Arc - 2.2 [U]

1.2K 170 1
                                    

ကိုးကြိမ်မြောက်အိမ်မက်ဆိုးက နေရာတိုင်းမှာ ထိတ်လန့်စရာတွေနဲ့ပြည့်နေတဲ့ကမ္ဘာဖြစ်ပြီး အဓိကဇာတ်လိုက်က မကောင်းဆိုးဝါးတွေကို နှိမ်နင်းရင်း အဆင့်မြင့်သွားကာ အလှလေးကိုပါ အနိုင်ရလိုက်တဲ့ဇာတ်လမ်းမျိုးဖြစ်သည်။

ဒီကမ္ဘာမှာ ယီဇီရွှမ်းက အချိန်နောက်ပြန်ဆုတ်နိုင်တဲ့ ရွှေလက်ချောင်းကြီးရထားပြီး၊ ဒီအိမ်မက်ကမ္ဘာကနေ အချိန်တိုင်း ကပ်သီးလေးဆီ လွတ်မြောက်အောင်မြင်သွားသည်။ ဒီဟာကပဲ အမြဲမြင့်မြင့်ကိုပဲ မော့ကြည့်တတ်တဲ့ မန်ထင်းယောင်လို အလှလေးကတောင် သူ့ကို ကြည့်တဲ့အမြင်တွေ ပြောင်းလဲလာစေခဲ့သည်။

ယီဇီရွှမ်းရဲ့ ex အနေနဲ့ စုဝမ်က ဒီကမ္ဘာမှာ သာမန်အရန်ဇာတ်ကောင်လေးသာသာပဲ။

ပြောကြတာက သူရဲကောင်းက အလှလေးကို ချစ်ကြိုက်တတ်ပြီး၊ လူကိုးယောက်ထဲမှာ အလှဆုံးက မန်ထင်းယောင်ပဲရှိသည်။ ဇာတ်လမ်းစတာက ယီဇီရွှမ်းရဲ့အခန်းဖော် ချန်ယုဖုန်းက မန်ထင်းယောင်ကို ပိုးပန်းမလို့ ဒီခရီးကို အကုန်ကျခံစီစဉ်ခဲ့သည်။

အဆောင်ခန်းနှစ်ခန်းဆို ပုံမှန်အားဖြင့် လူရှစ်ယောက်ဆိုပေမယ့်လည်း ချန်ယုဖုန်းရဲ့ ကားမောင်း skill က မကောင်းတဲ့အပြင် တစ်ခြားလူတွေကလည်း ယာဉ်မောင်းလိုင်စင်မရှိတာနဲ့ ချန်ယုဖုန်းရဲ့ငယ်သူငယ်ချင်း ချီမုကို ကားမောင်းပေးဖို့ အကူအညီတောင်းခဲ့သည်။

ချီမုရော ချန်ယုဖုန်းကပါ ချမ်းသာတဲ့မိသားစုကလာကြပြီး ငယ်ငယ်ထဲက ဆော့ဖော်ဆော့ဖက်ဖြစ်သည်။ ချန်ယုဖုန်းက ဌာနရဲ့အလှလေးနဲ့ကစားချင်တာကိုသိလို့ ချီမုကလည်း အပျော်အနေနဲ့ပါဝင်လာသည်။ မန်ထင်းယောင်ကို ကိုယ်တိုင်တွေ့ပြီးတာနဲ့ သူ့အတွက်ပါ ခြေလှမ်းစဖို့တွေးလိုက်သည်။

ချီမုက ချန်ယုဖုန်းထက် လေးနှစ်ကြီးပြီး အခုဆို သူ့မိသားစုကုမ္ပဏီမှာ အလုပ်ဝင်နေသည်။ ကောလိပ်ကျောင်းသားလေးတွေနဲ့ယှဉ်ရင် သူက သူ့ကိုယ်သူ ဘယ်လိုဖုံးကွယ်ထားရမလဲဆိုတာ ပိုကျွမ်းကျင်သည်။

ချန်ယုဖုန်းက မန်ထင်းယောင်ကိုကပ်နေတဲ့အချိန် ချီမုက သိမ်မွေ့တဲ့မျက်နှာထားနဲ့ စုဝမ်ကို ကပ်ပြီး ကာဗာအနေနဲ့ပြထားသည်။ ဘယ်သူကများ အဖွဲ့ထဲမှာ မန်ထင်းယောင်ပြီးရင် စုဝမ်သွင်ပြင်က ဒုတိယနေရာမှာရှိအောင် လုပ်ခိုင်းထားလို့လဲ?

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now