အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာ...

נכתב על ידי Cloudy_blueey

80K 10.4K 216

Translate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest עוד

Prologue [U]
Arc - 1.1 [U]
Arc - 1.2 [U]
Arc - 1.3 [U]
Arc - 1.4 [U]
Arc - 1.5 [U]
Arc - 1.6 [U]
Arc - 1.7 [U]
Arc - 1.8 [U]
Arc - 1.9 [U]
Arc - 1.10 [U]
Arc - 1.11 [U]
Arc - 1.12 [U]
Arc - 1.13 [U]
Arc - 1.14 [U]
Arc - 1.15 [U] (end)
Arc - 2.1 [U]
Arc - 2.2 [U]
Arc - 2.3 [U]
Arc - 2.4 [U]
Arc - 2.5 [U]
Arc - 2.6 [U]
Arc - 2.7 [U]
Arc - 2.8 [U]
Arc - 2.9 [U]
Arc - 2.10 [U]
Arc - 2.11 [U]
Arc - 2.12 [U]
Arc- 2.13 [U]
Arc - 2.14 [U]
Arc - 2.15 [U]
Arc - 2.16 [U]
Arc - 2.17 [U]
Arc - 2.18 [U]
Arc - 2.19 [U]
Arc - 2.20 [U] (end)
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.1 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.2 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.3 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.4 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.5 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.6 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.7 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.8 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.9 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.10 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.11 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.12 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.13 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.14 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.15 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.16 [U]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.17 [U]
Prologue [Z]
Arc - 1.1 [Z]
Arc - 1.2 [Z]
Arc - 1.3 [Z]
Arc - 1.4 [Z]
Arc - 1.5 [Z]
Arc - 1.6 [Z]
Arc - 1.7 [Z]
Arc - 1.9 [Z]
Arc - 1.10 [Z]
Arc - 1.11 [Z]
Arc - 1.12 [Z]
Arc - 1.13 [Z]
Arc - 1.14 [Z]
Arc - 1.15 [Z] (end)
Arc - 2.1 [Z]
Arc - 2.2 [Z]
Arc - 2.3 [Z]
Arc - 2.4 [Z]
Arc - 2.5 [Z]
Arc - 2.6 [Z]
Arc - 2.7 [Z]
Arc - 2.8 [Z]
Arc - 2.9 [Z]
Arc - 2.10 [Z]
Arc - 2.11 [Z]
Arc - 2.12 [Z]
Arc - 2.13 [Z]
Arc - 2.14 [Z]
Arc - 2.15 [Z]
Arc - 2.16 [Z]
Arc - 2.17 [Z]
Arc - 2.18 [Z]
Arc - 2.19 [Z]
Arc - 2.20 [Z] (end)
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.1 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.2 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.3 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.4 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.5 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.6 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.7 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.8 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.9 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.10 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.11 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.12 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.13 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.14 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.15 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.16 [Z]
အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.17 [Z]

Arc - 1.8 [Z]

255 51 0
נכתב על ידי Cloudy_blueey

လျှို့ဝှက်ခန်းထဲကထွက်လာတော့ စုဝမ်ချောင်းဆိုးတာ သူမနှုတ်ခမ်းမှာသွေးစတွေကပ်ပါလာတဲ့အထိပဲ။ သူမမျက်နှာပေါ်က ကြည့်ကောင်းအောင်ပြင်ထားတဲ့မိတ်ကပ်ကတောင် သူမမျက်နှာသေလောက်အောင် ဖြူစုတ်နေမှုကို မဖုံးကွယ်ထားနိုင်တော့ဘူး။

"မမ...."

စုယွီအသံက တခါမှမဖြစ်ဖူးတဲ့နာကျင်မှုတွေနဲ့ ပြည့်နေသည်။ နာကျင်မှုတွေက စုယွီမျက်လုံးမှာပါထင်ဟပ်လာတော့ စုဝမ်က သူမလက်ကိုမြှောက်လိုက်ပြီး သူ့လက်ကို ဖွဖွလေးပုတ်လိုက်ကာ "အဆင်ပြေတယ်... ငါ အဆင်ပြေပါတယ်"

စုဝမ်က စုယွီကို ပြုံးပြနိုင်ဖို့ကို အားတော်တော်စိုက်လိုက်ရတယ်။ ဒီအပြုံးလေးပြုံးနိုင်ဖို့ကိုတောင် သူမ သေခြင်းနှင့်ရှင်ခြင်းကြား ဖြတ်လိုက်ရသလိုပဲ။

စုဝမ်ရဲ့ကျန်းမာရေးက ဆိုးရွားလာခဲ့သည်။ အရင်တုန်းကလို သူမကျန်းမာရေးက ကုလို့မရနိုင်လောက်တဲ့ အခြေအနေထိပြန်ဖြစ်လာခဲ့တယ်။ ဒါကပဲ စုယွီကို အရမ်းစိတ်ပူပန်စေခဲ့တယ်။ နောက်ဆုံးတော့လည်း သူကိုယ်တိုင် စီအိမ်တော်ကိုသွားပြီး တော်ဝင်သမားတော်စီကို သွားပင့်လာခဲ့ရသည်။

ရက်အများကြီးကြာပြီးမှပြန်တွေ့တော့ တော်ဝင်သမားတော်စီတောင် အများကြီးပိန်သွားခဲ့သည်။ သမားတော်စီနဲ့ပတ်သတ်ပြီး စုယွီမကျေနပ်တာတွေရှိသော်လည်း စုဝမ်ရဲ့ သေရေးရှင်ရေးနဲ့ပတ်သတ်နေတာမလို့ နောက်ဆုံးတော့ သူပဲအလျှော့ပေးလိုက်ရသည်။

လက်ရှိ တော်ဝင်ဆန်ဆန်ပြင်ဆင်ထားတဲ့အခန်းထဲမှာ တော်ဝင်သမားတော်စီနဲ့ စုဝမ်နှစ်ယောက်ထဲသာရှိသည်။

"မင်း ပိန်သွားတယ်နော်"

သူမဘေးကနေ အသံအက်ရှရှနဲ့ပြောလိုက်တဲ့ တော်ဝင်သမားတော်စီကိုကြည့်လိုက်တော့ တော်ဝင်သမားတော်စီ အံ့ဩသွားသည်။ စုဝမ်ရဲ့မျက်လုံးတွေက ပူဆွေးသောကတွေနဲ့ပြည့်နေတာကို တွေ့လိုက်ရသည်။

အဲ့ညက ယွီအိမ်တော်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို သူလည်း သိထားသည်။ စုဝမ်ထွက်သွားတာကိုလည်း သိခဲ့ပြီး၊ သူမထွက်သွားတုန်းက သတိလစ်နေတဲ့အနေအထားနဲ့ စုယွီက ခေါ်ထုတ်သွားခဲ့ရတာကိုလည်း သိထားခဲ့သည်။

အဲ့အချိန်တုန်းက စုဝမ် ဘယ်လိုတောင်ခံစားရမလဲဆိုတာ သူစိတ်တောင်မကူးရဲခဲ့။ စိတ်အားများ ငယ်နေမလား?? အရမ်းများနာကျင်နေခဲ့မလား??

"မင်း .... ဘာလို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲ"

သမားတော်စီက စုဝမ်ရဲ့သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီး သူမအခြေအနေက အရမ်းဆိုးရွားနေတာကို သိရှိသွားသည်။ ဒါက သူမကောင်းကောင်းမွန်မွန် မစားမသောက်တဲ့အပြင် သူမရဲ့ဒေါသတွေကိုလည်း သိမ်းထားခဲ့လို့ဖြစ်နိုင်တယ်။

စုဝမ်က သမားတော်စီရဲ့မေးခွန်းကို ပြန်မဖြေ။ သူမမျက်လုံးတွေက မရေရာမှုတွေနဲ့ပြည့်နေပြီး သိပ်မဝေးတဲ့နေရာမှာ ရှိနေတဲ့ စားပွဲကိုကြည့်ရင်း "သမားတော်စီ ကျွန်မကို ပြောပါဦး လူတွေက ဘာကြောင့်များ ရှင်သန်နေကြတာလဲ? သူတို့ကိုယ်သူတို့အတွက်လား?? တခြားသူအတွက်လား?? ဒါမှမဟုတ် အချစ်အတွက်??"

"မင်းသမီး..."

"ကျွန်မနာမည်ကိုပဲ ခေါ်ပါ"

စုဝမ်က သူမအကြည့်တွေကို ပြန်ရွှေ့လိုက်ပြီး သမားတော်စီကို ဖွဖွလေးပြုံးပြရင်း "ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ.... ကျွန်မငယ်ငယ်ထဲက ကျန်းမာရေးမကောင်းလို့ စစ်သူကြီးစုအိမ်တော်ကနေ အပြင်ထွက်ခွင့်ရတာ ရှားတယ်.... ကျွန်မ အရွယ်ရောက်လာတော့လည်း တော်ဝင်နန်းတော်ထဲသွားပြီး သင်ယူရာကနေ ဝမ်းကွဲအကိုနဲ့ တွေ့ခဲ့တာလေ"

ဒီအထိပြောနေရင်း စုဝမ်အသံက တဖြည်းဖြည်းတိုးလာခဲ့သည် "အချိန်တွေကိုသာ နောက်ပြန်ရွှေ့လို့ရရင် ဘယ်လောက်တောင်ကောင်းမလဲ.... သမားတော်စီ"

စုဝမ် ဘာတွေတွေးနေလဲမသိပေမယ့် သူမက ရုတ်တရက်ကြီး သူမရဲ့နူးညံ့ပြီးအေးစက်နေတဲ့ လက်ကို ဆန့်ထုတ်ကာ သမားတော်စီရဲ့လက်ကို ကိုင်လိုက်ရင်း "ရှင့်ရဲ့ဆေးပညာက အရမ်းအံ့ဩဖို့ကောင်းပါတယ်... ရှင်.... ရှင် ကျွန်မအတွက် ဆေး.... တခြားတယောက်ကို မေ့လို့ရတဲ့ဆေးမျိုး ရှာပေးနိုင်မလားဟင်? တယောက်ယောက်ကိုချစ်ရတာ အရမ်းနာကျင်ရတာပဲ.... အဲ့တာက တကယ်ကို နာကျင်ရတယ်"

"စုဝမ်....."

သမားတော်စီက သူ့ရင်ဘတ်ထဲက နာကျင်လာသလိုခံစားလိုက်ရပြီး ဘာမှမတတ်နိုင်တော့ပဲ စုဝမ်ကို ပွေ့ဖက်ထားလိုက်သည် "ဒီလို မဖြစ်ပါနဲ့.... ကမ္ဘာကြီးက အကြီးကြီးပါ.... မင်းကို တကယ်ချစ်တဲ့တယောက်ယောက်နဲ့ တွေ့ဦးမှာပါ.... မင်းကိုစောင့်နေတဲ့ တယောက်လေ... မင်းက အရမ်းကောင်းတော့ မင်းကိုချစ်တဲ့သူတွေအများကြီး ရှိလာဦးမှာပါ.... ဒါကြောင့် မင်းကောင်းကောင်းနေရမယ်.... ကောင်းကောင်းနေရမယ်နော်.... သိရဲ့လား"

"ကောင်းကောင်းနေရမယ်...."

စုဝမ်က အနည်းငယ်ပင်ပန်းနေတဲ့ပုံပေါက်နေပြီး သမားတော်စီရဲ့ရင်ခွင်ထဲ လူးလွန့်လိုက်ရင်း "ကျွန်မလည်း ကောင်းကောင်းနေဖို့ မျှော်လင့်တာပဲ ဒါပေမယ့် ဝမ်းကွဲအကိုနဲ့ ယဲ့ကျီဟွာတို့ချစ်နေကြတာကို တွေးမိရင် ကျွန်မ အရမ်းနာကျင်ရတယ်.... ကျွန်မကို ထပ်မချစ်နိုင်တော့ဘူး.... ထပ်မချစ်တော့ဘူးလို့ ပြောနိုင်တဲ့ထိအောင် သူဘာလို့များ ဒီလောက်ထိရက်စက်နိုင်ရတာလဲ? ဒီအတောအတွင်း ကျွန်မပေးဆပ်ခဲ့တဲ့နှစ်တွေကို ဘယ်လိုရေတွက်ရမလဲ? ကျွန်မကိုကျွန်မ ထပ်မလိမ်နိုင်တော့ဘူး.... တခါတလေ မကောင်းတဲ့အကြံတွေတွေးမိတဲ့ အချိန်တောင်ရှိတယ်.... တနေ့မှာ ဝမ်းကွဲအကိုသာ ယဲ့ကျီဟွာကို စွန့်ပစ်လိုက်မယ်ဆို ကျွန်မ ဒီစိတ်ကြီးကို လွှတ်ချနိုင်လောက်မယ်ထင်တယ်... ကျွန်မ နာကျင်ရတာ နည်းနည်းလျော့နည်းသွားမယ်ထင်တယ်... သမားတော်စီ ပြောပါဦး.... ကျွန်မက ကြောက်ဖို့ကောင်းတယ်မလား.... ကြည့်ရတာ ဝမ်းကွဲအကိုနဲ့ယဲ့ကျီဟွာပြောတာ မှန်တယ်ထင်ပါတယ်.... ကျွန်မက အကြင်နာမဲ့တဲ့မိန်းမပဲနေမယ်"

"မဟုတ်ဘူး... မင်း မှားနေပြီ"

သမားတော်စီက သူ့လက်မောင်းတွေကို တင်းကြပ်လိုက်ပြီး "မင်းက အကြင်နာမဲ့တာ မဟုတ်ပါဘူး.... သူတို့ကသာ အကြင်နာမဲ့တဲ့သူတွေ"

သူတို့ကသာ.....

သမားတော်စီရဲ့စကားတွေကိုကြားတော့ စုဝမ်ရဲ့စိုးရိမ်မှုတွေက လျော့ကျတည်ငြိမ်သွားသည်။ သူမမျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်လိုက်ရင်း "သမားတော်စီ ရှင့်ရင်ခွင်က အရမ်းနေလို့ကောင်းတာပဲလို့ တယောက်ယောက်ကများ ပြောသေးလား"

မထင်မှတ်ထားစွာ စုဝမ်က သမားတော်စီရဲ့လက်မောင်းကြားမှာ အိပ်ပျော်သွားခဲ့တယ်။

သူမရဲ့အိပ်နေတဲ့ပုံလေးက ငြိမ်သက်အေးချမ်းလှသည်။ သမားတော်စီက နည်းနည်းလေးတောင်မလှုပ်ရဲပဲ နောက်ဆုံးတော့ လှုပ်ဖို့ကို လက်လျှော့လိုက်ကာ သူ့လက်မောင်းထဲ သူမကို ဖက်ထားရင်းနဲ့ပဲ ငြိမ်ငြိမ်လေးထိုင်နေမိသည်။

ညရောက်တော့ လုကျီက သမားတော်စီရဲ့ ညွှန်ကြားမှုအသစ်နဲ့ကျိုထားတဲ့ ဆေးရည်ကိုယူလာသည်။ ဒီတခေါက်တော့ ဆေးအညွှန်းက စုဝမ်ဆေးကိုအကုန်သောက်ပစ်ရလောက်တဲ့အထိ အဆင်ပြေလှသည်။

ဆေးသောက်ပြီးတာနဲ့ သူမ လုကျီကိုစောင့်နေလိုက်တယ်။ သူမ ရေချိုး၊လဲလှယ်ပြီးတာနဲ့ မီးကိုမှိန်လိုက်ပြီး အနားယူဖို့ပြင်လိုက်သည်။

ခဏကြာပြီးတာနဲ့ ကုတင်ပေါ်က စုဝမ်ဆီက ပုံမှန်အသက်ရှူသံလေးထွက်လာသည်။ သူမရဲ့သခင်မ အိပ်ပျော်သွားတာကို တွေ့တာနဲ့ လုကျီလည်း သူမအခန်းကိုပြန်ကာ အနားယူအိပ်စက်တော့တယ်။

ညလယ်ကြီးမှာတော့ စုဝမ်ရဲ့ကုတင်ဘေးမှာ အရိပ်တခုပေါ်လာသည်။

ပုံရိပ်က သူမဘေးမှာတိတ်တိတ်လေးထိုင်နေသည်။ အမှောင်ထဲမှာတောင် သူမကိုကြည့်နေတဲ့မျက်ဝန်းတွေက တောက်ပစူးရှနေသည်။

ကုတင်ပေါ်က စုဝမ်ကတော့ ဘာမှမခံစားရသလိုပဲ။ သူမကြည့်ရတာ သက်တောင့်သက်သာအိပ်ပျော်နေပြီး အနည်းငယ်လှုပ်လိုက်တော့ သူမပေါ်ကစောင်က ရွေ့သွားပြီး သူမရဲ့ပုခုံးသားတွေက ပေါ်သွားသည်။ သူမဘေးကလူရဲ့မျက်ခုံးတွေက တွန့်ကွေးသွားပြီး လက်ကိုမြှောက်ကာ စောင်ကိုပြန်ဆွဲတင်လိုက်သည်။ ဆွဲတင်နေသည်မှာ စုဝမ်ကို စောင်တခုလုံးနဲ့ရစ်ထုတ်သွားတဲ့အထိပင်။ အဲ့တော့မှ ထိုလူက ကျေနပ်သွားတဲ့ပုံပေါ်ပြီး ရပ်သွားတော့တယ်။ ပြီးတာနဲ့ ထိုလူက သူမကိုထိုင်ကြည့်နေသည်မှာ အာရုံတက်တဲ့အထိပင်....။

နောက်တစ်နေ့မှာ စုဝမ်က အရင်ကထက်စာရင် တက်ကြွနေသည်။ သမားတော်စီရဲ့ကုသမှုတွေကြောင့် သူမကိုယ်သူမ အန္တရာယ်ပေးဖို့ကိုလည်း ထပ်မတွေးတော့။ အခုက အကုန်လုံးပြင်ဆင်ပြီးပြီဆိုတော့ ရလာဒ်ကို ရိပ်သိမ်းရမယ့်အချိန်ပဲ.။

မြို့တော်က ယဲ့အိမ်တော်.....

အခုတလော ယဲ့အိမ်တော်ရဲ့ စားဝတ်နေရေးက ကြောက်ဖို့ကောင်းတဲ့အခြေအနေဖြစ်နေသည်။ ပုံမှန်ဆို ယဲ့ကျီဟွာက ယွီဝမ်ဖေးဖြစ်လာရင် ယဲ့အိမ်တော်ကလည်း ဂုဏ်တက်ပြီး ပျော်ရွှင်နေရမယ်ဆိုပေမယ့်လည်း ဘယ်သူကထင်မှာလဲ ယဲ့ကျီဟွာ ယွီဝမ်ဖေးဖြစ်ပြီး ဒုတိယနေ့မှာပဲ တော်ဝင်အမတ်ကြီးယဲ့အား တခြားသူများက မှားယွင်းစွပ်စွဲမှုနဲ့ ဧကရာဇ်ရှေ့မှာတင် တရားစွဲဆိုခဲ့ကြသည်။ သူ့ရဲ့လစာသုံးလစာ ဖြတ်တောက်ခြင်းခံရတဲ့အပြင် ယဲ့မိသားစုရဲ့တခြားသူတွေကိုပါ ထိခိုက်မှုတွေရှိခဲ့သည်။

ညီလာခံမှာရှိတဲ့အမတ်တိုင်းက ပြဿနာရှာတတ်သူများဖြစ်ကြသည်။ ဒီယဲ့အိမ်တော်က ဘယ်အိမ်တော်ရဲ့အသည်းအသက်လေးကို အာခံထားလဲဆိုတာ ဘယ်သူကသိမှာလဲ။ ယဲ့အိမ်တော်ဘက်ကနေ ဘယ်သူမှမရပ်တည်လိုကြဘူး။

အရှင့်သားယွီဝမ်တောင် မှောင်မည်းနေတဲ့မျက်နှာနဲ့ရှိနေပြီး ဘာမှမပြောပေးနိုင်တာကို မတွေ့ကြဘူးလား??

သူက စုဝမ်ကို သစ္စာဖောက်လိုက်တာ.... သူမှားသွားတာဖြစ်သည်။ ဧကရာဇ်က ယဲ့ကျီဟွာကို ယွီဝမ်မြှောက်စားပေးတာ မမြင်ချင်ယောင်ဆောင်ထားပေမယ့် ဘယ်သူကသိမှာလဲ... ဒီကိစ္စဖြစ်ပြီးတာနဲ့ စုယွီက ပေါ်လာပြီး ပြန်တိုက်ခိုက်မယ်လို့။

ဧကရာဇ်က စုအိမ်တော်ကို တော်တော်မြင့်မြင့်မြှောက်စားထားတာဖြစ်သည်။ စုယွီရဲ့အမေရော၊ စုဝမ်ရဲ့အမေကပါ တော်ဝင်မိသားစုဝင်တွေဖြစ်ကြသေးသည်။ ဒီမိသားစုနှစ်ခုရဲ့ ခင်မင်မှုက လက်ထပ်ထိမ်းမြားခြင်းနဲ့ချည်နှောင်ထားပြီး သူတို့ရဲ့နှောင်ဖွဲ့မှုက ဖြတ်တောက်လို့တောင်မရ။ ရွှမ်ယွမ်ရုကို စုဝမ်လက်ထပ်တာကလည်း အရင်ချည်နှောင်ထားတာကို ထပ်ခိုင်မြဲအောင်လုပ်လိုက်သလိုပဲ။ ဒါကို ယဲ့ကျီဟွာက လမ်းတဝက်မှာဝင်ဖြတ်လိုက်ပြီး အရာအားလုံးက ကသောင်းကနင်းတွေဖြစ်ကုန်သည်။

အဲ့အချိန်တုန်းကတော့ ဧကရာဇ်က သဘောတူညီမှုတွေကိုမေ့သွားသလိုပဲ။ သူက ရွှမ်ယွမ်ရုကို အလှလေးမှာကျရှုံးသွားတဲ့ သူရဲကောင်းလို့တောင် သတ်မှတ်လိုက်သေးသည်။ ရွှမ်ယွမ်ရုက အရေးကြီးတဲ့ကိစ္စတွေကိုတောင် သူ့ရဲ့ကိုယ်ပိုင်ပြဿနာတွေကြောင့် ရွှေ့ဆိုင်းလိုက်သေးတယ်။ ဒီအချက်ကပဲ ဧကရာဇ်ကို သူ့အနှစ်သက်ဆုံးသားတော်နဲ့ပတ်သတ်ပြီး စိတ်ပျက်မှုတွေစတင်ခံစားလာရစေသည်။

ပြီးတော့ ရွှမ်ယွမ်ရုကရော??

သူက ပြောလို့တောင်မရတဲ့ခါးသီးမှုတွေကို ခံစားနေရတယ်။ ပုံမှန်ဆို အဲ့ကလိမ်ကကျစ်ရွှမ်ယွမ်ချင်းကို အမြစ်ဖြတ်သုတ်သင်နိုင်ခဲ့တဲ့အပြင် သူ့အချစ်စစ်နဲ့ပါအဆင်ပြေနေတာ..... ဒီလိုအခိုက်အတန့်လေးက ဘဝရဲ့အကောင်းဆုံးအနှစ်သာရလေးမဖြစ်သင့်ဘူးလား?? ဟုတ်တယ်..... စုဝမ်ရဲ့မမျှော်လင့်တဲ့ထွက်ခွာမှုရယ်၊ စုယွီရဲ့အကြမ်းပတမ်း ဆန့်ကျင်မှုတွေက ရွှမ်ယွမ်ရုဘဝကို အရှုပ်တွေဖြစ်စေသည်။

အရှင်မင်းကြီးကတော့ သူ့ကိုတိတ်တိတ်လေးအကြံပေးခဲ့တယ်။ လူအများရှေ့မှာ စုဝမ်ရဲ့ယွီဝမ်ဖေးဘွဲ့ကို ပြန်ပေးဖို့နဲ့ ယဲ့ကျီဟွာက ကိုယ်တိုင်ကိုယ်ကျ စုဝမ်ကိုပြန်ပေးရန်ဆိုပြီး.... ဒါပေမယ့်လည်း ရွှမ်ယွမ်ရုက သဘောတူဖို့ကို ငြင်းဆန်ခဲ့သည်။

အဲ့အချိန် ယဲ့အိမ်တော်ကလည်း အဘက်ဘက်က ဝိုင်းတိုက်ခိုက်တာခံနေရပြီး ယွီဝမ်ဖေးကိုကူညီပေးပါရန်တောင်းဆိုနေကြသည်။ ယဲ့ကျီဟွာကလည်း ကူညီချင်ပေမယ့် သူမမှာလည်း အဲ့လောက်လုပ်နိုင်စွမ်းမရှိဘူး။ စိတ်ဖိစီးမှုတွေများလာတော့ သူမနေမကောင်းဖြစ်လာသည်။ ရွှမ်ယွမ်ရုက သမားတော်စီကို ပင့်ပြီး သူမကိုလာကြည့်စေခဲ့သည်။

ယဲ့ကျီဟွာက မျက်နှာတစ်ခုလုံးဖြူလျော်နေပြီး 'ငါက သနားဖို့အရမ်းကောင်းတာပဲ' ဆိုတဲ့ပုံစံဖြစ်နေသည်။ သမားတော်စီက သူမရဲ့နေမကောင်းတဲ့မျက်နှာကို ကြည့်လိုက်ပြီး အကြောင်းတချို့ကြောင့် စုဝမ်ရဲ့အားနည်းပြီး သွေးထွက်လောက်အောင် ချောင်းဆိုးနေရတဲ့ပုံလေးကို ပြေးမြင်လိုက်သည်။ သူ့စိတ်ထဲမှာ ယဲ့ကျီဟွာနဲ့ပတ်သတ်ပြီး မကောင်းတဲ့ခံစားချက်တွေက ပိုတောင်တိုးလာသေးတယ်။

"သမားတော်စီ.... ကျွန်မကြားတာ အရင်ရက်တွေတုန်းက ရှင် စစ်သူကြီးစုအိမ်တော်ကို သွားရသေးတယ်ဆို"

သူမရဲ့စိတ်ထဲမှာ စုဝမ်နဲ့ရွှမ်ယွမ်ရုတို့က ဘာအဆက်အသွယ်မှမရှိဘူးဆိုတာ သိထားပေမယ့်လည်း သူမရဲ့မသိစိတ်က စုဝမ်ရဲ့လှုပ်ရှားမှုသေးသေးလေးကအစ အာရုံစိုက်ချင်နေတာကို သတိမထားမိခဲ့ဘူး။

တကယ်က ဧကရာဇ်အရှင်ရဲ့ဆိုလိုရင်းကို သူမနားလည်ပါသည်။ အရင်တုန်းကသူမဆိုရင်တော့ ရွှမ်ယွမ်ရုနဲ့ရှိနေခွင့်ရသရွေ့ သူမက လိုက်နာမှာဖြစ်ပြီး သူက သူမအပိုင်မဟုတ်ခဲ့ရင်တောင် ပြဿနာမရှိပေ။

ဒါပေမယ့် အခုက မတူတော့ဘူး။ သူမက အခု ယွီဝမ်ဖေးဖြစ်ပြီး ရွှမ်ယွမ်ရုရဲ့ တရားဝင်ဇနီးဖြစ်သည်။ သူတို့က အချင်းချင်းနက်ရှိုင်းစွာချစ်နေကြပြီး ပျားရည်လိုချိုမြိန်တဲ့ခံစားချက်တွေလည်း ရှိသေးတာ။ ဒီလိုချိုမြိန်ပျော်ရွှင်မှုတွေကို မြည်းစမ်းကြည့်ပြီးမှတော့ သူမရဲ့စိတ်က မရောင့်ရဲနိုင်တော့ဘူး။ ရွှမ်ယွမ်ရုက သူမဟာလေ ဘာလို့ စုဝမ်ကိုပြန်ပေးရမှာလဲ??

စုဝမ်က ကျိန်းသေပေါက်သေရမယ့်လူပဲကို.... သေဖို့နီးနေတာတောင် ဘာလို့ သူမရဲ့ချစ်ရပါသော ယောက်ျားကို ခိုးယူဖို့ ကြံနေရတာတုန်း??

အခု ယဲ့ကျီဟွာက အားနည်းတဲ့ပုံပေါက်နေပေမယ့်လည်း သမားတော်စီကတော့ သူမရဲ့မျက်လုံးထဲက ထူးဆန်းတဲ့အကြည့်တွေကို မြင်နိုင်သေးသည်။

သူ့ဟာသူ တိုးတိုးလေးရေရွတ်မိပြီး သမားတော်စီက သက်ပြင်းချလိုက်တယ် "ကျွန်တော်က မင်းသမီးလေးရဲ့ကျန်းမာရေးကို သွားစစ်ဆေးပေးရုံပါပဲ သူမကျန်းမာရေးက...."

"စု.... မင်းသမီးက သူမဘာဖြစ်တာလဲ??"

ယဲကျီဟွာရဲ့အကြည့်တွေက တောက်ပလာပြီး သမားတော်စီမျက်နှာကို ကြည့်နေမိသည်။

"မင်းသမီးရဲ့နေမကောင်းတာက ကုသလို့မရနိုင်ဘူး... တညလုံး သူမက အိပ်ပျော်ဖို့တောင် ခက်ခဲနေရတယ်...." ပြောရင်းနဲ့ သမားတော်စီရဲ့မျက်နှာက မှိန်ဖျော့လာပြီး သူ့မျက်နှာက ဝမ်းနည်းမှုတွေနဲ့ပြည့်လာကာ "သူမက နာကျင်မှုတွေနဲ့ရှင်သန်နေရတာ"

သူမက နာကျင်ဝမ်းနည်းမှုတွေနဲ့ သူ့ရင်ခွင်ထဲမှီနေခဲ့တဲ့နေ့ကိုတွေးမိလိုက်တော့ သမားတော်စီရဲ့အသံက ပူပန်မှုတွေနှင့်ပြည့်နှက်လာသည်။

တဖက်မှာတော့ ယဲ့ကျီဟွာက သမားတော်စီရဲ့အမူအယာကို အာရုံမစိုက်မိပဲ 'ကုသလို့ မရနိုင်တော့ဘူး' ဆိုတဲ့စကားကိုပဲတွေးနေမိတယ်။ ကြည့်ရတာ စုဝမ်အသက်က ဒီထက်ပိုပြီး ဆွဲထားလို့ရမှာမဟုတ်တော့ဘူး။

"မင်းသမီးက တကယ်ကိုသနားဖို့ကောင်းတာပါ"

ယဲ့ကျီဟွာက သမားတော်စီကို နူးနူးညံ့ညံ့ကြည့်လိုက်ပြီး "ကျွန်မ ရိုးရိုးနေမကောင်းတာတောင် မသက်မသာခံစားနေရတာ ရောဂါပြင်းထန်နေတဲ့မင်းသမီးဆို သေရမှာကြောက်နေတာထက်စာရင် သေတာပိုကောင်းတယ်လို့တောင် ခံစားနေလောက်တယ်နော်.... သူမ ဒီရောဂါကြီးရဲ့နှိပ်စက်တာခံနေရတာကို စဉ်းစားမိရုံနဲ့တင် ကျွန်မစိတ်ထဲနေလို့တောင်မကောင်းဘူး.... ရောဂါရဲ့နှိပ်စက်တာကိုခံနေရမှာထက်စာရင် ငြိမ်းငြိမ်းချမ်းချမ်းလေးထွက်သွားရတာက သူမအတွက် ပိုမကောင်းနိုင်ဘူးလားဟင်??"

ပြောနေရင်းနဲ့ ယဲ့ကျီဟွာက သမားတော်စီရဲ့တုံ့ပြန်ပုံကို သတိထားပြီးကြည့်လိုက်တယ်။

ယဲ့ကျီဟွာက ငယ်ငယ်ထဲက အရည်အချင်းရှိတယ်လို့ကျော်ကြားခဲ့ပြီး သူမကိုယ်သူမလည်း အရမ်းဉာဏ်ကောင်းတယ်လို့ ခံစားခဲ့ရသည်။ အထူးသဖြင့် သူမပြန်မွေးဖွားလာပြီးနောက်ပိုင်း သူမက လူအားလုံးရဲ့အပေါ်မှာရှိနေတယ်လို့ ခံစားရစေသည်။

ပြီးတော့လည်း သမားတော်စီ သူမကိုကုသပေးဖို့ အိမ်တော်ကို ပထမဆုံးလာတုန်းက သမားတော်စီက နူးညံ့တဲ့စိတ်ထားရှိပြီး သူမကိုလည်း နှစ်သက်နေတယ်လို့ခံစားမိသည်။

သူမ သူရဲ့ခံစားချက်တွေကိုသာ အသုံးချနိုင်ခဲ့မယ်ဆိုရင်.....

ယဲ့ကျီဟွာက သူမရဲ့လှည့်ကွက်တွေကိုသုံးတဲ့နေရာမှာ ပါးနပ်တယ်လို့တောင်ပြောလို့ရသည်။ ပြန်မွေးဖွားလာတဲ့သူမက သူမရဲ့ကိုယ်ပိုင် အင်အားနဲ့ ရာထူးကို ဘယ်လိုအသုံးချရမလဲ ကောင်းကောင်းနားလည်သည်။

ကံမကောင်းတာက အခုတခေါက် သူမက အချိန်မှားပြီး အသုံးပြုလိုက်တာပဲ.....

ယဲ့ကျီဟွာပြောတာကို ကြားပြီးတော့ သမားတော်စီရဲ့အကြည့်တွေက အေးစက်သွားပြီး မျက်နှာတည်ကြီးနဲ့ "ဝမ်ဖေးက မင်းသမီးခံစားရမှာကို မလိုချင်ဘူး?? တကယ်ကို ကြင်နာတတ်တာပဲ... ဒါပေမယ့် ပုရွတ်ဆိတ်တွေတောင် အသက်ရှင်ချင်ကြသေးတာပဲလေ.... မင်းသမီးလည်း နာကျင်မှုတွေနဲ့ရှင်သန်နေရပေမယ့်.... ရှင်သန်ခွင့်ရတာကိုက သေတာထက်ပိုမကောင်းဘူးလား?? ကျွန်တော်က ရောဂါတွေကို ကုသပေးတဲ့သမားတော်ပါ ဘယ်လူနာကိုမှ လက်လျှော့မှာမဟုတ်ဘူး"

သမားတော်စီပြောတာကိုနားထောင်ပြီး ယဲ့ကျီဟွာ အံ့ဩသွားသည်။ သူမက ကို့ရို့ကားယားဖြစ်စွာနဲ့ပဲ "သမားတော်စီရဲ့စကားတွေက အကျိုးအကြောင်းသင့်ပါတယ်လေ.... ကျွန်မက ဒီအတိုင်း.... ဒီအတိုင်း မင်းသမီးအတွက် စိတ်ပူနေရုံပါ..... တခြားဘာမှမရှိပါဘူး"

သူမ စိတ်ပူတဲ့ပုံ သရုပ်ဆောင်လေလေ သမားတော်စီရဲ့အကြည့်တွေက အေးစက်စက်ဖြစ်လေပဲ။

သနားကြင်နာတတ်တယ်ဆိုတာက ဘယ်လိုမျိုးလဲ??

အကြင်နာတရားမရှိဘူးဆိုတာကရော ဘယ်လိုမျိုးလဲ??

သမားတော်စီက အဲ့နေ့က စုဝမ်ပြောတာတွေကို ပြန်တွေးမိသည်။ သူမက ဘယ်တော့မှ သူမစိတ်ထဲက ခါးသီးတဲ့အတွေးတွေကို မဖုံးကွယ်ထားဘူး။ သူမမှာ ရက်စက်တဲ့အတွေးတွေရှိနေရင်တောင် သူမက တွန့်ဆုတ်ခြင်းမရှိ ဖွင့်ပြောရဲတယ်။

လူတွေက သူတော်စင်မှမဟုတ်တာ. တကိုယ်ကောင်းဆန်တဲ့စိတ်မရှိတဲ့သူဆိုတာ ဘယ်မှာရှိမှာမလို့လဲ??

တကယ်တမ်းက သမားတော်စီမှာတောင် ပြောမထုတ်နိုင်တဲ့ တကိုယ်ကောင်းအတွေးရှိနေတာပဲလေ။ ဒါက ဒီအတိုင်း သူက အရမ်းသိုသိုဝှက်ဝှက်ဖုံးကွယ်ထားနိုင်ရုံသာ.... ဘယ်သူမှ ရှာတွေ့မှာမဟုတ်ဘူး.... ဘယ်တော့မှ
...............................

המשך קריאה

You'll Also Like

1.3M 28.8K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
108K 13.3K 108
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
498K 33.9K 31
story description>>>>> start-5/10/2021 end-1/1/2022
579K 46.3K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...