ငွေကုန်ကြေးကျခံနေတယ် ငါငြင်းနေရင်တောင်သူကငါ့ဘဝကို ဝင်စွတ်ဖက်နေတယ် အဲ့ဒါနဲ့ ပဲ ငါသူ့ဆီမှာ ပိုက်ဆံ အကြွေးတင်နေပြီ ငါမလိုချင်ခဲ့ဘူး ဒါကသူကိုယ် တိုင်ငါ့ဘဝထဲကိုဝင်လာနေတာ ငါမွန်းကြပ်လာတယ် ပြီးတော့ငါ့ကိုကိစ္စတစ်ခုခုနဲ့ အပြစ်တင်လာမှာကြောက်တယ် ငါ...ငါလေ Plan ညတိုင်းငါမအိပ်ရဲဘူး ငါ့....ငါ့အိပ်မက်ထဲကို လူတစ်ယောက်အမြဲရောက်လာတယ် ငါသိပ်ကြောက်တာပဲ .....ဟင့်"

"Saint စိတ်ကိုလျှော့ချထား လျှော့ချထားနော် ဘာမှ မကြောက်နဲ့ "

"ငါ့အတိတ်ကြောင်းတွေကို မင်းအပြင်ရောက်လာရင်ပြန်ပြောပြမှာလား"

Plan ကခေါင်းကို အခါခါ ငြိမ့်ပြီးကတိပေးသည်။ကျွန်တော်စိတ်အနည်းငယ်သက်သာသွားတော့မှ အချိန်ကလည်းပြည့်ပြီမို့ ပြန်လာခဲ့ရတယ်။

ညစာစားပြီးတာနဲ့ စာမေးပွဲလည်းနီပြီမို့စာကိုအာရုံစိုက်ရင်း သေချာ လုပ်ရတယ်။တစ်ညလုံး အိပ်မရမဲ့ အတူတူ စာပဲ ထိုင်လုပ်နေခဲ့လိုက်တယ်

----------------------------------------------------------

"Saint....... ဒီမှာ မင်းဖို့ သကြားလုံးဝယ်လာတယ် "

အိပ်နေတဲ့ ကျွန်တော့်ကို ကျောပြင်ကို ပုတ်ပြီး သကြားလုံးကမ်းလာပေးသည်။

I'm so Sorry For that(Complete)Where stories live. Discover now