Arc - 2.6 [U]

1K 156 1
                                    

ဒီအိမ်မက်ကမ္ဘာက ထပ်ခါထပ်ခါပြန်ဖြစ်နေတာလား?? ဒါမှမဟုတ် သူမတို့ကပဲ ဆက်တိုက် အိမ်မက်ထဲအပို့ခံနေရတာလား?? စုဝမ် အိမ်မက်ကမ္ဘာထဲမှာပဲရှိနေသေးတာကို သိပေမယ့်လည်း ဒီကမ္ဘာက သူမအစက သိထားတဲ့ကမ္ဘာနဲ့ မတူဘူးဖြစ်နေတယ်။

အရာအားလုံးက မူလနဲ့ကွာခြားနေသည်။ အမှောင်ထဲကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့သူက ဘယ်သူများဖြစ်နိုင်မလဲ?

ဒီတစ်ခေါက် ချီမုနိုးလာပြီးနောက် သူ့စိတ်အခြေအနေက သိပ်မကောင်းပေ။ သူမနဲ့ဖန်ထျန်းထျန်းကိုကြည့်နေတဲ့အကြည့်တွေအရ စုဝမ်သိလိုက်သည်။

သူ အိမ်မက်ကိုမှတ်မိနေတာပဲ။

သူတို့က မနက်စာကို ရိုးရှင်းစွာပဲစားလိုက်သည်။ ပြီးတာနဲ့ လူသုံးယောက်က ဘယ်လမ်းကနေသွားမလဲဆွေးနွေးနေသည်။ ချီမုက စပြီး စိတ်နဲ့ကိုယ်လွင့်နေကာ ဖန်ထျန်းထျန်းကတော့ ထုံးစံအတိုင်း အကြံပေးစရာ ဘာမှရှိမနေခဲ့ဘူး။

"ငါတို့ ဘယ်မှမသွားတော့ဘူး"

အဆုံးမှာ နောက်ဆုံးပိတ်စကားကိုထုတ်ပြောတာ စုဝမ်ပဲဖြစ်နေသေးသည် "ငါတို့ ဒီမှာပဲစောင့်နေရအောင်.... သူတို့လည်း ဒီတောအုပ်ထဲမှာပဲရှိနေရင် ငါတို့ကို ကျိန်းသေပေါက် ရှာတွေ့မှာပဲလေ"

အမှန်ပဲ.... စုဝမ် စိတ်ဆုံးဖြတ်လိုက်ပြီ။ ဒီတစ်ခေါက်တော့ သူမကစပြီးတိုက်ခိုက်မှမဟုတ်တော့ဘူး။ ကံကိုပဲ စိန်ခေါ်လိုက်တော့မယ်။

စုဝမ်စကားကိုကြားတော့ ဖန်ထျန်းထျန်းက အားပါးတရခေါင်းငြိမ့်ပြီး ချီမုကတော့ အတွေးထဲပျောက်ကနေသလို သူမကိုငေးကြည့်နေသည်။ ဒါပေမယ့် ငြင်းဆိုတာတွေတော့ ထမလုပ်ခဲ့။

စောင့်ဆိုင်းရခြင်းက အခက်အခဲဆုံးအလုပ်ပဲ။ အချိန်က သွားမနေပဲ တစ်နေရာမှာတစ်နေသလိုခံစားစေတယ်။

နေ့တစ်နေ့ကုန်ဆုံးဖို့က နှေးကွေးလွန်းပြီး ညအချိန်ရောက်ဖို့ကို တော်တော်စောင့်ဆိုင်းရစေသည်။ ဖန်ထျန်းထျန်းကတော့ အနွေးဓာတ်ရလိုရငြား အကျင့်အတိုင်း စုဝမ်အပေါ်ကိုမှီထားသည်။

ချီမုရဲ့ မျက်လုံးအောက်က အမဲကွင်းကြီးတွေက သူကောင်းကောင်းအိပ်မပျော်ခဲ့တာကို ပြနေပြီး၊ သူကတော့ မီးပုံးကိုပဲတောက်လျှောက်ငေးကြည့်နေသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now