Chapter 40

401 50 57
                                    

အရုပ်တွေနဲ့ ဆော့ရမဲ့အချိန် ဖြစ်တာကြောင့် အခန်းအတွင်း ကလေးတွေ က ဆူညံနေသည်။ရယ်သံလေးတွေနဲ့ ပြည့်နေတာကြောင့် ဆူညံသည်ဟုလည်း မသုံးနိုင်ပြန်ဘူး။

နေရာတကျ ထိုင်ကာ တီချယ်လိုက်ဝေပေးသည့် အရုပ်တို့ လက်နှစ်ဖက်နဲ့ တရိုတသေယူကြသည်။

"ကျို့ ထနပ် လေးအတွက်"

"ကျေးဇူးတင်ပါတယ် တီချယ်"

လက်အုပ်ကလေး ချီကာ ကျေးဇူးတင်စကားပြောသည့် ကလေးငယ်က အတော်လေး ချစ်ဖို့ကောင်းလွန်းနေသည်။အရုပ်တွေ ကိုယ်စီရသွားတော့ အစုလိုက်အဖွဲ့လိုက်အတူတူ ရယ်မောကာဆော့နေကြလေသည်။

"အီး....ဟင့်....."

"လီဆူ ဘာလို့ ငိုနေတာလဲ"

"ငါ့အရုပ်ကို သူလုသွားတယ် သူ့အရုပ်ကြီး မကြိုက်ပါဘူးဆိုနေတာကို "

..........

"Hello Kyot Tanap ရဲ့ အုပ်ထိန်းသူလား ရှင့်"

"ဗျာ ဟုတ်ပါတယ် ကျွန်တော်က ကျို့ကျို့လေးရဲ့ အဖေပါ "

"Kyot Tanap လေးက ကလေးတစ်ယောက်ကို ရိုက်လိုက်လို့ပါ။ သူငယ်ချင်းတွေ စုပြီး ကလေးကို အနိုင်ကျင့်ခိုင်းပြီး ဦးဆောင်နေလို့ပါ ကျောင်းကို အမြန်ဆုံး လာခဲ့ပေးပါနော်"

သတင်းကြားကြားချင်း မူကြိုကျောင်းသို့ အမြန်နှုန်းနဲ့ပြေးရသည်။ကျို့ကျို့လေးက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေတယ်တဲ့လား။

ကျောင်းကိုရောက်တော့ သူကျောင်းခန်းကို လာခဲ့သည်။လီယန် ဆိုသည့် အမျိုးသမီးကပါရောက်နေတာကြောင့် သူလည်း တိုင်တန်းခံရလို့ထင်သည်။နောက်ထပ် ကလေးတစ်ယောက် ကိုချီထားတဲ့ အမျိုးသမီးက တော့ ကျွန်တော့်ကို အစိမ်းလိုက်ချို့ဖဲ့ကာ စားတော့မည့်အကြည့်ဖြင့်

"ကျို့ကျို့ ဘယ်လိုဖြစ်ရတာလဲ"

ခုံပေါ်မှာ ထိုင်နေသည့် ကျို့ကျို့ ပုခုံးလေးကို ကိုင်ကာ ကျို့ကျို့လေး ရှေ့ ဒူးထောက်ချလိုက်သည်။သမီးက ဘာမှမဟုတ်ဘဲ တော့ သူများပို နာကျင်အောင် လုပ်မှာမဟုတ်ဘူးလေ

"ကျို့ကျို့က သူ့ကို ဆုံးမတာပါ သူက လီဆူရဲ့ အရုပ်ကို လုပြီး သူ့မလှတဲ့အရုပ်ကြီး ပေးခဲ့တယ်လေ

I'm so Sorry For that(Complete)Where stories live. Discover now