Arc - 1.9 [U]

1.6K 221 4
                                    

ရွှမ်ယွမ်ရုနဲ့ အင်ပါယာအရှင်က စုဝမ်ကိစ္စနဲ့ပတ်သက်ပြီး ညှိမရဖြစ်နေချိန်မှာပဲ မြို့တော်ထဲမှာလည်း ရွှမ်ယွမ်ရုနဲ့စုဝမ်ရဲ့ သတင်းတွေ ပြန့်နှံ့နေသည်။ ရွှမ်ယွမ်ရုက သူ့ငယ်ချစ်အသည်းလေးကို ပစ်သွားရတဲ့အကြောင်းရင်းက ယဲ့ကျီဟွာရဲ့မြူဆွယ်မှုမှာ မြောပါသွားလို့ဆိုပြီးပြောဆိုနေကြသည်။ ပြီးတော့ ယဲ့ကျီဟွာက ဝမ်ဖေးနေရာအထိရလာအောင် လှည့်ကွက်တွေအများကြီးသုံးလာတယ်ဆိုပြီးရောပဲ.... အဲ့ထဲက အပြောင်မြောက်ဆုံးကတော့ ခန္ဓာကိုယ်ကို ထိုးကျွေးအသုံးချတဲ့အကွက်ပင်။ ဒီသတင်းတွေက တားမရအောင်ပြန့်နှံ့သွားပြီး ရွှမ်ယွမ်ရုဆို အပြောင်းအလဲလွယ်၊ တဏှာကြီးပြီး ပိုးသားဘောင်းဘီ (လူရှုပ်လူပွေ) လို့နာမည်တပ်ခံနေရပြီး ယဲ့ကျီဟွာဆိုလည်း လူအများနှစ်သက်တဲ့ အရည်အချင်းရှိအမျိုးသမီးလေးကနေ လူတိုင်းကအထင်သေးတဲ့သူဖြစ်နေပြီ။

ဒီသတင်းတွေက သဘာဝကျစွာပဲ စုဝမ်လွှတ်ထားတဲ့လူတွေဆီကနေ ထွက်လာတာဖြစ်သည်။ ဒီသတင်းတွေရဲ့ဦးတည်ရာပြောင်းလဲလာချိန်မှာတော့ ရွှန်ယွမ်ရုဒေါသထွက်လာခဲ့တယ်။ ယွီအိမ်တော်ရဲ့အတွင်းသတင်းအရဆို ယဲ့ကျီဟွာ သူမအဆင့်အတန်းကို အောင်အောင်မြင်မြင်မြှင့်တင်နိုင်တာက စုဝမ်ခန္ဓာကိုယ်ကြောင့်လို့ပြောနေကြသည်။ လွန်ခဲ့တဲ့လေးနှစ်အတွင်း စုဝမ်ရဲ့ကျန်းမာရေးကြောင့် သူမနှင့်အရှင့်သားယွီဝမ်က လင်မယားအရာမမြောက်ကြသေးပေ။

ဒီသတင်းထွက်လာတာက ကျောက်တုံးတခုနဲ့ လှိုင်းတွေအများကြီးဖြစ်သွားစေသလိုပဲ။

စုဝမ်ကတော့ သူမအိမ်တော်မှာ ပြန်ကောင်းလာဖို့ ပုံမှန်ပဲအနားယူနေခဲ့သည်။ အရင်ကောလဟာလတွေထွက်တုန်းကဆို ဘယ်သူမှ ဒီနေမကောင်းတဲ့သူကို သတင်းမေးမလာချင်ကြဘူး။ ဒါပေါ့ နောက်ဆုံးတစ်ခုထွက်ပြီးတဲ့နောက်မှာတော့ ပြဿနာဖြစ်ချင်ကြတဲ့ မင်းသားတွေက ဝတ်ကောင်းစားလှတွေနဲ့ စစ်သူကြီးအိမ်တော်ရှေ့ကို ရောက်လာကြတယ်။

စုဝမ် ရွှမ်ယွမ်ရုဆီကစွန့်ပစ်ခံရကထဲက သူတို့ရဲ့မဟာမိတ်ဖြစ်လာခဲ့တာ....

အခု စုဝမ်က ရွှမ်ယွမ်ရုဆီက အထိတောင်မခံရဘူးဆိုတော့ သူတို့ရဲ့ဝမ်ဖေးတောင်ဖြစ်လာနိုင်တယ်လေ။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now